မုဆိုးအဖွဲ့
Vol. 10 Ch. 150
ကြက်သွေးရောင်..ထိပ်ဖျား.. ။သူ့ကို အရိပ်နဲ့ တစ်ချိန်လုံး အမဲလိုက်နေတဲ့ အရာ..။ဒီ ဝင်္ကပါ ရဲ့ အလညိမှာ ရှိနေတဲ့ တာဝါကြီးက..ကြိုတင်နိမိတ်တွေရဲ့ အရင်းအမြစ်တွေတောင် ဖြစ်နေနိုင်ပါတယ်..။
ဒါက ကတ်စီ ရဲ့ အမြင်တွေ ထဲက နောက်ဆုံးအပိုင်း အတွက် နောက်ခံဖြစ်နေနိုင်တာပါ..။
ဒါပေါ့..သောက်ကျိုးနဲ ထွက်ပေါက်ကတော့..ဒီ ထိပ်ဖျားမှာ ရှိနေလောကိပါတယ်..။
ဆန်နီသက်ပြင်းချလိုက်တယ်..။
ဒီအရာက တကယ်ကို မထင်မှတ်ထားတဲ့ သတင်းပါ..။ဘာပဲဖြစ်ဖြစ် နည်းပြ ရော့ခ် ကလည်း တကယ်လို့ သူတို့က မဖော်ပြထားတဲ့ လူသားရဲတိုက်ကို ရောက်သွားရင် ထွက်ပေါက်ကို ပတ်ဝန်းကျင်နားမှာဖြစ်ဖြစ် ၊ ထင်ရှားတဲ့နေရာနားမှာ ဖြစ်ဖြစ် ရှာဖွေဖို့ကို သတိပေးထားပြီးသားပါ..။
မေ့ပျောက်ကုန်းမြေ ပေါ်ကြီးမှာ ရှိနေတဲ့ ကြက်သွေးရောင် ထိပ်ဖျားကြီးက..ကောင်းကင် နဲ့ မြေကြီးကိုတောင် ဆက်သွယ်ထားသယောင်ပါပဲ..။ဒီထက် ပိုပြီး ထင်ပေါ်နေတဲ့ အရာဆိုရင် ပြောရတာတောင် ခက်ခဲလှပါတယ်..။ကတ်စီက သူမရဲ့ အမြင်ကို ပြောကတည်းက သူတို့လည်း ဒီ ထိပ်လန့်စရာ တာဝါကြီးမှာ အဆုံးသတ်ရမယ်ဆိုတာကို ခံစားနေမိပါတယ်..။
လူသားရဲတိုက်ထဲမှာ ထွက်ပေါ်မရှိဘူးဆိူတော့ ဒီသံသယက ပိုပြီးတောင် ပိုသန်မာလာပါသေးတယ်..။
ဒါပေမဲ့ ခနလေး...။နည်းပြ ရော့ခ် သူတို့ကို နောက်ထပ် ပြောခဲ့တာ ရှိပါသေးတယ်..။
' ထွကိပေါက်ရဲ့ အစောင့်ကို အနိုင်ယူဖို့ အတူတူကြိုးစားကြ ' သူက ဒီလိုပြောခဲ့တာ မဟုတ်ဘူးလား..။ဒီတော့ ကြက်သွေးရောင် ထိပ်ဖျားရဲ့ အစောင့်က ဘယ်သူလဲ..။
နစ်ဖီကို စိုက်ကြည့်ပြီး သူ နက်မှောင်စွာ မေးလိုက်တယ်..။
"ဒီတော့ ကြက်သွေးရောင် ထိပ်ဖျားရဲ့ အထဲမှာ ဘာရှိနေတာလဲ..။ငါကတော့ ကောင်းမွန်တဲ့ အရာ မဟုတ်ဘူးလို့ ထင်တာပဲ..။မဟုတ်ရင်..ထောင်နဲ့ချီတဲ့ အိပ်စက်သူတွေက အဲ့ကို မသွားပဲ..သားရဲတွေနဲ့ ပြည့်နေတဲ့ မြို့ထဲမှာနေကြမှာမဟုတ်ဘူး "
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခေါင်းညိမ့်လိုက်တယ်..။သူမရဲ့ အမူအရာ မပြောင်းလဲပဲ အဝေးကိုကြည့်ကာ ပြန်ဖြေလိုက်ပါတယ်..။
"ကျရှုံးမူအဆင့် သားရဲ "
ဆန်နီ ရဲ့ နှလုံးခုန်သံတွေ မြန်သွားခဲ့တယ်..။
ကျရှုံးမူအဆင့် သားရဲ ဆိုတာက..နတ်ဘီလူး ထက်တစ်ဆင့်မြင့်တဲ့ သားရဲအမျိုးအစားဖြစ်ပြီး..အမြုတေ ခြောက်ခု ပါရှိပါတယ်..။သူ့ရဲ့ သန်မာတဲ့ ခွန်အားနဲ့ အတူပဲ အတော်လေးကို..ဥာဏ်များမှာပါ..။
"ဒီတော့ အဲ့ကို သွားတာက သတ်သေတာပဲ.."
