စစ်မှန်တဲ့ ဆက်ခံသူ
Vol. 10 Ch. 140
အချိန်တစ်ချို့ကြာအောင် တိတ်ဆိတ်နေပြီး..ဒီကျိန်စာသင့် နေရာမှာ သူတို့ရဲ့ ကံတရားက ဘယ်လိုဖြစ်လာမှာလဲ ဆိုတာကို တွေးတောနေခဲ့ကြတယ်..။နောက်ဆုံးတော့ ဆန်နီဟာ ဒီစိတ်ကူးယဥ်မူထဲကနေ လွတ်မြောက်သွားပြီးတော့..မေးလိုက်တယ်..။
"ဒီတော့..မင်းက ဒီမှာတစ်ချိန်လုံးနေနေတာပေါ့..။မင်းက ရဲတိုက်ထဲမှာနေဖို့ ကုန်ကျငွေကို ဘယ်လို စီမံနေလဲ..။မင်းလည်း..ဒီ ရွှေရောင်မြွေ တပ်ဖွဲ့ကို ပူးပေါင်းထားတယ်လို့တော့ မပြောနဲ့နော်.."
ကတ်စတာ သက်ပြင်းချလိုက်ပြီး..
"မဟုတ်တာ..ငါ မပူးပေါင်းပါဘူး..။ငါ တစ်ခါမှ မကြိုးစားခဲ့ဖူးဘူး ဆိုရင်တော့ လိမ်ညာရာ ကျမှာပါ..။ဒီမှာက တစ်နည်းမဟုတ် တစ်နည်း ဂန်လောင် ဒါမှမဟုတ် သူ့လူတွေနဲ့ ဆက်စပ်နေရတာ..။သီးသန့် ရှင်သန်နေနိုင်တဲ့ အင်အားကြီးတဲ့ အိပ်စက်သူတွေဆိုတာက လက်တစ်ဆုပ်စာလောက်ပဲ ရှိမယ်လိူ့ ငါထင်တယ်..။လတ်တလောတော့ ငါက သူတို့ထဲက တစ်ယောက်ပဲ.."
ဆန်နီ သူ့ကို စိုက်ကြည့်ပြီး ထပ်မေးလိုက်တယ်..။
"ဘယ်လို နည်းလမ်းနဲ့ "
ခန့်ညားတဲ့လူငယ် လေးဟာ ပုခုံးတွန့်လိုက်ပြီး..
"ငါ့ရဲ့ စွမ်းရည်က အိပ်မက်ဆိုးသားရဲတွေ ဆီကနေ လွတ်မြောက်ဖို့အတွက် အားသာချက်တွေ ရှိတယ်လေ..။သူတို့ကို သတ်ဖို့အတွက်တော့ လုံလောက်မူ မရှိဘူး..။ငါက တစ်ခြား သီးသန့် မုဆိုးတွေနဲ့ ပူးပေါင်းပြီး အမဲလိုက် ထွက်ခဲ့သေးတယ်လေ..။ဒါပေမဲ့ အဲတာက အမှားတစ်ခုပဲ..။ငါတို့ အသက်ရှင်ဖို့တောင် မနည်းထွက်ပြေးလာကြရတယ်..။ဒါတောင်မှ အမြုတေ အနည်းငယ် ရလိုက်ကြသေးတယ်..။ကျန်တာကတော့ ငါ့မှာရှိတဲ့ မှတ်သားမူ တစ်ချို့ကို ရောင်းထားတာ.."
