← Chapters

လနတ်သမီး၏သရုပ်မှန်

Vol. 5 Ch. 53

လနတ်သမီး၏သရုပ်မှန်

Vol. 5 Ch. 53

လရောင်အောက်တွင် မြေခွေးက ပန်းရောင်မြူခိုးအဖြစ် ပြောင်းလဲကာ ကျန်းရယ်၏ကိုယ်တွင်းသို့ ဝင်ရောက်သွားသောအခါ ဒဏ်ရာအားလုံး ပျောက်ကင်းသွားရုံသာမက မျက်လုံးမှ အဖြူရောင်များ လင်းလက်လာ၏။

"ဟီး ဟီး"

သူမ၏အသံက မတူကွဲပြားသော လူနှစ်ယောက်၏ ခံစားချက်များ ထင်ဟပ်နေသည်။ ထိုအချိန်၌ ရဲတန်းစီက မြူခိုးတောင်ကြားအတွင်း ရောက်လာသောအခါ ကျန်းရယ်၏ လက်ကျန်အသိစိတ်က အော်ဟစ်လိုက်သည်။ သူမက လက်ကိုဆန့်တန်း၍ ရှေ့တိုးရန် ကြိုးစားလိုက်သော်လည်း ဆရာဖြစ်သူမှာ ရွံရှာဟန်ဖြင့် နောက်ဆုတ်သွားသည်။ သူမက စိတ်ဓာတ်ကျသွားပြီး မျက်ရည်များ ကျဆင်းလာသော်လည်း ခဏအတွင်း အပြုံးတစ်ခုအဖြစ် ​ပြောင်းလဲသွားသည်။

"လနတ်သမီး ဒါက ငါ့တပည့် မဟုတ်ဘူးလား"

"နင်က သူ့ကို ဂရုစိုက်သေးလို့လား။ နင့်တပည့်တွေ အကုန်သေကုန်မှတော့ ဒီတစ်​ယောက်ကို တွန့်တိုမနေပါနဲ့။ ဒီလိုလူငယ်လေးတွေက နတ်ဆိုးရုပ်သေးအဖြစ် အသုံးချဖို့ အကောင်းဆုံးပဲ"

ကျန်းရယ်တစ်ဖြစ်လဲ လနတ်သမီးက တခစ်ခစ်ရယ်မောရင်း ခန္ဓာကိုယ်ကို သဘောကျစွာ စစ်ဆေးနေသည်။

"အချိန်တွေက ပြောင်းလဲသွားပြီ။ မောက်မာမနေနဲ့"

"နင်က ငါ့ကို ရဲကုရင်နဲ့ ခြိမ်းခြောက်ချင်နေတာလား"

ရဲတန်းစီအနားသို့ သူမ မျောလွင့်လာသောအခါ သူက မျက်လုံးများကို ပြတ်ပြတ်သားသား မှိတ်ချလိုက်၏။

"သတိပေးရုံပါပဲ"

သူ၏အသံက ရေခဲပမာ အေးစက်နေသည်။

"သတိပေးတာ ကျေးဇူးတင်ပါတယ်။ တကယ်လို့ သေမျိုးတိုင်းပြည်တွေမှာ ငါနဲ့ ပူးပေါင်းပြီး လုပ်ခဲ့တာတွေကို ထုတ်ဖော်လိုက်ရင် ဓားပင်လယ်မှာ ရဲကုရင် ဘယ်လောက်သိက္ခာကျသွားမလဲ"

သူမက ပခုံးတွန့်၍ ဂရုစိုက်ပုံမရချေ။

"ငါတို့က လမ်းကြောင်းတစ်ခုတည်းမှာ လျှောက်နေတာပဲ။ နင်က ငါ့မျိုးနွယ်ရဲ့ နတ်ဆိုးအမြုတေကို အသုံးပြုပြီး ဓားစက်ကွင်းတစ်ခု ဖန်တီးထားတယ်။ လူသားတွေက လူသားအင်မော်တယ်ဖြစ်လာနိုင်သလို နတ်ဆိုးတွေကလည်း နတ်ဆိုးအင်မော်တယ် ဖြစ်နိုင်တယ်။ လမ်းကြောင်းမတူရင်တောင် ပန်းတိုင်က တစ်ခုတည်းပါပဲ"

လနတ်သမီးရှေ့မှောက်တွင် ရဲတန်းစီက တိတ်ဆိတ်နေပြီး သူမသည် နူးညံ့သော လက်ချောင်းလေးများဖြင့် ရင်ဘတ်ကို ပွတ်သပ်ဆော့ကစားနေ၏။

"ရဲကုရင်ကို စိတ်ချနေဖို့ ပြောလိုက်ပါ။ ငါက နတ်ဆိုးဖြစ်ပေမယ့် မိတ်ဆွေတွေကို သစ္စာမဖောက်တတ်ပါဘူး။ ဒါပေမယ့် ငါ့ကို သတ်ဖို့ ကြိုးစားလာရင်တော့ အကျိုးဆက်က မကောင်းနိုင်ဘူးနော်"