အိပ်စက်သူ ဘယ်လောက်ပဲ များပါစေ..ကျရှုံးမူ အဆင့်သားရဲကို အနိုင်ယူဖို့ မျှော်လင့်ချက် မရှိပေ..။ဒီသားရဲကို သတ်ဖို့ မပြောနဲ့ ထွက်ပြေးလွတ်မြောက်နိုင်မယ့် အခွင့်အရေးကတောင် သုညမှာပါ..။ဒါက ဂန်လောင်ရဲ့ အကာအကွယ်ကို ချိုးဖျက်ရတာထက်တောင်ပိုပြီး ဆိုးဝါးပါသေးတယ်..။
မဖြစ်နိုင်တာ...။
သူ ရယ်မောလိုက်တယ်..။ဘယ်လောက်ဆိုးလိုက်လဲ..။သူတို့က ဒီငရဲမှာ ပိတ်မိနေရုံတင်မကပဲ..ကိုယ်ဘယ်တော့မှ မရောက်နိုင်တဲ့ ထွက်ပေါက်ကိုလည်း ငေးကြည့်နေရပါသေးတယ်..။
ဒီ နေဝင်ဆည်းဆာ တာဝါက..ပေါ်ပြူလာ သိပ်မဖြစ်တာ အံ့ဩစရာ မရှိတော့ပေ..။ဒါက တစ်ချို့လူတွေကိုတောင် ရူးသွပ်သွားစေနိုင်ပါတယ်..။
သူတို့က တကယ်..တကယ်ကို..ဒီနေရာမှာ ထာဝရ ပိတ်မိနေပါပြီ..။
နစ်ဖီ သက်ပြင်းချလိုက်ပြီး..
"ပထမ အုပ်ချုပ်သူက အဖွဲ့တစ်ခုကို ဦးဆောင်ပြီး ဝင်ကမ္ဘာကနေ ထွက်မယ့်လမ်းကို ရှာခဲ့ပေမယ့် အကုန်သေဆုံးခဲ့ကြရတယ်..။ဒုတိယ အုပ်ချုပ်သူကတော့ သူ့ရဲ့ ကျန်နေသေးတဲ့ မူလအဖွဲ့ဝင်တွေနဲ့ ဂိတ်ပေါက်ကို ရောက်ဖို့ကြိုးစားခဲ့ကြတယ်လေ..။သူတိူ့လည်း သေဆုံးခဲ့ကြတာပဲ..။အဲတာပြီးတဲ့နောက်မှာ ဘယ်သူမှ မကြိုးစားခဲ့ကြတော့ဘူး.."
သူတို့သုံးယောက်ဟာ စိတ်ပျက်မူတွေနဲ့ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ကြတယ်..။အခု သူတို့က လူသားတွေ ဆီကနေ ကိုယ်တိုင် အချက်အလက် စုဆောင်းပြီးသွားပြီဆိုတော့ ငြင်းဆန်နိုင်စရာ အကြောင်းပြချက်မရှိတော့ပါဘူး..။အယ်ဖီ ပြောတာ အကုန်လုံးက အမှန်တွေချည်းပါ..။
သူတို့က ကျန်နေသေးတဲ့ တစ်ဘဝလုံးကို ဒီနေရာမှာပဲ ကုန်ဆုံးရတော့မယ့်ပုံပါပဲ..။
ဆန်နီ သက်ပြင်းချပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ကြည့်လိုက်တယ်..။
"ဒီတော့ အစီစဥ်က ဘာလဲ.."
နစ်ဖီဟာ ပျက်ဆီးနေတဲ့ မြို့ကြီးကို ပြတင်းပေါက်ကနေ တဆင့်ကြည့်နေခဲ့တယ်..။သူမက အနာဂတ်အတွက် စဥ်းစားပြီးပြီဆိုတာကိုတော့ ဆန်နီ ကျိန်းသေ သိပါတယ်..။သူမရဲ့ အတွေးတွေက မရူးသွပ်ဖို့သာ သူက ဆုတောင်းနေမိတာပါ..။
အတော်ကြာပြီးကာမှ သူမက ပြောလိုက်တယ်..။
"ငါတို့ မုဆိုး အဖွဲ့တစ်ခု ဖန်တီးကြမယ်.."
