← Chapters

အကုန်သေရမယ်

Vol. 5 Ch. 60

အကုန်သေရမယ်

Vol. 5 Ch. 60

"နောက်ဘဝမှ အတူတူသောက်မယ် ဟုတ်လား။ မဖြစ်နိုင်ဘူး"

ယွမ်ရှောင်က ဒေါသတကြီးဖြင့် မြွေနတ်ဆိုးထံ ပြေးဝင်သွားကာ အမြုတေအဆင့်ဖြစ်နေသော်လည်း ကြောက်ရွံ့ခြင်း မရှိချေ။ ဓားစာခံများ မရှိတော့သဖြင့် ရန်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်သော်လည်း ကျောက်ရန်ရန်အတွက် နောက်တွန့်မနေခဲ့ပေ။ ထိုအချိန်၌ မဟာခန်းမအတွင်းမှ ပို၍လျင်မြန်သော ဓားတစ်လက် ထွက်ပေါ်လာကာ မြွေနတ်ဆိုး၏ သေကွင်းသေကွက်ကို ပိုင်းဖြတ်သွားခဲ့သည်။ ရယ်မောနေသည့် ၎င်းက သွေးများ အန်ချလိုက်ပြီး လွင့်ထွက်သွားကာ အရိုးထိနက်သော ဒဏ်ရာတစ်ခု ရသွားသည်။

"ကျောက်ကျန်ရှင်း"

​မြွေကြီး၏ ထူထပ်သော အရေခွံက ဓားချက်ကို ကာကွယ်နိုင်လိုက်သဖြင့် အသက်မသေခဲ့သော်လည်း ဒဏ်ရာပြင်းထန်၏။ ခန်းမအတွင်းရှိ ကျောက်ကျန်ရှင်း လှုပ်ရှားလိုက်ခြင်းဖြစ်ကာ ကျောက်ရန်ရန် လွတ်မြောက်သွားသည်နှင့် တပြိုင်နက် ယွမ်ရှောင်က ပြေးပွေ့လိုက်သည်။

"အဆင်ပြေပါတယ်။ ငါ အဆိပ်မိနေပေမယ့် မသေနိုင်ပါဘူး။ အဖေရော ဘယ်လိုနေလဲ"

ကျောက်ရန်ရန်သည် မျက်ရည်များဝဲလျက် မဟာခန်းမထံ စိုက်ကြည့်လိုက်မိသည်။

"ရန်ရန် စိတ်မပူပါနဲ့။ ဂိုဏ်းချုပ်က အစွမ်းကုန်မသုံးထားလို့ မျှော်လင့်ချက် ရှိပါသေးတယ်"

အဘိုးချင်က နှစ်သိမ့်ပေးလိုက်သောကြောင့် မျှော်လင့်ချက် မရှိသည်ထက်စာလျှင် ပို၍ကောင်းမွန်ပေလိမ့်မည်။

"ကျောက်ကျန်ရှင်းက ထောင်ချောက်ထဲကို ရောက်လာပြီ။ ကျန်တာ ရဲတန်းစီ လုပ်လိမ့်မယ်။ သွားကြစို့"

မြွေနတ်ဆိုးက တစ်ကောင်တည်းကျန်ရစ်သော ဝံပုလွေနတ်ဆိုးကို အချက်ပြလိုက်သည်။ မြောက်ပိုင်းဖုန်းဆိုးနယ်မြေ၏ အကြမ်းတမ်းဆုံး သားရဲဖြစ်သောကြောင့် ၎င်းသည် ဓားချက်ကို ကာကွယ်နိုင်ခဲ့ပြီး ဓားဝိညာဥ် ပျက်စီးထားသော ကျောက်ကျန်ရှင်းမှာ ဤတိုက်ကွက် သုံးလိုက်သဖြင့် သေဆုံးသွားနိုင်သည်။

ယွမ်ရှောင်ကို အကြောက်လွန်နေပြီဖြစ်သော ဝံပုလွေက သစ်တောအတွင်း ချက်ချင်းပြေးသွားသော်လည်း ပေါက်ကွဲသံ ဆယ်ချက်ကို ကြားလိုက်ရ၏။

"ဘာ"

၎င်းက နောက်လှည့်ကြည့်လိုက်သောအခါ ယွမ်ရှောင်သည် တစ်ကိုယ်တော်လိုက်ပါလာ၍ ဓားမြှောင်နှင့် ပစ်ခတ်လိုက်ကြောင်း သိလိုက်ရသည်။

"မင်းတို့ကို သွားခွင့် ပေးထားလို့လား"

ယွမ်ရှောင်က ဆယ်ဆင့်ဓားသိုင်းဖြင့် တိုက်ခိုက်လိုက်သောကြောင့် အလင်းတန်းတစ်ခုပမာ လျင်မြန်လှသော ပစ်ချက်အောက်တွင် ၎င်း၏ဦးခေါင်းမှာ ဟက်တက်ကွဲသွားသည်။

"ဝုန်း"

