← Chapters

ရွှေရောင် မြွေ

Vol. 10 Ch. 141

ရွှေရောင် မြွေ

Vol. 10 Ch. 141

နောက်ထပ်ငါးရက်လောက်..ဆန်နီဟာ အခန်းတွင်းထဲမှာပဲနေနေခဲ့တယ်..။သူ့ရဲ့ အရိပ်ကတော့ ရဲတိုက် တစ်ခုလုံးကို လျောက်သွားပြီး..လူတွေနဲ့ သူတို့ရဲ့ လျိုဝှက်ချက်တွေကို လေ့လာနေခဲ့ပါတယ်..။

ဖြည်းဖြည်းချင်းပဲ..ဒီငြိမ်းချမ်းမူတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်နေတာလဲ ဆိုတာကို သူနားလည်လာခဲ့တယ်..။

ဒါပေါ့..အစစ်အမှန် အခြေအနေတွေက ထင်ထားသလို လုံးဝကို မငြိမ်းချမ်းပါဘူး..။သို့ပေမယ့် ဒါကလည်း..မျှော်လင့်ချက်မဲ့နေတဲ့ လူငယ် တစ်ရာလောက် ရှိနေတဲ့ နေရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတစ်ခုပါ..။

သူ လုံးဝကို မအံ့ဩမိပေ..။တကယ်လို့ နေရာတစ်ခုလုံး ဥပဒေ နဲ့ အတူ ငြိမ်သက်နေမှသာ ထူးဆန်းနေမှာပါ..။တစ်နည်းအားဖြင့်ဆိုရင် ဒီရဲတိုက်ထဲက သက်ရှိတွေ အားလုံးက တစ်ဦးကို တစ်ဦး ထိလွယ်ရှလွယ် အခြေအနေ နဲ့ တည်ရှိနေကြတာပါ..။

စစ်စတန်က အရမ်းကို ပါးနပ်လှပါတယ်..။သူက အနိုင်ကျင့်တဲ့လူတွေကို ပိုကောင်းမွန်တဲ့ ဘဝတစ်ခု ဖန်တီးပေးထားပြီး..အနိုင်ကျင့်ခံရတဲ့လူတွေကိုတော့ ကန့်သတ်ထားခဲ့ပါတယ်..။ပိုကောင်းမွန်တဲ့ဘဝ..ဆိုတာက ဂန်လောင်ရဲ့ အခွင့်အရေးပေးမူတွေကို ရရှိတာဖြစ်ပြီး ကန့်သတ်ခံထားရတာက ရဲတိုက်ရဲ့ အပြင်ဘက်မှာ နေကြရတာကို ပြောတာပါ..။

မျှော်လင့်ချက်ကိုရော ၊ ကြောက်လန့်မူကိုရော ..သခင်ဖြစ်သူကသာ ထိန်ချုပ်ထားခဲ့တယ်..။သူရဲ့ တည်ရှိမူကတင် ..ဒီလူတွေကို ကိုယ့်နေရာကို ရှိနေစေခဲ့ပါတယ်..။

အပြင်ဘက်ကလည်း ..ရဲတိုက်အတွင်းပိုင်းနဲ့ ကွဲပြားသယောင် ရှိပေမယ့်..နှစ်ခုစလုံးက စစ်စတန် တစ်ခုတည်းရဲ့ အောက်မှာ ရှိနေကြတာပါ..။

အပြင်ဘက်မှာ ရှိနေတဲ့လူတွေကလည်း အထဲဝင်လို့ရသလို အထဲမှာရှိနေတဲ့လူတွေကလည်း အပြင်ကို အချိန်မရွေးကန်ထုတ် ခံရနိုင်ပါတယ်..။

ဒါက မြွေတစ်ကောင် သူ့အမြီးသူ ပြန်မြို နေသလိုပါပဲ..။ရဲတိုက် အတွင်း နဲ့ အပြင်ဘက်ပိုင်းက..စက်ဝိုင်းတစ်ခုလို လည်ပတ်နေခဲ့တာပါ..။ဒီလိုနဲ့ အနက်ရောင်မြို့တော်ထဲက လူတိုင်းကို အသက်ရှင်သန်ခွင့်ပေးထားခဲ့ပါတယ် .။

