အမှောင်ရေငုပ်သမား
Vol. 10 Ch. 149
ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချလိုက်ပြီး..
"အယ်ဖီက သူ့ကို အင်မော်တယ်လို့သာ သဘောထားလိုက်လို့ ပြောတာကို မှတ်မိသေးလား..။ကောင်းပြီ သူမ ပြောတာ မမှားဘူး..။ဂန်လောင်က တစ်ခြားလူတွေ ထက် ဝိဥာဥ် အမြုတေ တွေပိုပြီး စုပ်ယူထားတယ်..၊ အိပ်မက်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ရာမှာ အတွေ့အကြုံပိုရှိတယ်..၊ မေ့ပျောက်ကုန်းမြေက တစ်ခြားသူတွေထက်..ပိုပြီး နိုးကြားတယ် ဆိုတာတွေထက်ပိုတယ်..."
နက်ဖီ မျက်မှောင်ကျုတ်လိုက်တယ်..။
"သူ့ရဲ့ ကဏ္ဍ စွမ်းရည်က ပြိုင်ဘက်ကင်းအောင် သန်မာ နေတာလား.."
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
"သူ့ရဲ့ စွမ်းရည်က ရေအောက်မှာတောင် မယုံနိုင်လောက်တဲ့ အမြန်နှုန်းနဲ့ လှုပ်ရှားနိုင်စွမ်းရှိတယ်..။ဒါပေမဲ့ ဒါက အခု ငါနင့်ကို ပြောမယ့်ကိစ္စနဲ့ သက်ဆိုင်နေတာ.."
သူ တွေဝေနေခဲ့ပြီးမှ..
"နင် သိတဲ့အတိုင်းပဲ ဂန်လောင်က အနက်ရောင် မြို့တော်ကို လွန်ခဲ့တဲ့ ရှစ်နှစ်က ရောက်လာခဲ့တာလေ..။သူ့ရဲ့ စွမ်းရည် က ဒီနေရာမှာ အသုံးမဝင်တာကြောင့်..လူတိုင်းရဲ့ ရှောင်ကြဥ်တာကို ခံခဲ့ရတယ်..။ငါ သိသလောက်တော့ အရင်တုန်းက ရဲတိုက်ထဲက အခြေအနေတွေက အတော်လေးကို ဆိုးဝါးတာ..။ခွန်အားက အရာရာတိုင်းကို ဆုံးဖြတ်ပေးပြီး..ခွန်အားမရှိရင် လူလို့ တောင် မပြောနိုင်တော့ဘူးလေ.."
ဆန်နီ ပုခုံးတွန့်လိုက်တယ်..။သူ ဒီအခြေအနေကို မြင်ယောင်ကြည့်လို့ ရပါတယ်..။
ဒါက ရဲတိုက်ရဲ့ သမိုင်းတစ်လျောက်လုံးမှာတောင် အတော်လေးကို ရက်စက်မှာပါ..။ရဲတိုက် မူလခံတပ်ရဲ့ နောက်ဆုံးအဖွဲ့ဝင်နဲ့ အပေါင်းအပါတွေ သေဆုံးပြီးနောက်မှာ ဂန်လောင်က အရာရာတိုင်းကို ထိန်းချုပ်ပြီး ရူးသွပ်မူတွေကို တစ်ခနလောက် ချိန်ညှိပေးခဲ့တယ်..။
ဒီ ခွေးသားအကြောင်း နင် ဘာပဲပြောပြော..အနည်းဆုံးတော့ သူက လူသားတွေက တိရစ္ဆာန် အဖြစ် ပြောင်းလဲသွားမယ့် အရေးကို ထိန်းပေးထားတဲ့လူတစ်ယောက်လေ..။
"ဒါပေမဲ့ ဂန်လောင်ကလည်း တကယ်ကို ရူးသွပ်နေတဲ့ လူတစ်ယောက်လို့ ပြောလို့ရတယ်..။ဘာလို့လဲဆိုတော့..သူက တကယ်ပဲ အနက်ရောင်ပင်လယ်ထဲမှာ အမဲလိုက် ခဲ့ လို့ပဲ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ မျက်တောင်ခတ်လိုက်ပြီး..
"ဘယ်လို.."
