← Chapters

(ခ) ဂိုဏ်းအတွင်း နတ်ဆိုးများ ကျူးကျော်လာခြင်း

Vol. 5 Ch. 57

(ခ) ဂိုဏ်းအတွင်း နတ်ဆိုးများ ကျူးကျော်လာခြင်း

Vol. 5 Ch. 57

"ခြိမ်းခြောက်မှုတွေမရှိရင် ဘဝက ပျင်းစရာကြီး ဖြစိနေမှာပေါ့။ ဘာကြောက်စရာရှိလို့လဲ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ပြောလိုက်သောအခါ ကျောက်ရန်ရန်၏ မျက်ဝန်းများအတွင်း လေးစားမှုတို့ ထင်ဟပ်နေသည်။ သူ၏စိတ်ဓာတ်ကြောင့် သူမ၏ ဝမ်းနည်းမှုတို့ ပျောက်ကွယ်သွားပုံရသည်။

"ဖုန်းဆိုးမြေစာချုပ်ဆိုတာက ဘာလဲ။ အစ်မကျောက် ပြောလိုက်တယ်မလား"

ယွမ်ရှောင်၏မေးခွန်းကို ကျောက်ရန်ရန်က ထိုစာချုပ်သည် ရှေးဟောင်းမျှော်စင်နှင့် ဖုန်းဆိုးမြေနတ်ဆိုးသခင်၏ သဘောတူညီချက်တစ်ခုဖြစ်ကြောင်း ရှင်း​ပြလိုက်သည်။ ထိုနတ်ဆိုးသခင်သည် နှစ်ထောင်ချီသက်တမ်းရှိပြီး ဖုန်းဆိုး​မြေကိုအုပ်ချုပ်ကာ မြောက်ပိုင်းဖုန်းဆိုးမြေသည် ၎င်း၏လက်အောက်ခံ ဖြစ်သည်။ လူသားများနှင့် နတ်ဆိုးများက သက်ဆိုင်ရာပိုင်နက်များတွင် နေထိုင်ရပြီး ဓားပင်လယ်ရော ဖုန်းဆိုးမြေပါ ကျူးကျော်ခွင့် မရှိချေ။

"ဒါဆိုရင် အသူရာဓားဂိုဏ်းနဲ့ မြောက်ပိုင်းဖုန်းဆိုးမြေက ဘာကြောင့် တိုက်ခိုက်နေတာလဲ"

"သူတို့ရဲ့အမြင်မှာ ဒီလိုတိုက်ပွဲလေးတွေက အရေးမပါဘူးလေ။ ဒါကြောင့် ဝင်မစွက်ဖက်ကြဘူး။ အဖေက ဓားကောင်းကင်ရဲ့ စွန့်ပစ်ခံတစ်ယောက်ဖြစ်တဲ့အပြင် သူကံဆိုးသွားဖို့ကို မျှော်လင့်နေကြတဲ့သူတွေလည်း အများကြီးပဲ။ ဒီစာချုပ်ကြောင့် ငြိမ်းချမ်းရေးယူထားပေမယ့် ရှေ့တန်းကနေရာတွေဟာ အထိခိုက်ဆုံးပဲ။ နင်က ကျင့်ကြံရေးလမ်းကြောင်းကို အခုမှရောက်တာဆိုတော့ တက်ကြွနေပေမယ့် ကျင့်ကြံသူတွေ ဘယ်လောက်ရက်စက်နိုင်ကြောင်း မသိထားဘူး"

"မောင်လေးယွမ် ကောင်းကင်တာအိုက ကွဲပြားပြီး ကျင့်ကြံခြင်းက လောကကြီးကို ဖန်တီးတယ်။ နတ်ဆိုးတွေက ရက်စက်ကြမ်းကြုတ်ပေမယ့် ကျင့်ကြံသူတွေပါပဲ။ ဒါပေမယ့် လူသားကျင့်ကြံသူတွေကတော့ သေမျိုးတွေကို လျစ်လျူရှုထားပြီး ဒီစာချုပ်ကြောင့် ဓားပင်လယ်က လုံးဝမျက်ကွယ်ပြုထားတယ်"