"သူ့လက်ရှိအဆင့်အတန်းက နင့်ကို ကြောက်စရာ မလိုတော့ဘူး"

"ဒါက ခြိမ်းခြောက်တာလား သိချင်ရင် စမ်းကြည့်လိုက်လေ"

သူမ၏ အပြုံးက ထူးဆန်းလွန်းနေသည်။

"ငါ့ဘိုးဘေးတွေ စော်ကားခံရတာကို သည်းမခံနိုင်ဘူး။ ဆယ်ရက်အထိ စောင့်နေရင် ယွမ်ရှောင်ကြောင့် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်။ နင်က လူချောလေးတွေကို သဘောကျတယ်မလား။ သူ့အနားကို ကပ်ချင်လို့ ကျန်းရယ်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးထားတာပဲ"

ရဲတန်းစီက အေးစက်စက်ပြုံး၍ အကူအညီတောင်းလိုက်သည်။

"နင်က သူ့ကို တကယ်ကြောက်နေတာပဲ။ ကောင်းပြီလေ။ သူတို့ကို ခေါ်လိုက်မယ်"

"အသူရာဓားဂိုဏ်းက လမ်းမှန်ဂိုဏ်းတစ်ခုဆိုတာကို မမေ့နဲ့"

"ဟ ဟ နင်က လူကောင်းတစ်ယောက်လား"

"ကောင်းပြီ။ ယွမ်ရှောင်လက်ထဲက ငါ့မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးပြီးရင် ကြိုက်တာလုပ်လို့ရတယ်။ နှစ်ချက်ပဲ သတိထား။ ဒီကောင့်ကို မသေစေနဲ့။ ကျောက်ရန်ရန်ကို မထိခိုက်စေနဲ့"

ရဲတန်းစီက ခဏတာစဥ်းစား၍ ခေါင်းညိတ်ပြလိုက်၏။

"ကြည့်ရတာ ရဲကုရင်က ဒီကောင်မလေးကို မမေ့နိုင်သေးပါလား။ ယွမ်ရှောင်ရဲ့ ဒန်တန်က ငါတို့လို တာအိုမျိုးစေ့ ဖြစ်နိုင်တယ်။ ဒါပေမယ့် အများကြီးနိမ့်ကျတယ်။ သူ့ရုပ်ရည်နဲ့ စွမ်းဆောင်ရည်ကတော့ စိတ်ဝင်စားစရာကောင်းလိမ့်မယ်"

ကျန်းရယ်၏ခန္ဓာကိုယ်နှင့် လနတ်သမီးက ကျေနပ်စွာ ရယ်မောနေပြီး ရဲတန်းစီက ယွမ်ရှောင်၏ပါရမီကြောင့် ပို၍ကြောက်လန့်လာခဲ့သည်။

"အစ်ကိုကြီး"

မဟာခန်းမအတွင်း ရှန်ကွမ်းယု၊ ချန်တုန်နှင့် လီချန်လုံက ကျောက်ကျန်ရှင်းကို အရိုအသေပေးလိုက်ကြသည်။ ယနေ့တွင် ဓားအိမ်တော်ကို အညစ်အကြေးများ စွန်းထင်းသွားလျှင် အရှက်ရစရာဖြစ်သော်လည်း ယွမ်ရှောင်က တစ်ကိုယ်တော် ဖြေရှင်းနိုင်ခဲ့၏။ သူက ရုပ်ရည်ချောမောသော်လည်း ရက်စက်ပြတ်သားတတ်သူဖြစ်ပြီး ကိုယ်ကျင့်စရိုက် ထူးခြားပေသည်။

"ယွမ်ရှောင်က ရဲကုရင်အောက် အားမနည်းဘူး"

ရှန်ကွမ်းယုက လေးနက်စွာ ပြောလိုက်သောအခါ ကျောက်ကျန်ရှင်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။

"အစ်ကိုကြီး ကျုပ်တို့ အရှက်ရမိပါတယ်"

"ဦးလေးတို့ကို အဖေက လုံးဝအပြစ်မတင်ပါဘူး"

ကျောက်ရန်ရန်က ဒူးထောက်ချလိုက်သော ဓားသခင်နှစ်ယောက်ကို နှစ်သိမ့်ပေးလိုက်ခြင်း ဖြစ်သည်။

"နင်တို့နှစ်ယောက် အပြစ်ရှိတယ်လို့ ခံစားရရင် လွန်ခဲ့တဲ့သုံးနှစ်က အမှန်တရားအကြောင်း ထုတ်ဖော်လိုက်"

ရှန်ကွမ်းယုက ခပ်တင်းတင်း ပြောလိုက်သောအခါ ဓားသခင်နှစ်ယောက်သည် အကြည့်ချင်းဖလှယ်၍ ပြတ်သားသော မျက်နှာထားကိုယ်စီနှင့် ချက်ချင်း ထွက်ခွာသွားကြ၏။

