နောက်ဆုံး ရိတ်သိမ်းသူ
Vol. 10 Ch. 148
ပြတင်းပေါက်ရဲ့ နောက်ကွယ်မှာတော့ ကျိန်စာသင့် မြို့ကြီးရဲ့ ရူခင်းကို မြင်နေခဲ့ရတယ်..။မနက်ခင်းနေရောင်ခြည်က..အပျက်အစီးတွေ အပေါ်မှာ ကျရောက်နေပြီး ဆန်းကျယ်မူကို မြင်နေရစေပါတယ်..။
နစ်ဖီ ပြုံးလိုက်ပြီး..
" ပြီးတော့..ငါတို့က ဒီမြင်ကွင်းကို မကြောက်ရွံ့ပဲ ကြည့်နေလို့ ရတယ်လေ.."
သူမရဲ့ စကားတွေကို ပြန်ဖြေလိုက်တဲ့အလား..ပြင်းထန်တဲ့လေထုတစ်ခုက အဝေးတစ်နေရာကနေ ကျယိလောင်စွာ တိုကိခတ်လိုက်ပါတယ်..။ဆန်နီ တုန်လှုပ်သွားခဲ့တယ်..။
"သူမ ပြောတာ မှန်လောက်တယ် '
သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ထူးဆန်းမူကို စိတ်ထဲမှာ မှတ်ထားကာ အသားတွေ ဆီကို ကပ်သွားလိုက်တယ်..။
"အရင် စားကြရအောင်.."
သူတို့ သုံးယောက်စလုံး ကျောက်တုံးကြမ်းပြင်ပေါ်မှာ ထိုင်ပြီး မွန်းစတား အသားတွေ ကို စားကာ ကတ်စီ ရဲ့ ရေပုလင်းကို အလှည့်ကျ သောက်နေခဲ့ကြပါတယ်..။ဒါက သူတို့တွေကို အရင်တုန်းက အခြေအနေတွေကို ပြန်အမှန်ရစေတာတော့ အသေအချာပါပဲ..။
သူတို့သုံးယောက် စားသောက်ပြီးတဲ့ နောက်မှာတော့ နစ်ဖီက ဆန်နီကို တည်ငြိမ်စွာကြည့်နေခဲ့တယ်..။အကြောင်းပြချက်တစ်ချို့ကြောင့်..ဂန်လောင် ကြောင့်ဖြစ်လာတဲ့ ဖိအားတွေကိုတောင် သူ ပြန်အမှတ်ရလိုက်မိပါတယ်..။
"နင် ရဲတိုက်အကြောင်း စုံစမ်းခဲ့သေးလား.."
သူ သက်ပြင်းချလိုက်တယ်..။ဒီကိစ္စဆိုရင်တော့ အတော်ကြီးကို ပြောယူရမှာပါ..။
ဆန်နီဟာ ရှေးဟောင်းခံတပ်ကြီးရဲ့ အခြေခံ အကြောင်းအရာကနေ စတင်ပြီးပြောလိုက်တယ်..။ဆန်နီဟာ နစ်ဖီကို မတူညီတဲ့ လူတန်းစား ခြောက်မျိုးအကြောင်း ပြောပြပြီး သူတို့ကြားက ဆက်ဆံရေးကိုပါ ရှင်းပြလိုက်တယ်..။ပြီးတော့ ရဲတိုက်ထဲမှာနေကြတဲ့ အဖွဲ့ဝင်တိုင်းက ဘယ်လိူရှင်သန် နေထိုင်ကြလဲဆိုတာကိုပါ ရှင်းပြလိုက်ပါတယ်..။တစ်ခါတစ်လေ ကတ်စီကလည်း သူမ ပြောပြချင်တာတွေကို ပြောနေပါသေးတယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ မျက်မှောင်ကျုတ်နေခဲ့ပြီး
"ခနလေး..ရဲတိုက်ထဲမှာ လူငါးရာလောက် နေနေတယ်လို့ နင်ပြောလိုက်တာလား.."