ကျောက်ရန်ရန်၏မျက်လုံးများ နီရဲတောက်ပနေကာ ဒေါသစိတ်တို့ တောက်လောင်နေသည်။

"အဖေနဲ့ တပည့်ခုနစ်ယောက်က ထိခိုက်သွားတဲ့အခါ သေမျိုးတိုင်းပြည်တွေမှာ အပေါ်ယံတည်ငြိမ်နေပေမယ့် နေ့တိုင်း နတ်ဆိုးတွေ ခိုးဝင်လာနေတဲ့အတွက် မငြိမ်းချမ်းတော့ဘူး။ အခုလက်ရှိမှာ သေမျိုးတွေအတွက် အခြေအနေက လွန်ခဲ့တဲ့သုံးနှစ်ထက်စာရင် အများကြီးပိုဆိုးလာတယ်။ အမှောင်ထဲမှာ လူသားတွေသာ စားသောက်ခံနေရပြီး ဝိညာဥ်တွေဝါးမျိုခံနေရကြောင်းကို သုံးနှစ်လုံး ငါ သတင်းပို့ခဲ့ပေမယ့် ဓားကောင်းကင်က အရေးမစိုက်ခဲ့ဘူး"

ဓားကောင်းကင်၏အမြင်၌ စာချုပ်ရှိနေသရွေ့ လောကကြီးကို ရှင်းပြနိုင်မည်ဖြစ်ကာ တစ်ကိုယ်ကောင်းဆန်စွာဖြင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားကြသည်။ သူတို့အတွက် နတ်ဆိုးများကို အသက်စွန့်မတိုက်ခိုက်ချင်သော်လည်း ၎င်းတို့သည် တစ်လက်မဆိုလျှင် တစ်မိုင်အထိ ရှေ့တိုးလာကြပေလိမ့်မည်။

"လောကကြီးအတွက် လူတိုင်းက တာဝန်ရှိပေမယ့် အစွမ်းထက်ကျင့်ကြံသူတွေက လျစ်လျူရှုထားကြတယ်။ ဒါက ဓားသမားတွေတဲ့လား။ အင်မော်တယ်လို့ခေါ်ဖို့ မထိုက်တန်ဘူး။ ငါ နည်းနည်း စိတ်လွတ်သွားတယ်"

ကျောက်ရန်ရန်၏လေသံက တင်းမာနေရာမှ ပြန်လည်တိုးလျော့သွားခဲ့သည်။

"အစ်မကျောက် ဒီလိုဒေါသထွက်နေတာကလည်း ချစ်ဖို့ကောင်းပါတယ်"

ယွမ်ရှောင်က ချီးကျူးလိုက်ခြင်း ဖြစ်သည်။

"တော်စမ်းပါဟယ်။ ဒီစာကြောင့် ဓားပင်လယ်က အရေးစိုက်လာဖို့ မျှော်လင့်တယ်"

သူမက တစ်ချက်ပြုံးလိုက်ပြီး စာကို ခေါက်သိမ်းကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ယွမ်ရှောင်၏စိတ်ထဲတွင် ဓားကောင်းကင်၌ ကျောက်ကျန်ရှင်း၏ ဓားဝိညာဥ်ကို ပြန်လည်ကုသနိုင်သော ဆေးမျိုးရှိလျှင် အရယူမည်ဟု တွေးထားခဲ့သည်။

အမှတ်တစ်ဓားတောင်ထိပ်တွင် တိမ်မည်းများ ဖုံးအုပ်နေသောကြောင့် ညက ပို၍နက်မှောင်နေကာ မြောက်အရပ်မှ မြူခိုးများ လွင့်ပျံလာနေသည်။ တိတ်ဆိတ်မှုက ဂိုဏ်းအတွင်း မြေအောက်ကမ္ဘာတစ်ခုပမာ ထင်မှတ်စေကာ အေးစက်စက်လေပြင်းများ သစ်တောအတွင်း တိုက်ခတ်နေ၏။ တောင်စောင်းတစ်ခုရှိ ခန်းမရှေ့တွင် လူသုံးယောက်ရပ်နေပြီး ရဲတန်းစီ၊ ရောင်မန်ရှယ်နှင့် ကျန်းကျန့်တို့ဖြစ်ကာ တစ်ခုခုကို စောင့်ဆိုင်းနေပုံရသည်။

ထိုအချိန်၌ ကောင်းကင်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားကာ ပန်းရောင်မြူခိုးများအတွင်းမှ ပုံရိပ်တစ်ခုသည် တခစ်ခစ်ရယ်မောရင်း ရောက်ရှိလာသောအခါ ရောင်မန်ရှယ်နှင့် ကျန်းကျန့်က ကြောက်လန့်သွားကာ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

