← Chapters

မြွေနတ်ဆိုးဧကရာဇ်

Vol. 5 Ch. 59

မြွေနတ်ဆိုးဧကရာဇ်

Vol. 5 Ch. 59

ယွမ်ရှောင်၏ မြင်ကွင်းအတွင်း မိန်းမတစ်ယောက်က ပြနေပြီး သစ်ခွပန်းရနံ့များ မွှေးကြိုင်နေကာ တခစ်ခစ်ရယ်သံကိုသာ ကြားနေရ၏။

"ငါတို့ ဒီအတိုင်း ဆက်ဖြစ်နေလို့ မရဘူး"

ကြယ်ပြာက ပြောလိုက်ခြင်း ဖြစ်သည်။

"ဒါဆိုရင် ငါ တစ်ချက်လောက် ကိုက်ပစ်လိုက်မယ်"

လနီက လျှာသပ်၍ ရင်ဘတ်အတွင်းမှ တိုးထွက်လာခဲ့သည်။

"လုပ်ကွာ"

ကြယ်ပြာက အချက်ပြလိုက်သောအခါ လနီသည် ပါးစပ်ကို အစွမ်းကုန်ဟ၍ ကျန်းရယ်၏ရင်ဘတ်ကို အသားကုန် ကိုက်ပစ်လိုက်သည်။

"ငါလခွမ်း ဘာအရသာမှ မရှိဘူး"

၎င်းက စိတ်ပျက်စွာဖြင့် နောက်ဆုတ်လာပြီး သွေးများကို ထွေးထုတ်ပစ်လိုက်သောအခါ သူမ၏အော်သံ နာကျင်စွာ ထွက်ပေါ်လာခဲ့၏။ ဤအော်သံကြောင့် ယွမ်ရှောင်က သတိဝင်လာပြီး အလန့်တကြား နောက်ဆုတ်လိုက်သောအခါ ကျန်းရယ်ကို မြင်လိုက်ရ၏။ သူက မှတ်ဉာဏ်များ ချက်ချင်းကြည်လင်သွားကာ နတ်ဆိုး၏ ဝင်ပူးခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့အပြင် အခြားနတ်ဆိုးများလည်း ရှိနိုင်သောကြောင့် ဓားအိမ်တော် အန္တရာယ်ကျရောက်နေပြီဖြစ်ကာ မျက်လုံးများ နီရဲလာသည်။

"နတ်ဆိုးတွေက ဂိုဏ်းအထဲအထိ ရောက်လာပြီလား"

သူက ဓားကို ချက်ချင်းဆွဲထုတ်၍ ကျန်းရယ်၏နဖူးကို ထောက်ထားလိုက်သောအခါ မျက်လုံးများ ပြူးကျယ်လာ၍ ပန်းရောင်မြူခိုးများ ထွက်ပေါ်လာသည်။

"ထွက်ပြေးချင်တာလား"

သူက ချက်ချင်းလှုပ်ရှားလိုက်သောအခါ မြေခွေးပုံရိပ်တစ်ခုကို ထိမှန်သွားသောကြောင့် ရင်ဘတ်၌ အပေါက်တစ်ခု ဖြစ်ပေါ်နေသည်။

"ယွမ်ရှောင် ငါ့ကိုယ်ပွားကို တိုက်ခိုက်ရဲရင် အသေဆိုးနဲ့ သေစေရမယ်"

"လနတ်သမီး"

ကျန်းရယ်သည် အားပြတ်သွားသဖြင့် မြေပြင်သို့ လဲမကျသွားခင် ဤသို့ရေရွတ်လိုက်သောကြောင့် ယွမ်ရှောင်က တရားခံကို ရိပ်မိလိုက်၏။ မြေခွေးက ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း လည်ပင်းကို သူက ချက်ချင်းဆုပ်ကိုင်၍ ဓားဖြင့် ထပ်ကာထပ်ကာထိုးသွင်းနေရာ ခြေလက်များ အကြောဆွဲသွားသည်။ ထို့နောက် ၎င်းကို မြေပြင်နှင့် ဖိကပ်ထားလိုက်ပြီး ဓားဖြင့် နုတ်နုတ်စင်းလိုက်သောကြောင့် အသံပင်မထွက်နိုင်ဘဲ အသက်ပျောက်သွားသည်။ မြေခွေးများသည် ပုံရိပ်ယောင်ပညာ၌ အစွမ်းထက်သော်လည်း ကျရှုံးသွားသောအခါ ယွမ်ရှောင်၏ လက်ချက်ဖြင့် အော်ပင်မအော်နိုင်ခဲ့ပေ။

