← Chapters

တရားမျှတမူ

Vol. 10 Ch. 145

တရားမျှတမူ

Vol. 10 Ch. 145

မြင်ကွင်းတစ်ခုလုံးက ချောချောမွေ့မွေ့ဖြစ်နေတာကြောင့် ဆန်နီ ယုံကြည်ဖို့တောင် ခက်ခဲနေခဲ့တယ်..။ဒါပေါ့ သူ ကောင်းကောင်း သိထားပါတယ်..။

သူ မသိထားတဲ့ တစ်ခုတည်းသော အချက်က..လမ်းပြနဲ့ ဂန်မာ တို့က..သူတို့ရဲ့ သခင်ကို လူရှေ့မှာ ပေါ်တင် စော်ကားနေတဲ့ လူကို အဆုံးသတ်ပေးနိုင်မလား ဆိုတာပါပဲ..။

ပြီးတော့ ကွပ်မျက်ခံရဖို့လည်း ကျိန်းသေသလောက်ရှိနေပါပြီ..။ဒီ ရဲရင့်တဲ့ မုဆိုးကို ဂန်လောင်က အသက်ရှင်လျက် ပြန်ထွက်သွားခွင့်ပေးမယ်လို့ တော့ သူ မယုံကြည်မိပေ..။မဟုတ်ဘူး..သူက ဒီလူကို သေစေချင်တဲ့ အပြင်..သူသေတာကိုလည်း အားလုံးကို တွေ့မြင်စေချင်ပါတယ်..။

...သူ့ကို ဆန့်ကျင်ပြီး အသက်ရှင်လျက် ထွက်သွားနိုင်တယ်လို့ ဘယ်သူ့ကိုမှ အတွေးဝင်ခိုင်းမှာ မဟုတ်ပါဘူး..။

ဒါတောင်မှ..ဒါတောင်မှ..ဆန်နီရဲ့ ရင်ထဲမှာ သေးငယ်တဲ့..မျှော်လင့်ချက်ကလေး ရှိနေခဲ့သေးတယ်..။အခြေအနေ အရတော့..ဂျူဘိုင်က အတွေ့အကြုံရှိတဲ့ မုဆိုးတစ်ယောက်ပါ..။သူက များပြားလှတဲ့ မွန်းစတားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ အတွေ့အကြုံ ရှိတာလည်း အသေအချာပါပဲ..။သူ့ရဲ့ စိတ်စွမ်းအားကလည်း သန်မာလှပါတယ်..။ဒီတော့ ဆန်းကျယ်မူ တွေကလည်း ဖြစ်မလာနိုင်ဘူးလား..။

ဒါက ဘယ်လောက်ပဲ သေးငယ်နေပါစေ..ဖြစ်နိုင်ချေလေးတော့ ရှိနေပါသေးတယ်..။

ဒါကြောင့်လည်း..ဂန်လောင်က ဘာလို့ သူ့ရဲ့ ညာလက်ရုံးတစ်ယောက်ရဲ့ အသက်ကို ရင်းချင်နေတာလဲ ဆိုတာကို ဆန်နီ နားမလည်နိုင်တာပါ..။

...သူ့ အတွေးတွေကို ဖတ်မိတဲ့အတိုင်းပဲ..ရဲတိုက်အရှင်ဟာ ပြောလာခဲ့တယ်..။

"စိန်ခေါ်မူလား..။အာ..ထားလိုက်ပါတော့..။ဒါက တကယ်ပဲ မြင့်မြတ်တဲ့ ဓလေ့ထုံးထမ်းပဲ..။လူကောင်းတွေက အသက်ကိုရင်းပြီး အမှန်တရားကို ရှာဖွေမယ်ဆိုရင် ဆိုးယုတ်မူတွေက မတည်ရှိနိုင်ဘူး.."

အိပ်စက်သူတွေဟာ တီးတိုးပြောဆိုလာခဲ့ကြတယ်..။တစ်ချို့လူတွေက ထိပ်လန့်နေကြပြီး တစ်ချို့လူတွေက မျှော်လင့်ချက် ပြည့်နေခဲ့ကြပါတယ်..။

ဆန်နီ အမြင်အရတော့ ဆိုးယုတ်မူတွေက အနိုင်ရနေပြီးပါပြီ..။ဒါမှမဟုတ် အနည်းဆုံးတော့ အသာစီးကနေ တိုက်ခိုက်နိုင်မှာပါ..။

သို့ပေမယ့် ဂန်လောင်ရဲ့ စကားက မဆုံးသေးပေ..။

"....ဒါပေမဲ့ စွပ်စွဲမူကို ဂျန်မာက တိုက်ရိုက် ကိုယ်စားပြုဖို့ မသင့်တော်လှဘူး..။ရဲတိုက်မှာ မင်းက မရှိလို့ မဖြစ်ဘူးလေ..မိတ်ဆွေ..။ဂျူဘိုင်..တစ်ကယ်လို့ စွပ်စွဲခံရသူက တစ်ခြားတစ်ယောက်ကို ရွေးချယ်ပေးရင် အဆင်ပြေနိုင်မလား.."

