← Chapters

အမှန်တရား အတွက် စိန်ခေါ်မူ

Vol. 10 Ch. 144

အမှန်တရား အတွက် စိန်ခေါ်မူ

Vol. 10 Ch. 144

ဆန်နီဟာ ကျောပြင်တစ်ခုလုံး ချွေးစေးတွေ ပျံ လာသလို ခံစားလိုက်ရတယ်..။ဂန်လောင်ရဲ့ အသံကြောင့် သူက ဒူးထောက်ပြီး တောင်းပန်ချင်စိတ်တွေ ဖြစ်ပေါ်လာသလို တောင် ခံစားလိုက်ရပါတယ်..။သို့ပေမယ့်..ခန်းမထဲက လူတိူင်းဒီလိူ ခံစားနေရတယ် ဆိုတာကို သူ သိထားပြီးသားပါ..။

ဂန်လောင် ပြစ်မူလို့ သတ်မှတ်ထားတဲ့ အရာမျိုးကို ဒီမှာ ရှိနေတဲ့လူတိုင်းက လုပ်ကြဖူးပါတယ်..။

လူတွေက သူတို့ရဲ့ အပြစ်တွေကို တောင်းပန်ကြတော့မှာလားလို့ တွေးနေတုန်းမှာပဲ..တံခါးဝက အသံတွေကြောင့် အာရုံကပြောင်းသွားခဲ့တယ်..။

အစောင့်တွေက..လူတစ်ယောက်ကို ဆွဲခေါ်လာပြီး ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်ကြပါတယ်..။လူကြီးဟာ စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားပြီး ယိုင်နဲ့နဲ့ ဖြး်နေခဲ့တယ်..။

သိူ့ပေမယ့် သူ့ရဲ့ ပိန်ပိန်ပါးပါး ခန္တာကိုယ်မှာ ကြွက်သားတွေ အများကြီး ရှိနေတုန်းပါပဲ...။သူ့ရဲ့ မျက်လုံးထဲမှာတော့ ဒေါသတွေ ၊ အကြောက်အလန့်ကင်းမဲ့မူတွေကို တွေ့မြင်နေရတယ်..။သူက အစောင့်တွေကို တစ်ချက်စိုက်ကြည့်လိုက်ပြီး..ကြမ်းပြငိပေါ်ကနေ မတ်တတ်ထရပ်ကာ ခေါင်းကို မော့ထားလိုက်ပါတယ်..။သူ့ မျက်နှာပေါ်မှာ ကြောက်လန့်မူတွေ လုံးဝ မရှိပါဘူး..။အဲဒီအစား..လက်မခံနိုင်မူတွေ ဒေါသတရားတွေသာ ရှိနေခဲ့တယ်..။

ဂန်လောင်ဟာ ရဲရင့်တဲ့လူကို ပလ္လင်ပေါ်ကနေ ကြည့်ပြီး အနည်းငယ် ခေါင်းညိမ့်လိုက်တယ်..။အပြင်လူက သူ့ရဲ့ ရွှေရောင် မျက်နှာဖုံး က အလင်းပြန်မူ အောက်မှာတောင် ခေါင်းကို ငုံ့မသွားခဲ့ပေ..။

'ဒီလို ပြင်းထန်တဲ့ စိတ်စွမ်းအင်မျိုး ' ဆန်နီ တစ်ဖက်လူကို လေးစားစွာကြည့်ပြီး တွေးလိုက်တာပါ..။

အဲ့အချိန်မှာပဲ ရဲတိုက်အရှင် ရဲ့ အသံက ခန်းမထဲမှာ နောက်တစ်ကြိမ် ထွက်ပေါ်ခဲ့တယ်..။

"ကလေးတို့..ငါတို့မှာ ဒီနေ့ ဧည့်သည်တစ်ယောက် ရှိတယ်..။ဒီလူ နာမည်က ဂျူဘိုင်လို့ ခေါ်ပြီး အပြင်ဘက်ကနေ ရောက်လာခဲ့တာပဲ..။လတ်တလောမှာ သူက ငါတို့ရဲ့လူတစ်ယောက်ကို စွတ်စွဲထားတယ်..။စိတ်ထားကောင်းမွန်တဲ့ အရှင်သခင်တစ်ယောက် အနေနဲ့ ငါက ဂျူဘိုင်ကို ဖိတ်ခေါ်ပြီး သူ့ရဲ့ အမူကို ဖော်ထုတ်ပေးဖို့ စီစဥ်ထားတာလေ..။ငါတို့ ဒီကိစ္စရဲ့ အောက်ခြေအထိ သွားမှရမယ်..။ဘာပဲဖြစ်ဖြစ် ဒီ အမှောင်ကမ္ဘာထဲမှာ ဥပဒေ ဆိုတာက ငါတို့ရဲ့ လမ်းပြကြယ်ပဲ..."