ဟုတ်သားပဲ..သာမန်လူတွေနဲ့ မတူစွာပဲ..ဂုဏ်ယူရတဲ့ ဆက်ခံသူတွေက..အိပ်မက်ကမ္ဘာထဲကို ဝင်ကတည်းက ကလန်ကပြင်ဆင်ပေးတဲ့ မှတ်သားမူ တွေအများကြီးနဲ့ ဝင်ရောက်လာခဲ့ကြတာပါ..။သူက အပြင်ဘက်မှာကတည်းက အမြုတေ ပမာဏ အချို့ကိုလည်း စုပ်ယူပြီးနေပါပြီ..။ဒါက အရမ်းမများရင်တောင်မှ ပါ..။
မှတ်သားမူ တွေနဲ့ မတူညီစွာပဲ အမြုတေတွေက အပြင်ကို ယူဆောင်သွားလို့ မရပေ..။ဒီအရာတွေကို မာစတာ တွေ ၊ သူတော်စဥ်တွေကပဲ အပြင်ကို သယ်ထုတ်သွားနိုင်ကြတာပါ..။ဘာလို့လဲ ဆိုတော့ သူတို့က အိပ်စက်သူတွေလို ဝိဥာဥ် ပုံစံနဲ့မဟုတ်ပဲ ခန္တာကိုယ် အစစ်နဲ့ သွားလာနေကြတာ မို့လို့ပါ..။
ဒါက ချမ်းသာတဲ့ ဆက်ခံသူတွေတောင်မှ ဝိဥာဥ် အမြုတေ အများကြီး ကျွေးမွေးဖို့ မတတ်နိုင်ဘူးလို့ ဆိုလိုပါတယ်..။သူတောင်စဥ် အဆင့် မပြောနဲ့ မာစတာ အဆင့် တွေကတောင် အပြင်မှာ အတော်လေး ရှားပါးတာပါ..။
ဘာပဲဖြစ်ဖြစ် ကတ်စတာက ဒီမေ့ပျောက်ကုန်းမြေက ဘယ်သူ့ထက် မဆို ပိုပြီးသာပါတယ်..။သူရဲ့ ဘိုးဘွားပိုင် မှတ်သားမူ တွေ ကတင် ..ရဲတိုက်ထဲမှာ လတွေ ၊ နှစ်တွေ ချီပြီး နေလို့ ရလောက်မှာပါ..။ဒီအချိန်အတွင်းမှာ သူက အခြေအနေတွေကို လေ့လာတာ၊ သီးသန့် မုဆိုးမဖြစ် အမဲလိုက်တာ ၊ ဒါမှမဟုတ် သူ့ရဲ့ ရာထူးကို စဥ်းစားပြီး ဂန်လောင်ရဲ့ တပ်ဖွဲ့နဲ့ပူးပေါင်းတာတွေ လုပ်လို့ရပါတယ်..။
ဒီလို ငရဲမှာတောင်မှ..သူ့ရဲ့ နောက်ခံက သူ့ကို ကောင်းကောင်းကြီး ထောက်ပံ့ပေးထားတုန်း ပါပဲ..။
'ကံကောင်းတဲ့ ခွေးသားလေး..'
...ဒါပေမဲ့ အဲဒီ လူမိုက်တွေက ဘာလို့ သူ့ရဲ့ မကောင်းတဲ့ ဘက်ခြမ်းကို မရောက်ချင်ကြတာလဲ ဆိုတာကို နားမလည်နိုင်သေးပါဘူး..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
"ဂန်လောင် ရဲ့ လူတွေက ဘာလို့ မင်းကို ကြောက်နေကြတာလဲ.."
ကတ်စတာ ..သူ့ကို သိမ်မွေ့စွာ ကြည့်လိုက်တယ်..။
"ဟို နှစ်ယောက်လား..။အိုး ဟုတ်သားပဲ..မင်းက အခုမှ ရဲတိုက်ကို ရောက်လာတာပဲ..။ကောင်းပြီ အခြေခံအားဖြင့်..ဂန်လောင် လက်အောက်မှာ လူ အမျိုးမျိုးရှိတယ်လေ..။မင်း ဂရုမစိုက်မိပဲ အပြစ်ပြုမိလိုက်တဲ့ လူတွေက..ရဲတိုက်အစောင့်အဖွဲ့ရဲ့ တပ်သားတွေပဲ..။သူတို့က အောက်ခြေ အဆင့်တွေလို့ ပြောလို့ရတယ်..။သူတို့က အားအနည်းဆုံးဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံလည်း မရှိသလောက်နည်းပါးကြတယ်လေ..။ငါ့ရဲ့ သေးငယ်တဲ့ ဂုဏ်သတင်းကြောင့် သူတို့က ငါ့ကို လာရှုပ်ဖို့ဆိုရင် နှစ်ခါပြန်ပြီး စဥ်းစားကြရလိမ့်မယ်.."