အပြင်ဘက်ကနေ လာတဲ့ မုဆိုးဟာ ပုခုံးကို တွန့်ပြီး ပြောလိုက်တယ်..။

"ကြိုက်တဲ့ကောင်ကို ထုတ်လိုက်..သွေးကြောင်တဲ့ ကောင်တွေ..."

ရဲတိုက်အရှင်ဟာ..လမ်းပြကို ကြည့်လိုက်တယ်..။သူ့ရဲ့ ရွှေရောင် မျက်နှာဖုံးမှာ..ဖြူဖျော့တဲ့ ပုံရိပ်တွေ ပေါ်လာကာမှ သတ်ဖြတ်သူဟာ တီးတိုးပြောလာခဲ့ပါတယ်..။

"ကျွန်တော် ဟာရု ကို ရွေးပါတယ် အရှင်.."

ရုတ်တရက် အားလုံး တိတ်ဆိတ်သွားခဲ့တယ်..။ဆန်နီ ကိုယ်တိုင်လည်း ကျောရိုးတစ်ခုလုံးအေးစက်သွားသလို ခံစားလိုက်ရပါတယ်..။ဘာလို့ ဒီရက်စက်တဲ့ လူမှ ဖြစ်ရတာလဲ...။

အတော်ကြာအောင် တိတ်ဆိတ်ပြီးသွားကာမှ ဂျူဘိုင်ဟာ ကျေနပ်စွာ ပြုံးလိုက်ပြီး..

"ပိုကောင်းသွားတာပေါ့.."

ကြည်ရတာတော့ သူက ဒီ တိတ်ဆိတ်တဲ့ ခါးကုန်းကြီးကိုလည်း ​မကျေနပ်မူတွေ ရှိနေသလိုပါပဲ..။

ကိစ္စတစ်ခုလုံး သူနဲ့ မဆိုင်သလို ပျင်းရိနေတဲ့ ဟာရု ဟာ လမ်းပြက သူ့နာမည်ကို ခေါ်လိုက်တာနဲ့ တစ်ချက်လှမ်းကြည့်လိုက်ပါတယ်..။ပြီးတာနဲ့ သူက ဖြည်းညှင်းစွာ အောက်ကို ဆင်းလာခဲ့တယ်..။

တစ်ခြားလူတွေကတော့ ဒီ မထင်မှတ်ထားတဲ့ အခြေအနေကို မတူညီစွာ တုန့်ပြန်ကြတာပါ..။ဂျန်မာက မျက်မှောင်ကျုတ်လိုက်ပြီး ..ဂန်လောင်ကို အမြန်တစ်ချက်ကြည့်ကာ..နက်မှောင်တဲ့ အမူအရာနဲ့ နောက်ဆုတ်သွားခဲ့တယ်..။တီဆိုင် ကတော့ ပြုံးလိုက်ပြီး ပွဲကောင်းတစ်ပွဲကို စောင့်နေခဲ့ပါတယ်..။ကီဘို က မျက်နှာ ဖြူဖျော့သွားခဲ့ပြီး အနောက်ကို ဆုတ်ကာ ခါးကုန်းကြီးနဲ့ အကွာအဝေးတစ်ခုကို သွားလိုက်တယ်..။

ဆိုင်ရှန် တစ်ယောက်ပဲ သူမရဲ့ အေးစက်တဲ့မျက်နှာမှာ ဘာအမူအရာမှ မပေါ်ထွက်လာခဲ့တာပါ.။

အခြေအနေတွေ ဘာဖြစ်တော့မလဲ ဆိုတာကို သိနေတာကြောင့် ကတ်စီဟာ ဆန်နီရဲ့ လက်မောင်းကို ဆုပ်ကိုင်ပြီး တီးတိုးပြောလ်ိုက်တယ်..။

"ဆန်နီ ငါ ထွက်သွားချင်တယ်.."

အတော်ကြာမှ သူက ကွဲအက်တဲ့ အသံနဲ့ ပြန်ဖြေလိုက်ပါတယ်..။

"စိတ်မကောင်းပါဘူး..ငါတို့အခု ထွက်သွားလို့ မရဘူး.."