ဓား​မြှောင်၏အရှိန်က ပြင်းထန်လွန်းသောကြောင့် အသက်မဲ့အလောင်းကြီးမှာ ပေသုံးဆယ်ကျော်အထိ ဒရွတ်တိုက် လွင့်ထွက်သွားကာ မြေပြင်အား သွေးစွန်းစေသည်။

"မြွေနတ်ဆိုး မင်းကို ငါ သတ်မယ်"

ယွမ်ရှောင်က ကောင်းကင်သင်္ချိုင်းကို ဓားရှည်အသွင်ပြောင်းကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းလိုသေမျိုးတစ်ယောက်ကို ငါက ကြောက်မယ် ထင်နေတာလား။ မင်းလိုကောင်မျိုး ဆယ်ယောက်လောက်ကို နေ့တိုင်း စားနေကျကွ"

မြွေနတ်ဆိုးက လှောင်ရယ်လိုက်ပြီး ထူထပ်လှသော အဆိပ်မြူများကို မှုတ်ထုတ်လိုက်ရာ ထိတွေ့သမျှ အရာရာတိုင်း အရည်ပျော်အောင် တိုက်စားသွားခဲ့၏။ သို့သော် စကားမဆုံးခင်မှာပင် တစ်ဖက်လူသည် အဆိပ်မြူများကို အလေးမထားဘဲ နောက်မဆုတ်တမ်း တိုက်ခိုက်လာခဲ့သည်။ ၎င်းက လူငယ်တစ်ယောက်၏ ရန်လိုမှုကြောင့် ဒေါပွသွားကာ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်သည်။

ထိုအချိန်၌ ယွမ်ရှောင်သည် ဆယ်ဆင့်ဓားသိုင်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပြီး ဓားမြှောင်က အဆိပ်မြူကိုကျော်ဖြတ်၍ မြွေကြီး၏ မြင်ကွင်းအတွင်း ရောက်လာခဲ့သည်။ ၎င်းက ဦးခေါင်းထက်ရှိ တစ်ချောင်းတည်းသော ဂျိုဖြင့် ဓားမြှောင်ကို ရင်ဆိုင်ကာ ရှည်လျားသော အမြှီးဖြင့် သူ့ကို ရိုက်ချလာသည်။

"ဘုန်း"

အမြှီးရိုက်ချက်အောက်တွင် သစ်ပင်များပြိုလဲသွားစဥ် ဓားပျံထံမှ ဆယ့်တစ်ကြိမ်မြောက် ပေါက်ကွဲသံ ထွက်ပေါ်လာသောကြောင့် မြွေကြီးမှာ မင်သက်သွားခဲ့သည်။ ဖန်ဆင်းရှင်အင်မော်တယ်၏ ရုပ်ခန္ဓာပိုင်ရှင် ဖြစ်သောကြောင့် ယွမ်ရှောင်သည် ထိုဓားသိုင်း၏ အကန့်အသတ် ကျော်လွန်အောင် အသုံးပြုနိုင်စွမ်း ရှိနေသည်။

"ရွှစ်"

ဓားမြှောင်က ၎င်း၏ဂျိုကို ရှောင်တိမ်းသွားကာ ကျောက်ကျန်ရှင်း တိုက်ခိုက်ထားသော ဒဏ်ရာအတိအကျသို့ စိုက်ဝင်သွားခဲ့သည်။ ၎င်းက နှလုံးသားထံ တိုးဝင်သွားပြီး နှလုံးသွေးများကို အငမ်းမရ ဝါးမျိုလိုက်သောကြောင့် သွေးများ ရေပန်းပမာ ထွက်ပေါ်လာ၏။

"မဖြစ်နိုင်ဘူး"

မြွေနတ်ဆိုးကြီးက ဆိုးရွားစွာ မျက်နှာပျက်သွားကာ နောက်ဆုတ်ရန် ရွေးချယ်ခဲ့ခြင်းသည် ဤဒဏ်ရာလောက်ကို မမှုသောကြောင့် ဖြစ်၏။ သို့သော် လူငယ်တစ်ယောက်က အသူရာဓားဂိုဏ်းချုပ်ထက် ပို၍သာလွန်နေမည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ ၎င်းက ဆယ်ဆင့်ဓားသိုင်းအကြောင်း ကြားဖူးသော်လည်း ၁၁ကြိမ်အထိ ပေါက်ကွဲနိုင်ကြောင်း မသိရာ အငိုက်မိသွားခဲ့သည်။

၎င်းသည် နတ်ဆိုးချီများကို ကောင်းကင်သင်္ချိုင်းထံ စုဝေးကာ ဆွဲထုတ်၍ တန်ပြန်တိုက်ခိုက်ချင်ခဲ့သည်။ ဓားပိုင်ရှင်သေဆုံးသွားလျှင် ဓားဝိညာဥ် ပျက်စီးသွားမည် မဟုတ်ပါလော။

"မင်းက ငါ့ဓားကို ဖျက်ဆီးချင်တာလား"

ယွမ်ရှောင်က အမြှီးရိုက်ချက်ကို နောက်တစ်ကြိမ် ရှောင်တိမ်းကာ ဓားနှောင့်ကို လက်ဝါးဖြင့် ရိုက်သွင်းလိုက်ပြန်သည်။ မြွေကြီးက နာကျင်မှုကြောင့် တွန့်တွန့်လူးသွားကာ အနက်ရောင်ကိုယ်ကြီးထက်၌ သွေးများ စွန်းထင်းနေသည်။

