← Chapters

ခွန်အား

Vol. 10 Ch. 146

ခွန်အား

Vol. 10 Ch. 146

ရာနဲ့ ချီတဲ့ အိပ်စက်သူတွေဟာ..သေဆုံးနေတဲ့ အလောင်းကို ကြည့်နေခဲ့ကြတယ်..။ဂျူဘိုင်ရဲ့ အကာအကွယ်က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး သူ့ရဲ့ တွန့်ကြေပြီး သွေးစွန်နေတဲ့ အင်္ကျီသာ ကျန်နေခဲ့ပါတယ်..။သူ့ရဲ့ မျက်နှာပေါ်မှာတော့ အံ့ဩနေတဲ့ မျက်နှာအမူအရာ ရှိနေတုန်းပါပဲ..။

သွေးတွေ ကြားထဲမှာတော့ အစောက ဂုဏ်ယူရတဲ့လူက အခုဆိုရင် ဘာမှမဟုတ်တဲ့ အလောင်းကောင်ဖြစ်နေခဲ့ပါပြီ..။သူက ကြမ်းပြင်ပေါ်ကနေ တဆင့် အားလုံးသိအောင် ရိုးရှင်းတဲ့ အမှန်တရားတစ်ခု ကို

ပြောပြနေခဲ့တယ်..။

ရဲတိုက် အရှင် ဂန်လောင်ကို ဘယ်တော့မှ မဆန့်ကျင်နဲ့..။

မဟုတ်ရင်တော့ မင်းလည်း ဒီတိုင်းအဆုံးသတ်ရလိမ့်မယ်..။

ဆန်နီကတော့..ခန်းမထဲမှာ အလောင်းကို ကြည့်မနေတဲ့ လူနှစ်ယောက်ထဲက တစ်ယောက်ပါ..။အဲဒီအစား သူက ဟာရုကိုသာ ကြည့်နေခဲ့တယ်..။

ဟာရု ကိုယ်တိုင်ကတော့ ဒီ ထိပ်လန့်စရာ အခြေအနေတွေကို စိတ်မဝင်စားတဲ့ ပုံနဲ့ နံရံကိုသာ ကြည့်နေခဲ့တယ်...။

'ငါက ဘာကို မျှော်လင့်နိုင်ဦးမှာလဲ..။ငတုံး..မျှော်လင့်ချက် ...မျှော်လင့်ချက်က အဆိပ်ပဲ..။ဒါက မင်းကို သေစေလိမ့်မယ်..'

ဆန်နီ အချက်အလက် အားလုံးကို သိထားပေမယ့်..ဂန်လောင်ကို စိန်ခေါ်ဖို့ကတော့ မျှော်လင့်ချက်မရှိဘူးဆိုတာ အခုမှ သိလိုက်ရပါတယ်..။

ရဲတိုက်ထဲက အရာရာတိုင်းက သူနဲ့ သူ့ရဲ့ စစ်တပ်ကို..ပြိုင်ဘက်ကင်းအောင် ဖန်တီးထားခဲ့တာပါ..။ဒါကြောင့် ဒီ ခါးကုန်းကြီးက အတွေ့အကြုံရင့်တဲ့ မုဆိုးကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့တာပါပဲ..။သူက ဘာစွမ်းရည်မှ မသုံးခဲ့ပဲ ခွန်အားသက်သက်နဲ့ အနိုင်ယူခဲ့တာပါ..။ဘာလို့ သူတို့ရဲ့ ခွန်အားက ဒီလောက်ထိ ကွာဟ နေရတာလဲ..။

အမှောင်မြို့ထဲက အိပ်စက်သူတွေမှာ ပြောင်းလဲမူ အမြုတေ တွေ တူညီစွာရှိကြပြီး..သူတို့ကို တစ်ခြားလူတွေထက် သာစေနိုင်တဲ့အရာက တစ်ခုတည်း ရှိပါတယ်..။ဒါကတော့ ဝိဥာဥ် အဆီအနှစ် နဲ့ မှတ်သားမူ တွေပါ..။

ပြီးတော့ နှစ်ခုလုံးကို ဂန်လောင်က ထိန်းချုပ်ထားပါတယ်..။

သူတစ်ယောက်တည်း လူအင်အား နဲ့..အမှောင်မြို့တော်ထဲမှာ အမဲလိုက်နိုင်တဲ့ အသိပညာတွေကို ပိုင်ဆိုင်ထားတာပါ..။ဒီနည်းလမ်းနဲ့ သူက ဝိဥာဥ် အမြုတေ နဲ့ မှတ်သားမူတွေကို သူ့ရဲ့ ပိုင်ဆိုင်မူ အရင်းအမြစ် ဖြစ်လာစေပါတယ်..။

