← Chapters

အစည်းအရုံး ခန်းမ

Vol. 10 Ch. 147

အစည်းအရုံး ခန်းမ

Vol. 10 Ch. 147

ကတ်စီ ပြုံးလိုက်ပြီးကာမှ ရုတ်တရက် မျက်မှောင်ကျုတ်ပြီး မေးလိုက်တယ်..။

"ဒါပေမဲ့ ဆန်နီ...ငါတို့ သူမကို ဘယ်လိုရှာကြမှာလဲ.."

သူ ခနလောက်တွေးပြီးကာမှ ပုခုံးတွန့်လိုက်တယ်..။

"ငါလည်း မသေချာဘူး..။အ​ခြေအနေတွေကို ရှုပ်ထွေးအောင် လုပ်ရင်ရော..။ဒီနေရာက အရမ်းမကြီးတော့ ငါတို့ လုပ်နိုင်မယ်ထင်တာပဲ.."

သူတို့ လှေကားအတိုင်းဆင်းပြီးတော့ ဆင်းရဲသား ရပ်ကွက်ထဲကို ဝင်သွားခဲ့တယ်..။ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်နေခဲ့ပါတယ်..။ဒီနေရာမှာ အကာအကွယ် ဝတ်စုံ ပိုင်ဆိုင်ထားတဲ့ အိပ်စက်သူ သိပ်မရှိတာကြောင့် ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို သတိထားမိဖို့ မခက်ခဲပါဘူး..။

မကြာခင်မှာပဲ သူတို့က လက်လုပ် တဲတွေ ရှိနေတာနေရာကို ရောက်လာခဲ့ကြတယ်..။သူတို့ထဲက တစိချို့က ရဲတိုက်ထဲက ထွက်လာရတဲ့ သူတို့နှစိယောကိကိုသနားစရာ အကြည့်တွေနဲ့ကြည့်နေခဲ့ကြပါတယ်..။ဆန်နီကတော့ သူတို့ကို အာရုံမစိုက်ခဲ့ပေ..။

နောက်ထပ်တစ်ကြိမ်ပဲ..သူက ရဲတိုက်နဲ့ အပြင်ဘက်ရဲ့ ကွာခြားမူကို အံ့ဩသင့်မိလိုက်ပါတယ်..။ခံတပ်က ဘယ်လောက်ပဲ ကျယ်နေပါစေ..လူတွေက ဒီနေရာမှာ စိုးရိမ်စိတ်တွေ အပြည့်နဲ့ နေနေကြရတာပါ..။

ဒီ နေရာမှာတော့ လူတွေက အသက်ရှင်နေယုံသာ တည်ရှိနေခဲ့ကြတယ်..။သူတို့ရဲ့ မျက်လုံးထဲမှာကတော့ လိုအပ်ချက်နဲ့ ကြောက်လန့်မူတွေသာ ရှိနေခဲ့ပါတယ်..။လိုအပ်ချက်ဆိုတာက..တစ်နေ့တာ အစာရှာဖွေဖို့ဖြစ်ပြီး..ကြောက်လန့်မူကတော့ သားရဲတွေရဲ့ စားသုံးမူကို ခံရမှာကိုပါ..။

သူတို့ရဲ့ မျှော်လင့်ချက်တွေ ပေါ်လာတဲ့ တစ်ခုတည်းသော အချိန်က သူတို့ရဲ့အကြည့်တွေ ရဲတိုက်အပေါ်ကို မတော်တဆ ရောက်သွားတဲ့ အချိန်ပါပဲ..။

'မင်းတို့ အသတ်ခံရဖို့ မျှော်လင့်ပါတယ်..။မင်းတို့က ရဲတိုက်ထဲက သနားစရာတွေထက်စာရင် ပိုသာပခသေးတယ် '

အိပ်မက်ဆိုးသားရဲတွေကို ကြောက်လန့်နေရတာကိုပါ ပေါင်းလိုက်ရင် ဒီနေရာက သူနေခဲ့တဲ့ မြို့ပြင်နဲ့ သိပ်မကွာပါဘူး..။

အစစ်အမှန်ကမ္ဘာ မှာလည်း မွန်းစတားတွေ ရှိတာပါပဲ..။သူတို့တွေကတော့ လူသား အရည်ပြားတွေ ဝတ်ဆင်ထားကြတာပါ..။

ဆန်နီ ဟာ သူက အိပ်မက်ဆိုး အခိုက်အတန့်အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့ လူတစ်ယောကိဖြစ်နေတာ ကို တွေ့လိုက်ရတယ်..။

အံ့ဩစရာက ဒီနေရာမှာ နစ်ဖီ ရဲ့ ပုံရိပ်ကို မမြင်ရပါဘူး..။သူတို့က ..အိမ်ယာတွေ တစ်ခုလုံးကို လျောက်ပြီးကာမှ သူမကို တွေ့လိုက်ကြပါတယ်..။