"မင်းရဲ့ ဓားဝိညာဥ်က ငါ့အသွေးအသားတွေကို ဝါးမျိုနိုင်တယ်"

နှစ်တစ်ထောင် နတ်ဆိုးမြွေ၏မျက်လုံးများမှာ မယုံနိုင်ဟန်ဖြင့် ပြူးကျယ်နေပြီး ယွမ်ရှောင်အား စိုက်ကြည့်နေမိသည်။ အကယ်၍ သာမန်ဓားဝိညာဥ်သာဆိုလျှင် အမြုတေအဆင့် နတ်ဆိုးဧကရာဇ်ကို ဖိနှိပ်နိုင်မည် မဟုတ်သည့်အပြင် နတ်ဆိုးချီများကို ဝါးမျိုနိုင်မည် မဟုတ်ချေ။

"အခုမှ သဘောပေါက်သွားရင် နောက်ကျသွားပြီ"

ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး ရန်သူ အားနည်းနေသည်ကို အခွင့်ကောင်းယူကာ ဦးခေါင်းအား လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်ခဲ့သည်။

"ဘန်း ဘန်း ဘန်း"

လက်သီးချက်များကြောင့် မြွေကြီးမှာ တွန့်လိမ်နေစဥ် သူက အမြှီးမှဆွဲကိုင်ကာ မြေပြင်နှင့် အဆက်မပြတ် ဆောင့်ရိုက်ပစ်လိုက်သည်။ နှလုံးတွင် ဓားတစ်ချောင်း စိုက်ဝင်နေပြီး အမြှီးမှဆွဲကိုင်ကာ ရိုက်နှက်ခံနေရသောကြောင့် ကျောရိုး ကြေမွသွားကာ အသားအတွင်းမှပင် အရိုးစများ တိုးထွက်လာ၏။

"ခွေးမသား မင်းကများ အစ်မကျောက်ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့"

"လူသား ငါ ဘယ်သူလဲဆိုတာကို မင်း သိလား။ ငါက ဖုန်းဆိုးမြေ နတ်ဆိုးသခင်ရဲ့ မွေးစားသားကွ"

ယွမ်ရှောင်သည် ဓားရှည်နှင့် ဒဏ်ရာကို ထပ်ကာထပ်ကာ ထိုးစိုက်နေသောကြောင့် နာကျင်မှုကို သည်းခံ၍ မြွေကြီးက ခြိမ်းခြောက်လိုက်သည်။ ဖုန်းဆိုးမြေနတ်ဆိုးသခင်ကို ရှေးဟောင်းမျှော်စင်ပင် မထိရဲသောကြောင့် ဓားအိမ်တော်၏ ကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။

"မင်းက သားအရင်း ဖြစ်နေရင်တောင် သောက်ဂရုမစိုက်ဘူး"

ယွမ်ရှောင်က ၎င်း၏ကျောရိုးမကြီးကို ခန္ဓာကိုယ်အတွင်းမှ အရှင်လတ်လတ် ဆွဲထုတ်လိုက်ရာ ကြောက်စရာကောင်းလွန်းသော နှိပ်စက်မှု ဖြစ်၏။

"အား"

မြွေနတ်ဆိုးက နာကျင်မှုကြောင့် အသည်းခိုက်အောင် အော်ဟစ်လိုက်သော်လည်း ယွမ်ရှောင်က ဓားဝိညာဥ်ကို ပိုမိုနက်ရှိုင်းစွာ ထိုးသွင်းလိုက်၏။

"စောက်ပါးစပ်ပိတ်ထားစမ်း နားညီးတယ်"

"ကျေးဇူးပြုပြီး ချမ်းသာပေးပါ"

နောက်ဆုံးတွင် ၎င်းက အသက်ချမ်းသာပေးရန် တောင်းပန်ခဲ့သော်လည်း နောက်ကျလွန်းသွားကာ ယွမ်ရှောင်၏ ဓားသည် ဒန်တန်ထံ ဦးတည်နေခဲ့၏။

"မင်းဘာသာ အမြုတေအဆင့်မကလို့ ဘာဖြစ်ဖြစ် အစ်မကျောက်အတွက် လက်စားချေရမယ်။ ငါ့အတွက် အဝတ်ချုပ်ပေးဖူးတဲ့ မိန်းကလေးကို စိတ်မပျက်စေရဘူး"

သူက ဓားဖြင့် ဒန်တန်အား ခွဲချလိုက်သောကြောင့် မြွေနတ်ဆိုးမှာ ငယ်သံပါအောင် အော်ဟစ်နေမိသည်။ ထို့နောက် ဒန်တန်အတွင်းမှ အနက်ရောင် အမြုတေတစ်ခုကို ထုတ်ယူလိုက်ပြီး ပဲ့စေပမာ သေးငယ်သော်လည်း စွမ်းအင်ပမာဏက များပြားလွန်းလေသည်။

All Chapters