ဒါက အတော်ကို ကောင်းမွန်တဲ့ ပုံစံပါပဲ..။

....ဒါပေါ့..ဆန်နီကတော့ ဒီဟာရဲ့ အစိတ်အပိုင်း မဖြစ်ချင်ပေ..။

ရဲတိုက်အတွင်းမှာ ရှိနေကြတဲ့ လူတွေက..ဂန်လောင်ကို နည်းအမျိုးမျိုးနဲ့..အလုပ်ကျွေးပြုနေကြတာပါ..။ဒီမှာက အစောင့် ၊ မုဆိုးတွေ ၊ လမ်းကြောင်းရှာဖွေသူတွေ ၊ လက်မူပညာသည်တွေ နဲ့ အစေခံ တွေဆိုပြီး အမျိုးမျ်ိုး ရှိကြပါတယ်..။သူတို့ကို အုပ်ချုပ်ဖို့ အတွက်ကတော့..အရှင်သခင်ရဲ့ တိုက်ရိုက် လက်အောက်ခံ အရာရှိ ငါးယောက်ကို ခန့်အပ်ထားခဲ့တယ်..။တစ်ယောက်ချင်းစီတိုင်းက..နေ့တိုင်းမှာ သူတို့နဲ့သက်ဆိုင်တဲ့ အလုပ်ကို လုပ်ကြရပါတယ်..။

ရဲတိုက် အစောင့်အကြပ်က အရေအတွက် အများဆုံး ဖြစ်ပြီး..အားလုံးပေါင်း လူအယောက် ၁၅၀ လောက် ရှိတယ်..။သူတို့က ရဲတိုက်ကို စောင့်ကြပ်ကြရပြီး..ဂန်လောင် ရဲ့ ဥပဒေကိုလည်း အများနာခံအောင် လုပ်ဆောင်ကြရပါတယ်..။ပါဝါ နဲ့ ရာထူး အရကြည့်မယ် ဆိုရင် ကတ်စတာ ပြောသလိုပဲ သူတို့က အောက်ဆုံးမှာ ရှိနေကြတာပါ..။

အသုံးဝင်တဲ့ စွမ်းရည်ရှိတဲ့ ဘယ်လိုလူမဆို ရဲတိုက် အစောင့်အကြပ် အဖြစ် တာဝန်ထမ်းဆောင်လို့ ရပါတယ် .။သူတို့ရဲ့ လေ့ကျင့်ရေးတွေက ကြမ်းတမ်းပေမယ့်..တကယ့်လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံကတော့ အတော်လေးကို ရှားပါးတာပါ..။ဒါက သူတို့ရဲ့ ရာထူးက အန္တရာယ် မများဘူးလို့ ပြောနေတာတော့ မဟုတ်ပါဘူး..။တကယ်လို့ အိပ်မက်ဆိုးသားရဲ တစ်ကောင်က..တောင်ပေါ်ကို တက်လာတာဖြစ်ဖြစ် ၊ တိုက်ခိုက်တာဖြစ်ဖြစ် ကြုံလာခဲ့ရင်..ဒီ သားရဲကို မောင်းထုတ်တာ ၊ သတ်ဖြတ်တာ လုပ်ဖို့က သူတို့ရဲ့ တာဝန်ပါ..။

ပြီးတော့ အနက်ရောင် မြို့တော်ထဲမှာ..ဘယ် မွန်းစတားက မှ..သတ်ရတာ လွယ်ကူတယ်ဆိုတာ မရှိပေ..။

ရဲတိုက် အစောင့်အရှောက် တွေကို ဂန်လောင်ရဲ့ အယုံကြည်ရဆုံး လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ..

တီဆာ က အုပ်ချုပ်တာပါ..။သူက မေ့ပျောက်ကုန်းမြေပေါ်က အသက်အကြီးဆုံး အိပ်စက်သူတောင်ဖြစ်နေနိုင်တာပါ..။တီဆာ က ကြမ်းတမ်းတဲ့ တိုကိခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီး..သူ့ရဲ့ နောက်လိုက်တွေကိုလည်း သေချာ ထိန်းချုပ်ထားနိုင်ပါတယ်။

ရဲတိုက် အစောင့်ကြပ်တွေရဲ့ အပေါ်မှာတော့ အမဲလိုက်သူ တွေရှိကြပါတယ်..။သူတို့ကတော့ ဂန်လောင် စစ်တပ်ရဲ့ ထူးချွန်တဲ့လူတွေပါ..။တစ်ယောက်ချင်းစီ တိုင်းက တိုက်ခိုက်ရေး ကျွမ်းကျင်ကြပြီး များပြားတဲ့ တိုက်ပွဲ အတွေ့အကြုံတွေ ရှိကြပါတယ်..။သူတို့က လူအယောက် ၅၀ လောက်ရှိပြီး.အမဲလိုက် အဖွဲ့ ခုနှစ်ခု အဖြစ် ဖွဲ့စည်းထားခဲ့တယ်..။

