← Chapters

ပြိုင်ပွဲစည်းကမ်းများ

Vol. 3 Ch. 32

ပြိုင်ပွဲစည်းကမ်းများ

Vol. 3 Ch. 32

အတန်းပိုင်ဆရာမ ဝင်လာပြီ။ ဆရာမက ကျွန်တော့ကို ကြည့်ပြီး ပြုံးပြတယ်ဗျ။

“ ကဲ .. ကဲ .. ကလေးတို့ အသံတိတ်တော့။ အကြောင်း အမျိုးမျိုးကြောင့် ကျန်းကုန်း အတန်းပျက်ခဲ့ရတယ်။ အခု ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီဆိုတော့ အရင်ဆုံး ကြိုဆိုလိုက်ကြပါအုံးကွယ် .. ”

စာသင်ခန်းထဲမှာ လက်ခုပ်သံတွေ ဆူညံ့သွားတာပေါ့။

ကျွန်တော်လဲ မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်ရင်း ...

“ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ ”

“ ဟုတ်ပြီ .. သးလေးကျန်းကုန်း မနက်ဖြန်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ဆွတ်ခူးနိုင်ပါစေကွယ် .. ”

ကျွန်တော်လဲ အဲလိုပဲ ဖြစ်ချင်တာပါ။ ဒါကလဲ ကျွန်တော် စိတ်ညစ်စရာကောင်းလောက်အောင် အများကြီး ကြိုးစားအားထုတ်ထားရတဲ့အပြင် ဆရာတိ ခိုင်းထားတဲ့ တာဝန် တစ်ခုလဲ ဖြစ်နေသေးတယ်လေ။ တာဝန်ကျေ အာင်လုပ်နိုင်ပါ့မလားတော့ မသိသေးဘူးဗျာ။

“ ဒီနေ့တော့ သင်ခန်းစာအသစ်တွေ မသင်တော့ဘူး။ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းတွေကိုပဲ ရှင်းပြတော့မယ်။ အားလုံး သေချာနာထောင်ကြနော်။ အခုလုပ်မယ့် ပြိုင်ပွဲက နှစ်ကုန် အကဲဖြတ်ပြိုင်ပွဲအတွက် အထောက်အကူ ဖြစ်လိမ့်မယ်။ ”

ပထမနှစ် ကျောင်းသားတွေက ပြိုင်ပွဲမှာ ဝင်ပြိုင်စရာမလိုဘူးဆိုတော့ ဒုတိယနှစ် ကျောင်းသားတွေက ပထမဆုံးအကြိမ်အဖြစ် ဝင်ပြိုင်ကြရမှာလေ။

ဆရာမက စည်းမျဉ်းစည်းကမ်းတွေကို အသေးစိတ်ရှင်းပြတယ်ဗျ။

ကျောင်းသားတွေကို မဲနှိုက်ခိုင်းပြီး ပြိုင်ဖက်သတ်မှတ်တာဗျ။ ပါရမီရှင်တွေအတွက် စစ်မှန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ စရမှာပဲ။

ပြိုင်ပွဲ စည်းကမ်းတွေက ဒီလိုဒီလို ...

၁။ ။ကျောင်းသားများ၏ မှော်ပညာအဆင့် ပေါ်လွင်စေရန် ဤပြိုင်ပွဲအား တရားမျှတမှုကို အခြေခံသည်။ ပြိုင်ပွဲကာလအတွင်း မှော်သားရဲများ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သည်။

(ဒီအချက်မှာ ကျွန်တော့ မှော်သားရဲကို ထုတ်မသုံးရဲသေးဘူးဆိုတော့ ကျွန်တော့အတွက် ကွက်တိပဲ။)