"ကျန်းရယ် နင်က ရဲကုရင်နဲ့အတူ သေဖို့ကို ငြိမ်ငြိမ်ထိုင်မစောင့်နိုင်ဘူးလား"

ရဲမျိုးနွယ်ဝင်များ ပျောက်ကွယ်နေသောကြောင့် ရဲတန်းစီနှင့် နတ်ဆိုးများ ပူးပေါင်းနေကြောင်း သေချာသွားခဲ့သည်။

"ငါက ဝင်ပူးခံထားရတယ်"

"ဒါဆိုရင်တောင် ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားနေသေးတယ်မလား"

ယွမ်ရှောင်က သူမ၏အသက်ကို နုတ်ယူရန် ပြင်လိုက်စဥ် မဟာခန်းမအရှေ့တွင် ကျောက်ရန်ရန်နှင့် အကြီးအကဲများသည် သွေးအလူးလူး တိုက်ပွဲဝင်နေရသည်။ နတ်ဆိုးအရေအတွက်က များပြားနေသဖြင့် သူက ရင်ထိတ်သွားကာ ဓားအိမ်တော်အပြင်မှ တိုက်ခိုက်သံများကြောင့် စစ်ကူလာသူများ တားဆီးခံထားရကြောင်း နားလည်လိုက်၏။ ရန်သူများက ဓားအိမ်တော်ကို အဆုံးတိုင်ဖျက်ဆီးရန် ကြံစည်ထားပြီး လနတ်သမီး၏ ကိုယ်ပွားကိုသာ သူက သတ်နိုင်ခဲ့သည်။

"ရဲတန်းစီ မင်းဘဝ သေတာထက် ဆိုးစေရမယ်"

ယွမ်ရှောင်က တစ်ချက်ကြုံးဝါး၍ မဟာခန်းမထံ ပြေးတက်သွားသောအခါ နှစ်ရှစ်ရာသက်တမ်းရှိ နတ်ဆိုးဘုရင်သုံးကောင်ကို တွေ့လိုက်ရသည်။ ၎င်းတို့က ဓားသခင်များနှင့် အဆင့်ချင်းတူညီပြီး လနတ်သမီး၏ကိုယ်ပွားက ယွမ်ရှောင်ကို သတ်နိုင်မည်ဟု ရဲတန်းစီက အပိုင်တွက်ထားသော်လည်း သားရဲလေးသည် ထိုအကြံအား ဖျက်ဆီးနိုင်ခဲ့သည်။ နတ်ဆိုးဘုရင်များက ကြီးမားသော ဝံပုလွေဖြူကြီးများဖြစ်ကာ မျက်လုံးများ သွေးရောင်တောက်ပ၍ လက်သည်းနှင့် အစွယ်များ အလွန်တရာ ထက်ရှ၏။ ကျောက်ရန်ရန်က တစ်ကောင်ကိုသာ တိုက်ခိုက်နိုင်ပြီး စာပို့ရန် အကြီးအကဲဝမ် ထွက်ခွာသွားသောကြောင့် ဓားအိမ်တော်မှာ အောက်စည်းရောက်နေခဲ့သည်။ အဘိုးချင်က နတ်ပင်လယ်အခြေတည်အဆင့် ဖြစ်သော်လည်း အသက်ကြီးရင့်ပြီး မျက်စိမမြင်ရသောကြောင့် အားနည်းနေသည်။ ကျန်အကြီးအကဲနှစ်ယောက်သည်လည်း နတ်ပင်လယ်ပြည့်စုံခြင်းအဆင့်သာ ဖြစ်သောကြောင့် တစ်ကောင်ကို အနိုင်နိုင် တိုက်ခိုက်နေရသည်။

"နင်က ဘယ်သူ့ကိုမှ ကယ်နိုင်မှာ မဟုတ်ဘူး"

ကျန်းရယ်သည် ဓားအိမ်တော်၏ကပ်ဘေးကြောင့် ကျေနပ်စွာ ပြုံးနေပြီး ရဲကုရင်ကို မျှော်လင့်တကြီး တမ်းတနေခဲ့သည်။

"ယွမ်ရှောင်"

ကျောက်ရန်ရန်သည် ယွမ်ရှောင်ကို အလုံးစုံယုံကြည်ထားပြီး ဝံပုလွေအား ကျောပေးကာ အဘိုးချင်အား ကယ်တင်လိုခဲ့သည်။

"ငါနဲ့ တိုက်ခိုက်နေတာတောင် လျစ်လျူရှုရဲတယ်လား"

ဝံပုလွေက နှာခေါင်းရှုံ့လိုက်သော်လည်း သူမ၏စိတ်အတွင်း၌ လူကယ်ရန် အတွေးတစ်ခုတည်းသာရှိကာ လုံခြုံရေးအတွက် ယွမ်ရှောင်အား ပုံအပ်ထားလိုက်၏။

