မှော်မန္တန်ကို ချိုးဖျက်ခြင်း
Vol. 3 Ch. 38
ဟိုင်ယွဲ့ အချိန်စောင့်ပြီး ကျွန်တော့ကို တိုက်ခိုက်ဖို့ အခွင့်အရေးပေးနေသလိုပဲ။ သူ့ ကာကွယ်ရေး မန္တန်သုံးပေမယ့် မသေချာမှာကိုကြောက်နေတာ။
ကျွန်တော့ တိုက်ခိုက်မှုတွေကြောင့် တော်တော်အထိနာလာတဲ့အခါ ဟိုင်ယွဲ့ နှာခေါင်းလေးကို ချစ်စရာကောင်းအောင် ရှုံ့လိုက်ပြီး မျက်လုံးတွေကတော့ ဒေါသငွေ့တွေနဲ့ ဝင်းဝင်းတောက်နေပြီ။ တိုက်ခိုက်ချက်တွေကို ခုခံကာကယ်ရင် သူတစ်ခုခုကို အော်ဟစ်ရေရွတ်နေတယ်ဗျ။ ရွတ်တာမှ ရက်ပါတွေတွေ ရွတ်သလိုကိုရွတ်နေတာ။ မန္တန်လဲမဟုတ်သလို ဘာတွေမှန်းလဲ ကျွန်တော်မသိဘူး။ တိုက်ခိုက်တာကိုပဲ ကျွန်တော် ဆက်တိုက်ဆက်လုပ်နေလိုက်တယ်။ ခဏကြာတော့ တစ်ခုခု မှားနေသလို ဖြစ်လာတယ်။ သူ့အရှိန်က တဖြည်းဖြည်း မြန်လာတယ်လို့ ဘာလို့ခံစားနေမိပါလိမ့်။ မဟုတ်သေးပါဘူး။ ဖြေးဖြေချင်း နှေးသွားတာဗျ။ ဘာတွေဖြစ်နေတာတုန်းဟ။ စူးစူးဝါးဝါးအော်သံက တဖြည်းဖြည်း ပိုပို ပြင်းထန်လာတယ်။ ဒါကြီက အကျွင်းမဲ့အနှောက်ယှက် မဟုတ်ဘူးလား။ အကျွင်းမဲ့အနှောက်ယှက်ဆိုတာ ဆရာပြောပြထားတွေနဲ့လဲ မတူပါလားဟ။
ကျွန်တော့နားထဲ မင်လယ်လှိုင်းလုံးကြီးတွေ ဝင်ဝင်စောင့်နေသလိုပဲ။ ခေါင်းလဲမူးလာပြီ။ ကျွန်တော့ လှုပ်ရှားမှုတွေလဲ နှေးလာပြီ။
“ဒါ မကောင်းတော့ဘူး”
ပွဲကြည့်စင်ပေါ်က ဆရာတိ သူ့ဟာသူ ရေရွတ်မိလိုက်တယ်။ တဆက်တည်း သူ့ဘေးနားက ဆရာလုံကို ပြောလိုက်သေတယ်။
“ဒီမိန်းကလေး ရှင်းမျိုးနွယ်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက် (၃)ခုထဲက ရေနဂါးဟစ်ကြွေးခြင်း နဲ့ အကျွင်းမဲ့အနှောက်ယှက် ကို ပေါင်းစပ်သုံးနိုင်လိမ့်မယ်လို့ မျှော်လင့်မထားမိဘူး။ ဒီတခါ ကျန်းကုန်းတော့ ရှုံးဖို့ သေချာသွားပါပြီကွာ”
“ဟုတ်ပ။ အဲ့ကျောင်းသား တော်တော်အစွမ်းထက်တယ်။ အရင်ပွဲတွေတုန်းကထက်ကို ပိုအားကောင်းလာတာ။ မင်းတပည့်တော့ ကိစ္စပြတ်ပြီပဲ”
ကျွန်တော့လက်ထဲမှာ မာခယ်ရှုံးထားတာကြောင့် ဆရာလုံ ကျွန်တော်ကံဆိုးမိုးမှောင်ကျနေတာကို ကျေနပ်နေတာဗျ။
