လက်ဖွဲ့စီရင်ခြင်း
Vol. 9 Ch. 83
ဆေးတွေ ပြည့်နေတဲ့ ညိုဝါရောင် စက္ကူအိတ်ကို ကိုင်ရင်း ဘာ့ဂ်ဒါဟာ လောဆင် ဆေးမြီးတိုဆိုင်ကနေ ယိုင်တိယိုင်တိုင် ထွက်လာပါတယ်။ သံလမ်းသွား မြင်းလှည်းစောင့်ရင်း သူဟာ ရုတ်တရက် သဘောပေါက်သွားပါတယ်။
ဘာဆေးတွေ ထည့်ထားမှန်း မသိတဲ့ အိတ်တစ်အိတ်ကို ဆယ်ပေါင်ပေးပြီး သူ ဝယ်ခဲ့တာကိုပါ။ ဒီပိုက်ဆံက သူ့တစ်လစာပါ။
ဂျွိုင်းနဲ့ အန်နာကို ယုံကြည်လို့သာ သူဟာ ဗေဒင်ကလပ်ကို အဲဒီလောက် ပိုက်ဆံအများကြီး ယူသွားတာပါ။
‘မစ္စတာမိုရက်တီက ဗေဒင်ဟောခ ရှစ်ပဲနိပဲ တောင်းတာ ပိုက်ဆံပိုရအောင် ဒီလောဆင် ဆေးမြီးတို ဆိုင်ရှင်နဲ့ ညှိထားလို့များလား... ဒါက သတင်းထဲမှာ ပါနေကျ အလိမ်ကွက်ပဲ...’ ဒီလိုတွေးမိလိုက်တဲ့ ဘာ့ဂ်ဒါဟာ ကလိုင်းကို နည်းနည်း သံသယ ဝင်သွားပြီး ဂျွိုင်းနဲ့ အန်နာကိုတောင် သံသယဝင်စ ပြုလာပါတယ်။
သံလမ်းသွား မြင်းလှည်း သူ့ရှေ့မှာ ရပ်တဲ့အခါ သူဟာ လက်ထဲက ဆေးတွေကို ကြည့်လိုက်ပါတယ်။ ပြန်သွားလဲဖို့ မဖြစ်နိုင်တာကြောင့် သူဟာ မြင်းလှည်းထဲကို ခြေလှမ်းလေးကြီးတွေနဲ့ တက်လိုက်ပါတယ်။
...
လောဆင် ဆေးမြီးတိုဆိုင်။
ဆိုင်ရှင်ဟာ ဘာ့ဂ်ဒါ ထွက်သွားတာကို ကြည့်ပြီးနောက် ဆေးပင်တွေ ပုံထားတဲ့ ဆိုင်အတွင်းဘက် လှည့်ကာ လှမ်းအော်ပါတယ် “ရှားမင်... ဒီနေ့ကစပြီး ဆေးတွေဝယ်တာ ရပ်တော့”
“ဘာ... ဘာဖြစ်လို့လဲ ဆရာ...” ရုပ်ချောပြီး ဆံပင်တွေ ရှုပ်ပွနေတဲ့ လူငယ်တစ်ယောက် အထဲကနေ ထွက်လာပါတယ်။
ဆိုင်ရှင်ဟာ ပြုံးလိုက်ပါတယ် “ဒါက ငါ့ရဲ့ ကျော်ကြားမှုကြောင့် ရောက်လာတဲ့ ၁၆ ယောက်မြောက် ဖောက်သည်ပဲ... ဒီလိုသာ ဆက်သွားရင် ညသိမ်းငှက်၊ မက္ကန်းနစ်ဟိုက်မိုင်းနဲ့ ဒဏ်ခတ်သမားတွေပါ ငါ့ကို သတိထားမိကုန်လိမ့်မယ်... အဲဒီအချိန်ကျရင် ငါ တခြားမြို့ပြောင်းဖို့ စဉ်းစားရလိမ့်မယ်”