သီးသန့် မုဆိုးတွေ..ရရှိတဲ့ ဘယ်လို အရာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူ့လက်ထဲမှာပဲ အဆုံးသတ်ရတာပါပဲ..။ဂန်လောင်က ဒီကျိန်စာသင့်နေရာရဲ့ စီးပွားရေးကိုပါ ထိန်းချုပ်ထားခဲ့တာပါ..။သူက အခကြေးငွေ အတွက် အစားအသောက်နဲ့ လုံခြုံမူကို ပေးပြီး အရင်းအမြစ်တွေကို တစ်နေရာတည်းကိုသာ ဦးတည်စေခဲ့တာပါ..။

အဲတာကတော့ သူ့လက်ထဲကိုပါပဲ..။

ဝိဥာဥ် အမြုတေ နဲ့ များပြားလှတဲ့ မှတ်သားမူတွေကြောင့် သူ့ရဲ့တပ်ဖွဲ့က ပိုသန်မာလာပြီး သူ့ကို ပိုများတဲ့ အရင်းအမြစ်တွေ ရှာပေးလာနိုင်ပါတယ်..။

ဆန်နီ ၊ နစ်ဖီ နဲ့ ကတ်စီ တို့ အနက်ရောင်မြို့တော်ကို ရောက်လာတဲ့ အချိန်မှာတော့..ဂန်လောင်ရဲ့ အဖွဲ့နဲ့ ကျန်တဲ့လူတွေရဲ့ ကွာဟချက်က မိုးနဲ့မြေလို့ ဖြစ်နေခဲ့ပြီးပါပြီ..။ထူးချွန်တဲ့ စစ်သည်တော်တွေရဲ့ အမြုတေ တွေမှာ ဝိဥာဥ် အမြုတေတွေ အလျံပယ်ဖြစ်နေလိမ့်မယ် ဆိုတာကိုတော့ ဆန်နီ သံသယ မရှိပါဘူး..။

အိပ်မက်ဆိုး အခိုက်အတန့်ကို ဖြတ်သန်းနေတဲ့လူတစ်ယောက်က ..အမြုတေကို စုပ်ယူနိုင်တဲ့ ပမာဏအတွက် အကန့်အသန့်ရှိနေပါသေးတယ်..။သူတိူ့က ပြည့်ဝနေတဲ့ ဝိဥာဥ် အဆီအနှစ်တွေကြောင့် နောက်တစ်ဆင့်ကို တက်လို့ ရနေကြပါပြီ..။သို့ပေမယ့်ခွန်အားအတွက် ဝိဥာဥ် အဆီအနှစ် ပေါ်မူတည်နေတဲ့အမှောင်မြို့တော်မှာ နောက်တစ်ဆင့် တက်ဖို့ဆိုတာ မဖြစ်နိုင်ပေ..။

ဒီဟာက..ဒီရှေးဟောင်းမြို့တော်ထဲမှာ အိပ်စက်သူ လူတစ်စုကပဲ..အမြဲတမ်းသန်မာတဲ့လူတွေအဖြစ် ရှိနေတော့မယ်လို့ ဆိုလိုတာပါ..။

...ဒီတော့ နစ်ဖီက ဒီလူတစ်စုကို သတ်ဖို့ အစီစဥ်ဆွဲနေပါတယ်..။

ဆန်နီဟာ အယ်ဖီ ရဲ့စကားလုံးတွေကို ပြန်မှတ်မိလိုက်တယ်..။

'ဘယ်အိပ်စက်သူမှ ဂန်လောင်ကို မသတ်နိုင်ဘူး..။ဒါက မဖြစ်နိုင်တဲ့အရာပဲ..'

ရဲတိုက် ဂိတ်မှာ အလောင်းတွေ ဒါဇင်ကျော်လောက် ချိတ်ဆွဲထားတာကိုလည်း သူ မြင်ခဲ့ပါသေးတယ်..။

''ဒီတစ်ခေါက်ရော သူမက ငါ့ကို ဘယ်လို အခြေအနေမျိုးအထိ ဆွဲခေါ်သွားဦးမလို့လဲ..။ငါ သူမကို နောက်တစ်ကြိမ် ဖြောင်းဖြမှ ရမယ်..။ငါ့အသက်က ဒီအပေါ်မှာ မှီခိုနေတယ်..'

သို့ပေမယ့် တစ်ဖက်မှာလည်း ပြောင်းလဲနေတဲ့ကြယ်ပွင့်က လက်လျော့မှာ မဟုတ်ဘူးဆိုတာကို သူသိနေပါတယ်..။အနည်းဆုံးတော့ သူမရဲ့ ဆန်းကျယ်တဲ့ ပန်းတိုင်ကို မရောက်ခင်အထိပါ..။

'သောကိကျိုးနဲ ပဲ..'