"နတ်ဆိုးရုပ်သေးလေးတစ်ယောက် လွှတ်လိုက်တာကို ဓားသခင်တွေတောင် ကြောက်လန့်နေကြပြီလား"

လနတ်သမီးဝင်စီးထားသော ကျန်းရယ်၏အသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အသူရာဓားဂိုဏ်း၏ အမှတ်တစ်ဓားတောင်ထက်တွင် မြောက်ပိုင်းဖုန်းဆိုးမြေ၏ နတ်ဆိုးသခင်သည် ဓားသခင်သုံးယောက်နှင့် တွေ့ဆုံကြောင်း သိသွားလျှင် တစ်ဂိုဏ်းလုံး စိတ်ဓာတ်ပျက်ပြားသွားနိုင်သည်။

"ဒီနေ့ နင့်ကိုကူညီတာက ရဲကုရင်ကြောင့်ပဲ"

"သူ့ကို ဒီအကြောင်း ပြောပြလိုက်ပါမယ်။ ရဲမျိုးနွယ်​ဝင်တွေကို အသေအပျောက် အနည်းဆုံးနဲ့ ကယ်တင်ပေးပါ။ ရဲကုရင်ရဲ့ဆရာ၊ ငါ့အဖေကို ကယ်တင်ပေးရင် သူက သေချာပေါက် ကျေးဇူးတင်လိမ့်မယ်။ ဒါပေမယ့် ယွမ်ရှောင်ကိုတော့ သတိထားရမယ်။ ဒီကောင်က နည်းနည်း အစွမ်းအစရှိတယ်"

ရဲတန်းစီက လေးနက်စွာ သတိပေးလိုက်သည်။

"ငါ့အကြောင်း နင် သိပါတယ်"

ကျန်းရယ်က ဆွဲဆောင်မှုရှိစွာပြုံး၍ အာမခံလိုက်သည်။ ယွမ်ရှောင်၏ အသက်ဓာတ်ကို ဝါးမျိုပြီးလျှင်​ယောက်ျားဘဝမျိုးတုံးအောင် ပြုလုပ်ရန် ရဲတန်းစီက အမုန်းတရားနှင့် တောင်းဆိုလိုက်ပြီး လက်စားချေချင်နေခဲ့သည်။

"ယွမ်ရှောင်နဲ့ ကျောက်ရန်ရန်က လွဲရင် ဓားအိမ်တော်တစ်ခုလုံး သေရမယ်။ အထူးသဖြင့် ကျောက်ကျန်ရှင်းပဲ"

ရဲတန်းစီသည် ကျောက်ကျန်ရှင်းကို ကြောက်လန့်နေဆဲဖြစ်သောကြောင့် အငှားဓားဖြင့် လူသတ်ချင်နေသည်။ မဟူရာချောက်နက်တွင် နတ်ဆိုးနှစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့သော ကျောက်ကျန်ရှင်းကို တစ်ဖက်လူကလည်း မုန်းတီးနေပြီး အရှင်လတ်လတ် အရေခွံခွာမည်ဟု ကြုံးဝါးနေသည်။ သူမက ကျောက်ကျန်ရှင်း၏ဝိညာဥ်ကို ဆွဲထုတ်ကာ တပည့်ခုနစ်ယောက်၏ ဝိညာဥ်နှင့်အတူ ထာဝရ အကျဥ်းချနှိပ်စက်ရန် ကြံစည်ထား၏။

"ငါတို့ရဲ့ပူးပေါင်းမှုက နောက်တစ်ကြိမ် အောင်မြင်ပါစေ"

"ကောင်းပြီ"

"နင့်ကို မေးစရာတစ်ခု ရှိတယ်။ ကျန်းရယ်က အသက်ရှင်နေသေးတာလား"

ရဲတန်းစီက စိုးရိမ်စွာ မေးခွန်းထုတ်လိုက်၏။

"နင်က သူမကို ဂရုစိုက်နေတာလား။ မသေသေးတဲ့အပြင် ငါတို့လုပ်နေသမျှကိုလည်း အကုန်မြင်နိုင်တယ်။ ဒါပေမယ့် ဘာမှဟန်ဆောင်မနေပါနဲ့။ ငါက ဒီရုပ်သေးကို စွန့်လွှတ်လိုက်ရင် နင့်ကို ဆန့်ကျင်ဖို့ ခွန်အားရှိမှာ မဟုတ်ဘူး"