၂။ ။ ပြိုင်ပွဲအား အဆင့်အလိုက် သတ်မှတ်ကျင်းပမည်။ ထိပ်တန်းအဆင့် (၁၀၀)အတွင်း ရရှိသည့် ကျောင်းသားများသည့် ဆောင်းရာသီ အားလပ်ရက်များအား အပြည့်အဝ ခံစားရမည်။ အဆင့် (၁၀၀) အောက် ကျောင်းသားများမှာမူ အတန်းသစ် တက်ရောက်နိုင်မည့် အရည်အချင်း မပြည့်မှီမချင်း ကျောင်းအတွင်း၌သာ ဆက်လက် သင်ယူ လေ့ကျင့်ရမည်။

(ကျောင်းသားတွေတော့ အစွမ်းကုန်ထုတ်ကြတော့မယ် ထင်တယ် .. ဟီး ဟီး။)

၃။ ။ ပြိုင်ပွဲများအား မဲစနစ်ဖြင့် အနိုင်အရှုံး ဆုံးဖြတ်မည်။ ပထမနှစ်၊ ဒုတိယနှစ် အပြင် တတိယနှစ် ကျောင်းသားများတွင် ဗိုလ်လုပွဲသို့ တိုက်ရိုက်ဝင်ရောက် နိုင်သည့် ကျောင်းသားများ သတ်မှတ်ထားသည်။

၄။ ။ ပြိုင်ပွဲတွင် မဲစနစ်ဖြင့် ပတ်လည်ယှဉ်ပြိုင်ရမည်။ ပထမဦးစွာ (၁၀)ယောက် တစ်အုပ်စု သတ်မှတ်သည်။ တစ်နည်းအားဖြင့် ပြိုင်ပွဲဝင်တိုင်း (၉)ကြိမ် ယှဉ်ပြိုင်ရန် လိုအပ်သည်။ နိုင်ပွဲ အရေအတွက် အရ (၅)ဦးသာ ဗိုလ်လုပွဲ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထို့နောက် ဗိုလ်လုပွဲအထိ ယှဉ်ပြိုင်ရမည့် ရှုံးထွက်ပွဲစဉ်များကို မဲစနစ်ဖြင့် ပြိုင်ဖက်သတ်မှတ်မည်။

(ပဏာမပွဲလို့သာပြောတာ ပြိုင်ဆိုင်မှု တော်တော် ပြင်းထန်မှာဗျ။)

၅။ ။ ပြိုင်ပွဲအား ရပ်တန့်စေသည့်အချိန်တွင် တစ်ဖက်ပြိုင်ဖက်အား ဒဏ်ရာရစေပါက ပြိုင်ပွဲမှ ထုတ်ပယ်သွားမည်။ ပြိုင်ပွဲကွင်းပြင်ပတ်လည် အတားအစည်းနံရံအား မည်သည့်နည်းဖြင့် ထိမိသည် ဖြစ်စေ အရှုံးဟု သတ်မှတ်မည်။ သတ်မှတ်ချိန်ကာလ အတွင်း အဖြေ မပေါ်ပါက ဒိုင်လူကြီးများမှ အနှိုင်အရှုံး ဆုံးဖြတ်မည်။

၆။ ။ မည်သူမဆို ချန်ပီယံ သို့မဟုတ် ထိပ်ဆုံးနေရာတွင် ရောက်နေသူအားအား ချန်ပီယံ သို့မဟုတ် ဒုတိယ နေရာအတွက် စိန်ခေါ်ခွင့်ရှိသည်။ စိန်ခေါ်သူ အနိုင်ရရှိပါက အတန်းတစ်တန်းကျော်လွန်၍ တိုက်ရိုက် တက်ရောက်ခွင့်ရမည်။ ဒုတိယရရှိသည့် ကျောင်းသားသည် အတန်းဝင်ခွင့် စစ်ဆေးပွဲများ ကင်းလွတ်ခွင့်နှင့်အတူ အဆင့်လွန် မှော်ပညာ ကျောင်းသို့ တိုက်ရိုက် ဝင်ရောက်နိုင်သည်။ ပဉ္စမနှစ် ကျောင်းသားကို စိန်ခေါ်အနိုင်ရရှိသူ သို့တည်းမဟုတ် ချန်ပီယံကို စိန်ခေါ်၍ အနိုင်ရရှိသည့် ကျောင်းသားသည် ဤအခွင့်အရေးများ ခံစားနိုင်မည်ဖြစ်သည်။