ဆင်းရဲသားရပ်ကွက်ရဲ့ အစွန်ဆုံးတစ်နေရာ..ကျောက်တုံး ပလပ်ဖောင်းရဲ့ အပေါ်မှာတော့ အတော်လေးကို ကျယ်တဲ့ လူနေအိမ်တွေ ရှိနေခဲ့တယ်..။ဒီဟာတွေက အပျက်အစီးထဲက ကြီးမားတဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပြီး..နံရံတွေမှာ အရင် မူလနေထိုင်သွားခဲ့တဲ့ လူတွေရဲ့ လက်ရာတွေ ရှိနေတုန်းပါပဲ..။

ဒီ ကြမ်းတမ်းတဲ့နေရာက..အပြင်ဘက် အိမ်ယာတွေ ထဲမှာ အဖြူရောင် ကျောက်တုံးလမ်းနဲ့ အနီးဆုံးမှာ ရှိနေခဲ့တာပါ..။ဒါကြောင့်လည်း ဒီက နေအိမ်တွေက တစ်ခြားနေရာတွေထက် ပိုပြီး ခိုင်မာနေတာဖြစ်နိုင်ပါတယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ခေါင်မိုးပေါ်မှာ တပလ္လင်ခွေ ထိုင်ရငိး ကျိန်စာသင့်မြို့ကြီးကို ကြည့်နေခဲ့တယ်..။မနက်ခင်းနေရောင်ရဲ့ အောက်မှာ သူမရဲ့ ဆင်စွယ်ရောင် အသားအရည် နဲ့ ငွေရောင် ဆံပင်တို့က အတော်လေးကို လှပနေခဲ့တာပါ..။

သူမက အကာအကွယ်ကို သိမ်းဆည်းထားပြီး အကြမ်းထည် အတွင်းအင်္ကျီကို ဝတ်ကာ ခါးမှာ ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ထားပါတယ်..။သူတို့တွေ ရောက်လာတာကို ခံစားမိတဲ့အလား..နစ်ဖီဟာ သူတို့ရှိရာ ဘက်ကို လှည့်ကြည့်လာခဲ့တယ်..။

.

ပြီးတာနဲ့ သူမက အောက်ဘက် ကျောက်တုံး မျက်နှာပြင်ပေါ်ကို ခုန်ချလိုက်ပါတယ်..။

ဆန်နီ ပြုံးလိုက်ပြီး..

"ဟေး..နစ် မတွေ့တာကြာပြီ.."

***

နစ်ဖီဟာ သူမရဲ့ အိမ်အသစ်ထဲကို သူတို့ကို ခေါ်သွားခဲ့တယ်..။အတွင်းပိုင်း အပြင်အဆင်က ရိုးရှင်းပြီး..ပျက်ဆီးနေတဲ့ ပရိဘောဂ တွေကတော့..ဟိုဟို ဒီဒီမှာ တွေ့နေရပါတယ်..။အေးစက်တဲ့ လေထုက တစ်ခါတစ်ခါ အထဲကို ဝင်လာနေခဲ့တယ်..။

ဒီ နေအိမ်ငယ်က ကျယ်ဝန်းပြီး..လက်သမားစွမ်းရည် ကောင်းမွန်ပေမယ့် သူမ ရှာတွေ့တဲ့အချိန်မှာ ဘယ်သူမှာ နေတာ မရှိပါဘူး..။ဒီလို လမ်းနဲ့နီးပြီး အိပ်မက်ဆိုးသားရဲ တိုက်ခိုက်တာ ခံရနိုငိချေ များတဲ့ နေရာမျိုးမှာဘယ်သူမှ မနေချင်ကြပေ..။သို့ပေမယ့် ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ စိတ်မရှိပါဘူး..။

ပတ်ဝန်းကျင်ကိုကြည့်ပြီး ဆန်နီ ပြောလိုက်တယ်..။

"ဒီ နေရာက နည်းနည်းပြင်ဆင်ဖို့ လိုတယ်.."

နစ်ဖီက ပုခုံးကို တွန့်လိုက်ပြီး ဂရုမစိုက်တဲ့ ပုံစံပြလိုက်ပါတယ်..။

ကောင်းပြီ..သူတို့က နှစ်လလုံးလုံး ကျောက်တုံးတွေ ရွံ့တွေ ပေါ်မှာ အိပ်ခဲ့ရတာထက်စာရင်တော့ ဒီအရာက တိုးတက်မူ တစ်ခုပါပဲ..။တိုးတက်မူ အချို့ကတင် နေရာကောင်းတစ်ခု ဖြစ်လာနိုင်တာပါ..။

ရုတိတရက် သူ ရဲတိုက်ထဲမှာ နွေးထွေးပြီး ဇိမ်ကျကျ နေခဲ့ရတာအတွက် စိတ်မကောင်းသလို ခံစားလိုက်ရတယ်..။သူက အရသာရှိတဲ့ အစားအသောက်တွေကိုတောင် တစ်နေ့နှစ်ကြိမ်စားခဲ့ပါသေးတယ်..။

အစားအသောက် အကြောင်း ပြောရရင်...

