မြင်ကွင်းတွေရဲ့ နောက်ကွယ်
Vol. 10 Ch. 142
ဂန်လောင်နဲ့ ဆက်နွယ်နေတဲ့ နောက်ထပ် အဖွဲ့နှစ်ဖွဲ့လည်း ရှိနေပါသေးတယ်..။
ပထမအဖွဲ့က..အသုံးဝင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ အိပ်စက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ..။ဒီလူတွေကို ..လက်မူပညာသည် တွေလို့ ထင်ပြီး.ရဲတိုက်မှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ထမ်းဆောင်ကြပါတယ်..။သူတို့က ရဲတိုက် အတွင်းက လိုအပ်ချက်တွေဖြစ်တဲ့..အဝတ်အစားတွေ၊ ကိရိယာတွေ၊ လက်နက်တွေ ၊ မီးဖိုချောင်သုံးပစ္စည်းတွေ နဲ့ တစ်ခြားအရာတွေကို ဖန်တီးကြဖို့ တာဝန်ယူထားကြတာပါ..။
ပညာရှင် တစ်ယောက်ချင်းစီ တိုင်းမှာ..အဖွဲ့ သေးသေးလေးတွေ ရှိကြပြီး..အိပ်စက်သူတွေအတွက် လိုအပ်တဲ့ အရာတိုင်းကို ကူညီပေးကြပါတယ်..။အားလုံးပေါင်းဆိုရင်..လူတစ်ရာပတ်လည်လောက် ရှိပြီး လူအများစုက..ဘေးက အကူတွေ ပါ..။သူတို့အားလုံးကို ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်တဲ့ ကီဘို , က ဦးဆောင်ပြီး..သူမမှာလည်း အပင်တွေကို ..စိုက်ပျိုးနိုင်တဲ့ စွမ်းရည်ပိူင်ဆိုင်ထားပါတယ်..။
ဆန်နီ ရဲ့ ဟင်းပွဲထဲက လာတဲ့ အသီးအရွက်တွေက သူမရဲ့ ဥယျာဥ်ထဲကနေ လာခဲ့တာပါ..။ဒီလို စွမ်းရည်မျိုးက..အစာရေစာ ရှားပါးတဲ့ မေ့ပျောက်ကုန်းမြေ ပေါ်မှာတော့..အဖိုးမဖြတ်နိုင်လောက် အောင်ပါပဲ..။သူမက တစ်ခြားလူတွေထက် အသက်ငယ်ရွယ်ပေမယ့် အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေတာ အံ့ဩစရာ မရှိတော့ပေ..။
ပညာရှင် တွေရဲ့ အဆင့်အတန်းက ရဲတိုက်ထဲမှာ အငြင်းပွားဖွယ်ရာလေး တွေတော့ ရှိပါတယ်..။သူတို့က တိုက်ခိုက်စွမ်းရည် တွေ မရှိကြတာကြောင့်..အစောင့်အကြပ် တွေက သူတို့ရဲ့ အောက်မှာပဲ ထားသင့်တယ်လို့ ခံစားနေကြရတာပါ..။ဘာပဲဖြစ်ဖြစ် အစောင့်တွေ ဆိုတာက အသက်ကို စွန့်ထားကြတဲ့လူတွေ ဖြစ်လို့ပါပဲ..။
တစ်ဖက်မှာလည်း ပညာရှင်တွေဟာ..သူတို့ရဲ့ စွမ်းရည်တွေက အတော်ကို အရေးပါပြီး ရဲတိုက် အစောင့်တွေထက် ပိုပြီး အကျိုးပြုနိုင်တယ်လို့ ခံယူထားကြတာပါ..။ရဲတိုက် အစောင့်တွေဆိုတာက ကြုံတဲ့လူတွေကို ခေါ်ထားကြတဲ့ လူတွေသာပါပဲ..။ဒီ ငြင်းခုန်မူက ဖြစ်ပေါ်နေတာ အတော်ကြာနေပြီဖြစ်ပေမယ့်..ဘယ်တော့မှ ဖြေရှင်းလိူ့ မရနိုင်ခဲ့ပေ..။
