← Chapters

ဂန်လောင်

Vol. 10 Ch. 143

ဂန်လောင်

Vol. 10 Ch. 143

ဂန်လောင် ရဲ့ ကြီးမားတဲ့ တည်ရှိမူက ရဲတိုက်ရဲ့ နေရာအနှံ့ကို စိမ့်ဝင်နေပေမယ့်..သူ့ကိုတော့ တွေ့ရဖို့ အတော်ကို ခက်ခဲလှပါတယ်..။သူက အပြင်က်ို ထွက်ပြလေ့ မရှိပဲ..သူ့ရဲ့ ကိုယ်စားလှယ်ငါးယောက်ကနေ တဆင့်..အုပ်ချုပ်ရတာကိုသာ သဘောကျတဲ့လူပါ..။ဒါက မောက်မာတာလား ၊ လုပ်ကြခံရမှာစိုးရိမ်တာလား ဒါမှမဟုတ် တစ်ခြားအကြောင့်ပြချင် ကြောင့်လားဆိုတာကိုတော့ သူမသိပေ..။

ဆိုင်ရှန် နဲ့ ကိစ္စပြီးမှာ..ဆန်နီဟာ ထိပ်လန့်သွားခဲ့ပြီး သူ့အရိပ်ကို သန်မာတဲ့ မာစတာတွေ နားကို သိပ်မကပ်ခိုင်းတော့ပေ..။ဒါကြောင့်လဲ သူက ငါးရက်မြောက် မတိုင်ခင်အထိ ဂန်လောင်ကို မမြင်ဖူးခဲ့တာပါ..။

ရွှေရောင် မြွေ ပေါ်လာတဲ့ အချိန်မှာလည်း သူ့ စိတ်ထဲမှာ ခံစားချက်တစ်ချို့ ကျန်ရစ်စေပါတယ်..။

ဆန်နီ နဲ့ ကတစီ တို့ ခါတိုင်းလို မနက်စာ စားနေတုန်းမှာပဲ..ခန်းမကြီး တစ်ခုလုံးက လုံးဝကို တိတ်ဆိတ်သွားခဲ့တယ်..။တစ်ခုခုကို ခံစားမိတာကြောင့် သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..အစောင့်တွေ အများကြီးက အထဲကို ဝင်လာတာ တွေ့လိုက်ရပါတယ်..။

ဆန်နီ နှလုံးခုန် မြန်သွားခဲ့တယ်..။

'ဒါက ဘာလဲ..'

အဆိုးဆုံးတွေကို တွေးကြည့်ပြီး..ထွက်ပြေးမယ့် နည်းလမ်းကိုတောင်မှ သူ စဥ်းစားလိုက်မိပါတယ်..။သို့ပေမယ့် ကံကောင်းစွာပဒ..အစောင့်တွေက သူတို့ကို ဂရုတောင် မစိူက်ကြပေ..။အဲဒီအစား သူတို့က ခန်းမ အတွင်းဝင်လာကြကာ..စားပွဲတွေကို နံရံနားကပ်ပြီး..အလယ်မှာ နေရာလွတ်ဖန်တီးလိုက်ပါတယ်..။

ကတ်စီဟာ ဆန်နီရဲ့ ပုခုံးကို ညှစ်လိုက်ပြီး တီးတိုးပြောလာခဲ့တယ်..။

"ဘာတွေဖြစ်နေတာလဲ.."

သူ တွေဝေနေပြီးကာမှ မသေချာစွာပြန်ဖြေလိုက်တယ်..။

"ငါလည်း သေချာ မသိဘူး.."

ရုတ်တရက် လူတွေကြားထဲမှာ ရပ်နေတဲ့ ကတ်စတာကို သူ တွေ့လိုက်ရပါတယ်..။ခန်ညားတဲ့ လူငယ်လေးကတော့ မျက်နှာသုန်မှုန်နေခဲ့တယ်..။သူ့ အကြည့်တွေက ခန်းမရဲ့ အဆုံးမှာရှိနေတဲ့ နံရံတွင်း အခန်းငယ်လေးထဲကို ရောက်နေခဲ့ပါတယ်..။

အိပ်စက်သူတွေ တစ်ယောက်ပြီး တစ်ယောက်ကလည်း တူညီတဲ့နေရာကို လှည့်နေကြတာကြောင့် ဆန်နီ လည်း လိုက်ကြည့်လိုက်တယ်..။

ဖြည်းညှင်းစွာပဲ အခန်းငယ်ထဲက ပုံရိပ်ငါးခုက ထွက်ပေါ်လာပြီး..ပုလ္လင် အနားက လှေကားတွေမှာ ရပ်လိုက်ကြတယ်..။သူတို့က ဂျန်မာ ၊ တီဆိုင် ၊ ဆိုင်ရှန် ၊ ကီဘို နဲ့ နောက်ဆုံးတစ်ယောက်ပါ..။