ဂန်လောင် ရဲ့ အကာအကွယ် ကနေ ဖိအား မခံရတာတောင်မှပဲ..ဆန်နီဟာ သူ့အသံဆီက ထူးဆန်းတဲ့သက်ရောက်မူကို ခံနေရတုန်းပါပဲ..။သူ ကြက်သီးမွေးညှင်းတွေတောင် ထသွားခဲ့တယ်...။ရွှေရောင် မှတ်သားမူ ရှိရှိ မရှိရှိ ..ရဲတိုက်အရှင် ရဲ့ အသံထဲမှာ ဩဇာအာဏာ တွေ ပါဝင် နေပါတယ်..။သူပြောတာကို မနာခံဖို့က အတော်လေးကို ခဲယဥ်းလှတာပါ..။

သို့ပေမယ့် ဂျူဘိုင် ဆိုတဲ့လူကတော့ နှာခေါင်းရှုတ်လိုက်တယ်..။

"အမှန်ပဲ..ငါမင်းရဲ့လူတွေထဲက တစ်ယောက်ကို စွတ်စွဲဖို့လာခဲ့တာ, ဂန်လောင် ။မင်း ဒီတစ်ယောက်ကို ဘယ်လို ကယ်ထုတ်မလဲ ကြည့်ကြတာပေါ့..ခွေးသားလေး.."

သူ ပြောပြီးတာနဲ့..လက်တစ်ဖက်က်ို မြှောက်ပြီး..ဘေးနားက ..မုဆိုးအဖွဲ့ တစ်ဖွဲ့ဆီကို လက်ညိုးထိုးပြလိုက်ပါတယ်..။

"အဲ့မှာ ရှိနေတဲ့လူက မင်းတို့ ခေါ်နေကြတဲ့ လမ်းပြ တစ်ယောက်ပဲ.. ။သူက လူသတ်သမားပဲ..။သူက အပြစ်မရှိတဲ့ကလေးကို စက်ဆုပ်ဖို့ ကောင်းတဲ့ နည်းလမ်းတွေနဲ့ သတ်ဖြတ်ခဲ့တာ..။မင်းနဲ့ မင်းရဲ့ အပေါင်းအပါတွေ ဒီနှစ်တွေမှာ ..မကောင်းတာတွေ လုပ်ခဲ့တာကို ငါ ကြည့်နေခဲ့ရတယ်..။ဒါပေမဲ့ ဒါက တော်လောက်ပြီ..။ဒီနေ့ သူလုပ်ခဲ့တဲ့ အရာကို သူ့အသက်နဲ့ ပြန်ပေးဆပ်တာကို ငါကြည့်ချင်တယ်.."

လူအုပ်ထဲမှာ တီးတိုး ပြောမူတွေ ထွက်ပေါ်လာခဲ့တယ်..။လမ်းပြ တစ်ယောက်ကို စွပ်စွဲတယ် ဆိုတာက

သာမန်လူတစ်ယောက်လုပ်နိုင်တဲ့ အရာမဟုတ်ပါဘူး..။သူတို့ရဲ့ မြင့်မားတဲ့အဆင့်အတန်းကြောင့် ဒီလူတွေက မထိရဲ လောက်အောင်ပါပဲ..။ဒါတောင်မှ

ဂျူဘိုင် က တင်းမာနေပါသေးတယ်..။

ဂန်လာင် ပြောလိုက်တယ်..။

"...ဒီလိုလား..။ဒါက ပြင်းထန်တဲ့ စွပ်စွဲချက်ပဲ ဂျူဘိုင်၊ကျေးဇူးပြုပြီး ငါတို့ကို ထပ်ပြောပြပါဦး.."

အပြင်ဘက်က လာတဲ့လူက အံ့ကိုကြိတ်လိုက်ပြီး..

"ဒီ လူလိမ်ကောင်နဲ့သူ့လူတွေက အပြစ်မရှိတဲ့ကလေးကို ..အကျိုးခံစားခွင့်တွေနဲ့လိမ်လည်ပြီး သူ့ရဲ့ အဖွဲ့ထဲကို သွေးဆောင်ပြီး ခေါ်ခဲ့ကြတယ်..။သူတို့က အဖွဲ့ထဲကို ဝင်ခွင့်ရပြီး ဒီသောက်ကျိုးနဲ ရဲတိုက်မှာ နေခွင့်ရမယ်လို့ ပြောခဲ့ကြတာ..။ဒါပေမဲ့ အမှန်တကယ် သူတို့က ကောင်လေးကို သားရဲကို မြှားခေါ်မယ့် ငါးစာ အဖြစ် အသုံးပြုခဲ့ကြတယ်.."