သူ ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ်..သူက မြို့ရိုးပေါ်ကနေ အနက်ရောင် ပင်လယ်ထဲကို ဒိုင်ဗင်ထိုးပြီး ရေကြီးမူကြောင့် သေနေတဲ့ သားရဲတွေရဲ့ အမြုတေတွေကို လိုက်ရှာဖွေတာ..။ပြီးတော့ နေထွက်ချိန်မှာလည်း သူက ကျဆင်းသွားတဲ့ ဒီရေထဲကို ဆင်းပြီး သေဆုံးကျန်ရစ် ခဲ့တဲ့ သားရဲ အလောင်းတွေကို လိုက်ရှာသေးတယ်.."
နစ်ဖီက သူ့ကို တိတ်တဆိတ် စိူက်ကြည့်နေခဲ့တယ် .။သူတို့က အနက်ရောင်ပင်လယ်ထဲက သတ္တဝါကြီးတွေနဲ့ နှစ်ကြိမ်ဆုံဖူးခဲ့ပြီး..နှစ်ကြိမ်စလုံးမှာလည်း သူတို့ရဲ့ ဝိဥာဥ် နဲ့ စိတ် တွေကို ဒဏ်ရာရစေခဲ့ပါတယ်..။ဒီလို အရာမျိုးကို တစ်နေ့နှစ်ကြိမ် နဲ့ နေ့တိုင်း လုပ်တယ်ဆိုတော့..ဂန်လောင်က တကယ်ကို ရူးသွပ်နေတဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ..။
ဆန်နီ အသက်ကို ပြင်းပြင်းရူလိုက်ပြီး..
"ပြီးတော့..ဒါကြောင့်လည်း သူက ရှောင်ကြဥ်ခံရတဲ့လူတစ်ယောက်ကနေ ရဲတိုက်အရှင် ဖြစ်လာခဲ့တာပဲ..။တစ်နေ့မှာတော့ ဂန်လောင်က ပင်လယ်ထဲမှာ မျောပါရင်း..ပင်လယ်ကျဆင်းသွားတဲ့အချိန်မှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်..။အဲ့အချိန်မှာသူက သေခါနီး ဧရာမ သတ္တဝါကြီးနဲ့ တွေ့ခဲ့တာ..။သားရဲက ရှင်သန်နေသေးပေမယ့် သေခါနီးဖြစ်နေပြီ..။ဝင်္ကပါထဲက တစ်ခြားသားရဲတွေ လာပြီး စားသောက်တော့မှာကို သိနေတာကြောင့် ဂန်လောင်က သားရဲကြီးရဲ့ အသားတွေကို သူ့ဓားနဲ့ လှီးဖြတ်ယူခဲ့တယ်.."
:
သူ ခနလောက် ရပ်လိုက်ပြီးကာမှ ထူးဆန်းတဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။
"ကံကောင်းချင်တော့ ဒီအခိုက်အတန့်မှာပဲ..ဆိုးဝါးတဲ့ ဒဏ်ရာတွေကြောင့် ဧရာမသားရဲကြီးက သေဆုံးသွားခဲ့တယ်လေ..။ပြီးတော့ ဂန်လောင်ရဲ့ ဓားက နောက်ဆုထိတွေ့ခဲ့တာကြောင့် သတ်ဖြတ်သူ အဖြစ် အခိုက်အတန့်က ဂန်လောင်ကို သတ်မှတ်ပေးခဲ့တယ်..။ပြီးတော့ အဲဒီက ..အဲဒီကနေ သူက မှတ်သားမူ တစ်ခု ရခဲ့တာပဲ..။လူသားတွေရဲ့ ဘယ်လက်နက်မှ ခြစ်ရာထင်အောင် မလုပ်နိုင်တဲ့ အံ့ဩစရာ ရွှေရောင်အကာအကွယ် အင်္ကျီပဲ..."