"အစ်မကျောက်"

ယွမ်ရှောင်က ဒေါသတကြီး​ပြေးထွက်သွားကာ ဓားမြှောင်အား ဆယ်ဆင့်ဓားသိုင်းဖြင့် ပစ်ခတ်လိုက်သောကြောင့် လေထဲတွင် ဆယ်ကြိမ် ပေါက်ကွဲသွားခဲ့သည်။ ကျောက်ရန်ရန်၏ကျောပြင်ကို တိုက်ခိုက်ရန် ကြံစည်နေသော ဝံပုလွေကြီးမှာ နေရာ၌ တန့်ခနဲဖြစ်သွား၍ မယုံနိုင်ဖြစ်နေခဲ့သည်။ အပြာရောင် အလင်းတစ်ချက်သည် နောက်စေ့မှ နဖူးသို့ ဖောက်ထွက်သွားကာ ခေါင်းတစ်ခုလုံးပျက်စီး၍ ဦးနှောက်စများ ပြန့်ကြဲကုန်သည်။ ဓားမြှောင်၏ အရှိန်အဟုန်ကြောင့် ၎င်း၏အလောင်းက လွင့်ထွက်သွားကာ မဟာခန်းမ၏နံရံနှင့် ထိမှန်သွားသဖြင့် ခန်းမကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။ နတ်ဆိုးဘုရင်တစ်ယောက်ကို သူက တစ်ချက်တည်း သတ်ပစ်လိုက်သောအခါ ဓားအိမ်တော်တစ်ခုလုံး မယုံနိုင် ဖြစ်နေခဲ့သည်။

ကျောက်ရန်ရန်သည် ယွမ်ရှောင်ကို ယုံကြည်စွာဖြင့် ရန်သူအား ကျောပေးကာ အဘိုးချင်၏ရန်သူကို မိုးနဂါးဓားချက်ဖြင့် တိုက်ခိုက်လိုက်၏။

"မြောက်ပိုင်းဖုန်းဆိုးမြေကို ငါမလာသေးတာတောင် ဂိုဏ်းထဲအထိ လာအသေခံကြတာလား"

ယွမ်ရှောင်က စိန်ခေါ်လိုက်ပြီး ကောင်းကင်သင်္ချိုင်းအား ဖမ်းယူကာ ဓားရှည်အသွင်ပြောင်း၍ နောက်ထပ်ဝံပုလွေတစ်ကောင်ထံ ခုန်အုပ်လိုက်၏။ ၎င်းက အကြီးအကဲနှစ်ယောက်ကို ဒဏ်ရာရစေနိုင်ခဲ့သော်လည်း ကြောက်လန့်စွာ အကူအညီတောင်းလိုက်သည်။

"မြွေဧကရာဇ် မင်း ဘာတွေစောင့်နေတာလဲ"

စကားမဆုံးခင်မှာပင် ယွမ်ရှောင်က ရောက်ရှိလာပြီး ဓားချက်ကျဆင်းလာသောအခါ နဂါးတစ်ကောင်၏ လက်သည်းကုတ်ချက်ပမာ ထင်မှတ်ရသည်။ မိုးနဂါးဓားသိုင်းကြောင့် ဝံပုလွေက တစ်ပေခန့်ရှည်လျားသော လက်သည်းဖြင့် ကာကွယ်လိုက်သည်။ သို့သော် ဓားက ၎င်း၏လက်သည်းကို ပိုင်းဖြတ်သွားကာ သူက အပေါ်သို့ ပင့်ထိုးလိုက်သောအခါ အကာအကွယ်မဲ့နေသည့် မေးရိုးအတွင်း စိုက်ဝင်သွားခဲ့၏။

"ဘုန်း"

ယွမ်ရှောင်က လျင်မြန်စွာဖြင့် ဓားလက်ကိုင်ကို ခြေထောက်နှင့် ကန်ထည့်လိုက်သောအခါ ဝံပုလွေကြီးမှာ လေထဲတွင် တစ်ပတ်လည်သွားပြီး မြေပြင်သို့အကျ၌ အသက်ပျောက်သွားခဲ့သည်။ သူက ဓားကို ချက်ချင်းဆွဲထုတ်၍ ကျောက်ရန်ရန်ကို ကူညီပေးချင်သော်လည်း နတ်ဆိုးဧကရာဇ်ဟူသော အော်သံကို ကြားလိုက်ရသည်။ ဤအဆင့်က ဓားအိမ်တော်ကို တုန်လှုပ်သွားစေပြီး အကြီးအကဲနှစ်ယောက်နှင့် သူ့ကို မျက်လုံးပြူးသွားစေခဲ့သည်။ မြောက်ပိုင်းဖုန်ဆိုးမြေ၌ လနတ်သမီးက နတ်ဆိုးဧကရီဖြစ်သော်လည်း နောက်ထပ်သက်တမ်း နှစ်တစ်ထောင်ရှိသည့် နတ်ဆိုးတစ်ကောင် ထပ်ရှိနေခဲ့၏။ ၎င်းက လနတ်သမီး၏ကိုယ်ပွားနှင့် ရဲတန်းစီထက် ပို၍သန်မာသောကြောင့် သူက အလျင်အမြန် ရှေ့တက်သွားခဲ့သည်။