“မင်း… မင်း..မင်း…”
ဆရာတိ သူ့နှုတ်ခမ်းမွှေးတွေကို ပွတ်ရင်း ဒေါသတကြီး စိုက်ကြည့်နေတယ်။
စင်မြင့်ပေါ်မှာတော့ အခြေအနေ မကောင်းတော့ဘူးဆိုတာ ကျွန်တော် ကောင်းကောင်းသဘောပေါက်ပြီး အကောင်းဆုံး ကာကွယ်မှုတွေ ကမန်းကတန်း လုပ်လိုက်ရတယ်။ ထိထိရောက်ရောက် မဟုတ်ပေမယ့် နည်းနည်းတော့ သက်သာသွားတယ်လို့ ခံစားရတယ်လေ။
ဟိုင်ရှင်း အခွင့်အရေးတစ်ခု ရလာပြီဆိုတာသိလိုက်တာနဲ့ သူ့လက်တွေကို လေထဲမှာ စက်ဝိုင်းပုံ လှုပ်ရှားလိုက်တယ်။ အစိမ်းရောင် အလင်းတန်းတစ်ခုက ကျွန်တော့ကို ဝိုင်းပတ်လာတယ်။ ဒါသူ့မျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံးမန္တန် ဖြစ်တဲ့ အကျွင်းမဲ့အနှောက်ယှက် ဆိုတာ ကျွန်တော်သိနေပြီ။ လောလောဆယ်တော့ လွတ်လမ်းရှာမတွေ့သေးဘူးဗျ။ ဟိုင်းရှင်းရဲ့ မှော်စွမ်းအားတွေ ကုန်ဖို့ မျှော်လင့်ချက်နဲ့ ကာကွယ်ရေး မန္တန်တွေသာ အထပ်ထပ် ရွတ်နေမိတော့တယ်။
သွားပြီ။ ကျွန်တော့ မျှော်လင့်ချက်တွေတော့ ရေစုန်မျောပါပြီဗျာ။
ကျွန်တော့ ပတ်ဝန်းကျင်မှာ ကြီးကြီး သေးသေး မန္တန်တွေ ဘယ်လောက်တောင် ပိတ်စို့ထားလဲ ကျွန်တော်မသိတော့ဘူး။ လောလောဆယ်တော့ အစိမ်းရောင် အလင်းတန်းတစ်ခုပဲ မြင်နေရတယ်။ မန္တန်အလယ်မှာတော့ ဘက်ပေါင်းစုံကနေ ပြောမပြတတ်လောက်အောင်ပြင်းထန်တဲ့ ဖိအားတွေ ကျွန်တော်ခံနေရပြီ။ ကျွန်တော့ ခန္ဓာကိုယ်က ရွှေရောင်အလင်းစက်ဝန်းကလဲ မြန်မြန်ကြီး အကောင်အထည်ဖော်နေတယ်။ ကျူးကျော်ထိုးဖောက်လာတဲ့ မန္တန်ကို ကာကွယ်ရေး အလွှာတွေ အဆက်မပြတ်ခုခံနေရပြီ။
အခုအချိန်မှာတော့ အဲ့မန္တန် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ နဖူးတွေ့ဒူးတွေ့ ကျွန်တော်နားလည်သွားပြီ။ ကျွန်တော့ မှော်စွမ်းအားတွေက ကျွန်တော်မှန်းထားတာထက်ကို အရှိန်အဟုန်နဲ့ ကုန်နေတာ။ ကျွန်တော် ဘာလုပ်ရင်ကောင်းမလဲ။ ကျွန်တော် လုပ်နိုင်တာတွေ အကုန်စဉ်းစားကြည့်လဲ ဒီဒုက္ခကို ကျော်နိုင်တာ တစ်ခုမှမတွေ့ဘူး။