ဒီလိုသားရဲတွေက ဘယ်လိုလဲဆိုတာ ဘယ်သူမှ မသိပေမယ့် ဆန်နီ နဲ့ နစ်ဖီ တို့ကတော့ ကြေးခွံသားရဲ ခေါင်းဆောင်နှစ်ကောင်က အထွတ်အထိပ်အဆင့် ဝိဥာဥ် အမြုတေ နှစ်ခုကို ယူသွားတာကို ကိုယ်တိုင်မြင်ခဲ့ရပါတယ်..။ဒါက ဂန်လောင်ရဲ့ အကာအကွယ်ဟာ မေ့ပျောကိကုန်းမြေပေါ်က လူသားတွေရဲ့ အမြုတေထက် သုံးဆင့် ပိုမြင့်တယ်လို့ ဆိုလိုတာပါပဲ..။
သူတို့ အများစု ပိုင်ဆိုင်ထားတဲ့လက်နက်တွေက ပြောင်းလဲမူ ဒါမှမဟုတ် နိုးထမူ အဆင့်တွေပါ..။တကယ်လို့ တစ်ယောက်ယေညက်က ကျရှုံးမူအဆင့်သားရဲကို သတ်နိုင်ခဲ့ရင်တောင် သူကနေရတဲ့ တက်ရောက်မူ အဆင့် လက်နက်က အထွတ်အထိပ် အဆင့်အကာအကွယ်ကို ထိုးဖောက်နိုင်ဦးမှာ မဟုတ်ပါဘူး..။ပြီးတော့ ဒီသောက်ကျိုးနဲ အကာအကွယ်က နေရာလွတ်ဆိုတာမျိုးလည်း မရှိပေ..။
အခြေခံ အားဖြင့် ဂန်လောင်က အတော်လေးကို သန်မာနေခဲ့တာပါ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..
"ဒီအကာအကွယ်နဲ့ပဲ သူက အနက်ရောင်မြို့တော်ကို ပြန်လာခဲ့ပြီး လူစုစည်းပြီးတဲ့နောက်မှာ ရန်သူတွေကို ရှင်းပစ်ရင်း ရဲတိုက်ကို ထိန်းချုပ်ခဲ့တာပဲ..။အဲ့ကတည်းက သူ့ရဲ့ အုပ်ချုပ်မူကို ဘယ်သူမ မခြိမ်းခြောက်နိုင်ခဲ့ဘူး..။ပြီးတော့ ဒီလိုလုပ်ဖို့ ကြိုးစားခဲ့တဲ့လူတွေကလည်း...ကောင်းပြီ..။သူတို့ရဲ့ ဦးခေါင်းတွေကို အားလုံးမြင်အောင် ရဲတိုက်ဝင်ပေါက်မှာ ချိတ်ဆွဲပေးထားတယ်.."
နစ်ဖီဟာ အတော်ကြာအောင် တိတ်ဆိတ်ရင်း ကြမ်းပြင်ကို စိုက်ကြည့်နေခဲ့တယ်..။သူမကြည့်ရတာ အနည်းငယ်လေးလံ သွားသလိုပါပဲ..။နောက်ဆုံးမှာပဲ သူမ ပြောလာခဲ့တယ်..။
"အကာအကွယ်က ဘယ်လို လက္ခဏာ တွေ ပိုင်ဆိုင်သေးလဲ.."
သူ ပုခုံးတွန့်လိုက်တယ်..။
"ဘယ်သူသိမှာလဲ..လူတွေက ဒီအကြောင်းကို ပြောပြဖို့ လေ့လာခွင့် မရခဲ့ကြလောက်ဘူး..။သေချာသိကြတာတစ်ခုက ဒီအကာမကွယ်ကို ထူးခြားတဲ့ သတ္တုတစ်မျိုးနဲ့ လုပ်ထားပြီး..ဖိအားတွေကို ထုတ်လွတ်ပေးနိုင်စွမ်းရှိတယ်..။ဒါပေမဲ့ အပြည့်အဝတော့ မမှန်ကန်ပါဘူး..။တကယ်တော့ သူ့ရဲ့ မျကိနှာဖုံးကို ကြည့်မိတဲ့လူကိုပဲ သက်ရောက်တာ..။ကတ်စီဆိုရင် ဘာမှ သက်ရောက်မခံရဘူး.."