“အဲဒါဆို ကျွန်တော်တို့ ဒီဆိုင်ကို အငှားပြန်ချမှာလား...” ရှားမင်ဟာ နားလည်ကြောင်း ခေါင်းညိတ်ပြီး မေးပါတယ်။
ဆိုင်ရှင်ဟာ ရယ်လိုက်ပါတယ်။
“မင်း နေချင်သပဆိုရင် ဒီဆိုင်ရဲ့ ဆိုင်ရှင် လုပ်လို့ရတယ်... မင်းက ဆေးပင်တွေကို ခွဲခြားနိုင်ပြီး ဆေးဖော် တတ်နေပြီပဲ... မင်းရဲ့ လစဉ်အမြတ်ထဲက တစ်ဝက်ကို ဘက်ကလင်ဘဏ်ရဲ့ နာမည်မဲ့ အကောင့်ထဲ ထည့်ဖို့တော့ မမေ့နဲ့”
“ဒါပေမဲ့ ကျွန်တော်က ဆရာရဲ့ တကယ့်ပညာကို မသင်ရသေးဘူးလေ” ရှားမင်ဟာ တစ်မြို့မှာ တစ်နှစ်ထက် ပိုမနေရတာကို စိတ်ကုန်လာပါပြီ။ ဒါပေမဲ့ သူဟာ သူ့ဆရာရဲ့ တကယ့်ပညာဖြစ်တဲ့ မှော်ဆန်တဲ့ ဆေးဖော်စပ်နည်းတွေကို သင်ယူချင်ပါသေးတယ်။
ဆိုင်ရှင်ဟာ ထိုင်ခုံမှာ အေးအေးလူလူထိုင်ပြီး...။
“အဲဒါက မင်း သင်ချင်တိုင်း သင်လို့တတ်တာ မဟုတ်ဘူး...”
...
ဆူပွက်နေတဲ့ စိမ်းနက်ရောင် အရည်တွေက ဘာ့ဂ်ဒါရဲ့ မြင်ကွင်းထဲမှာ ပေါ်လာပါတယ်။ တစ်နှစ်လောက် မလျှော်ဘဲထားတဲ့ ခြေအိတ်လို အနံ့နဲ့ မသတီစရာ အရောင်က ဘယ်သူ့ကိုမဆို ပျို့အန်တက်စေမှာ သေချာပါတယ်။ ဘာ့ဂ်ဒါဟာ သူကျိုထားတဲ့ ဆေးကို ကြည့်ပြီး သူ ဒီနေ့လုပ်ခဲ့တာတွေကို တော်တော်လေး သံသယ ဝင်သွားပါတယ်။
ကြက်ဖသွေးကို ဆေးထဲ ထည့်တဲ့အခါ သူ့အဖေက သူ့ကို ကြည့်ပြီး စိုးရိမ်တဲ့မျက်နှာနဲ့ ပြောပါတယ် “ငါ့သား... ခွဲစိတ်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်”
ကြက်ဖသွေးဟာ ဆူပွက်နေတဲ့အရည်ထဲမှာ ရောနှောပြီး ပျောက်ကွယ်သွားပါတယ်။ ဘာ့ဂ်ဒါဟာ အသက်အရှည်ကြီး ရှူသွင်းပြီး...။
“ဒီဆေး အသုံးမဝင်ဘူးဆိုရင် ကျွန်တော် ခွဲစိတ်တာကို စဉ်းစားမယ်”
“အရှင်က သားကို မ,စမှာပါ” သူ့အဖေက ရင်ဘက်မှာ တြိဂံပုံ တို့ထိလိုက်ပါတယ်။