သူ ကြမ်းပြင်ပေါ်ကို တံတွေးထွေးလိုက်ပြီး..

"မင်းတို့ကို မင်းတို့ မုဆိုးလိူ့ ခေါ်ရဲသေးတယ်လား..သောက်ကျိုးနဲ သွေးမရှိတဲ့ ကောင်တွေ..။မင်းတို့မှာ သောက်ရှကိ မရှိဘူးလား.."

ခန်းမ တစ်ခုလုံး တိတ်ဆိတ်မူတွေက ကြီးစိုးသွားခဲ့တယ်..။လူတွေ အကုန်လုံးက မျက်နှာတွေ နက်မှောင်နေကြတဲ့ မုဆိုးအဖွဲ့ကိုသာ စိုက်ကြည့်နေခဲ့ကြပါတယ်..။ရဲတိုက်ထဲက လူတွေအကုန်လုံးက ဆိုးယုတ်တဲ့ အရာတွေကို မျက်ကွယ်ပြုတာကို ကျင့်သားရနေကြပါပြီ..။သို့ပေမယ့်..ဒါတွေ အကုန်လုံးက..လူသားတွေ အချင်းချင်း ကျူးလွန်ကြတာပါ.။

သူတို့ ခွင့်လွှတ်လို့ မရတဲ့ အရာကတော့..အိပ်မက်ဆိုးသတ္တဝါတွေ အတွက်..လူသားအချင်းချင်း သစ္စာဖောက်တာကိုပါ..။အိပ်မက်ကမ္ဘာထဲမှာတော့ ဒါက စော်ကားတာနဲ့ အတူတူပါပဲ..။

ဂန်လောင်ဟာ သူ့ရဲ့အကြည့်တွေကို မုဆိုးတွေဘက်ကို လှည့်လိုက်တယ်..။

"ဒါ အမှန်ပဲလား.."

အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ လမ်းပြဖြစ်သူဟာ ဂျူဘိုင် ကို ..နက်မှောင်စွာကြည့်လိုက်ပြီး ​ပြန်ချေပလိုက်တယ်..။

"နားလည်မူ လွဲမှားတာလေးတွေ ရှိနေပါတယ် အရှင်။ကောင်လေးက ကျွန်တော်တို့ အဖွဲ့ထဲမှာ အတော်ကို တန်ဖိုးထားရတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ..။ကျွန်တော်တို့က သူ့ရဲ့ အနာဂတ်ကို အတော်မျှော်လင့်ထားခဲ့ကြပါတယ်..။သူ့ရဲ့ သေဆုံးမူကလည်း ကျွန်တော်တို့ကို အတော်ဝမ်းနည်းစေပါတယ်.."

သူ့ အသံက ခိုင်မာပြီး တည်ငြိမ်နေခဲ့တယ်..။ဒါက အရမ်းတည်ငြိမ်လွန်းနေတာတောင် ဖြစ်နိုင်ပါတယ်..။

ဂျူဘိုင် ပြန်ပြောလိုက်တယ်..။

"အလိမ်ညာတွေ..။ငါ အဲ့နေ့က တစ်ယောက်တည်း အမဲလိုက်နေရင်း..အကုန်လုံးကို ငါ့မျကိလုံးနှစ်လုံးနဲ့သေချာ မြင်ခဲ့တယ်..။မင်း ဘာလုပ်ခဲ့လဲ ဆိုတာကို ငါသိတယ် ခွေးသားလေး.."

ဂန်လောင် လူအုပ်ဘက်ကို တစ်ချက်ကြည့်ပြီး သက်ပြင်ချလိုက်တယ်..။အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှ သူ ပြောလာခဲ့ပါတယ်..။

"ဘယ်လောက်ကံဆိုးတဲ့ အခြေအနေပဲ..။ကြည့်ရတာတော့ သူပြောတာတွေက ဂျူဘိုင် ပြောတာနဲ့ ဆန့်ကျင်နေသလိုပဲ..။ဘာလုပ်ရမလဲ..ဘာလုပ်ရမလဲ..။ဒါပေါ့ ငါ့ရဲ့လူတွေကို ငါယုံကြည်တာပေါ့..။ငါတို့ကို အသက်ရှင်နေနိုင်အောင် ကာကွယ်ပေးထားတဲ့ သူရဲကောင်းတွေကို ဘယ်သူကများ ကျေးဇူးကန်းပြီးစွပ်စွဲနိုင်ကြမှာလဲ..။သေချာတာကတော့ .ဒီလို ယုတ်မာပြီး ကောက်ကျစ်တဲ့လူမျိုးက ငါ့ရဲ့ ကလေးတွေထဲမှာ မရှိလောက်ဘူးလေ.."