ဆန်နီ ဒီအရာတွေကို တွေးနေရင်းနဲ့ ဂန်လောင်ရဲ့ နှုတ်ဆက်တဲ့ စကားတွေကို လျစ်လျူရူထားခဲ့တာပါ..။ဒီခွေးသား ဘာတွေပြောတော့မလဲ ဆ်ိုတာကို ယျေဘုယျ အားဖြင့် သူ သိထားပြီးပါပြီ..။

မကြာခင်မှာပဲ..ရဲတိုက် အရှင်ဟာ ပလ္လင်ကနေ ထွက်ခွာပြီး ပျောက်ကွယ်သွားခဲ့တယ်..။သူ့နောက်လိုက်တွေက လိုက်ပါသွားခဲ့ကြပြီး ဟာရုကတော့ နောက်ဆုံးမှ လိုက်သွားခဲ့ပါတယ်..။သူတို့ထွက်သွားပြီးတာနဲ့ ဂန်လောင်ကို အစေခံမလေးတွေက ဆွဲထုတ်သွားပြီး..ကြမ်းပြင်ကိုလည်း ဆေးကြောလိုက်ကြတယ်..။

စားပွဲတွေကိုလည်း သူ့နေရာသူ ပြန်ရွေ့ပြီး အိပ်စက်သူတွေကို ပြန်လည်စားသောက်ဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်..။ဒါက ဘာမှကို မဖြစ်ခဲ့တဲ့ အတိူင်းပါပဲ..။

သို့ပေမယ့် ဆန်နီကတော့ စားချင်စိတ်ပျောက်ဆုံးနေခဲ့ပါပြီ .။ကတ်စီကို လမ်းပြပြီးတော့..အစားအသောက်တွေ ပြည့်နေတဲ့ ပန်းကန်ပြားကို တစ်ချက်ကြည့်လိုက်တယ်..။

'ဒါက ပထမဆုံးအကြိမ် ဖြစ်ဖူးတာလို့ ထင်တာပဲ..'

***

ကျန်တဲ့ နှစ်ရက်လုံးမှာတော့ ဆန်နီ ဘာမှမလုပိပဲ အချက်အလက်တွေသာ စုဆောငိးနေခဲ့တယ်..။မကြာခင်မှာ သူ ရဲတိုက်ကနေ ထွက်ခွာရတော့မယ်ဆိုတာ သိထားတာကြောင့် အရိပ်ကို စေလွတ်ဖို့တောင် အနည်းငယ် ပျင်းနေခဲ့ပါတယ်..။

သူက အချိန်အများစုကို မုဆိုးတွေ ၊ လမ်းပြတွေရဲ့ လျိုဝှကိချက်တွေကို ကြည့်ရင်းကုန်ဆုံးနေခဲ့တယ်.။သူက အစောင့်ကြပ်တွေ ဘယ်လိုလေ့ကျင့်ကြလဲ ဆိုတာကိုလည်း ကြည့်နေပါသေးတယ်..။ပြီးတော့ ဘယ်ပညာရှင်က အရေးပါလဲ မပါဘူးလဲ ဆိုတာကိုပါ လေ့လာနေခဲ့တယ်..။သူ မစောင့်ကြည့်တဲ့ တစ်ခုတည်းသော အရာက အစေခံတွေပါ..။

သူက ရဲတိုက်ရဲ့ အလှဆင်ထားတဲ့ နံရံတွေကိုတောင် လေ့လာပါသေးတယ်..။

နောက်ဆုံးတော့ သူတို့ရဲ့ ငှားရမ်းမူ အဆုံးသတ်ကို ရောက်လာခဲ့ပါပြီ..။ရှစ်ရက်မြောက်ရဲ့ မနက်ခင်းမှာတော့ ဆန်နီနဲ့ ကတ်စီ တို့ဟာ..ခန်းမကြီးထဲကို ပြန်ရောက်လာကြပြီး ရဲတိုက်ဂိတ်ပေါက်ကို မြင်နေကြရပါတယ်..။

ဒီဂိတ်ပေါက်ရဲ့ နောက်မှာ ဘာမှမရှိပေမယ့်..ဆန်နီ စိတ်သက်သာရာရမိပါတယ်..။ဒီသောက်ကျိုးနဲနေရာကနေ ထွက်သွားဖို့ မစောင့်နိုင်တော့ပေ..။

'လူတွေက ဘာလို့ ဒီမှာနေချင်ကြတာလဲ. '

သူဒီအတွေးပြီးဆုံးသွားတာနဲ့..အပြင်မှာဘယ်လိုနေထိုင်ကြလဲ သူမသိသေးတာကို နားလည်လိုက်တယ်..။အပြင်ဘက်နဲ့ နှိုင်းယှဥ်ရင် ဒါက တကယ်ပဲ နိဗ္ဗာန် ဘုံဖြစ်နေနိုင်ပါတယ်..။

'သိချင်မိတယ်..ဘယ်လောက် ဆိုးဝါးနိုင်မလဲ..။သူတို့က မြို့ပြင်မှာတော့ မနေဖူးခဲ့ကြဘူးမလား..'