ဟိုင်ရှင်းကတော့ ဒီအချိန်မှာ ချစ်စရာကောင်းလောက်အောင်ကို ပြုံးနေတော့တာ။ နိုင်ပွဲက သူ့အတွက်သေချာနေပြီလေ။ ကျွန်တော့ မှော်စွမ်းအားတွေ ကုန်မယ့်အချိန်ကို စောင့်နေတာမို့ မှော်တိုက်ခိုက်မှု သေးသေးလေးတောင်မှ ထပ်မလုပ်တော့ဘူး။ ဘယ်လိုပဲနေနေ သူ့မန္တန်က အနိုင်ရဖို့ သေချာပြီးသားဖြစ်နေမှတော့ နောက်ထပ် မှော်စွမ်းအားတွေ အလဟသ ဘာလို့ဖြုန်းတီးနေတော့မှာလဲ။ ဆိုတော့ ရှုံးတော့မယ့် ကျွန်တော့ကို ပြုံးပြုံးကြီး ထိုင်ကြည့်နေယုံပဲလေ။
ကျွန်တော့ ခံစစ်ဒိုင်းကာက အဆက်မပြတ် ကျုံ့ပြီးပါးလွှာလာပြီ။ အလယ်ဗဟိုမှာရှိတဲ့ ကျွန်တော့ဆီကို စွမ်းအားပြင်းပြင်းတွေ စုပြုံတိုးဝင်လာနေပြီ။ ကျွန်တော့နောက်ဆုံးလက်ကျန် အကာရံဒိုင်းလွှာကို မန္တန်က ဖျက်စီးပစ်လိုက်ပြီ။ အစိမ်ရောင် အလင်းတန်းထဲမှာ ကျွန်တော့ပုံစံက ကောက်ညှင်းထုပ်တစ်ခုလိုကို ဖြစ်နေတော့တာ။ အစိမ်းရောင်အလင်းတွေဝါးမျိုလိုက်လို့ ကျွန်တော့မှာ မှော်စွမ်းအားတွေ ခြောက်ခမ်းသွားပြီထင်ရလောက်အောင် နာကျင်နေရပြီ။ နောက်ထပ် ထူးခြားချက်တစ်ခုက ဘယ်မှော်ဒြပ်စင်တစ်ခုတစ်လေကိုမှ အာရုံခံ ချိတ်ဆက်ကြည့်လို့ မရတော့ဘူး။ ကျွန်တော် လုံးလုံးကို ချိတ်ပိတ်မိနေပြီ။ လက်ထဲမှာ ရေလုံးလေးကို ကိုင်ညှစ်နေတဲ့ ဟိုင်ရှင်းကိုကြည့်ပြီး ကျွန်တော် ဝန်မခံချင်လို့ကို မရနိုင်တော့သလို ခံစားလာရတယ်။ သေချာတယ် ရှုံးတော့မှာ။
ကျွန်တော် အရှုံးပေးလုဆဲဆဲမှာ မထင်မှတ်ပဲ ရှောင်ကျင်းနိုးလာပြီး ကျွန်တော့ကိုယ်ထဲမှာ ပြင်းပြင်ထန်ပြန် လှုပ်ရှားမှုူတစ်ခု ဖြစ်သွားတယ်။ ဘာလဲဟ။ ကျွန်တော်အံ့ဩတာက ကျွန်တော့ မှော်စွမ်းအားတွေ ချိတ်ပိတ်ခံထားရတာလေ ။ ကျွန်တော့ ခန္ဓာကိုယ်ထဲက ရှောင်ကျင်းကိုလဲ ချိတ်ပိတ်ခံထားရမှာပဲမဟုတ်ဘူးလား။ သူဘယ်လိုများ နိုးလာပြီး လှုပ်လှုပ်ရှားရှားဖြစ်နေရပါလိမ့်။
သ့်စိတ်ဝိညာဉ် လှုပ်ရှားနေတာနဲ့အမျှ ကျွန်တော့ခေါင်းထဲ အပ်နဲ့ထိုးသလို နာကျင်မှုတွေ ခံစားနေရပြီ။ ဘယ်လောက်တောင် အားပြင်းလာသလဲဆို ကျွန်တော့ခေါင်းကြီး ပေါက်ကွဲတော့မလိုပဲ။ လုံးဝကို မခံစားနိုင်တော့တာ။ လက်နှစ်ဖက်လုံး ခေါင်းပေါ်တင်ထားပြီး အဆုတ်ထဲကနေ အက်ကွဲသံပြီးတစ်ခု လှိုင်ထွက်လာပါလေရော။