ဆန်နီ ခေါင်းညိမ့်ပြလိုက်တယ်..။
"ဟုတ်တယ် အဲ့ဝန်းကျင်လောက်ပဲ..။ဘာဖြစ်လို့လဲ.."
သူမ ခနလောက်တွေးပြီးမှ ပြောလိုက်တယ်..။
"ဒါကြီးက အဓိပ္ပါယ် မရှိဘူး..။ဒီပမာဏက အပြင်ဘက်မှာ ရှိနေတဲ့ လူအရေအတွက် နီးပါးလောက် ရှိတယ်လေ..။ဒါဆိုရင် အနက်ရောင်မြို့တော်ထဲက လူသား အရေအတွက်က တစ်ထောင်လောက် ရှိတယ်..။သူတို့အများစုက အရမ်းကိုလည်း ငယ်ရွယ်ကြတယ်..။နှစ်တိုင်းလည်း လူရာနဲ့ချီပြီး မေ့ပျောက်ကုန်းမြေကို ပို့ခံနေရတော့..ရှင်သန်တဲ့လူတိုင်းက ရဲတိုက်ထဲကိုပဲ ရောက်လာနေကြတာ.."
သူမ ခနလောကိ ရပ်တန့်လိုက်ပြီးမှ..
"ဒါပေမဲ့ ငါတို့အဖွဲ့က တစ်ယောကိမှ ဒီကို ရောက်တာကို မတွေ့ဘူး..။ငါသိသလောက်ဆိုရင်တော့..ဒီဆောင်းယဥ်စွန်းတန်း အပြီးမှာ အမှောင်မြို့တောိကို ရောက်လာတာက ငါတို့ သုံးယောက်ပဲ ရှိတယ်.."
ဆနိနီ သူ့ခေါင်းကို ကုတ်ပြီး ပြန်ပြောလိုက်တယ်..။
"တကယ်တော့ လေးယောက်..။ကတ်စတာကလည်း ဒီမှာ ရောကိနေတယ်..။သူက ရဲတိုက်ထဲမှာ ဇိမ်ကျကျ နေနေခဲ့တာ.."
နစ်ဖီ ရုတ်တရက် ထူးဆန်းစွာ လှုပ်ရှားသွားခဲ့တယ်..။
"ဟန်လီ ကလန်ရဲ့ ကတ်စတာလား..။သူက ဒီမှာလား"
' ဒီလောက်အထိ စိတ်အားထက်သန်စရာ မလိုပါဘူး ချီးပဲ..'
ဆန်နီ မျက်နှာ မရှုံ့မဲ့အောင် ကြိုးစားလိုက်ပြီး..
"ဟုတ်တယ်..သူက ဒီတစ်လျောက်လုံးရှိနေခဲ့တယ်..။တကယ်တော့ ကတ်စတာက မေ့ပျောကိကုန်းမြေကို ဒီနှစ် အိပ်စက်သူ ခုနှစ်ယောက် ပို့ပေးလိုက်တယ် ပြောတယ်..။ထူးဆန်းတာတော့ ငါသိတယ်.."
သူ ခနလောက် ရပ်တန့်နေပြီးကာမှ ပြောလိုက်တယ်..။
"အမှန်အတိုင်းပြောရရင် ငါလည်း ..ဒီကွာခြားချက်ကို သတိထားမိတယ်..။ဒါပေမဲ့ ဖြေရှင်းချက်လည်း ရှိတယ်လေ..။နင်လည်း မြင်တဲ့အတိုင်းပဲ အခိုက်အတန့်က လူဘယ်နှစ်ယောက်ပို့မလဲဆိုတာကို သတ်မှတ်ထားတယ်..။လွန်ခဲ့တဲ့ ဆယ်ငါးနှစ် လောက်က ရူးသွပ်နေတဲ့ လူတစ်စုက ရဲတိုက်ကို သိမ်းယူလိုက်ကြပြီး နှစ်တိုင်း လူသစ် တစ်ဒါဇင်လောက် ရောက်လာခဲ့ကြတယ်..။ပြီးတော့ ဒါဇင်အချို့..။ပြီးတော့ တစ်ရာ..။လွန်ခဲ့တဲ့ နှစ်တွေ တိုင်းမှာ လူရာနဲ့ချီပြီး ပို့နေခဲ့တာ.."