ကတ်စီဟာ..ပြုံးလိုက်ပြီး နစ်ဖီကို အထုပ်ကလေး တစ်ထုပ် ကမ်းပေးလိုက်တယ်..။သူမရဲ့ မိတ်ဆွေအတွက် စိတ်ပူနေတာကြောင့် မနေ့က ညစာကို မစားပဲ ဒီလိုပေးဖို့ သိမ်းဆည်းထားခဲ့တာပါ..။

"ဒီမှာ နစ်...ငါနင်စားဖို့ တစ်ခုခု ယူလာတယ်.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ..အပြုံးလေးနဲ့ လက်ခံလိုက်ပြီးမှ အနည်းငယ် တွေဝေစွာ ပြောလိုက်တယ်..။

"ကျေးဇူးပါ..အာ...နင်တို့ မနက်စာ စားကြမလား.."

ဒီလို ပြောပြီးတာနဲ့ သူမက အနီးနားက သစ်သားစားပွဲနားကို လျောက်သွားပြီး အဝတ်စ တစ်ခုကို ဖယ်လိုက်တယ်..။အောက်ဘက်မှာတော့..အရည်ရွှမ်းတဲ့ အသားကင် တွေ အများကြီး ရှိနေခဲ့ပါတယ်..။

ဒါက ရဲတိုက်ထဲက လူဆယ်ယောက်လောက် တစ်ရက် နှစ်ရက်လောက် စားဖို့တောင် လုံလောက်တာပါ..။

ဆန်နီ အသားတွေကို မျက်တောင်ခတ်ကာ စိုက်ကြည့်ပြီးကာမှ နစ်ဖီီ ကိုကြည့်လိုက်တယ်..။

"...ဒီအသားတွေက ဘယ်ကနေ ရောက်လာတာလဲ..။ငါတို့က နင် အပြင်ဘက်မှာ ဆာလောင်နေမယ်လို့ ထင်ထားကြတာ.."

သူမက ဆံပင်ကို ရှက်ရွံ့စွာ ကိုင်လိုက်တယ်..။

"အိုး..လွန်ခဲ့တဲ့ ရက်အနည်းငယ်က လမ်းပေါ်ကို မွန်းစတား တစိကောင် ရောက်လာခဲ့တယ်လေ..။ငါ နဲ့ တစ်ခြား လူတစ်ချို့က ဒီအကောင်ကို သတ်နိုင်ခဲ့တယ်..။ဒါကတော့ ငါ့ရဲ့ ဝေစုပဲ..."

ကတ်စီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပြီး..

"ဒါပေမဲ့ အိပ်မက်ဆိုးသားရဲတွေကို ဂန်လောင်ရဲ့ လူတွေက တိုက်ခိုက်ရမှာ မဟုတ်ဘူးလား.."

ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးကာမှ...

"သူတို့က ရဲတိုက် တိုက်ခိုက်ခံရတာ..ဒါမှမဟုတ် ကောင်းကင်ပေါ်က တိုက်ခိုက်တာ ခံရပြီ ဆိုမှ တိုက်ခိုက်ကြမှာ..။တကယ်လို့ မွန်းစတားတွေက လမ်းကြောင်းအတိုင်းလာကြမယ် ဆိုရင် ဂရုမစိုက်ကြဘူး.."

...ဒီတော့ ဒါကြောင့် အနီးအနားက အိမ်ငယ်လေးတွေမှာ ဘယ်သူမှ မရှိကြတာပေါ့..။အိပ်မက်ဆိူးသားရဲတွေ လာနိုင်တဲ့ လမ်းကြောင်းတည့်တည့်မှာ ဘယ်သူက နေရဲမှာလဲ..။အထူးသဖြင့် တိုက်ခိုက်သင့်တဲ့ လူတွေက လက်ကလေးတစ်ချောင်းတောင် မြှောက်ပြီး မကူညီကြတဲ့ အချိန်မှာပါ..။

ဆန်နီ ပြုံးလိုက်တယ်..။

'တကယ် ဂုဏ်ကျတ်သရေ ရှိတဲ့ ရဲတိုက် အစောင့် တွေပဲ...။ခနလေး..."

သူ မျက်တောင်ခတ်ပြီး နစ်ဖီကို စိုက်ကြည့်လိုက်တယ်..။

"ဒီလိုဆိုရင်..ဘာလို့...နင်က နေစရာတွေအများကြီးထဲက ဒီနေရာကို ရွေးထားတာလဲ.."

သူမက သူ့ကို အတော်ကြာအောင်ကြည့်ပြီးကာမှ ပုံမှန်လေသံ နဲ့ မေးလိုက်တယ်..။

"ဒီမှာက တိတ်ဆိတ်တယ်လေ.."

ယင်းနောက် နစ်ဖီရဲ့ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုပေါ်လာပြီး ပြတင်းပေါက်ဘက်ကို ကြည့်ကာ ထပ်ပြောလိုက်တယ်..။

"ငါ သဘောကျတယ်.."

All Chapters