အနက်ရောင်မြူခိုးများက ဓားအိမ်တော်တစ်ခွင် ဖုံးအုပ်သွားကာ ရုတ်တရက် ထွက်ပေါ်လာသော နတ်ဆိုးကြောင့် ဝံပုလွေနှင့် တိုက်ခိုက်နေသည့် ကျောက်ရန်ရန်မှာ သတိမထားမိခဲ့ချေ။

"ဘုန်း"

မြွေနတ်ဆိုးက သူမကို အမြှီးဖြင့် ရိုက်ချလိုက်သောကြောင့် မြေပြင်သို့ သွေးအလိမ်းလိမ်းနှင့် လဲကျသွားသည်။ သူမက ရုန်းကန်ချင်သော်လည်း အရိုးများကျိုးကုန်သဖြင့် တစ်ကိုယ်လုံး နာကျင်နေရာ မလှုပ်နိုင်တော့ပေ။ မြွေကြီးက သူမကို ပါးစပ်ဖြင့် ကိုက်ချီ၍ ယွမ်ရှောင်အား လှောင်ပြုံးပြုံးပြလိုက်၏။

"အစ်မကျောက်"

ယွမ်ရှောင်သည် ချစ်ရသူ၏ အဖြစ်ဆိုးကြောင့် တစ်ကိုယ်လုံးတုန်ရီနေကာ ဒေါသအလွန်ထွက်၍ ဝမ်းနည်းနေမိသည်။

"အရူးကောင်တွေ ကျင့်ကြံရေးလောကမှာ မှန်တာမှားတာ မရှိဘူး။ ဓားအိမ်တော်ပျက်စီးရင် ငါက လမ်းမှန်ဂိုဏ်းချုပ် အစစ်အမှန် ဖြစ်ပြီ"

ဓားအိမ်တော်အပြင်ရှိ တိုက်ပွဲ၌ မူလအမြုတေအဆင့်ဖြစ်သော ရဲတန်းစီသည် ပြိုင်ဘက်ကင်းနေပြီး ရှန်ကွမ်းယုတို့ကို တိုက်ခိုက်နေ၏။ ဤကမ္ဘာတွင် သူ၏အမြင်၌ လမ်းမှန်ဂိုဏ်းသားများသည် မြေကြီးအတွင်း စောစီးစွာရောက်မည် ဖြစ်သောကြောင့် ကောင်းကင်တာအိုလမ်းကြောင်းတွင် အမှားအမှန် မရှိချေ။

"သူမကို လွှတ်လိုက်စမ်း။ မင်းနဲ့ ငါ တိုက်ခိုက်မယ်"

ယွမ်ရှောင်၏ ငယ်ထိပ်အထိ ဒေါသများ ဆောင့်တက်နေကာ ဓားကို တင်းကြပ်စွာဆုပ်ကိုင်ရင်း စိန်ခေါ်လိုက်သည်။

"မင်းလိုနိမ့်ကျတဲ့ သေမျိုးက ငါနဲ့ တိုက်ခိုက်ဖို့ အဆင့်မမီဘူး"

မြွေကြီးက ရယ်မောလိုက်ရင်း တစ်ချက်ကိုက်လိုက်သောအခါ ကျောက်ရန်ရန်သည် တောင့်မခံထားနိုင်သဖြင့် ပါးစပ်အတွင်းမှ သွေးများအန်ထွက်ရင်း အသက်ဓာတ်များ လွင့်ပြယ်စပြုလာ၏။

"မောင်လေးယွမ် ကြည့်ရတာ နင်နဲ့အတူ သေရည်သောက်ဖို့ နောက်ဘဝမှ ဖြစ်နိုင်တော့မယ်"

သူမ၏အမြင်အာရုံက ဝေဝါးနေသော်လည်း ယွမ်ရှောင်၏ပုံရိပ်ကို မြင်ယောင်နေကာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

All Chapters