...မဆိုးဘူး..။သီးသန့် မုဆိုးတွေ ဖြစ်လာရတာက ရှည်လျားပြီး အန္တရာယ် များပေမယ့် အနည်းဆုံးတော့ ဂုဏ်ရှိပါတယ်..။သူတို့က ဥာဏ်ကောင်းပြီး ဂရုစိုက်တတ်ဖို့ပဲ လိုအပ်တာပါ..။
သူ ခေါင်းကို ကုတ်လိုက်ပြီး..
"အနက်ရောင်မြို့တော်ထဲ ဘာမှမသိပဲ လျောက်သွားနေတာက အန္တရာယ်များတယ်.."
နစ်ဖီ ပုခုံးတွန့်ပြီး သူ့ကို ပြန်ကြည့်လိုက်တယ်..။
"နင်ပြောတာ မှန်တယ်..။ငါတို့ လမိးပြကို ရှာဖွေဖို့ လိုအပ်တယ်.."
အတွေ့အကြုံ ရှိတဲ့ တစ်စုံတစ်ယောက်ကသာ သူတို့ကို သင်ပြပေးရင် အခြေအနေတွေက ကျိန်းသေ မြန်ဆန်ပြီး..လုံခြုံမူ ရှိမှာပါ..။တွေးတာကောင်းတယ်..။
"စိတ်ထဲမှာ တစ်ယောက်ယောက်ရှိနေလိူ့လား.."
"ပြောရမယ် ဆိုရင်တော့ ရှိတယ်..။ငါတို့ ခနနေမှ သူမ ဆီကို သွားကြမယ်..။ဒါပေမဲ့ ပထမဆုံး.."
သူမရဲ့ မျက်လုံးတွေကတော့ ပြတ်သားမူတွေနဲ့ တောက်ပနေခဲ့တယ်..။
"ရဲတိုက်အကြောင်း နင်သိခဲ့တဲ့ အသေးစိတ်တိုင်းကို ငါ့ကိုပြောပြ..။နာမည်တွေ စွမ်းရည်တွေ။နင်တွေ့ခဲ့ရတဲ့ စွမ်းရည်တွေ ၊ အားနည်းချကိတွေကို ငါ့ကိူ ပြောပြ...။ငါ အကုန်လုံးကို သိဖို့လိုအပ်တယ်.."
ဆန်နီ ပြုံးလိုက်ပြီး
"ကောင်းပြီလေ ပြသနာမရှိဘူး..။ဒါပေမဲ့ သတိပေးထားမယ် ဒါက အတောိလေးကို ကြာလိမ့်မယ်..။ပတ်ဝန်းကျင်ကို လိုက်ကြည့်တာက အတော်အလုပ်ရှုပ်တယ်လေ..။
သူ့ရဲ့စွမ်းရည်ကို ရပြီးတဲ့ အချိန်ကနေ စပြီး ဆန်နီဟာ သူလုပ်စရာ ရှိတာတွေကို အစကတည်းက ပြင်ဆင်နိုင်ခဲ့ပါတယ်..။အချက်အလက်တွေယူဖို့အတွက်လည်း သူ့အသက်ကို ရင်းစရာ မလိုအပ်ပါဘူး..။လတွေကြာအောင်..တိုက်ပွဲတွေဖြစ်ပြီးနောက်မှာတော့
ဒါကို ဆုလာဒိတစ်ခုလို့သာ ခံစားမိပါတယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကို ခေါင်းညိတိ့ပြလိုက်တယ်..။
"အလျင်မလိုဘူး.."
***
နာရီ အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ ဆန်နီ ပြန်လည်ပြောပြနေတာတွေက ပြီးဆုံးသွားပါပြီ..။သူပြောနေတဲ့ အချိန်တစ်လျောက်လုံး သူ့အသံက ကွဲအက်နေခဲ့တယ်..။:
"....အပြင်ဘက်က မုဆိုးတစ်ယောက်ဖြစ်တဲ့ ဂျူဘိုင်က အဲဒီလမ်းပြကို ပဲ..လူသားတစ်ယောက်ကို ငါးစာအဖြစ်အသုံးချလို့ စွပ်စွဲခဲ့တယ်လေ..။သူက တကယ်ကို စက်ဆုပ်ဖို့ကောင်းတယ်..။သူက တိုက်ခိုက်ရေးမှာ အတော်လေးကျွမ်းကျငိပြီး အလုပ်လုပ်ရာမှာတော်ပေမယ့် သူ့ရဲ့ ကိုယ်ကျင့်တရားကတော့ မကောင်းလှဘူး..။ကောင်းပြီ..ဒီလူက လောင်းကစားသမားပဲ..။သူ့ရဲ့ အမြုတေတွေအကုန်လုံးကို အီကို ရဲ့ လောင်းကစား ခုံ မှာအသုံးပြုခဲ့ပြီး..ပေးဖို့ငြင်းဆန်ထဲ့တယ်လေ..။သူ့ကို ပြန်ပြောတဲ့လူတိုင်းကိုလည်း နာကျင်စေခဲ့တယ်..."