စက္ကန့် အနညိးငယ်လောက် သူ့ မျက်လုံးထဲမှာ အန္တရာယ် အငွေ့အသက်လေးတွေ ပေါ်လာခဲ့တယ်..။ကတ်စတာ ရဲ့ ဖော်ရွေတတ်တဲ့ အကျင့်စရိုက်ကြောင့် သူနဲ့ စကားပြောတဲ့ အချိန်ဆိုရင် ဆက်ခံသူ ဆိုတာ ဘာကို ဆိုလိုတာလဲ ဆိုတာ မေ့နေတတ်ပါတယ်..။ဆက်ခံသူတွေက လမ်းလျောက်တတ်စ အရွယ်ကတည်းက ..တိုက်ခိုက်နည်း ၊ သတ်ဖြတ်နည်း တွေကို သင်ကြားခြင်းခံခဲ့ရတဲ့ လူတွေပါ..။
သူတို့ တစ်ယောက်ချင်းစီတိုင်းက..အရမ်းကို သန်မာတဲ့လူတွေချည်းပါပဲ..။ရဲတိုက်ထဲမှာ ကတ်စတာ ရဲ့ ကျော်ကြားမူက သူတို့ထင်ထားသလောက် ရိုးရှင်းမယ်လို့တော့ ဆန်နီ မထင်ပါဘူး..။
ဘာပဲဖြစ်ဖြစ် ..သူက ဆန်နီ မြင်ဖူးသမျှ တည်းမှာ
နစ်ဖီကို အနိုင်တိုက်ခိုက်နိုင်တဲ့ တစ်ယောက်ထဲ သော လူ ...မဟုတိဘူး..တစ်ဦးတည်းသော သက်ရှိ ပါ..။ပြီးတော့ ခွန်အားအရယှဥ်မယ် ဆိုရင် နစ်ဖီက ဆန်နီ ရဲ့ နှလုံးသား ထဲမှာတော့ အမြင့်ဆုံးပါပဲ..။
ဘယ်သူမှ မယှဥ်နိုင်ပေ..။
ကတ်စတာ ရဲ့ ဂုဏ်သတင်းကလည်း သွေးစွန်းတိုက်ပွဲတွေကနေ ရရှိလာတယ် ဆိုတာကို သူ ကျိန်းသေ သိပါတယ်..။
'တစ်နေ့ ..ကျရင် သူနဲ့ တိုက်ပွဲတစ်ခု မရင်ဆိုင်ရဖို့ ငါ တကယ်ကို မျှော်လင့်မိတယ်..'
ဆန်နီ တွေးလိုက်မိတာပါ..။
သက်ပြင်းတစ်ချက်ချလိုက်ပြီး ဒီ စိတ်မသက်သာမူတွေကို ဖုံးကွယ်ထားကာ မေးလိုက်တယ်..။
"ဒီတော့ ..ငါက သူတို့ လက်တုန့်ပြန်မှာကို စိတ်မပူသင့်ဘူးလား.."
ဖော်ရွေတဲ့ လူငယ်လေးဟာ ခေါင်းညိမ့်လိုက်တယ်..။
"မင်း အရှက်ခွဲလိုက်တဲ့ အစောင့်နှစိယောက်ကတော့ တစ်ခုခု လုပ်လာနိုင်တယ်..ဒါပေမဲ့ အထက်ကတော့ ဘာမှ လုပ်မှာမဟုတ်ဘူး..။သူတို့လည်း ဘာမှ မလုပ်လောက်တော့ဘူးလို့ ငါထင်တယ်..။ဒီတိုင်း သူတို့ကိုသာ ထပ်အပြစ်မပြုမိစေနဲ့.."
သူ ရုတ်တရက် ပိုပြီး လေးနက်သွားခဲ့တယ်..။
"ဒါပေမဲ့ တကယ်လို့ သူတို့သာ အမဲလိုက်တဲ့သူ ၊ ဒါမှမဟုတ် လမ်းကြောင်းရှာသူ တစ်ယောကိဆိုရင် ငါ့နာမည်ကတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး..။မင်းက ကျိန်းသေ သေရလိမ့်မယ်..။ဒီတော့ ကျေးဇူးပြုပြီး အနာဂတ်မှာ မင်းရဲ့ အပြုမူတွေကို သတိထားပါ..။ဒီ ရဲတိုက်ထဲကမှာက အပြင်ကလိုပဲ အန္တရာယ်များတယ်..။အထူးသဖြင့်..မင်းလို...အာ..စိတ်နေသဘောထား..ရှိတဲ့ လူတွေ အတွက်ပဲ..."