၇။ ။ ချန်ပီယံသည် စိန်ဒင်္ဂါး (၁၀၀) ဆုအဖြစ် ရရှိမည်။ စိန်ခေါ်သူ အနိုင်ရရှိပါက ဆုငွေ နှစ်ဆ ရရှိမည် ဖြစ်သည်။

ပြိုင်ပွဲ စည်းကမ်းတွေနားထောင်ပြီး တရားမျှတတယ်လို့တော့ ခံစားရတာပဲ။ ချန်ပီယံအတွက် ဆုကြေးက တော်တော်များတာပဲဗျ။ ချန်ပီယံက ရွှေဒင်္ဂါး (၁၀၀၀၀)နဲ့ ညီတဲ့ စိန်ဒင်္ဂါး (၁၀၀) ရမှာလေ။ ကျွန်တော်သာ ချန်ပီယံ ဖြစ်လို့ကတော့ အဖေနဲ့ အမေအတွက် အံ့ဩစရာတွေ တစ်ပုံကြီးပိုက်ပြီး အိမ်ပြန်နိုင်မှာ အသေအချာပဲ။

ဆရာမက ပြိုင်ပွဲအသေးစိတ် အချက်အလက်တွေ ပြောပြပေးတယ်။ ပြိုင်ပွဲကာလထဲမှာ အစွမ်းကုန်ကြိုးစားပြီး တစ်ယောက်ချင်းစီ သင်ယူခဲ့ရတဲ့ အသီးအပွင့်တွေကို အပြည့်အဝ ချပြနိုင်အောင် ကြိုးစားဖို့မှာသေးတယ်။ ကျွန်တော်တို့က (A)ခန်းကဆိုတော့ ဂုဏ်ယူစရာပဲ။ ဒါပေမယ့် ထပ်ဆုံးအဆင့် (၁၀၀)ထဲ မဝင်နိုင်လို့ကတော့ ဆောင်းရာသီကျောင်းပိတ်ရက်က ပြစ်ဒဏ်အနေနဲ့ ငရဲခန်းလေ့ကျင့်ရေးအဖြစ် ပြောင်းသွားလိမ့်မယ်ဗျ။

အတန်းပြီးသွားတော့ ဆုငွေတွေကို ပျော်ပျော်ကြီးသုံးဖို့ စိတ်ကူယဉ်နေတုန်း မာခယ်ကျွန်တော့ကို တံတောင်နဲ့ တို့ပြီး သတိပေးလာတယ်။

“ အကိုကြီး … ဘာတွေတွေးနေတာတုန်း။ ကျန်တဲ့သူတွေအကုန် စာသင်ခန်းထဲက ထွက်သွားကုန်ပြီ။ သွားရအောင်လေ။ ”

“ အာ .. အေး.. အေး .. သွားစို့ .. ”

စာသင်ခန်းထဲက ထွက်လာတော့ ဝေါ်ခယ် ရောက်လာတယ်။

“ ကျန်းကုန်း။ ခုတလော မင်းဘယ်သတ်ဒိုးနေတာတုန်း။ အတန်းလဲမတက်ဘူး။ ”

ဝေါ်ခယ်က သူငယ်ချင်းတစ်ယောက်လို ပါးပုတ်ရင် ပြုံးပြီးမေးတယ်။

ငါမင်းနဲ့ တကယ်ကြီး ရင်းနှီးခဲ့လို့လားဟ။ ကျွန်တော့ ကိုယ့်ဟာကိုယ်တောင် မေးကြည့်မိတယ်။

“ အာ .. ငါ ဟိုင်ရီနဲ့ နောက်ဆုံးယှဉ်ခဲ့တဲ့ အချိန်တုန်းက ငါ့သားရဲ သေသွားတယ်လေ။ ဒါကြောင့် ကျောင်းက ငါ့ကို အားလပ်ရက် ခွင့်ပေးခဲ့တာ။ ”

တခြားသူမေးမယ့် မေးခွန်းတွေအများကြီးရှိမယ်ဆိုတာ ဤဖေကိုယ်က ကြိုမြင်ပြီးသားလေ။ ဘယ်လိုဖြေရမယ် ဆိုတာ ပြင်ထားတာကြာပေါ့ .. အဟွင်း ဟွင်း။

“ အော .. မင်းတော်တော် သောကရောက်ခဲ့တာပေါ့။ အေးလေ မင်းမှော်သားရဲကြီး သေသွားတာတော့ သနားစရာပဲကွ။ နောက်ဆို မင်းအတွက် မှော်သားရဲအသစ် ရှာဖို့ အခွင့်အရေးတော့ ရှိလာမှာပါလေ။ ပြိုင်ပွဲက မနက်ဖြန် စမှာဆိုတော့ အစွမ်းကုန် ကြိုးစားမှရမယ်။ ပြိုင်ပွဲမှာသာ ငါနဲ့တွေ့ရင် ပေါ့ပေါ့လေးနဲ့ ပြီးမယ်တော့ မထင်ဘူး။ ငါမင်းနဲ့ စင်ပေါ်မှာတွေရင်တော့ ပွဲကောင်းတစ်ပွဲဖြစ်ပါစေလို့ မျော်လင့်ထားတယ်။ အော်ဒါနဲ့ .. မင်းသိပြီးပြီလား။ မင်း ဟိုင်ရီနဲ့ နောက်ဆုံးတိုက်ခဲ့တဲ့ ပွဲမှာ မင်းတော်တော်ကြာအောင် ခုခံနိုင်ခဲ့တာဆိုတော့ မင်းအခု ဒုတိယနှစ် ကျောင်းသားဖြစ်နေပြီလေ။ ”

အော။ ဒီဠင်းတက ဒုတိယနှစ် အတန်းခေါင်းဆောင် မရလုပ်ရမှာ ကြောက်နေတာကိုး။ အကြောက်တရား ဆိုတာကလဲ တွန်းလှန်နိုင်ဖို့ အတော်ခဲယဉ်းသားမို့လား။ (လူတိုင်းက ပုံမှန်ဆိုရင် မင်းထင်နေသလို ငတုံးတွေ မဟုတ်ဘူးဟ။)

“ ကျေးဇူးပဲကွာ။ ငါကြိုးရမှာပေါ့လေ။ ငါလဲ မင်းနဲ့ သူတင်ကိုယ်တင် ယှဉ်ကြည့်ဖို့ စောင့်တောင် မစောင့်နိုင်တော့ဘူး။ ”

“ ဒါဆို ငါတို့တွေ အကောင်းဆုံး လုပ်လိုက်ကြတာပေါ့။ ကဲကဲ ငါသွားပြီကွာ .. ”

“ အကိုကြီး ။ ဒါတစ်ခုခု ကြံသွားတာမို့လား။ ”

“ အတိအကျတော့ မပြောနိုင်သေးဘူး။ သူ့ခွန်အားကလဲ တော်တော်ကြီးတယ်ကွ။ ”

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်နဲ့ ယှဉ်ရင်တော့ တော်တော် လိုပါသေးတယ်။ ကျွန်တော့ မှော်စွမ်းအားတွေအကုန်လုံး သိပ်သည်းပြီးပြီလေ။ ဒီတော့ ဒင်းကျွန်တော့ နောက်ကောက်ကျနေပြီးသားပဲ။

“ ဟွင့် ။ ငါစောင့်ကြည့်ပြီး မင်းကိုပြန်ပြောပေးမယ်။ ”

“ မလိုပါဘူးကွာ။ လုပ်မနေနဲ့။ သူ့ကို စင်ပေါ်မှာ တိုက်တာ ပိုကောင်းမယ်။ အခု ဝါးတီးအရင် သွားဆွဲ ရအောင်။ ပြီးရင် ပြန်နားကြတာပေါ့။ မနက်ဖြန် မဲနှိုက်ရင်သာ ငါတို့ ကံကောင်းမလား ကံဆိုးမလား စောင့်ကြည့်ကြတာပေါ့။ ”

ညစာစားပြီး အဆောင်ပြန်တဲ့လမ်းမှာ ကျောင်သား နည်းနည်းနဲ့ ဆုံသေးတယ်။

လမ်းကျဉ်းလေးမှာ ရန်သူနဲ့ တည့်တည့် တွေ့တတ်တယ် ဆိုတာ တကယ်ပဲဗျ။ ဟိုင်ရီနဲ့ သူ့ညီမ ဟိုင်ယွဲ့တို့လေ။ တခြား အထက်တန်းလွှာ နည်းနည်းလဲ ကျွန်တော် မှတ်မိ တယ်။

ဟိုင်ရီ ကျွန်တော့ရှေ့ လျှောက်လာတယ်။ စွမ်းအားတွေနဲ့ တလက်လက်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့ကို ကြည့်နေရော။ ကျွန်တော်လဲ နောက်မဆုတ်ဘဲ ပြန်စိုက်ကြည့်ပစ်တာပေါ့။

စောစောတုန်းက ကျွန်တော်တို့ ညစာစားတုန်း ဟိုင်ရီက မာခယ် အရမ်းနှိမ့်ချ နေလွန်တယ်လို့ ပြောတာ ကြားလိုက်ရတယ်လေ။ ကျောင်းဝန်းကျင်မှာ သူ့မျက်နှာ ပြခဲတယ်ဗျ။ မာခယ် ဟိုင်ရီကို အနှောက်အယှက် မပေးဖူးသေးဘူး။ သူက ကျွန်တော့ သူငယ်ချင်းကောင်း တစ်ယောက်လို့ အသိအမှတ်ပြုထိုက်တယ်။

“ ကျန်းကုန်း။ မင်းအများကြီး တိုးတက်လာတာပဲ။ ငါတောင် မင်းအဆင့်ကို မမြင်နိုင်တော့ဘူး။ အခု ငါလာတာ မင်းကိုတောင်ပန်မလို့။ အဲ့တုန်းက ဖြစ်ခဲ့တာတွေ တကယ်ကို ငါစိတ်မကောင်းပါဘူးကွာ။ အခု မင်းမှော်သားရဲကို ထုတ်လိုက်တုန်းက... ”

ကျွန်တော် လက်မြှောက်ပြီး စကားဆက်မပြောဖို့ တားလိုက်တယ်။

“ ပြိုင်ပွဲမှာ တွေ့ကြတာပေါ့။ ဒီတစ်ခါ ငါ မင်းကို အရှုံးပေးမှာ မဟုတ်တော့ဘူး။ ”

ပြောပြီးတာနဲ့ မာခယ့်ကို ဆွဲခေါ်ပြီး အဆောက်ပြန်လာလိုက်တယ်။

ဟိုင်ရီ လှမ်းပြောလိုက်တဲ့အသံ ကျွန်တော့ နားထဲမှာ ပဲ့တင်ထပ် ပါလာတယ်။

“ ကောင်းတယ်။ ငါမင်းကို စောင့်နေမယ်။ ”

“ အကိုကြီး။ အခုမင်းပုံစံ အရမ်းမိုက်တာပဲ။ စတိုင်ကျတယ်။ ”

“ သွားစမ်းပါ။ သွားအိပ်တော့ကွာ။ ငါဗိုက်ပြည့်ပြီး ငိုက်နေပြီ။ ”

========(*^*)========

အပိုင်း(၃၃) မျှော် ...

မူရင်းစာရေးသူ- ထန်ကျားစန်းရှောက်

ဘာသာပြန်သူ- ငတက်ပြား

All Chapters