ဆန်နီ သူတို့သုံးယောက်ကို လက်ဟန်ပြလိုက်ပြီး..
"ဒီနှစိမှာမှ..ဘာမှမဟုတ်တဲ့ အိပ်စက်သူ ၇ ယောက်ပဲ ရောကိလာခဲ့တာ..။အခိုက်အတန့်က နံပါတ် ၇ ကို သဘောကျနေတော့..တစ်ချို့လူတွေက လွန်ခဲ့တဲ့ ၁၄ နှစ်လုံးလုံး လည်ပတ်နေခဲ့တဲ့အရာကြီးက အဆုံးသတ်ပြီး ..အသစ်တစ်နှစ်ရောက်လာပြီလို့ ယုံကြည်နေခဲ့တယ်လေ..။ငါကတော့ ဒါက ဖြစ်နိုင်တယ်လို့ ထင်တယ်.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ခနလောက်တွေးပြီးကာမှ မေးလိုက်တယ်..။
"ကတ်စတာက နံပါတ်အတိအကျကို ဘယ်လိုလုပ်သိနေတာလဲ.."
ပုံမှန်အားဖြင့် ဒါကလည်း မေးခွန်းကောင်းပါပဲ..။ဆန်နီလည်း ကိုယ့်ကိုကို အကြိမ်များစွာ ပြန်မေးပြီးကာမှ ချောမောတဲ့ ဆက်ခံသူကို တိုက်ရိုက်သွားမေးခဲ့ရတာပါ..။
"ရဲတိုက်ထဲမှာ..ထူးဆန်းတဲ့ အရာတွေကို သိနိုင်တဲ့ ပညာရှင်တစ်ယောက်ရှိတယ်..။သူမက တွေ့ခဲ့ဖူးတဲ့လူတိုင်းရဲ့ တည်နေရာကိုကြည့်နိုင်တယ်လေ..။ကတ်စတာက သူမကို အမြုတေ ပေးပြီး သူနဲ့သိတဲ့လူ ဘယ်နှစ်ယောက်က မေ့ပျောက်ကုန်းမြေကို ရောက်လာလဲ ဆိုတာကို မေးခဲ့တာ..။သူမပြောတာက တော့ ခြောက်ယောက်တဲ့.."
နစ်ဖီခနလောက် တိတ်ဆိတ်နေပြီးကာမှ ပြောလိုက်တယ်..။
"ဆက်ပြောပါဦး.."