"ရန်ရန် ယွမ်ရှောင်ကို သေချာကာကွယ်ထားနော်။ သူသာ ရှိနေရင် ဓားအိမ်တော် မပျက်စီးနိုင်ဘူး"

"ဟုတ်ကဲ့"

"သူ့ကို ဂိုဏ်းရဲ့ ပထမဓားကို လက်ဆင့်ကမ်းလိုက်"

ထို့နောက် ရှန်ကွမ်းယုက လေးနက်စွာမှာကြား၍ ထွက်ခွာသွားသောအခါ ယွမ်ရှောင်က စပ်စုလိုက်၏။

"ပထမဓားဆိုတာက ဓားသိုင်းတစ်ခုလား"

"ဟုတ်တယ်။ လအဆင့်"

ကျောက်ရန်ရန်က ခေါင်းညိတ်ပြလိုက်သောအခါ အသူရာဓားဂိုဏ်း၏ တစ်ခုတည်းသော လအဆင့် ဓားသိုင်းအကြောင်း ကြားဖူးနားဝရှိထားသည့် ယွမ်ရှောင်ကို ပျော်ရွှင်သွားစေသည်။ ၎င်းကို ဓားအိမ်တော်က နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာပြီး ဂိုဏ်းချုပ်အဆက်ဆက်နှင့် ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်များသာ သင်ကြားခွင့်ရခဲ့ကြ၏။ နတ်ဆိုးများ မရေမတွက်နိုင်အောင် သတ်ဖြတ်နိုင်စွမ်းရှိသော ဤဓားသိုင်းကို ရဲတန်းစီက အင်မတန် လိုချင်နေသည်။

"ဒီနေ့ အနားယူလိုက်ပြီး အားမွေးထား။ နောက်ရက်ကျရင် နင့်ကို သင်ပေးမယ်"

ယွမ်ရှောင်က လက်ငင်းသင်ကြားလိုသော်လည်း ကျောက်ရန်ရန်၏ တစ်ချက်လွှတ်အမိန့်ကြောင့် နာခံလိုက်ရသည်။

"အစ်မကျောက် ဓားဝိညာဥ်ပျက်စီးတာကို ကုသပေးနိုင်တဲ့ ဆေးဝါးမျိုး ရှိလား"

သူက ကျောက်ကျန်ရှင်းထံ အကြည့်ရောက်သွားကာ တစ်လုံးချင်း မေးလိုက်သည်။

"ဓားပင်လယ်မှာ ရှိနိုင်တယ်။ နင်က အဖေ့အတွက် ယူပေးချင်လို့လား"

သူမက ဤမေးခွန်းကို မမျှော်လင့်ထားသောကြောင့် အံ့သြသွားခဲ့သည်။

"ဟုတ်ပါတယ်"

"နင်က အဖေ့တပည့်ဆိုပေမယ့် သူက ဘာမှသင်ကြားမပေးနိုင်ဘူး၊ အကြွေးတင်သလို ခံစားမနေပါနဲ့။ ဒီနေ့ နင်လုပ်ပေးခဲ့တာတွေအတွက်တောင် အဖေက ကျေးဇူးတင်ရမှာပါ"

သူမက ခေါင်းတစ်ချက်ယမ်း၍ ဖြောင်းဖျလိုက်သည်။

"ကျုပ်ဘဝမှာ ကျုပ်လုပ်ချင်တာရှိရင် အကြောင်းပြချက် မလိုဘူး။ ပြီးတော့ အစ်မက ပထမဓား လက်ဆင့်ကမ်းပေးမယ်မလား။ ဆရာက သင်မပေးနိုင်ပေမယ့် ဆရာတူအစ်မက ကိုယ်စားသင်ပေးတာဆိုတော့ ကျေးဇူးရှင်ပါပဲ"

ယွမ်ရှောင်က လေးနက်စွာ ပြောလိုက်သည်။

"ရဲတန်းစီက မူလအမြုတေအဆင့်ကို ရောက်နေပြီ။ သတိထားရမယ်"

ကျောက်ရန်ရန်က အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် သတိပေးလာ၏။ ၎င်းအဆင့်က နတ်ပင်လယ်အဆင့်အထက်မှ ဖြစ်ကာ ဤလောက၏ ကျင့်ကြံဆင့်တစ်ခု ဖြစ်သည်။

"ဒါဆိုရင် သူက သန်မာလား"

"ငါနဲ့ ဓားသခင်တွေထက် ပိုပြီးသန်မာတယ်။ ကြယ်အဆင့်မြင့် ဓားဝိညာဥ်၊ ဓားအော်ရာ၂၄ခုနဲ့ ဓားစက်ကွင်းတစ်ခုလည်း ပိုင်ဆိုင်ထားတယ်"

သူမက ဤသို့ရှင်းပြလာသောအခါ ဓားစက်ကွင်းအကြောင်း မသိသော ယွမ်ရှောင်ကို စိတ်ရှုပ်သွားစေသည်။

All Chapters