ဆန်နီ အသက်ကို ပြင်းပြင်းရူလိုက်တယ်..။ဒီ အေးစက်တဲ့ စကားလုံးတွေရဲ့နောက်မှာ ခြိမ်းခြောက်မူတွေ ပါဝင်နေခဲ့ပါတယ်..။

ဂန်လောင် အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီး လူအုပ်ကို အရှိန်အဝါ တစ်ခုနဲ့ ဖိနှိပ်ထားခဲ့တယ်..။ယင်းနောက် သူ အကြည့်ကို လွှဲလိုက်ပြီး..

"ဒါပေမဲ့..ဒီလိုအရေးကြီးတဲ့ကိစ္စကို ပေါ့ပေါ့တန်တန်ကိုင်တွယ်မိရင်လည်း ငါ့အတွက် မသင့်တော်လှဘူး..။ပြီးတော့..ဒီကိစ္စကလည်း အတော်ကို လေးနက်တယ်..။ဘယ်လောက် အကြပ်ရိုက်လိုက်လဲ..။ငါတို့ တရားမျှတမူကို ဘယ်လိုထိန်းသိမ်းကြမလဲ ကလေးတို့..."

တိတ်ဆိတ်မူတွေ ကြီးစိုးသွားတဲ့ အချိန်ကြမှ ..မုဆိုးတွေနဲ့ လမ်းပြတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျန်မာ ဟာ ရုတ်တရက် ပြောလာခဲ့တယ်..။

"ကျွန်တော့်ကို ပြောခွင့်ပြုပါ အရှင်။ဒီအခြေအနေနဲ့ ပြီးပြည့်စုံအောင် ကိုက်ညီနေတဲ့ စည်းမျဥ်းတစ်ခု ရှိပါတယ်..။ဒီစည်းမျဥ်းက လူသားတွေ ရဲတိုက်ကို ရောက်လာကတည်းက တည်ရှိနေတာပါ..။ဒါပေါ့..ကျွန်တော် ပြောတာက အမှန်တရားအတွက် စိန်ခေါ်မူ ပါ..."

သူ ဂျူဘိုင်ကို ကြည့်ကာ ပြုံးလိုက်ပြီး..

"တကယ်လို့ ဒီ ရဲရင့်တဲ့ မုဆ်ိုးသာ သူ့ရဲ့ စွပ်စွဲမူအပေါ်ကို သံသယရှိနေရင် အခုချိန် နောက်ဆုတ်လိုက်လို့ ရပါတယ်..။မဟုတ်ရင်လည်း..သူက ပြစ်မူအတွက်

စိန်ခေါ်ပြီး..သွေးနဲ့ သက်သေပြလို့ ရပါတယ်..။ဒါပေါ့.စစ်မှန်တဲ့ တရားခံကတော့..ကျွန်တော်ပါ..။ဒီလူတွေကို တာဝန်ယူထားရတဲ့ လူတစ်ယောက် ဖြစ်တဲ့ အတွက်..မုဆိုးတွေရဲ့ ပြစ်မူတိုင်းအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်.."

ဂျန်မာ ရဲ့ စိတ်အားထက်သန်တဲ့ အပြုံးက..အတော်ကို ဖော်ရွေနေခဲ့တယ်..။

"ဒီတော့ ဘယ်လိုလဲ ဂျူဘိုင်..။နောက်ကို ဆုတ်လိုက် မလား...။ဒါမှမဟုတ် ငါ့ကို စိန်ခေါ်မလား.."

အပြင်ဘက်ကနေ လာတဲ့ မုဆိုးဟာ..ဒေါသတွေ တောက်လောင်နေတဲ့ မျက်လုံးနဲ့ သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။နောက်ဆုံးတော့ စိတ်ကို မထိန်းနိုင်တော့ပဲ...

"ငါမင်းကို ကြောက်မယ်ထင်နေတာလား..ခိုင်းဖတ် ခွေး..။ကောင်းပြီလေ..ဘာလို့ မလုပ်ရမှာလဲ..။ငါမင်းကို စိန်ခေါ်တယ်.."

All Chapters