ကျန်းရယ်၏ မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာသောကြောင့် ရဲတန်းစီက စိတ်အေးသွားပုံပေါ်သည်။

"သူတို့ ရောက်လာကြပြီ။ ဟီး ဟီး"

သူမက ခဏတာရယ်မောပြီး မြောက်အရပ်သို့ တစ်ချက်လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။ ဓားသခင်သုံးယောက်က ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ တိမ်မည်းများအကြားတွင် သစ်တောအတွင်းမှ ပုံရိပ်အချို့ ရောက်ရှိလာနေခဲ့သည်။ ထို့အပြင် အဖြူရောင်မြူခိုးများက ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားပြီး အနီရောင်မျက်လုံး ခြောက်လုံးသည် ရဲတန်းစီကို စိုက်ကြည့်နေသဖြင့် ကြောက်လန့်သွားစေသည်။

"အံ့သြသွားတာလား။ သူတို့နဲ့ဆိုရင် ဓားအိမ်တော်ကို ရှင်းပစ်ဖို့ ပြဿနာမရှိဘူး"

ကျန်းရယ်က ကျေနပ်စွာ ပြောလိုက်သည်။

"ဓားအိမ်တော်က သေချာပေါက် ပျောက်ကွယ်သွားလိမ့်မယ်။ နတ်ဆိုးဧကရီရဲ့ အစွမ်းက ချီးကျူးစရာပါပဲ"

ရောင်မန်ရှယ်က အရှက်မဲ့စွာ ချီးကျူးလိုက်သည်။

"တိုက်ပွဲစရင် နတ်ဆိုးအရှိန်အဝါတွေကြောင့် တစ်ဂိုဏ်းလုံး လှုပ်ရှားလာလိမ့်မယ်။ ငါတို့က အကြောင်းပြချက်ရှာပြီး သူတို့ကို တားမြစ်ပေးမယ်"

နောက်ကွယ်မှသာ ကြိုးကိုင်သူဖြစ်လိုသော ရဲတန်းစီက ပေါ်တင်မတိုက်ခိုက်ဝံ့ပေ။

"ရဲတန်းစီ နင်က တကယ့်ကို အကြံပက်စက်တဲ့လူပဲ"

ကျန်းရယ်က မှတ်ချက်ပေးလိုက်သော်လည်း အသက်ရှင်သူသာ အောင်နိုင်သူဖြစ်ကြောင်း လက်ခံထားသည့် ရဲတန်းစီမှာ စိတ်ထဲမထားချေ။

"အင်မော်တယ်လမ်းကြောင်းမှာ လူသားတွေရော နတ်ဆိုးတွေရော ကောင်းကင်တာအိုရဲ့ လက်အောက်ခံပါပဲ။ ဘာမှမကွဲပြားဘူး"

ဤသို့ဖြင့် ဓားသခင်သုံးယောက်နှင့် နတ်ဆိုးဧကရီ၏ ပူးပေါင်းမှုက စတင်ဖြစ်ပေါ်လာခဲ့သည်။ ရောက်ရှိလာသော နတ်ဆိုးများတွင် အဆင့်တက်သွားသော နတ်ဆိုးမြွေတစ်ကောင်လည်း ပါဝင်နေပြီး ၎င်းက နှစ်ရှစ်ရာသက်တမ်းရှိ အခြားနတ်ဆိုးဘုရင်များထက် ပို၍သန်မာပေသည်။

"မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ နတ်ဆိုးဘုရင်တွေ၊ လနတ်သမီးရဲ့ နတ်ဆိုးရုပ်သေး၊ နှစ်တစ်ထောင်သက်တမ်း နတ်ဆိုးမြွေနဲ့ဆိုရင် ဓားအိမ်တော်က သေချာပေါက် ရှင်းပစ်ခံရလိမ့်မယ်။ မဟုတ်ရင် ငါက ဘိုးဘေးတွေအတွက် ကိုယ့်ကိုကိုယ် သတ်သေပစ်လိုက်မယ်"

ရဲတန်းစီသည် အညစ်အကြေးများ ပြည့်နှက်နေသော ရဲမျိုးနွယ်၏ ဘိုးဘေးခန်းမကို စိုက်ကြည့်ကာ မုန်းတီးစွာ ကြုံးဝါးလိုက်လေသည်။

All Chapters