'ဒါက ဘာကို ဆိုလိုတာလဲ..'
ဆန်နီ ပြန်ပြီး ချေပလိုက် ချင်ပေမယ့် ပါးစပ်ကိုသာ ပိတ်ထားလိုက်တယ်..။
...ဟုတ်ပါတယ်..သူ့ရဲ့ အကျင့်စရိုက်က တကယ်ပဲ ပြသနာတွေကို ဖြစ်ပေါ်စေတာပါ..။
သူ ကိုယ့်ကိုကို ပြန်သုံးသပ်နေတုန်းမှာပဲ တိတ်ဆိတ်နေတဲ့ ကတ်စီက ရုတ်တရက် ထပြောလာခဲ့တယ်..။
"ကတ်စတာ..ဒီမှာက တကယ်ပဲ ထွက်ပေါက် မရှိဘူးလား.."
ဂုဏ်ယူရတဲ့ ဆက်ခံသူဟာ..သူမကိုကြည့်ပြီး အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်..။သူ့ရဲ့ မျက်နှာကတော့ သုန်မုန်နေခဲ့ပါတယ်..။သူ့ရဲ့ မျက်လုံးတွေက လေးလံပြီး နီရဲလာခဲ့တယ်..။
အတော်ကြာပြီးကာမှ သူ သက်ပြင်းချလိုက်ပြီး..
"ငါတို့ထဲက ဘယ်သူကမှတော့ ပြန်ဖို့ မမျှော်လင့်နိုင်သေးဘူး ကတ်စီယာ..။အခုကတော့ ဒီနေရာက ငါတို့ ရှင်သန်နိုင်တဲ့ နေရာပဲ..။ဖြစ်နိုင်တာက..ဖြစ်နိုင်တာက အနာဂတ်မှာ တစ်ခုခု ပြောင်းလဲနိုင်ပါတယ်..။ဒါပေမဲ့ အခုကတော့ ကိုယ့်ကိုကို အသက်ရှင်နေနိုင်အောင်ပဲ ဂရုစိုက်ကြပါ.."
သူ မတ်တတ်ထရပ်လိုက်ရင်း သူတို့ကို နောက်ဆုံးတစ်ကြိမ်ကြည့်ကာ ပြုံးလိုက်တယ်..။
"မင်းတို့ကို တွေ့ရတာ တကယ် ဝမ်းသာတယ်..။မင်းတို့ စားနေတာကို ထပ်မနှောက်ယှက်တော့ဘူး..။တကယ်လို့ တစ်ခုခုလိုအပ်တာရှိရင် ..ငါ့ဆီကို လာဖို့ မတွေဝေပါနဲ့..။ငါနေတဲ့ ရပ်ကွက်က မ်ိုးသောက် တာဝါ ဘက်ခြမ်းမှာ.."
' ရပ်ကွက်တွေ ...ဒါပေါ့..ဒီလူယုတ်မာတွေမှာလည်း ရပ်ကွက်တွေ ရှိမှာပါ..။
ကတ်စီ ပြန်သွားပြီးနောက်မှာတော့ ဆန်နီဟာ သူ့ရဲ့ နွေးထွေးနေတဲ့ စတူး ကို စားသောက်ဖို့ အခွင့်အရေး ရခဲ့ပါတယ်..။
'ကောင်းတယ်..မနက်စာကတော့ ပျင်ဆီးသွားပြီ '
သူ ကတ်စတာရဲ့ နောက်ကျောကို ကြည့်ပြီး တွေးလိုက်တာပါ..။
'သူ့အမှားပဲ..။ဒါတွေ အကုန် သူ့အမှားပဲ..။ငါနဲ့ မဆိုင်ဘူး...'
***
အချိန်တစ်ချို့ကြာပြီး နောက်မှာတော့ ဆန်နီက အိပ်ယာ ထဲမှာ လဲလျောင်းပြီး မျက်လုံးပိတ်ထားခဲ့တယ်..။သူနေတဲ့ ညနေခင်း တာဝါ ဘက်ခြမ်းကတော့..အေးခြမ်းပြီး တိတ်ဆိတ်နေခဲ့ပါတယ်..။
အခုတော့ သူ့ရဲ့ အရိပ်ကို လမ်းလျောက်ခိုင်းဖို့ အချိန်ကောင်းပါပဲ..။