မျက်မမြင်မိန်းကလေးဟာ အခုမှ တစ်ခြားလူတွေက ဂန်လောင်ဆီကနေ မယုံနိုင်တဲ့ ဖိနိပ်မူ တွေကို ခံစားကြရတယ်ဆိုတာ နားလည်လိုက်ပါတယ်..။တစ်ကြိမ်ပဲဖြစ်ဖြစ် သူမရဲ့ ဆိုးဝါးတဲ့ အားနည်းချက်က အားသာချက်ဖြစ်စေခဲ့ပါပြီ..။
သူတို့စကားပြောဆိုနေတဲ့ အရေးကြီးဆုံး အပိုင်းက နီးကပ်လာခဲ့တယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က ဂန်လောင်ကို ဆန့်ကျင်ချငိနေတဲ့ ဆန္ဒကို ပြောင်းလဲနိုင်အောင် သူက ကြိုးစားရမှာပါ..။မဟုတ်ရင် သူတို့သုံးယောက်စလုံး သေသွားနိုင်ပါတယ်..။
ဆန်နီ သူမကို ကြည့်ပြီး အသံအနေအထားကို ဂရုစိုက်ကာ မေးလိုက်တယ်..။
"ဒီတော့ နင်ဘယ်လိုထင်လဲ.."
ပြောင်းလဲနေတဲ့ ကြယ်ပွငိ့ဟာ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ရုတ်တရက် ပြောလိုက်တယ်..။
"ငါလည်း နင်တို့မရှိတုန်း တစ်ခုခု သိထားတယ်.."
ဆန်နီ အနည်းငယ် မျက်မှောင်ကျုတ်လိုက်တယ်..။သူမက ဒီ စကားလမ်းကြောင်းကို ရှောင်ချင်နေတာလား..။လေးလံနဲ့ ခံစားချက်တွေ ၊ မသေချာမူတွေနဲ့ အတူပဲ သူ မေးလိုက်ပါတယ်..။
"တကယ်လား..။အဲတာ ဘာလဲ.."
သို့ပေမယ်ပ နောက်တစ်စက္ကန့်မှာတော့ သူက အစောတုန်းက ရှိနေတဲ့ စိတ်ပူမူတွေ အားလုံး ပျောက်ကွယ်သွားခဲ့ပါပြီ..။ဘာလို့လဲဆိုတော့ နစ်ဖီက သူ့မျကိလုံးတည့်တည့်ကို စိူက်ကြည့်ပြီး ပြောလိုက်လို့ပါပဲ..။
"ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ထွက်ပေါက် ရှိနေတယ်.."
ဆန်နီ ရဲ့ စိတ်ထဲမှာတစ်ခုခု ပေါက်ကွဲသွားခဲ့တယ်..။
'ဘာ...ထွက်...ထွက်ပေါက် ရှိနေတာလား...'
အံ့ဩမူတွေနဲ့အတူပဲ သူ နစ်ဖီကို ပြူးကျယ်စွာကြည့်နေခဲ့တယ်..။
ဘယ်လိုဖြစ်နိုင်မှာလဲ..။ဘာလိူ့ ဘယ်သူမှ မပြောကြတာလဲ..။မဟုတ်ဘူး ဒါက အဓိပ္ပါယ်ကို မရှိဘူး..။တကယ်လို့ ထွက်ပေါက်ရှိနေတယ် ဆိုရင် ဘာလို့ လူတွေက အနက်ရောင်မြို့တော်ထဲမှာ နေနေကြတာလဲ..။ဘာလို့ အယ်ဖီ နဲ့ ကတ်စတာက ထွက်လမ်းမရှိဘူးလို့ ပြောနေကြတာလဲ..။
သူ့စိတ်ထဲမှာမသက်သာ မူတွေက ကြီးစိုးလာခဲ့တယ်..။
သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထိန်းရင်း ဆန်နီ ဖြည်းညှင်းစွာ မေးလိုက်ပါတယ်..။
"ဒါဆို ဘာလို့ ဘယ်သူမှ ထွက်မသွားကြတာလဲ..။အဲတာက ဘယ်မှာလဲ.."
နစ်ဖီ ပြတင်းပေါက်ကို ကြည့်ကာ တိတ်ဆိတ်နေပြီးမှ ပုံမှန်လေသံနဲ့ပြန်ဖြေလိုက်တယ်..။
"နင်က ဘယ်မှာထင်လို့လဲ..။ဒါပေါ့ ထွက်ပေါက်ကကြက်သွေးရောင် ထိပ်ဖျား ထဲမှာပဲ..."