အဲ့အော်သံကပဲ ကျွန်တော့ကို ဒုက္ခတောထဲက ကယ်တင်လိုက်တာဗျို့။ ဟိုင်ရှင်းကို ကြည့်လိုက်တော့ သူ့လက်ထဲကိုင်ထားတဲ့ ရေဘောလုံးလေး ရုတ်တရက် ကွဲထွက်သွားတဲ့အထိ လန့်သွားတဲ့ပုံပဲ။ သူကိုယ်တိုင် ဒီလိုမဖြစ်နိုင်ဘူးလို့ တရားသေမှတ်ထားတာလေ။ ကျွန်တော့အပေါ် သူသုံးထားတဲ့ အကျွင်းမဲ့နှောက်ယှက်မှုက တိုက်ခိုက်နိုင်စွမ်းမရှိဘူးဆိုရင် သူ့အတွက် နောက်ဆက်တွဲ ရလဒ်က ဘာဖြစ်သွားနိုင်မလဲ။
ကျွန်တော သေလုမတတ် နာကျင်မှုဒဏ် ခံနေရတယ်။ မြေပေါ်လဲကျလုလုအချိန် ခေါင်းထဲကနေ ပေါက်ကွဲသံတစ်ခု ထွက်လာသလို ခံစားမိလိုက်တယ်။ အားလုံး ဗလာနတ္ထိဖြစ်သွားသလိုပဲ။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် အာရုံ(၆)ပါးစလုံး တစ်ချိန်တည်း ဆုံးရှုံးသွားပါရောလား။
ပရိသတ်လဲ အံဩလွန်းလို့ အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြီ။
ကျွန်တော့ အထက်ဒန်တျန်ကနေ တောက်ပတဲ့ အလင်းကွက်လေးတစ်ခု ပေါ်လာတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ ပျံ့နှံ့သွားပြီးတော့ ကျွန်တော့ကို လွှမ်းခြုံထားတဲ့ အလင်းနယ်မြေတစ်ခုလို ပြောင်းလဲသွားတာဗျ။ ရွှေရောင် အလင်းနယ်မြေက အကျွင်းမဲ့အနှောက်ယှက်ကို ပိတ်စို့ချေမှုန်းလိုက်တာ နှင်းရည်စက်ကလေးတွေလိုမျိုး အရေပျော်ကျသွားပါလေရော။
ဒီလို ရင်သတ်ရှုမောဖွယ်မြင်ကွင်းက ပရိသတ်အားလုံး အထိတ်တလန့်ဖြစ်ကုန်တဲ့အထိပဲ။ ဟိုင်ရှင်းရဲ့ နှုတ်ခမ်းလေးများဆို ဝိုင်းစက်နေရော။
ဆရာတိနဲ့ ဆရာလုံ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး…
“သူ့ မှော်မန္တန်ကို ချိုးဖျက်လိုက်စမ်းကွာ”
ဆရာတိက ထူးထူးခြားခြားကို စိတ်လှုပ်ရှားသွားပြီး…
“အဲ့ကောင် ဘယ်လိုများ လုပ်လိုက်ပါလိမ့်။ ချိတ်ပိတ်ထားတာကို ဘယ်လိုမျိုး ချိုးဖျက်လိုက်တာတုန်း။ ဒါကြီးက နဂါးမျိုးနွယ် တစ်ခုပဲ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်တာလေ”