ဆန်နီ ဒီလူကို ကြည့်လိုက်တော့..အမည်မသိ ခံစားချက်တစ်ခုကို ခံစားလိုက်ရတယ်..။

ငါးယောက်မြောက်လူက..ရဲတိုက်အတွင်းမှာ တရားဝင် ရာထူး မယူထားပေမယ့် လူတွေကတော့ သူ့ကို အကြောက်ဆုံးပါပဲ..။ဒီလူမှာ ဖြူဖျော့တဲ့ အသားအရည် ၊ ပိန်ကျနေတဲ့ မျက်နှာ နဲ့ ခံစားချက် မဲ့တဲ့ မျက်လုံးတွေရှိနေခဲ့တယ်..။

ဒီလူက ရိုးရှင်းတဲ့ အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားပြ..လူတွေအာရုံစိုက်ခံရတာကို သက်သောင့်သက်သာ မရှိသလိုမျိုး..ရှက်ရွံ့မူတွေ ရှိနေခဲ့ပါတယ်..။

သူ့နာမည်က ဟာရု ပါ..။သူက ရဲတိုက် သခင်ရဲ့ လျိုဝှက်ဓား ဆိုလည်း မမှားပေ..။တစ်စုံတစ်ယောက်က ရှင်းထုတ်ခံရသင့် နေပြီဆိုရင် သူကပဲ လုပ်ဆောင်တာပါ..။တကယ်လို့ ဂန်လောင်သာ စိတ်မကြည်မလင်မူကို ပြချင်တယ်ဆိုရင် သူက ..သွေးချောင်းစီးအောင် လုပ်နိုင်သလို ၊ သွေးတစ်စက်မှ မကျပဲနဲ့လည်း ရှင်းပစ်ပေးနိုင်ပါတယ်..။

လူတွေက ဒီတိုင်း​ သူတို့မတည်ရှိခဲ့တဲ့ အတိုင်း ပျောက်ကွယ်သွားကြရမှာပါ..။

ဟာရုက ဂန်လောင်ရဲ့ သတ်ဖြတ်တဲ့ အရိပ်ပါပဲ..။

သို့ပေမယ့် ဆန်နီကို စိတ်အနှောကိယှက် ဖြစ်စေဆုံးအရာက..ဟန်ရုကို ကြည့်ရတာ ..အနက်ရောင် မှန်တစ်ချပ်ကို ကြည့်နေရသလိုဖြစ်နေခဲ့တာပါ..။သူတို့နှစ်ယောက်က မတူဘူး ဆိုပေမယ့်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် ဒီလူဆီကနေ ရက်စက်ရတာကို နှစ်သက်တဲ့ အရိပ်အယောင်တွေ မြင်နေရပါတယ်..။

ဒါမှမဟုတ်..သူ့ရဲ့ အနာဂတ် ပုံစံကို မြင်နေရသလိုပါပဲ..။

' မဖြစ်နိုင်တာ..ငါက သူ့ထက်ပိူပြီး ချောမောတယ်လေ.'

ဆန်နီဟာ ဒီလူ သူကြည့်နေတာကို မရိပ်မိခင် ကြိုးစား အကြည့်လွှဲလိုက်တယ်..။ပြီးတာနဲ့ အမှောင်ထဲကနေ ထွက်လာတဲ့ အရပ်ရှည်ရှည်နဲ့ လူကိုကြည့်လိုက်ပါတယ်..။

အနည်းဆုံးတော့ ဒါက ရွှေရောင်မြွေ မဟုတ်ပဲ လူတစ်ယောက် ဆိုတာကိုတော့ သိလိုက်ရပါပြီ..။

ရဲတိုက် သခင် ဂန်လောင်ကတော့..ရွှေရောင်တောက်ပနေတဲ့ အကာအကွယ်ကို ခေါင်းကနေ ခြေထောက်အထိ ဝတ်ဆင်ထားခဲ့တယ်..။သူက မျက်လုံးနေရာတွေကိုတောင် ချန်မထားခဲ့ပါဘူး..။

သူ့ရဲ့ မျက်နှာနေရာမှာတော့ ကျယ်ပြန့်တဲ့ ရွှေရောင် က အိပ်စက်သူ အယောက် ၁၀၀ ဆီကို အလင်းပြန်နေခဲ့ပါတယ်..။ဆန်နီ သူ့ကိုယ်သူပြန်ကြည့်လိုက်ပြီး ဒီလို သန်မာတဲ့လူရှေ့မှာ သူက ဘယ်လောက်တောင် အားနည်းနေသေးလဲဆိုတာတောင် နားလည်လိုက်ပါတယ် ...။