ရယ်စရာကောင်းတာက..သူတို့ရဲ့ အသက်ကို အမှန်တကယ် စွန့်စားထားခဲ့ကြတဲ့ မုဆိုးတွေကတော့ ဒီကိစ္စကို ဂရုမစိုက်ကြပေ..။သို့ပေမယ့် သူတို့ရဲ့ ခေါငိးဆောင် ဂျန်မာ က ..ပညာရှင်တွေနဲ့ ခေါင်းဆောင်
ကီဘိုကို တိတ်တဆိတ် ထောက်ခံပေးထားခဲ့ကြပါတယ်..။
နောက်ဆုံးအဖွဲ့ကတော့ ဂန်လောင် ရဲ့ အစေခံ မိန်းကလေး တွေပါပဲ..။သူတို့က
ဆန်နီ ..ပြတင်းပေါက်တွေ လိုက်ပိတ်နေတာမြင်ခဲ့တဲ့မိန်းမငယ်လေး တွေပါ..။ပြီးတော့..စားသောက်ချိန်တွေမှာလည်း ဒီ မိန်းကလေးတွေကို တွေ့မြင်ရပါတယ်..။
သူတို့က ..ရဲတိုက်ကို စောင့်ရှောက်ရသလို ..ရာထူးမြင့်တဲ့ လူတွေကိုလည်း..အလုပ်ကျွေးပြုကြရတယ်..။သူတို့ကတော့ အရေအတွက် တစ်ရာဝန်းကျင်လောက် ရှိပါတယ်..။
ဆန်နီ ကတော့..ဒီမိန်းကလေးတွေကို ရဲတိုက်ထဲက လူတွေက ..သားကောင်အဖြစ် ပစ်မှတ်ထားကြလိမ့်မယ်လို့ ထင်ထားခဲ့တာပါ..။သိူ့ပေမယ့် အံ့ဩစရာက သူတို့က ဒီလိုမခံရတဲ့အပြင်..လူတွေရဲ့ အနည်းငယ် ကြောက်ရွံ့မူကိုတောင် ခံကြရပါတယ်..။ဒီအတွက် အဓိက အကြောင်းပြချက်ကတော့ သူတို့ရဲ့ ဆန်းကျယ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မိန်းမလှလေး ဆိုင်ရှန် ကြောင့်ပါပဲ..။
ဆိုင်ရှန် က ..သူမရဲ့ လက်အောက် မိန်းကလေး တွေကို ဂရုစိုက်ယုံသာမက..ကိုယ့်ကိုကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာပါ သင်ကြားပေးပါတယ်..။သူတို့ကို ဘယ်လိုမျိုး သင်ကြားပေးလည်း ဆိုတာကိုတော့ အတိအကျ မသိပါဘူး..။သို့ပေမယ့်..ရဲတိုက် အစောင့်တွေက သူတို့ရှေ့မှာ အပြုအမူတွေကို သတိထားကြတာကတော့ သိသာလှပါတယ်..။
တစ်ခြားအကြောင်းပြချက်တစ်ခုက မိန်းမလှလေးက ဂန်လောင်နဲ့ ဆက်နွယ်နေတာကြောင့်ပါ..။ဂန်လောင်က သူနဲ့ သက်ဆိုင်တဲ့အရာတိုင်းကို ခွင့်ပြုချက်မရှိပဲ အထိမခံပါဘူး..။တစ်ချို့..ရူးမိူက်တဲ့ အစောင့်တွေက ဆိုင်ရှန်ကို စိတ်ဆိုးအောင်လုပ်ရဲရင်တောင်..ရဲတိုက်အရှင် ရဲ့ မကောင်းတဲ့ဘက်ခြမ်းကို မရောက်ချင်ကြပေ..။