ဆန်နီ ဆက်ပြောလိုက်တယ်..။သူသိခဲ့ မြင်ခဲ့တာတိုင်းရဲ့ အဓိက အချက်အလက်တွေကို ပြောပြနေခဲ့တာပါ..။သူက ရဲတိုကိအရှင်က အနက်ရောင် မြို့ထဲမှာ ဘယ်လောက်တောင် မကျော်လွှားနိုင်လောက်တဲ့ အရာလည်း ဆိုတာကိုရှင်းပြခဲ့ပါတယ်..။သူက ခံတပ်အပေါ် သူ့ရဲ့ ကိုယ်ပိုင်အမြင်ကိုပါ တစ်ခါတည်းဖော်ပြနေခဲ့တယ်..။
ကတ်စီကတော့ ဖြူဖျော့ပြီး တိတ်ဆိတ်ကာ နားထောင်နေခဲ့တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ မျက်နှာကတော့ ပိုပိုပြီး နက်မှောင်လာခဲ့ပါတယ်..။သူက ဂျူဘိုင် အကြောင်းနဲ့ ရဲတိုကိအရှင်က ဘယ်လောက်သန်မာလဲ ဆိုတဲ့အကြောင်းကို ပြောတဲ့အချိန်မှာ သူမရဲ့ နှုတ်ခမ်းတွေက အောက်ကို တွန့်ကွေးသွားခဲ့တယ်..။
နောကိဆုံးတော့ သူက နိဂုံးကို ရောက်လာခဲ့ပါတယ်..။
"....ဒါကြောင့်လည်း ဂန်လောင်ကို ဘယ်တော့မှ အနိုင်မယူနိုင်တာပဲ..။သူက ဒီနေရာက အသက်တိုင်းကို ထိန်းချုပ်ထားတာ..။လက်တွေ့အခြေအနေကိုရော ၊ စိတ်ကူးယဥ် အခြေအနေတွေကိုရောပဲ..။အစားအသောက် ၊ အမိုးအကာ ၊ မျှော်လင်ချက် ၊ ကြောက်ရွံ့မူ အားလုံးက သူ့ရဲ့ လုပ်ပိုင်ခွင့် အောက်မှာပဲ ရှိနေတာလေ..။ခွန်အား ဆိုတဲ့ အရာကတောင် သူ့အတွက် အပေးအယူ တစ်ခုပဲ..။ဒီနေရာမှာတော့
ဂန်လောင်က နတ်ဘုရား တစ်ပါးလိူ့တောင် ပြောလို့ရတယ်.."
နစ်ဖီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ တီးတိုးပြောလိုက်တယ်..။
"သူက နတ်ဘုရား မဟုတ်ဘူး..။သူက ဒီတိုင်း..နတ်ဘုရား အယောင်ဆောင်နေတဲ့ လူတစ်ယောက်ပဲ.."
ဆန်နီ ရယ်မောလိုက်ပြီး..
"သောက်ကျိုးနဲ...ဒါက ကွာခြားလို့လား.."
သူမ သူ့ကို စူစိုက်ကြည့်ပြီး အံကိုကြိတ်ထားခဲ့တယ်..။
မိနစ်အနည်းငယ် ကြာအောင် တိတ်ဆိတ်နေပြီးကာမှ နစ်ဖီ ရုတ်တရက် ပြောလိုက်ပါတယ်..။
"ဒါက..ဘာလို့ ဂန်လောင်ကို ပုန်ကန်လို့ မရဘူးလဲဆိုတာကိုပဲ ရှင်းပြထားတာလေ။ဘာလို့ သူအိပ်နေတဲ့အချိန်မှာ ..မသတ်ခဲ့တာလဲ..။ဘာလို့ သူ့ရဲ့ လူတစ်ယောက်က အာဏာပြန်မသိမ်းတာလဲ..။ဘာပဲဖြစ်ဖြစ် ဒီလို ဆိုးယုတ်တဲ့လူတွေ ရဲ့ အဆုံးသတ်က အဲလိုပဲ..။သူတို့ အယုံကြည်ရဆုံးလူရဲ့ လက်ထဲမှာ အသတ်ခံခဲ့ရတာ.."
ဆန်နီ နက်မှောင်စွာ ပြုံးလိုက်ပြီး..
"အာ..ကောင်းပြီ..။ငါက အခုချိန်ထိ သူ့ကို အုပ်ချုပ်သူ အဖြစ်ပဲ ပြောပြရသေးတာလေ..။ဒီအတိူင်းကြည့်မယ်ဆိုရငိတော့ ဘယ်ဟာကမှ ကြောက်ဖို့ မကောင်းသေးဘူး..။ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် ခွန်အားကရော.."
သူ စူးရှတဲ့ အသံနဲ့ ထပ်ပြီး ပြောလိုက်တယ်..။
"အဲတာက ပိုတောင် ပိုတောင်ဆိုးသေးတယ် "