သူ့လက်တွေတုန်ရီလာခဲ့တယ်..။

ဂန်လောင် ဆီကနေလာတဲ့ ဖိအားက အတော်လေးကို သိသာလှပါတယ်..။တစ်ခြားလူတွေကလည်း ဆန်နီလို အခြေအနေနဲ့ကြုံတွေ့နေခဲ့ရတယ်..။သူတို့ရဲ့ မျက်နှာတွေ ဖြူဖျော့ပြီး ၊ မျက်လုံးတွေပြူးကျယ်နေခဲ့ကြပါတယ်..။

' ဘုရားရေ ..ချီးပဲ..ဒါက ကိုယ်ရောင်ကိုယ်ဝါ မဟုတ်တော့ဘူး..။ဒါက စိတ်ကို တိုက်ခိုက်နေတာပဲ.."

ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်က ကာကွယ်ပေးထားတာကြောင့် ဒီလို တိုက်ခိုက်မူမျိုးကို ဆန်နီက ခုခံနိုင်စွမ်းရှိပါတယ်..။သူ အံကို ကြိတ်လိုက်ပြီး ဂန်လောင် ဆီကလာတဲ့ ဖိအားကို ဖယ်ရှားကာ အသက်ပြင်းပြင်းရူလိုက်တယ်..။

အံ့ဩဖို့ကောင်းတာက မျက်မမြင်မိန်းကလေးက လုံးဝ အဆင်ပြေနေတာပါပဲ..။တစ်ခြားလူတွေနဲ့ မတူစွာပဲ သူမက အဆင်မပြေဖြစ်နေတာမျိုး မတွေ့ရပေ..။ဆန်နီ က သူမကို စိုက်ကြည့်ပြီး မျက်တောင် အနည်းငယ် ခတ်လိုက်ပါတယ်..။

'ဒီ တုန့်ပြန်မူက...ဒီခွေးသားရဲ့ ထူးဆန်းတဲ့ အကာအကွယ်ကို ကြည့်ရင်းကနေ ဖြစ်ပေါ်လာတာပဲ..'

ကြည့်ရတာတော့ ဂန်လောင်က သူတို့ကို အမှန်တကယ် တိုက်ခိုက်နေတာ မဟုတ်ပါဘူး..။ဒါက သူ့ရဲ့ ရွှေရောင် အကာအကွယ် ဆီကနေ သက်ရောက်လာခဲ့တာပါ..။သူ့ရဲ့ မှန်လို မျက်နှာကို ကြည့်လိုက်တာနဲ့တင် သက်ရောက်မူကို ခံကြရတာပါ..။

'ဟင်..ဒါကဘယ်လို မှတ်သားမူမျိုးလဲ..။များပြားလှတဲ့ လူတွေက ဒီဟာရဲ့ သက်ရောက်မူကို မခုခံနိုင်ကြပါဘူး.."

ဆန်နီ အံ့ဩစွာ တွေးလိုက်တယ်..။

ဒါကဘယ်လိုဖြစ်နိုင်မှာလဲ...

အဲ့အချိန်မှာပဲ ဂန်လောင်ဟာ ပလ္လင်နားကို ရောက်လာပြီး ဝင်ထိုင်လိုက်တယ်..။အနောက်ဘက်နံရံ ကနေ ထွက်ပေါ်နေတဲ့ အလင်းတန်းတွေက သူ့အကာအကွယ်ကနေ တဆငိ့ အလင်းပြန်နေခဲ့ပါတယ်..။

ရွှေရောင် မှန် ကတော့ သူ့ရဲ့ မျက်နှာပေါ်မှာရှိနေပြီး အိပ်စက်သူ တွေကို စိုက်ကြည့်နေခဲ့တယ်..။

ခနအကြာမှာတော့ နက်ရှိုင်းပြီး ၊ အန္တရာယ်များတဲ့ အသံက..ထွက်ပေါ်လာပါတယ်..။ဒီအရာက ရဲတိုက်ကိုယ်တိုင်က စကားပြောနေသလို ပဲ့တင်ထပ်နေခဲ့တာပါ..။

"အာ..ဒီနေ့ အတော်နေလို့ ထိုင်လို့ကောင်းတာပဲ..။တရားမျှတမူအတွက် ပြီးပြည့်စုံတဲ့ နေ့လေးလိူ့ မထင်ကြဘူးလား..။ဒီနေ့ ငါတို့ကြားထဲမှာ..မတရားမူ တစ်ခု ရှိနေတယိလို့ ကြားထားတယ်..။ကောင်းပြီ ငါက တရားမမျှတဘူးလား..။ဒီတိုင်း တရားမမျှတတာလား..။ငါ ဘယ်လောက် တရားမျှတလဲ ဆိုတာကို မင်းတို့ကို ပြပေးမယ်..."

All Chapters