သူ အသက်ကို ရူလိုက်ပြီး ဒေါသတကြီး ထပ်ပြောလိုက်တယ်..။
"တစ်ချို့လူတွေ ပြောတာကတော့..ဒီလို စိန်ခေါ်မူတွေရဲ့အစက..သူက အကြွေးဆပ်ဖို့ သန်မာတဲ့ မွန်းစတား တစ်ကောင်ကို အမဲလိုက်ချင်ခဲ့တာလို့ ပြောတာပဲ..။အဲ့ခွေးသားလေး.."
ယင်းနောက် ဆန်နီ အတော်ကြာအောင် တွေးလိုက်ပြီး ခေါင်းကို ကုတ်ကာ ပြောလိုက်တယ်..။
"အာ..ဒီနောက်မှာတော့ တစ်ခြားအရာတွေ ရှိနေလောက်သေးတယ်..။ပြီးတော့ ငါ မသိနိုင်ခဲ့တဲ့ အရာတွေလည်း အများကြီး ရှိနေသေးတယ်လေ.."
နစ်ဖီကတော့ အတွေးနက်နေခဲ့တယ်..။သူမက ဆန်နီဆီက ရောက်လာတဲ့ အချက်အလက် အများကြီးကို နားလည်ဖို့ကြိုးစားနေခဲ့တာပါ..။သူမရဲ့ အမူအရာကတော့ အေးစက်ပြီး မပြောင်းလဲခဲ့ပါဘူး..။
သူမရဲ့ သူငယ်ချငိး မတုန့်ပြန်တာကြောင့် ကတ်စီက သူ့ရဲ့ ပုခုံးကိုပုတိပြီး ပြုံးကာ ပြောလိုက်တယ်..။
"နင်လုပ်တာ အရမ်းကောင်းတယ် ဆန်နီ..။ဒါက အံ့ဩစရာပဲ..."
သူ မျက်တောင်ခတ်ပြီး အနည်းငယ် ရှက်ရွံ့စွားခဲ့ပါတယ်..။
"ကောငိးပြီ ဒီလိုပါပဲ..။ငါရဲ့ စွမ်းရည်က ဒီအတွက်ပဲလေ..မှတ်မိတယ်မလား..။အရိူးသားဆုံးပြောရင် သားရဲတွေကို သတ်တယ် ဆိုတာက ငါ့ရဲ့စွမ်းရည်တွေကို လွဲမှားတဲ့နေရာမှာ သုံးနေသလိုပဲလေ.."
'ဟုတ်တယ်..ငါက လုံခြုံတဲ့နေရာမှာ ပုန်းနေပြီး အကုန်လုံးကို အရိပ်ကိူပဲ ခိုင်းစေသင့်တာ...'
အရိပ်ကတော့ ခေါင်းလှည့်လာပြီး ဆန်နီ ကို စူးစိူက်ကြည့်နေခဲ့ပါတယ်..။သူက သိပ်ပြီးမပျော်ရွှင်ခဲ့ပေ..။
ဆန်နီ ပြုံးလိုက်ပြီး နစ်ဖီကို ကြည့်လိုက်တယ်..။
"ဒီတော့..နင်ခေါ်ချင်တဲ့ လမ်းပြ က ဘယ်သူလဲ..။အပြင်ဘက်မှာက အတွေ့အကြုံရှိတဲ့ လမ်းပြ အများကြီး မရှိနိုငိဘူးလေ..ဟုတ်တယ်မလား..။ပြီးတော့ သူတို့တွေကလည်း မုဆိုးအဖွဲ့တွေ ရှိနေပြီးလောက်ပြီ..။ငါတို့က တစ်ယောက်ရဖို့ ဘယ်လိုဆွဲဆောင်ကြရမှာလဲ..."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ စဥ်းစားနေပြီးမှ ထူးဆန်းတဲ့ အသံနဲ့ပြောလိုက်တယ်..။
"ဟုတ်တယ်..အရည်အချင်းရှိတဲ့လူတိုင်းက..သူတို့ရဲ့ အဖွဲ့တွေ ရှိနေပြီးကြပြီ..။သူ တစ်ယောက်က လွဲလို့ပေါ့..။ဒါပေမဲ့ သူမကို ဆွဲဆောင်ဖို့က မလွယ်ကူဘူး.."
သူမ သက်ပြင်းချပြီး ထပ်ပြောလိုက်တယ်..။
"တကယ်တော့ နင်တို့လည်း သူမကို သိထားပြီးသားပါ..။အဲတာက အယ်ဖီ ပဲ..."