ဆူပွက်နေတဲ့ ဆေးရည် အေးသွားချိန်မှာတော့ ဘာ့ဂ်ဒါဟာ ဒီဆယ်ပေါင်တန်ဆေးကို ဖြုန်းပစ်ဖို့ စိတ်ကူးမရှိတဲ့အတွက် ညာလက်ကို မြှောက်ပြီး မျက်လုံးမှိတ်လိုက်ပါတယ်။ အဲဒီနောက် ခေါင်းမော့ပြီး တစ်ကျိုက်တည်း ကုန်အောင် သောက်ချပါတယ်။
အနံ့စူးစူးနဲ့ သွေးညှီနံ့က ပါးစပ်ထဲမှာ စွဲကျန်နေခဲ့တာကြောင့် ဘာ့ဂ်ဒါဟာ ပျို့တက်လာပြီး သောက်ထားရုံရှိသေးတဲ့ ဆေးတွေကို အန်ထွက်လုနီး ဖြစ်သွားပါတယ်။
အဲဒီညမှာ ဘာ့ဂ်ဒါဟာ ဗိုက်နာပြီး ရေချိုးခန်းကို ခြောက်ကြိမ် သွားရပါတယ်။ ကြက်သွေးရောင်လ ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ သူဟာ တခေါခေါနဲ့ အိပ်မောကျသွားပါတယ်။
အချိန်တစ်ခုကြာတဲ့အခါမှာတော့ သူဟာ အလုပ်မှာ သူဌေးရဲ့ အဆူအပူ အငေါက်အငမ်း ခံရတယ်လို့ အိပ်မက်မက်ပြီး ဖျတ်ခနဲ လန့်နိုးလာပါတယ်။
‘တော်သေးတယ်... ငါ ခွင့်သုံးရက် ယူထားလို့... အလုပ်သွားစရာ မလိုဘူး...’ ဘာ့ဂ်ဒါဟာ သက်ပြင်းရှည်ကြီး ချပြီး အရင်ကထက် ပိုလန်းဆန်းနေတာကို သတိထားမိလိုက်ပါတယ်။
ဒါက ပြီးခဲ့တဲ့အပတ်တွေမှာ နုံးခွေနေတဲ့ သူ့အခြေအနေနဲ့ တခြားစီပါပဲ။
ဘာ့ဂ်ဒါဟာ သူ့ဗိုက်ရဲ့ ညာဘက်ခြမ်းကို ဖိကြည့်လိုက်တဲ့အခါ အရင်က နည်းနည်းဖိရင်တောင် နာနေတဲ့ နေရာက သာမန်ဖိအားပဲ ခံစားရတာကို သတိထားမိလိုက်ပါတယ်။
“ဆေးစွမ်းပြတာလား... ဒါပေမဲ့ အဲဒီဆေးဆရာ ငါ့ကို အရူးလုပ်လိုက်တာ အသိသာကြီးပါ...” ဘာ့ဂ်ဒါဟာ အံ့ဩတစ်ဝက် သံသယတစ်ဝက်နဲ့ အိပ်ရာထဲက ထလိုက်ပါတယ်။ အဲဒီနောက် အကြောဆန့်လိုက်တဲ့အခါ တတ်ကြွမှုကို ခံစားလိုက်ရပါတယ်။
သူဟာ အတန်ကြာအောင် တိတ်ဆိတ်သွားပြီး...။
“အဲဒီဆေးဆရာရဲ့ စကားအရဆိုရင် ငါ နောက်ထပ် နှစ်ခွက်သောက်ဖို့ လိုသေးတယ်... ငါ ဆေးသုံးခွက်လုံး သောက်ပြီးရင် ဆေးရုံသွားသုံးပြီး ဆေးစစ်ကြည့်ရမယ်”
“အဲဒီဆေးဆရာက တစ်နေ့ကို ဘယ်နှစ်ခွက် သောက်လို့ရလဲ ဆိုတာလည်း မပြောလိုက်ဘူး...”
“... ဒီဆေးဆရာက လူလိမ်ပဲ ဖြစ်မှာပါ...”
...