(နဂါးများ။ ။ နဂါးမျိုးနွယ်သည် ဤတိုက်ကြီးပေါ်၌ ကြောက်မက်ဖွယ်အကောင်းဆုံးမျိုးစိတ်တစ်ခုဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး မှော်စွမ်းအင်များကို ထူးကဲ့စွာခံနိုင်ရည်ရှိကြသည်။ တိုက်ကြီးတစ်ခုလုံးအတိုင်းအတာဖြင့် လက်ရုံးရေတိုက်ခိုက်မှုတွင်လည်း အပြင််းထန်ဆုံး တိုက်ခိုက်နိုင်သူများ ဖြစ်ကြသည်။ အဆင့်မြင့် နဂါးများသည် မှော်ပညာအသုံးပြုနိုင်ပြီး လူသားများထက်ပင် အသိနှင့် ဉာဏ်ပညာ သာလွန်ကြ၏။ ၎င်းတို့သည် ငြိမ်းချမ်းရေးကို မြတ်နိုးသော မျိုးနွယ်ဖြစ်ပြီး လူမြင်ကွင်းအတွင်း ထွက်ပေါ်လာမှုမှာ အလွန်ရှားတောင့်ရှားခဲသာဖြစ်ပေသည်။ အကယ်၍ အလွန်အမင်း ကံကောင်းထောက်မစွာဖြင့် ကြုံတွေ့ခဲ့ရပါမူ နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေး စိတ်ဝိညာဉ်စာချုပ် ချုပ်ဆိုရန် လုံလောက်ပြီဟု မှတ်ယူနိုင်ပြီး နှစ်ဖက်ဆက်ဆံရေးသည်လည်း အလွန်တရာ ခိုင်ခန့်လှပေ၏။ တိုက်ကြီးတစ်ခုလုံးတွင်မှ ရှိရှိသမျှသော နဂါးအကောင် ရေအတွက်မှာ (၃၀၀)ထက်မပိုချေ။ နဂါးများသည် သက်တမ်းအလွန်ရှည်လျှားစွာ အသက်ရှင်နေထိုင်နိုင်ပြီး အနှစ် တစ်သောင်းနှင့် အထက်အထိပင် ရောက်နိုင်ပေ၏။ သို့တိုင်အောင် ဤအရာနှင့် ဆန့်ကျင်ဖက်တစ်ခုမှာ မျိုးဆက် ပျံ့ပွားမှုသည် အလွန်အမင်းခက်ခဲလွန်းကြသည်။ ဥတစ်လုံးပေါက်ရန် အချိန်ကာလ အလွန်ကြာမြင့်သည့်အပြင် အရေအတွက်မှာလည်း လွန်စွာကျဲပါးလွန်း၏။ တိုက်ကြီးပေါ်တွင် နဂါးများဆိုသည်မှာ ဒဏ္ဍာရီမှတ်တမ်းများအတွင်း၌သာ မြင်တွေ့ခွင့်ရှိသော အရာများဖြစ်ချေသည်။ နဂါးကို မျက်မြင် ဒိဌ မြင်တွေ့ဖူးသူဟူ၍ လက်ချိုးရေတွက်၍ပင် ရနိုင်ပေ၏။ သို့ဖြစ်၍ ယခု ကျန်းကုန်း၏ ခန္ဓာကိုယ်ပေါ်မှ နဂါးမှော်ပညာ အရိပ်အငွေ့များ ထွက်ပေါ်လာမှုကို ဆရာတိနှင့် ဆရာလုံတို့ အထူးအဆန်းသဖွယ် အံ့ဩနေကြခြင်းဖြစ်ပေသည်။)
တခြား ပရိသတ်တွေကတော့ ကျွန်တော် ဟိုင်ရှင်းရဲ့ မှော်မန္တန်နဲ့ ချိပ်ပိတ်ထားတဲ့အထဲကနေ ကြက်ကန်းတိုးပြီး ထွက်လာနိုင်တယ်ထင်လို့ အံ့ဩနေကြတာဗျ။