သူလည်း ဂန်လောင်နဲ့ အနီးအနားမှာ မနေချင်ပေမယ့် အခုချိန်ထွက်သွားတာက အာရုံစိုက်မူကို ကျိန်းသေ ခံရမှာပါ..။သူတို့က ဂန်လောင် မပြောနဲ့ ကျန်တဲ့ငါးယောက် ရှိနေရင်တောင်..ဒီလို စွန့်စားမူမျိုးကို မလုပ်နိုင်ပါဘူး..။

ပိုဆိုးတာက..သူ့ရဲ့ ရဲတိုက်ထဲက မစ်ရှင်က အချက်အလက် ရနိုင်သလောက်ကို စုဆောင်းဖို့ပါ..။အန္တရာယ်အများဆုံးလူတွေ ရဲ့ လှုပ်ရှားမူကို ​မြင်တွေ့ရတဲ့ အချိန်မှာ သူ လက်မလွတ်နိုင်ပေ..။

ပြီးတော့ တစ်နေ့မှာ သူနဲ့ ဟာရု တို့လည်း ဒီလိုမျိုးကျိန်းသေ တိုက်ခိုက်ကြရမယ် ဆိုတာကို ခံစားမိနေပါတယ်..။မမြင်ရတဲ့ ရန်ငြိုးတွေက သူတို့နှစ်ယောက်ကို ဆက်နွယ်ထားသလိုပါပဲ..။

ဒါကလည်း ကံစီမံရာ စွမ်းရည်ကြောင့် ဖြစ်နိုင်ပါတယ်..။

အဲ့အချိန်မှာပဲ ခါးကုန်းကြီးဟာ ဂျူဘိူင်ရှေ့ကို ရောက်လာခဲ့တယ်..။သူ့ မျက်နှာကတော့ ခံစားချက်မဲ့ပြီး အနည်းငယ် ပျင်းရိနေတုန်းပါပဲ..။

ဆန်နီ အသက်ကို ရူလိုက်တယ်..။

ဂန်လောင် က အဖြူရောင် ပလ္လင်ပေါ်မှာ ကြည့်နေတဲ့ အချိန်မှာတော့ ဂျူဘိုင်ဟာ သူ့ရဲ့ မှတ်သားမူတွေကို..ထုတ်လိုက်ပါတယ်..။အနီရောင်ကြေးခွံတွေနဲ့ လုပ်ထားတဲ့ အကာအကွယ် ၊ ဦးထုတ် တစ်ခုနဲ့ စွန်ပုံစံ ဒိုင်းကာ တစ်ခုက သူ့ ခန္တာကိုယ်မှာ ပေါ်လာခဲ့တယ်..။သူ့လက်ထဲမှာတော့ ထက်ရှတဲ့ ဓားမောက်ရှည် တစ်ခု ရှိနေခဲ့တယ်..။

မုဆိုးဟာ ဟာရုကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်တယ်..။

"မင်းဘယ်လောက် စွမ်းဆောင်နိုင်မလဲ ကြည့်ရအောင်.. လူသတ်သမား.."

ခါးကုန်းကြဟာ သူ့ကိုကြည့်လိုက်ပြီး ခန္တာကိုယ်ပေါ်က ဝတ်ရုံကို အောက်ကို လျော့ချလိုက်တယ်..။ယင်းနောက် သူ ကျောရိုးကို ဆန့်ပြီး ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲလိုက်ပါတယ်..။

သူ့ရဲ့ အရပ်အမြင့် အပြည့် မှာတော့ ဟာရုက ..တစ်ခြား အိပ်စက်သူတွေထက် ပိုပြီးသာပါတယ်..။သူက သန်မာတဲ့ တီဆိုင် တစ်ယောက်တည်းကိုပဲ..အနိုင်မယူနိုင်တာပါ..။သူက ဘာ မှတ်သားမူကိုမှ ထုတ်ဖို့ စိတ်မဝင်စားပဲ မုဆိုးကိုသာ မတူညီစွာကြည့်နေခဲ့တယ်..။

စိုးရိမ်မူတွေနဲ့ ဆန်နီ အသက်ကို ရူသွင်း လိုက်ပါတယ် .။

ဂုဏ်ယူရတဲ့ မုဆိုးဟာ သူ့ရဲ့ ဒိုင်းကာကိုမြှောက်ပြီး ၊ ဓားမောက်ရှည်ကို ဝေ့ယမ်းကာ ရှေ့ကို တက်သွားခဲ့တယ်..။သူ့ရဲ့ လှုပ်ရှားမူတွေက မယုံနိုင်လောက်အောင် မြန်ဆန်ပြီး သေသပ်လှပါတယ်..။သူ့ရဲ့ နည်းစနစ် တွေက..အနက်ရောင်မြို့ထဲမှာ သွေးစွန်းတဲ့ တိုက်ပွဲတွေ များစွာတိုက်ပြီး ရလာခဲ့တာပါ..။

'ကောင်းတယ်..သူက တကယ်ကောင်းတယ်..'