သူ ခေါင်းခါယမ်းလိုက်ပြီး ဂိတ်ပေါက်ဝကို လျောက်သွားလိုက်ပေမယ့် တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကြောင့် ရပ်လိုက်တယ်..။

သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ဒါက ဖြူဖျော့တဲ့ မျက်နှာ ၊ ကြောက်ရွံ့တဲ့ မျက်လုံးတွေနဲ့ ရင်းနှီးတဲ့လူငယ်လေးဆိုတာကို သိလိုက်ရပါတယ်..။ဒီနေတော့ ဟတ်ပါက အတော်လေး သောက ရောက်နေရသလိုပါပဲ..။သူ့အဝတ်အစားတွေက သိပ်ပြီး မသေသပ်ပဲ..သူ့ရဲ့ စာရင်းစာအုပ်မှာလည်း ရုပ်ဆိုးတဲ့ မှင်စက်တွေ ဖြစ်ပေါ်နေခဲ့ပါသေးတယ်..။

"အာ..ဆန်း...ဆန်းလပ် နဲ့ ကတ်စီယာ..ဟုတ်တယ်မလား..။ဘုရားရေ ဒါက တပတ်တောင် ရှိသွားပြီလား..။အိုး ဟုတ်သားပဲ..မင်းတို့ နောက်တစ်ပတ်စာ အခကြေးငွေ သွင်းမလို့လား..."

ဆန်နီ သူ့ကို စက္ကန့် အနည်းငယ် စိုက်ကြည့်လိုက်ပြီး..ကြိုးစားပြုံးကာ ဝမ်းနည်းချင်ယောင် ဆောင်လိုက်ပါတယ်..။

"မဟုတ်ဘူး..ငါတို့က..အမြုတေ ရအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး..။ဒီတော့ ငါတို့ထွက်သွားတော့မယ်..။တစ်နေ့ ငါတို့ ပြန်တွေ့ရနိုင်ပါတယ်.."

ဟတ်ပါ ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီး..

"ဘာ...ဘာလို့များ...အိုး ဆောရီး...။ငါက မင်းတို့ ထပ်မနေရတာကို စိတ်မကောင်းဖြစ်သွားတာပါ..။ဒါပေမဲ့ စိတ်ဓာတ်မကျနဲ့..။အရှင်ဂန်လောင် က တကယ်ကြင်နာပြီး ဘဝကလည်း မခန့်မှန်းနိုင်လောက်အောင်ပဲ..။မင်းတို့ မကြာခင် ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်.."

ဆန်နီသူ့ကို ခေါင်းညိမ့်ပြလိုက်ပြီး လှည့်သွားလိုက်တယ်..။

'ငါကတော့ မမျှော်လင့်ဘူး..။အနည်းဆုံးတော့ အရမ်းမမြန်ချင်ဘူး..'

ပြောပြီးတာနဲ့ သူတို့က ဂိတ်ကို ဖြတ်ကျော်ပြီး ရဲတိုက်ကနေ ထွက်ခွာလိုက်ကြပါတယ်..။

အတွေ့အကြုံကတော့ စိတ်ပျက်စရာပါပဲ..။

​မေ့ပျောက်ကုန်းမြေ ရဲ့ အညိုရောင် ကောင်းကင်အောက်မှာ နောက်တစ်ကြိမ် မတ်တတ်ရပ်လိုက်ရင်း ဆန်နီ ရဲ့ ကတ်စီတို့ဟာ အသက်ကို ပြင်းပြင်းရူကာ ပြုံးလိုက်ကြတယ်..။ကတ်စီ က သူ့ရဲ့ အင်္ကျီလက်ကို ဆွဲလိုက်ပြီး...

"ဆန်နီ ငါတို့ အခု ဘာလုပ်ကြမလဲ.."

သူက အောက်မှာရှိနေတဲ့ သနားစရာ ဆင်းရဲသားရပ်ကွက်ကို ကြည့်လိုက်ပြီး..နှစ်ခါတောင် မစဥ်းစားပဲ ပြန်ဖြေလိုက်တယ်..။

"ဘာရှိရဦးမှာလဲ. နစ်ဖီကို သွားရှာကြမယ်.."

All Chapters