အခုအခြေအနေတွေက ဘယ်ကနေဘယ်လိုဖြစ်ကုန်တယ်ဆိုတာ ကျွန်တော်လဲမသိဘူး။ ကျွန်တော့ ခန္ဓာကိုယ်ကလဲ ကျွန်တော်ကိုယ်တိုင် နားမလည်နိုင်တဲ့ဟာကြီးတစ်ခုလိုမျိုးပဲ ခံစားနေရတယ်။ တဖြည်းဖြည်းနဲ့ ခံစားချက်တွေ ပြန်ရလာတယ်။ အာရုံ(၆)ပါးလဲ တစ်ခုပြီးတစ်ခု ပြန်ရလာတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တုန့်ပြန်နိုင်ဖို့ မှော်တုတ်တံလေး သုံးလိုက်ရတဲ့အထိပဲ။ ဟိုင်ရှင်းကို ကြည့်လိုက်တော့ ခေါင်းငုံ့ပြီး မှင်တက်နေတုန်းပဲရှိနေသေးတယ်။ ကျွန်တော့မှာ မှော်စွမ်းအင် ဘယ်လောက်ကျန်သေးလဲဆိုတာ စစ်ကြည့်လိုက်တော့ အခြေခံ မန္တန်တွေကိုတောင် သုံးနိုင်တယ်ဆိုယုံလေးလောက်ပဲ ကျန်တော့တယ်။
“ငါမရှုံးနိုင်ဘူး။ ငါ့ဆရာတိအတွက် ငါရှုံးလို့မရဘူး။ ရှောင်ကျင်း အတွက် ငါရှုံးလို့မရဘူး။ ဆရာရှု အတွက် ငါရှုံးလို့မရဘူး။ နောက်ဆုံးဆုံးပိတ် အတွက် ငါရှုံးလို့မရဘူး။
စိတ်ဆန္ဒ ပြင်းပြင်းတွေနဲ့ ခဲရာခဲဆစ်ကျန်နေတဲ့ မှော်စွမ်းအင်လေးကိုပဲ စုစည်းလိုက်ပြီး ဟိုင်ရှင်းရဲ့နောက်ကို လေဟာနယ် ရွှေ့ပြောင်းလိုက်တာပေါ့။ နောက်ပြီးတော့ အကာအကွယ်မဲ့နေတဲ့ ကောင်မလေးကို ခန္ဓာကိုယ် ခွန်အားသက်သက်နဲ့ပဲ တွန်းထုတ်ပစ်လိုက်တာ စင်ပေါ်ကနေ ပြုတ်ကျသွားပါလေရော။
“အရှက်ကိုမရှိဘူး”
“တကယ့်ကို စိတ်ပျက်စရာကောင်ပါကွာ။ ဒီလောက် သိက္ခာမဲ့တဲ့ လှည့်ကွက်မျိုး သူမို့လုပ်နိုင်တယ်”
“ကောင်မလေးကို ထိဖို့တောင် မစဉ်းစားနဲ့ ဟေ့ကောင်”
......
မဆုံးနိုင်တဲ့ အပြစ်တင်ပြောဆိုသံတွေ ကျွန်တော့နားထဲ ဝင်လာပါလေရော။ ကျွန်တော်ကတော့ မတ်တပ်ရပ်နိုင်ဖို့တောင် မှော်တုတ်တံလေးနဲ့ မနည်းထောက်ထားရတာ။ ကျွန်တော့ အရူးတစ်ယောက်လိုဖြစ်နေတဲ့ ကုသရေး အကြီးအကဲ တစ်ယောက်ကို…
“ဆရာသခင်… အောင်နိုင်သူ မကြေငြာရသေးဘူးနော်…”
အဲ့တော့မှ အကြီးအကဲက ချက်ချင်းပဲ..
“ကျောင်းသူ ဟိုင်ရှင်း စင်ပေါ်ကနေ ကျသွားတဲ့အတွက် အနိုင်ရရှိသူကတော့ ကျောင်းသား ကျန်းကုန်းဖြစ်ပါတယ်…”
============= (*^*)=============
အပိုင်း(၃၉)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား