အကြိုဗိုလ်လုပွဲ ဖြတ်သန်းခြင်း
Vol. 3 Ch. 35
အစွမ်းထက်လွန်းတဲ့ ကျွန်တော့ ပြန်လည်ကုသရေး မှော်ပညာအောက်မှ သူတဖြည်းဖြည်း ပြန်သတိရလာပေမယ့် အားတော့ နည်းနေတုန်းပဲ။ နောက်ဆုံးတော့ သူ့ အသက်စွမ်းအား ပြန်ထွက်လာပြီ။
“ ကျေးဇူးတင်တယ်ကွာ။ မင်း တော်တော်သန်မာတာပဲ။ ဒီအရှုံးကို ငါလုံးဝလက်ခံပါတယ်။ ”
သူ စိတ်ဓါတ်ကျသံကြီးနဲ့ ပြောတာဗျ။
“ အဲဒီလို မှော်အတတ်တွေ မသုံးစမ်းပါနဲ့ကွာ။ အသက်စွမ်းအင်တွေ လောင်ကျွမ်းပစ်ရတာက အရမ်း အန္တရာယ်များတယ်။ ”
အရင်က ကျွန်တော်လဲ အသက်စွမ်းအား မှော်ပညာကို သုံးခဲ့ဘူးတာဆိုတော့ လူတစ်ယောက်ရဲ့ အသက်စွမ်းအားကို အသုံးချ လိုက်လို့ ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို သေချာသိတာပေါ့။
“ ကျေးဇူးပဲကွာ။ ငါ သေချာမှတ်ထားပါ့မယ်။ ”
ကျန်းမာရေးတာဝန်ကျ ဆရာကလဲ စင်ပေါကနေ ခေါင်းညိတ်ပြီ သဘောတူကြောင်းပြတယ်။ ပြိုင်ဘက်ကို ကျွန်တော်အကူအညီပေးလိုက်တာ သူလက်ခံတယ်ဆိုတာ ထင်ရှားတာပေါ့။
“ ကျောင်းသား ကျန်းကုန်းဝေ နိုင်တဲ့အတွက် အုပ်စု(၁၁)မှာ ပထမ၊ ကျောင်းသား ချာလီအောင်းထယ် ဒုတိယ ဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ ”
သူ့နာမည်ကို အခုထိ ကျွန်တော်မသိသေးဘူး။ သူ့ကိုတော့ သူ့ သူငယ်ချင်တွေ ဝိုင်းပြီး အဆောင် ပြန်ပို့လိုက်ပြီ။ ကျွန်တော့ ရည်မှန်းချက် ပန်းတိုင်ရေက်ဖို့ ခြေတစ်လှမ်းတော့ လှမ်းပြီးသွားပြီပေါ့ဗျာ။
ပရိတ်သတ်ထဲကို ဆရာတိ ရောက်လာတာ ကျွန်တော် တွေ့လိုက်ရတယ်။ မှော်စွမ်းအင် အတက်အကျတွေ ကြောင့် ရောက်လာတာ နေမှာဗျ။ ကျွန်တော့ကို မြင်တော့ သူလက်လှမ်း ပြတယ်။ ပြီးတော့ သူ့အသံက ကျွန်တော့ ခေါင်းထဲ ဝင်လာပါရော ..
“ ဘာတွေ ဖြစ်သွားတာလဲ။ ကျန်းကုန်း မင်းက ဒီလို အထင်ကြီးစရာကောင်းတဲ့ မန္တန်သုံးလိုက်တာလား။ ”
လောလောဆယ် စိတ်အာရုံချင်း ချိတ်ဆက်စကား ပြောတာကို မကျွမ်းကျင်သေးတော့ လွယ်လွယ် အသုံးရဲသေးဘူး။ ဒီတော့ ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်တယ်..
“ ကျွန်တော် ဆရာ့ကို တွေ့တဲ့အထိ ခဏစောင့် ပေးပါ။ ပြီးမှ ကျွန်တော် ရှင်းပြမယ်။ ”
“ ကောင်းပြီလေ။ ဒါဆို ငါသွားတော့မယ်။ ”
မြေကြီးပေါ်ပြန်ရောက်တော့ ချက်ချင်းကို ခရီးတို ရွှေ့ပြောင်းခြင်း မန္တန်သုံးပြီး ကျွန်တော့ကို လူတွေ ကြောက်ပြီး လှမ်းမမေးနိုင်တော့တဲ့ အကွာအဝေး အထိ လစ်ထွက်လာခဲ့တော့ တယ်။ ပထမဆုံး ဆရာတိကို သွားရှာရအုံးမယ်။ သူကျွန်တော့ကို စောင့်နေတာလေ။
“ ဆရာတိ၊ ကျွန်တော်ရောက်ပြီ။ ”
“ ဝင်ခဲ့ .. ”
ကျွန်တော် ဆရာတိ အခန်းထဲဝင်သွားတော့ ထိုင်ဖို့ မျက်နှာရိပ်ပြတယ်။
“ ဘာတွေ ဖြစ်သွားတာလဲ။ ”
“ အကြောင်းက ဒီလိုပါဆရာ …. **+-+** ”
ပြိုင်ပွဲအတွင်း ဖြစ်ခဲ့သမျှ အကြောင်းစုံ အကျဉ်းချုံး ပြောပြလိုက်တယ်။
ဆရာတိ သက်ပြင်ရှည်ကြီးချပြီး ...
“ အာ … နောက်ပေါက် ကလေးတွေကတော့ကွာ။ အသက်စွမ်းအင်ကိုများ ဘယ်လိုတောင် လွယ်လွယ် သုံးနေကြတာလဲကွာ။ မင်းဆိုတဲ့ အပုတ်ကောင်ကြီးကို မင်းမိဘတွေ ပေးထားတာ အမြဲသတိရနေစမ်း။ နောက်တစ်ခု၊ မင်းက သူတပါးရဲ့ အသက်ကို ကယ်ဖို့ ဒါကို သုံးလိုက်သေးတယ်။ ဒါပေမယ့် အခုဟာက သာမန် ပြိုင်ပွဲလေး တစ်ခုပဲလေ။ အနိုင်ရလိုစိတ်က အရမ်းပြင်လွန်းနေကြတယ်။ ကြည့်ရတာ ငါတော့ ကျောင်းမှာ ကယ်ဆယ်ရေး အတန်း ဆိုပြီး သီးသန့် ထပ်ထည့်ပေးရမလို ဖြစ်နေပြီ။ ”
“ စိတ်မဆိုးပါနဲ့ဆရာ။ ကျွန်တော်တို့ နယ်မြေမှာ ပညာရေး အားကောင်းနေသရွေ့ အဆင့်ပြေသွားမှာပါ။ ”
“ ကောင်လေး။ ဒီနေ့ မင်းက အရမ်းအထင်ကြီးစရာ ကောင်းတဲ့ မန္တန်သုံးခဲ့တယ်ဆိုတော့ ဒုတိယနှစ်က ကောင်တွေ မင်းနဲ့ ပြိုင်ဝံ့ကြတော့မှာတဲ့လား။ ”
“ မဖြစ်နိုင်ပါဘူး။ ကျွန်တော့ရဲ့ အတောက်ပဆုံး အင်ပါယာ က အရမ်းအစွမ်းမထက်သေးဘူး၊ ပြီးတော့ ကျွန်တော်လဲ ကောင်းကောင်း အထိန်းချုပ် နိုင်သေးဘူး။ သူ့အစွမ်းရဲ့ (၃)ပုံ(၁)ပုံ ပဲ သုံးနိုင်သေးတယ်။ အဲဒါကို ခုလို စောစောစီးစီး မသုံးချင်ပေမယ့် ဒါကိုသာ မသုံးရင် သူ့တိုက်ကွက်ကို ကျွန်တော် တားနိုင်မှာ မဟုတ်ဘူး။ ”
“ သူ့စွမ်းအား အပြည့်အဝ မသုံးနိုင်တာ မင်းသိတယ်။ အခု ငါတို့ဆီမှာ အလင်းမှော် ပညာရှင် ဘယ်နှစ်ယောက်ရှိလို့လဲ။ မင်းအပေါ် လူတိုင်းတိုင်းကတော့ တော်တော်မြင့်မြင့်ကို အကဲ ဖြတ်ထားကြမှာ။ ဒီတစ်ခါတော့ ဘာပြဿနာမှ မရှိဘဲ မင်း ပျင်းချင်သလောက်သာ ပျင်းတော့ ပေါ့ကွာ ... ”
*******************
ဆရာတိ ခန့်မှန်းထားသလိုပဲဗျ။ တခြား ကျောင်းသားတွေ အရင်နေ့က ကျွန်တော့ မှော်အစွမ်းကို မြင်ထားကြတာဆိုတော့ ကျွန်တော်နဲ့ ပြိုင်ချင်စိတ် မရှိကြတော့ဘူး။ အကြိုဗိုလ်လုပွဲတွေ စပါပြီဆိုကတည်းက ကျွန်တော့ ပြိုင်ဘက်တွေအကုန် လှုပ်လှုပ်ရှားရှားလေး နည်းနည်းလောက် လုပ်ပြီး အရှုံးပေးသွားကြတာကြီးပဲ။ ကျွန်တော့ ပြိုင်ဘက် အဖြစ်စင်ပေါ်ရောက်လာတဲ့သူတိုင်း ပထမဆုံးပြောကြတဲ့စကားက ..
“ ဘာဖြစ်လို့ ငါဒီလောက် ကံဆိုးရတာလဲ။ ”
ပြင်ပြင်းထန်ထန်ကြီး ကြိုးစားအားထုတ် လိုက်ရတာ ကျွန်တော် ထိပ်သီး (၄)ယောက်ထဲ ဝင်သွားရော။ အဟီး။ နဂိုက ရေပန်းအစားဆုံး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဝေါ်ခယ်ကိုတောင် ကျွန်တော် ကျော်တက်လာတာဗျ။
ကျွန်တော်နဲ့ ယှဉ်ရင် မာခယ်က ပိုကြိုးစားရတယ်။ အကြိုဗိုလ်လုပွဲစဉ် တစ်လျှောက်လုံး ခက်ခက်ခဲခဲ ယှဉ်ပြီးမှ အနိုင်ရခဲ့တာ။ ဒီလောက် ခက်ခက်ခဲခဲ တက်ခဲ့ရတာ တောင်မှ ကျွန်တော်နဲ့ မတွေ့ရတာ တော်တော်ကံကောင်းတယ်လို့ ဒီကောင် ခံစားနေရတုန်းပဲ။ အဟီး။
ထိပ်သီး (၄)ယောက်ထဲမှာ (A)ခန်းက ကျွန်တော်၊ မာခယ် နဲ့ ဝေါ်ခယ်တို့ပေါ့။ အဲဒီမှာ မထင်မှန်ဘဲ စတုတ္ထနေရာကို (D)ခန်းက ရေမှော်ပညာတတ် ထားတဲ့ ကောင်မလေးတစ်ယောက်ဗျို့။ သူ့ပွဲ တွေကိုတော့ ကျွန်တော် မကြည့်ဖူးသေးဘူး။ (D)ခန်းထဲမှာ ဒီလောက် သန်မာတဲ့သူ ရှိလိမ့်မယ်လို့ ထင်မထားဘူးလေ။
ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေ သတ်မှတ်ဖို့ မဲနှိုက်ကြတော့ ကျွန်တော်က ပထမဆုံး နှိုက်ရပြီးမှ ကျန်တဲ့သူတွေပေါ့။ ဟိုကောင် မာခယ် တချိန်လုံး ခိုငြီး ငြီးနေသလိုပဲ။ ကြည့်ရတာ သူ ကျွန်တော်နဲ့ မကျချင်တာ ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး ပုံသေတွက်ထားလို့ ရတာမှ မဟုတ်တာ။ ဟီးဟီး .. ကြည့်ရတာ ပွဲကောင်း တစ်ပွဲတော့ ဖြစ်တော့မယ်ထင်တယ်။
စင်ပေါ်ကနေဆင်လာတော့ မာခယ့်မျက်နှာက ခရမ်းသီးပုတ် ရေခဲရိုက်ထားသလို ဖြစ်နေပြီ။
“ မာခယ်။ ဘာဖြစ်နေတာတုန်းဟ။ ”
“ အကိုကြီး။ ဘာကြောင့် ငါဒီလောက် ကံဆိုး နေရတာလဲကွာ။ မင်းနဲ့ တွေ့ရတာ စောနေတယ်။ ”
“ ဘာလို့ ဒီလောက်ဆိုးရမှာလဲဟ။ ငါ မင်းကို တကယ်ကြီး အနိုင်မယူပါဘူးဟ။ ဘယ်လို ဖြစ်နေရတာလဲ။ ”
ဒီကောင် ဘာဖြစ်လို့ သူ့ကိုယ်သူ ယုံကြည်မှု နည်းသွားရတာတုန်း။
“ မင်းမသိပါဘူးကွာ။ ဒါပေမယ့် ဆရာလုံ ငါ့ကို ပြောတာတော့ မင်းနဲ့ငါက အဆင့်တူတွေ မဟုတ်ဘူးတဲ့။ ငါက မင်းထက် အများကြီး ပျော့ညံ့တယ် ပြောပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့ပဲ ပြောနေတာ။ ”
ဒါက သူ့ဆရာ ပြောသလို ဟုတ်နေတာကိုး။ ဟီး ဟီး။ ဒါမှ မဟုတ်ရင် ဒီကောင် ကျွန်တော်နဲ့ တိုက်ရမှာ ဘာလို့ကြောက်နေရမှာတုန်း။ သူ့ဆရာ ဆိုတာက ကျောင်တော်ကြီးရဲ့ ဒုကျောင်အုပ်ဖြစ်တဲ့ ရှင်းသဲလုံ လေ။ သူ့ပြောစကားတွေမှာ လွှမ်းမိုးမှုတွေပါတာ ထုံးစံပဲလေ။
“ မနက်ဖြန် ကြိုးစားကြတာပေါ့ကွာ။ စစ်ဆေးပွဲ နေ့တုန်းကလိုပဲ ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ ငါတော့ ထင်တယ်။ မကြိုးစားကြည့်ဘဲနဲ့ မင်းမနိုင်ဘူးလို့ မင်းဘလိုသိနေရတာတုန်းဟ။ ”
“ ကောင်းပြီကွာ။ ”
******************
သိချာတာတော့ ထိပ်သီး (၄)ယောက်ရဲ့ ပွဲဆိုတော့ ဒုတိယနှစ်က ကျောင်းသားတွေအားလုံးနီးပါး တက်တက်ကြွကြွကို လာကြည့်ကြတာ။ မာခယ်နဲ့ ကျွန်တော် စင်ပေါ်ရောက်တော့ ..
“ မာခယ်။ ကိုယ့်ကိုကိုယ် ချိုးနှိမ်မထားနဲ့။ ကြည့်နေတဲ့သူတွေ အများကြီးပဲဟ။ ”
မာခယ် ကျွန်တော့ကို အားတင်းပြုံးပြပြီး သူ့တိုက်ကွက် စလိုက်တယ်။
မာခယ့်ရဲ့ အားသာချက်က သူ့မှော်ပညာ ထိန်းချုပ်မှု အရမ်းအားကောင်းတာလေ။ သူ ကျွန်တော့ရဲ့ တည်နေရာ ရွှေ့ပြောင်းခြင်းကို မကြောက်ဘူး။ ဒါကြောင့်မို့ သူက အစွမ်းထက် တိုက်ခိုက်ရေး မှော်မန္တန်နဲ့ စလိုက်တာ။
“ အို မီးဒြပ်စင်အပေါင်း ကျွန်ုပ်အနားမှာ စုဝေးပြီး မီးနဂါးအသွင်နဲ့ မင်းရှေ့က ရန်သူကို ချေမှုန်း ပစ်လိုက်ပါ။ ”
ဘာလဲဟ။ မနေ့တုန်းကပဲ ဒီကောင် ကျွန်တော့ကို အနိုင်မယူနိုင်လောက်ဘူးပြောသေးတယ်၊ ဒီနေ့ စွတ်ကြမ်းနေပါလား။ ပွဲစတာနဲ့ မီးနဂါးတဲ့လေ။ ဒီ မီးမန္တန် တိုက်ကွက်က ဟိုနေ့က တိုက်ခိုက်တဲ့ ကောင်းကင်ဘုံရဲ့ ဒေါသမီးတောက်ထက် အားမနည်းဘူးဗျို့။
မာခယ့်အနားမှာ မီးနဂါးကြီးပေါ်လာတယ်။ သူ့ကို လှည့်ပတ်ပြီး ကျွန်တော့ဆီ တိုက်ကွက်ရောက် လာပါရော။
ကျွန်တော့ရဲ့ အလင်းတံတိုင်း အကာအကွယ်က အားကောင်းနေပြီ ဆိုပေမယ့် သူ့ မီးနဂါးနဲ့တော့ ထိပ်တိုက် မတိုးရဲသေးဘူး။ ကျွန်တော် ဘာကိုသုံး လိုက်ရရင် ကောင်းမလဲ။ ဟင်းလင်းပြင် တံတိုင်း ကလဲ မတားနိုင်လောက်တော့ ဒီလို စွမ်းအားပြင်း တိုက်ကွက်ကို မဖြေရှင်းနိုင်လောက်ဘူး။
“ အို အလင်းဒြပ်စင်အပေါင်း ကျွန်တော်တောင်း ဆိုပါတယ်။ ကျွန်တော့ ခေါင်းထက်မှာ စုဝေးလို့ အလင်းမုဒြာအဖြစ်နဲ့ ရန်သူ ထိုးဖေါက်မှုတွေကို တားဆီးလိုက်ကြပါ။ ”
အဆင့်မြင့် ခံစစ်အလင်းမှော်မန္တန် အလင်းမုဒြာ က ကျွန်တော့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာတယ်။
အလင်းမုဒြာက ကျွန်တော့ ခန္ဓာကိုယ်ကနေ (၃)ပေလောက်အထိ တံတိုင်းတစ်ခုလို ဖွဲ့စည်းပြီး မီးနဂါးနဲ့ ရင်ဆိုင်လိုက်တယ်။ ဒါတောင် မီးနဂါးက ပျက်စီးမသွားဘဲ တစ်ပါတ်လှည့်ပြီး နောက်ကို ပြန်ခုတ်ဆုတ်သွားတယ်ဗျ။ မာခယ့် ခွန်အားကလဲ တော်တော်ကောင်းတာပဲ။ အကြိုဗိုလ်လုပွဲစဉ် တစ်လျှောက်လုံးမှာ အဲ့ကောင် ဒီမန္တန်သုံးတာ မတွေ့ဖူးသေးဘူး။
ကျွန်တော်လဲ ကျွန်တော့ မှော်စွမ်းအားတွေစုစုပြီး သူ့ရဲ့ တိုက်ကွက်တွေကို ထပ်တစ်လဲလဲ ကာကွယ် နေလိုက်တယ်။ ကျွန်တော် ပြောနိုင်တာ တစ်ခုက မီးနဂါးကို ထိန်းချုပ်ဖို့ ဒီကောင် စွမ်းအားတွေ တော်တော်ထုတ်ရမယ်။ သူ့ကြည့်ရတာ ကြာကြာ ခံတော့မယ့်ပုံ မပေါ်ဘူး။
“ အကိုကြီး ။ အခု ငါ့ဝှက်ဖဲ သုံးတော့မယ်။ ”
ဘာကြီး။ ဒီကောင့်မှာ ဝှက်ဖဲရှိတယ်လား။
မာခယ် မီးမှော်စွမ်းအားတွေ စုစည်းပြီး စရွတ်တော့တာပဲ။
ပရိတ်သတ်ထဲမှာတော့ ဆရာတိက ဆရာလုံကို နှုတ်လှမ်းထိုးလိုက်တယ်။
“ ဘာလဲကွ။ မင်းစုဆောင်းထားသမျှ ထဲကနေ ဒီကလေးကို မီးနတ်ဘုရားဒေါသ ကို တကယ်ပေးလိုက်မလို့လား။ ”
ဆရာလုံကလဲ ငြိမ်ခံမနေဘူး ပြန်ပက်တာပေါ့။
“ မင်းကရော အဲ့ကလေးကို အလင်းနတ်ဘုရားရဲ့ ဝတ်ရုံ မပေးလိုက်လို့လား။ ”
ပရိတ်သတ်ထဲမှာ လူကြီးနှစ်ယောက် စကားနိုင်လု နေချိန်မှာ ပြိုင်ပွဲစကတည်းက ကျွန်တော့အတွက် စိန်ခေါ်မှုတွေ တန်းကိုစီလို့။ မာဆယ် မန္တန်ရွတ်လို့လဲ ပြီးရော ပင်ပေါင်ဘောလုံးလောက် ရှိတဲ့ အနီရောင်အလုံးလေးတစ်ခု သူ့မှော်စွမ်းအား ကနေထွက်လာတယ်။ ဒါပေမယ့် ဒါက ဟာသတစ်ခု မဟုတ်မှန်း ကျွန်တော် အလိုလို သိနေတာဗျ။ ဒါ မီးနဂါးထက် ပိုပြီးကြောက်စရာ ကောင်းပြီး အရမ်းသန့်စင်တဲ့ စွမ်းအားလုံး တစ်ခုပဲလေ။
========(*^*)========
အပိုင်း(၃၆) မျှော် ...
မူရင်းစာရေးသူ- ထန်ကျားစန်းရှောက်
ဘာသာပြန်သူ- ငတက်ပြား