ကလိုင်းဟာ ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ နေရာတစ်နေရာကို တောင်းဆိုခဲ့တဲ့အတွက် ဆူးနက်လုံခြုံရေး ကုမ္ပဏီရဲ့ အရပ်ဘက်ဝန်ထမ်းရုံးထဲမှာ တစ်နေရာ ရသွားပါတယ်။
သူဟာ ဓားကို ကိုင်ပြီး စိတ်ဝိညာဉ်စွမ်းအား ထုတ်လွှတ်ကာ ငွေအသုံးအဆောင် နှစ်ခုအပေါ်မှာ မန္တန်နဲ့ သင်္ကေတတွေကို လေးလေးနက်နက် ထွင်းပါတယ်။
မန္တန်က ကပ်ဘေးတွေ မကျရောက်အောင် တောင်းဆိုတာကို ဟာမီးဘာသာနဲ့ ရေးထားတာပါ။ ဂမ္ဘီရသင်္ကေတ နှစ်ခုကတော့ ထာဝရညနတ်ဘုရားမနဲ့ ကပ်ဘေးနဲ့ ချောက်ချားမှုတို့ရဲ့ ဧကရီကို ကိုယ်စားပြုတဲ့ သင်္ကေတတွေပါ။
အဲဒါတွေအပြင် ကလိုင်းဟာ နတ်ဘုရားမနဲ့ သက်ဆိုင်တဲ့ လမ်းကြောင်းနံပါတ် ၇ နဲ့ မှော်ဝိသေသတွေကိုလည်း ထပ်ပေါင်းထည့်ပါတယ်။
အဆောင်နဲ့ လက်ဖွဲ့တွေက မျက်နှာပြင် နှစ်ဖက်စလုံးမှာ ထွင်းဖို့ လိုပါတယ်။ နှစ်ဖက်စလုံးရဲ့ သင်္ကေတတွေ မန္တန်တွေနဲ့ ဝိသေသတွေကို နေရာတူရပါတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း ဂမ္ဘီရနယ်ပယ်က အစီအစဉ်အတိုင်း နေရာချရပါတယ်။ ဒီလို စီရင်ပုံက သာမန်လူတွေကြားမှာ ပျံ့နှံ့နေတယ်ဆိုပေမဲ့ သာမန်လူတွေ သိတဲ့ စီရင်နည်းတွေက အမှားတွေနဲ့ ပြည့်နေပါတယ်။
ကလိုင်းရဲ့ ညာဘက်မှာတော့ ထိခိုက်သွားတဲ့ ပစ္စည်းတွေ ပုံနေပါတယ်။ ထပ်ခါထပ်ခါ လေ့ကျင့်ပြီး သူ့ဆီမှာ လုံလုံလောက်လောက် အရည်အချင်း ရှိပြီဆိုမှ ကလိုင်းဟာ ဘန်ဆင်နဲ့ မလီဆာအတွက် လက်ဖွဲ့ စလုပ်ရဲပါတယ်။
ကလိုင်းဟာ စိတ်ကို တည်ငြိမ်အောင်ထိန်းပြီး သူ့စိတ်ဝိညာဉ်စွမ်းအားကို ဓားဦးကနေ ထုတ်လွှတ်ပါတယ်။ အဲဒီအခါ ငွေအသုံးအဆောင်ရဲ့ မျက်နှာပြင်မှာ နံပါတ် ၇ ပေါ်လာပါတယ်။
သူဟာ မန္တန်နဲ့ သင်္ကေတတွေကို လက်ဖွဲ့ရဲ့ တစ်ဖက်မှာ ထွင်းပြီးပါပြီ။ ကျန်တဲ့တစ်ဖက်ပဲ ထွင်းဖို့ ကျန်ပါတော့တယ်။
ကလိုင်းဟာ ဓားချက်ချလိုက်တဲ့အခါ သူ့စိတ်ဝိညာဉ်စွမ်းအား အကုန်လုံးက အတူတူ ချည်နှောင်မိသွားပြီး ထူးဆန်းခမ်းနား ကြီးကျယ်ကာ ကြောက်စရာကောင်းတဲ့ စွမ်းအင်တစ်မျိုး အခန်းထဲမှာ လိမ့်တက်လာကို ရုတ်တရက် ခံစားလိုက်ရပါတယ်။
ကလိုင်းရဲ့ စိတ်ဝိညာဉ်အာရုံထဲမှာ ငွေအသုံးအဆောင်ရဲ့ မျက်နှာပြင် နှစ်ဖက်စလုံး မန္တန်တွေ ပြီးစီးသွားတဲ့အါ ဒီစွမ်းအင်ဟာ လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားပါတယ်။ အဲဒီနောက် ငွေအသုံးအဆောင်ကနေ အေးချမ်းတဲ့ အနက်ရောင် ဖြာထွက်လာပါတယ်။
သူဟာ ဓားအောက်ချပြီး ငွေအသုံးအဆောင်ကို ပြောင်လက်အောင် ညင်ညင်သာသာ တိုတ်ပါတယ်။ ငွေအသုံးအဆောင်ရဲ့ မျက်နှာပြင်နဲ့ ညင်ညင်သာသာ ထိတွေ့မိရာကနေ အေးမြတဲ့ ခံစားချက်ကို သူ ခံစားလိုက်ရပါတယ်။
“ပြီးပြီ”
ကလိုင်းဟာ စီရင်ပြီးသွားတဲ့ လက်ဖွဲ့နှစ်ခုကို အိတ်ကပ်ထဲ ထည့်ပြီး အခွင့်အရေးတစ်ခု ရှာကာ ဘန်ဆင်နဲ့ မလီဆာကို ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
သာလွန်သူတွေ လုပ်ထားတဲ့ လက်ဖွဲ့တွေက အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒီလက်ဖွဲ့တွေက ဝတ်ဆင်သူကို ကပ်ဘေးတွေကနေ အတိုင်းအတာ တစ်ခုအထိ မသိမသာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလက်ဖွဲ့တွေရဲ့ စိတ်ဝိညာဉ်စွမ်းအားက နည်းနည်းချင်းစီ ယုတ်လျော့သွားပါတယ်။
အဲဒါကြောင့် အဆင့်မြင့် အစီအရင်နဲ့ တွဲဖက် ဆုတောင်းစကားကို မဖန်တီးဘူးဆိုရင် လက်ဖွဲ့တစ်ခုက အများဆုံး တစ်နှစ်အထိပဲ အသုံးပြုနိုင်ပါတယ်။ အဆင့်မြင့် အစီအရင်က စိတ်ဝိညာဉ်စွမ်းအား တော်တော်လေး မြင့်မားဖို့ လိုအပ်ပါတယ်။ ဒါက ကလိုင်း လက်ရှိ တောင့်ခံနိုင်တဲ့အရာ မဟုတ်ပါဘူး။
‘ဒီလက်ဖွဲ့တွေ အစွမ်းကုန်သွားရင် နောက်တစ်ခု ထပ်လုပ်ရုံပေါ့...’ ကလိုင်းဟာ သူ့အတွေးနဲ့သူ ခေါင်းညိတ်ပြီး ရှုပ်ယှက်ခတ်နေတဲ့ စားပွဲကို စရှင်းလင်းပါတယ်။
ကလိုင်းဟာ သူ့အတွက်တော့ လက်ဖွဲ့မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးလက်ဖွဲ့က သူ့အပေါ်မှာ အကျိုးသက်ရောက်မှု သိပ်မရှိလို့ပါ။ အဲဒါကြောင့် သူ့ရဲ့ပစ်မှတ်က မန္တန်တွေကို နက်နက်နဲနဲ နားလည်ပြီး အစီအရင်နဲ့ တွဲစပ်နိုင်အောင် ကြိုးစားဖို့ပါ။ အဲဒါဆိုရင် အသံနဲ့ အသက်သွင်းနိုင်တဲ့ အခံလက်ဖွဲ့တချို့ကို သူ ဖန်တီးနိုင်မှာပါ။
အကုန်လုံး ပြီးသွားတဲ့အခါ ကလိုင်းဟာ ရုံးခန်းထဲက ထွက်ပြီး ထိခိုက်သွားတဲ့ ပစ္စည်းတွေကို ပြန်အပ်ဖို့ ပြင်ပါတယ်။ အဲဒီအချိန်မှာပဲ သူဟာ ကပ္ပတိန်ဒန်းက လေကာဝတ်ရုံနက်နဲ့ လျှောက်လာတာကို တွေ့လိုက်ရပါတယ်။
ဒန်းစမစ်ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ သူ့ကို တွေ့တဲ့အခါ ပြုံးသွားပါတယ်။
“ကလိုင်း... သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းက အတည်ပြုလိုက်ပြီ... အခုကစပြီး မင်း တရားဝင်အဖွဲ့ဝင် ဖြစ်သွားပြီ”
“ဟုတ်လား... အဲဒါ သတင်းကောင်းပဲ” ကလိုင်း ဝမ်းသာအားရ ပြန်ပြောပါတယ်။
ဒန်းစမစ်ဟာ ခေါင်းညိတ်ပြီး အပြုံးနဲ့ ပြောပါတယ် “အင်း... မင်း ဒီအပတ်အတွက်တော့ သုံးပေါင်ရမယ်... နောက်အပတ်တွေကတော့ မင်း ကြိုထုတ်ငွေကို ပြန်ဆပ်လို့ မပြီးမချင်း ၄ ပေါင်ခွဲစီ ရမယ်”
“ဒါနဲ့... ညသိမ်းငှက်ဓလေ့ အကြောင်းကို ငါ ပြောမိသေးလား”
“ပုံမှန် ညသိမ်းငှက် အဖွဲ့ဝင်တိုင်းက မစ်ရှင်တစ်ခုကို တစ်ယောက်တည်း အောင်မြင်အောင် ဆောင်ရွက်ရတယ်... အဲဒါမှ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေက မင်းကို အသိအမှတ် ပြုလိမ့်မယ်... မင်းရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကြောင့် ငါ မင်းကို သာမန်မစ်ရှင်တစ်ခုပဲ ပေးလို့ရတယ်... အဲဒီအချိန်ကျရင် ငါ မင်းကို ထင်းဂန်မြို့က ညသိမ်းငှက်အားလုံးနဲ့ မိတ်ဆက်ပေးမယ်”
ကလိုင်းဟာ မဆိုင်းမတွ ပြန်ဖြေပါတယ် “ဟုတ်ကဲ့ပါ”
ဒီတစ်ပတ်လစာ သုံးပေါင်နဲ့ လျော်ကြေးငွေ ခုနစ်ပေါင်ကို ပေါင်းလိုက်ရင် ဝတ်စုံအသစ် ဝယ်ဖို့က ပြဿနာ မရှိတော့ပါဘူး။ နောက်ပြီး ပိုတဲ့ငွေကလည်း နည်းမှာ မဟုတ်ပါဘူး။
‘အင်း... ငါ့မစ်ရှင်က ဘယ်တော့မှ ရောက်လာမလဲမသိဘူး...’
...
ကလိုင်းဟာ ရုံးတက်ဝတ်စုံ ဝတ်ဆင်ပြီးနောက် သက္ကလပ်ဦးထုပ်ကို ဘရွတ်နဲ့ လက်ကိုင်ပုဝါ သုံးကာ သန့်ရှင်းပါတယ်။ ပြီးတော့မှ ခေါင်းမှာ ဆောင်းပါတယ်။ အဲဒီနောက် မှန်ကြည့်ပြီး ကျေနပ်ပြီဆိုမှ အောက်ထပ် ဆင်းပါတယ်။
အဲဒီအချိန်မှာ မလီဆာဟာ ဘန်ဆင်ရဲ့ အဝတ်အစားကို ခေါင်းအစ ခြေအဆုံး ကြည့်နေပါတယ်။
“ဘာဖြစ်လို့လဲ...” ဘန်ဆင်ဟာ သူ့ညီမအကြည့်ကြောင့် တစ်ခုခု မဟုတ်ဘူးဆိုတာ ခံစားမိပြီး လက်ကိုင်တုတ် မြှောက်ကာ မေးပါတယ်။ သူဟာ သူ့ကိုယ်သူ သေချာပြင်ဆင်ပြီးမှ ဆင်းလာတာမလို့ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိပါတယ်။