ဂျူဘိုင်မှာ တကယ်ပဲ ...အခွင့်အရေး ရှိနေပြီလား..။

ဆန်နီ မျက်လုံးပြုးကျယ်သွားခဲ့တယ်..။ဟာရုက ဒီ တိုက်ခိုက်မူကို ဂရုမစိုက်တဲ့ ပုံပါပဲ .။သူ့မှာ လက်နက်မပါဘူးဆိုတာကို မေ့နေတဲ့အလား..ဓားရှည်ကို ခုခံဖို့သူ့ရဲ့လက်တစ်ဖက်ကိုသာ မြှောက်လိုက်တယ်..။

...ပြတော့ သူ့ရဲ့ လက်ဗလာနဲ့ပဲ ဂျူဘိုင်ရဲ့ ခုတ်ချက်ကို ရပ်တန့်လိုက်တယ်..။

စက္ကန့်အနည်းငယ်လောက်..ခန်းမထဲက လူတွေ ကြောင်အသွားခဲ့ကြပါတယ်..။သို့ပေမယ့် မုဆိုးကတော့ အံ့ဩနေတဲ့ပုံမပေါ်ပဲ သူ့ရဲ့ ဓားမောက်ရှည်ကိုသာ လက်ထဲကနေ ပြန်ဆွဲထုတ်ဖို့ လုပ်လိုက်တယ်..။သိူ့ပေမယ့် ဒါက အသုံးမဝင်တော့ပေ..။သူ့ဓားက ကျောက်တုံးတွေကြားထဲမှာ ညှပ်နေသလိုပါပဲ..။

ခနအကြာမှာတော့ ဟာရုဟာ လျင်မြန်တဲ့ အရှိန်နဲ့ရွေ့လျားပြီး ဂျူဘိုင်ရဲ့ ပုခုံးပေါ် လက်တင်လိုက်တယ်..။ပြီးတော့ ကျယ်လောင်တဲ့ အသံနဲ့အတူပဲ သူ့လက်မောင်းတစ်ခုလုံးကို နှစ်ပိုင်းချိုးချ လိုက်ပါတယ်..။

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်တယ်..။

သွေးတွေက ကြမ်းပြင်ပေါ်ကို စီးကျနေခဲ့တယ်..။ဂုဏ်ယူရတဲ့ မုဆိုးကတော့ သူ့ရဲ့ လက်မောင်း ငုတ်တိုလေးကိုသာ မယုံနိုင်စွာကြည့်နေခဲ့တယ်..။အခုချိန်ထိတော့ နာကျင်တဲ့ ခံစားမူက ရောက်မလာသေးပါဘူး..။သို့ပေမယ့် ဒါက ရောက်မလာနိုင်တော့ပေ..။

ဂျူဘိုင် ခံစားမူတွေ မသက်ရောက်သေးခင်မှာပဲ

ဟာရု က သူ့ရဲ့ခေါင်းကို ကိုင်ပြီး ပြင်းထန်စွာ လိမ်ချိုးလိုက်ပါတယ်..။ယင်းနောက် သူက မုဆိုးရဲ့ ရင်ဘတ်ကို မီတာ အနည်းငယ်လောက် လွင့်စင်သွားအောင် ကန်ထုတ်လိုက်တယ်..။

စိန်ခေါ်သူရဲ့ အလောင်းက ကြမ်းပြင်ပေါ်ကို ရောက်သွားပြီး သွေးတွေက ဒဏ်ရာကနေ မြင်လို့မကောင်းအောင် ဒလဟော စီးကျနေခဲ့ပါတယ်..။

အစကနေ အဆုံးအထိ ဒီ တိုက်ခိုက်မူက ငါးစက္ကန့်လောက်သာ ကြာမြင့်ခဲ့တာပါ..။

ဟာရု က သူ့လက်တွေကို ကြည့်ပြီး အနည်းငယ် ဖုန်ခါလိုက်ကာ..ရဲတိုက်ရဲ့ သခင် ရှိရာကို အေးစက်တဲ့ အမူအရာနဲ့ ပြန်သွားလိုက်တယ်..။

သို့ပေမယ့် သူ့ပုံစံက ပျင်းရိနေတဲ့ပုံ မရှိတော့ပါဘူး..။

အဲဒိီအစား ကျေနပ်အားရမူ တွေသာ ရှိနေခဲ့တယ်..။

ဘာပဲဖြစ်ဖြစ် သူက သူ့ရဲ့အရှင်ကို ကူညီပြီး ဆုံးဖြတ်ပေးနိုင်ခဲ့ပါပြီ..။

ဒါကမှ ဥပဒေ ၊ ဒါကမှ ထုံးထမ်းစဥ်လာပါပဲ..။

ဒါကမှ တရားမျှတမူ ပါ..။

All Chapters