မနက်ခင်းရောက်ပြီ ဆိုတာနဲ့ ဒီခုနှစ်ဖွဲ့ထဲက တစ်ဖွဲ့က အနက်ရောင် မြို့တော်ထဲကို သွားပြီး အိပ်မက်ဆိုးသားရဲတွေကို အမဲလိုက်ကြရတာပါ..။သူတို့ရဲ့ ကြိုးစားအားထုတ်မူကြောင့် ရဲတိုက်ထဲက လူတွေအတွက် အစားအသောက်ရနေကြတယ်ဆိုတာတော့ အသေအချာပါပဲ..။သူတို့မရှိပဲနဲ့ ဒီအရာတွေကဖြစ်မလာနိုင်ပေ..။

အမဲလိုက်သူတွေကို..အစောင့်အကြပ်တွေထဲကနေ ရွေးချယ်တာဖြစ်ပြီး အမဲလိုက်သူတစ်ယောက်ဖြစ်လာဖို့ဆိုတာက အားလုံးရဲ့ အိပ်မက်ပါ..။ဘာလို့လဲဆိုတော့ ဒီလူတွေက အရှင်သခင်ဆီ က ကောင်းမွန်တဲ့ အကျိုခံစားခွင့် တွေကို ရရှိကြပါတယ်..။

ဒါပေါ့..တစ်ခြားတစ်ဖက်ကနေ ပြောရမယ်ဆိုရင် သူတို့ရဲ့ သက်တမ်းက အတိုဆုံးလို့တောင် ပြောလို့ရပါတယ်..။သူတို့ရဲ့ အတွေ့အကြုံတွေ ၊ ကြိုတင်ပြင်ဆင်မူတွေနဲ့တောင်မှ..မုဆိုး အများစုက ပြန်လာနိုင်ခြင်း မရှိကြပါဘူး..။

ပြီးတော့ ဒီအရာတွေကတော့ လမ်းကြောင်းရှာဖွေသူအပေါ်မှာမူတည်နေတာပါ..။

လမ်းကြောင်းရှာဖွေသူ တွေဟာ..မုဆိုးအဖွဲ့တွေရဲ့.လမ်းပြတွေ အဖြစ် တာဝန်ယူကြရပါတယ်..။

အယ်ဖီ ပြောသလိုပဲ..အမှောင်မြို့ထဲမှာ ရှင်သန်နိုင်

မယ့် လျို့ဝှက်ချက်က..အားနည်းတဲ့ သားရဲ တွေကို ရှာဖွေပြီး သတ်ဖြတ်နိုင်ဖို့ပါပဲ..။သူတိူ့က..မုဆိုးတွေ အန္တရာယ်မကျရောက်စေဖို့ အတွက် ဒီ တာဝန်ကို ယူထားကြရတာပါ..။

ဆန်နီ သိသလောက်ဆိုရင်တော့..လမ်းပြ တွေက အရေအတွက် အတော်လေးကို နည်းပါး လှပါတယ်..။ရဲတိုက် တစ်ခုလုံးမှာတောငိ..တစ်ဒါဇင် အောက်သာ ရှိကြမှာပါ.။သူတို့တစ်ယောက်ချင်းစီတိုင်းကလည်း..အနက်ရောင်မြို့တော်ရဲ့ အပျက်အစီးတွေကြားထဲမှာ နှစိပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီးခဲ့တဲ့နောက်မှာမှ ဒီနေရာကို ရောက်လာကြသူတွေပါ..။သူတို့က အနက်ရောင်မြို့တော်ကို..အတော်လေး ကျွမ်းကျင် ပိုင်နိုင်ကြပါတယ်..။

ပြောစရာ မလိုအောင်ပဲ သူတို့တစ်ယောက်ချင်းစီ တိုင်းက မယုံနိုင်လောက်အောင် ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေး သမားတွေပါ..။

မုဆိုးတွေ နဲ့ လမ်းပြ တွေကို..ဂျန်မာ ဆိုတဲ့ လူတစ်ယောက်က ဦးဆောင်ထားပါတယ်..။

ဂျန်မာကလည်း..မေ့ပျောက်ကုန်းမြေကို ဂန်လောင် နဲ့တစ်နှစ်တည်း ရောက်လာခဲ့တာဖြစ်ပြီး..ရဲတိုက်ကို ထိန်းချုပ်နိုင်ဖို့ အများကြီး ကူညီပေးခဲ့တဲ့ လူတစ်ယောက်ပါ..။

ဒီအဖွဲ့သုံးခုဖြစ်တဲ့..အစောင့်အကြပ်တွေ ၊ မုဆိုးတွေ နဲ့လမ်းကြောင်းရှာဖွေသူတွေကို ပူးပေါင်းလိုက်တဲ့ အချိန်မှာတော့..ရဲတ်ိုက်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂန်လောင် ရဲ့ စစ်တပ် ဖြစ်ပေါ်လာခဲ့ပါတယ်..။

All Chapters