...သို့ပေမယ့် ဆန်နီကတော့ ဒီ ဆိုင်ရှန် ကို အစောကတည်းက ထိပ်လန့်နေခဲ့ပြီးပါပြီ..။သူ့အရိပ်ကို အစေခံတွေကို စောင့်ကြည့်ဖို့ ပို့လွှတိလိုက်တဲ့ အချိန်မှာ ဖမ်းခံရဖို့ နည်းနည်းသာ လိုလိုက်ပါတယ်..။
တစ်စုံတစ်ယောက်က သူ့ရဲ့ အရိပ်ကို အာရုံခံနိုင်တာက ဒါ ပထမဆုံးအကြိမ်ပါပဲ..။လှပတဲ့ ဆိုင်ရှန်က သူမရဲ့ လက်အောက်ငယ်သားတွေကို..ညွှန်ကြားနေရင်း သူ့ရဲ့ အရိပ်ပုန်းနေတဲ့ နေရာတည့်တည့်ကို ရုတ်တရက် လှည့်လာခဲ့တာပါ..။
ဆန်နီ ဘာလုပ်ရမှန်းမသိတာကြောင့် သူ့မျက်လုံးတွေကို ပိတ်လိုက်ပြီး အမြင်အာရုံကို ပြောင်းလိုက်ပါတယ်..။ဘယ်သူမှ သူ့အရိပ်ကို တိုက်ရိုက်မမြင်နိုင်တာကိုတော့ သူ အတော်အသင့် သေချာပါတယ်..။
သို့ပေမယ့် မတူညီတဲ့ စွမ်းရည်တွေက အများကြီးပါပဲ..။နိုးထသူတွေ အများစု ဆိုရင် ..တစ်စုံတစ်ယောက်က သူတို့ကို ကြည့်နေပြီဆိုရင်..ခံစားမ်ိကြပါတယ်..။ဒါကြောင့် ဆန်နီ အချိန်အတော်ကြာအောင် စောင့်ပြီးကာမှ..မျကိလုံးတစ်ဖက်ကို ပြန်ဖွင့်ကြည့်လိုက်တယ်..။
ကံကောင်းစွာပဲ ဒီတစ်ကြိမ်တော့ သူ ဘယ်ဟာမှ မကြုံရတော့ပါဘူး..။ဆိုင်ရှန် က သူမရဲ့ အလုပ်ကို ဆက်လုပ်နေတာမြင်တော့မှ သူ့ရဲ့ အရိပ်ကို ဒီမိန်းကလေး နဲ့ ဝေးရာကို သွားခိုင်းလိုက်ပါတယ်..။
ရဲတိုက်ထဲက ကျန်တဲ့လူတွေကတော့..အခကြေးငွေ ပေးခြင်း ခံရသူတွေဖြစ်ကာ..ဂန်လောင်ကိုတော့ တိုက်ရိုက် တာဝန်မထမ်းဆောင်ရပါဘူး..။ဒီအဖွဲ့ကိုတော့..နာမည်ပေးထားတာ မရှိတာကြောင့် ဆန်နီကတော့ အငှားအလုပ်သမား တွေလို့ပဲ..ခေါ်ကြပါတယ်..။
ဒီ အငှားအလုပ်သမား အများစုက ဟတ်ပါ လို လူမျိုးတွေပါ..။သူတို့က ရဲတိုက်ထဲကို ကံကောင်းပြီ ရောက်လာကြပြီး..အစေခံ ဒါမှမဟုတ် တစ်ခြားအလုပ်မျိုးစုံကို လုပ်ကြကာ..ဝိဥာဥ် အမြုတေ ရှာဖွေကြပါတယ်..။
ဒီ သနားစရာ လူတွေကတော့ ရဲတိုက်ရဲ့ ရာထူးအဆင့်အဆင့် မှာ အနိမ့်ဆုံးပါပဲ..။
..ဒီရာထူးရဲ့ ဆန့်ကျင့်ဘက်နေရာမှာတော့..ရဲတိုက်ရဲ့ အရှင်သခင် ဖြစ်တဲ့ ရွှေရောင်မြွေ ဂန်လောင် ရှိနေခဲ့ပါတယ်..။
.
အယ်ဖီ ပြောပုံအရဆိုရင်တော့ သူ့ရဲ့ တည်ရှိမူက..အင်မော်တယ် တစ်ယောက်လိုပါပဲ..။
သူ ရဲတိုက်ကို ရောက်ပြီးငါးရက်မြောက် နေ့မှာတော့..ဒီစက်ဆုပ်ဖို့ ကောင်းတဲ့ အာဏာရှင်ကို မြင်ခွင့် ရခဲ့ပါတယ်..။
သူ မြင်ခဲ့တဲ့ အရာကိုတော့ သဘောမကျခဲ့ပေ..။