မလီဆာဟာ သူ့ကို စိုက်ကြည့်နေတာ ရပ်ပြီး လူကြီးမျက်နှာနဲ့ မေးပါတယ် “ဘန်ဆင်... ဒီဝတ်စုံက အဟောင်းကြီး”
“ဒီနေ့ မွေးနေ့ပွဲမှာ မိန်းမပျိုတွေ မဒမ်တွေ အများကြီး လာတက်မှာ... အစ်ကိုသာ ဒီအတိုင်းသွားရင် သူတို့ကို စော်ကားတယ်လို့ အထင်ခံရလိမ့်မယ်”
ကလိုင်းဟာ ပထမတော့ နားမလည်ပါဘူး။ သို့ပေမဲ့ မလီဆာရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ချက်ချင်း နားလည်သွားပါတယ် “ဘန်ဆင်နဲ့ ငါက သိပ်မကွာဘူး... ငါ့ထက်စီဒိုကို ဝတ်လို့ရတယ်”
ကလိုင်းဟာ သူ ဝတ်စုံအသစ် ဝယ်တာကို ပြောပြီးပါပြီ။ သူ့ရှင်းပြချက်ကတော့ ပစ္စည်းတစ်ခု စစ်ဆေးနေတုန်းမှာ သူ့ဝတ်စုံ စုတ်ပြဲသွားလို့ ကုမ္ပဏီက လျော်ကြေးပေးတယ်လို့ ပြောထားပါတယ်။ သူ လစာတိုးတာကတော့ လောလောဆယ် လျှို့ဝှက်ထားပါတယ်။ သူ့မောင်နှမတွေ လန့်သွားမှာစိုးတဲ့အတွက် နှစ်ဝက်ကျော်မှ ပြောမယ်လို့ ဆုံးဖြတ်ထားပါတယ်။
ဒီရှင်းပြချက်နဲ့တင် ဘန်ဆင်နဲ့ မလီဆာဟာ ဆူးနက်လုံခြုံရေးကုမ္ပဏီကို တော်တော်လေး မနာလို ဖြစ်သွားပါတယ်။ သူတို့မျက်လုံးထဲမှာ ဆူးနက်လုံခြုံရေးကုမ္ပဏီက သူတော်ကောင်းကြီးပါ။
“အဲဒီလောက်ကြီး မလိုဘူးမလား...” ဘန်ဆင်ဟာ အခြေအနေကို သဘောမပေါက်သေးဘဲ ပြန်ပြောပါတယ်။
“မဟုတ်ဘူး... အဲဒါက အရမ်း အရေးကြီးတယ်” ကလိုင်းဟာ ဘန်ဆင်ကို လှေကားပေါ် တွန်းပို့ပြီး “ကျွန်တော်ရဲ့ ထက်စီဒိုကို အဝတ်စင်မှာ ချိတ်ထားတယ်”
ဘန်ဆင် ကြောင်တောင်တောင်နဲ့ အပေါ်ထပ် တက်သွားတာ ကြည့်ပြီးနောက် ကလိုင်းဟာ မလီဆာဘက်လှည့်ကာ ပြုံးလိုက်ပါတယ်။
“မလီဆာ... မွေးနေ့ပွဲကို အသုံးချပြီး ဘန်ဆင် ရည်စားရအောင် ကြံနေတာလား”
ကလိုင်းဟာ ဒီကြားထဲမှာ သတင်းစာတွေ မဂ္ဂဇင်းတွေ တော်တော်လေး ဖတ်ထားတဲ့အတွက် အထက်တန်းလွှာတွေနဲ့ လူလတ်တန်းစားတွေ တက်တဲ့ ပွဲလမ်းတွေက ဘလိုင်းဒိတ်တွေဆိုတာ သိထားပါတယ်။
မလီဆာဟာ လေးလေးနက်နက် ခေါင်းညိတ်ပါတယ်။
“ဟုတ်တယ်... ဘန်ဆင်က ညီမတို့အတွက် အများကြီး စွန့်လွှတ်ခဲ့တာ”
‘ငါ့ညီမရယ်... နင့်လေသံက အမေကျနေတာပဲ...’ ကလိုင်းဟာ မလီဆာကို ကြည့်ပြီး ခေါင်းခါကာ ပြုံးမိလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။