← Chapters

ငါသတ်လိုက်မိပြီ

Vol. 3 Ch. 41

ငါသတ်လိုက်မိပြီ

Vol. 3 Ch. 41

အိပ်ဆောင်ကို အရင်ပြန်လိုက်တယ်။ အခန်းဖေါ်တွေ တစ်ယောက်မှ မရှိကြတော့ဘူး သွားကုန်ကြပြီလေ။ ကျွန်တော်လဲ ပြန်ချင်ဇောနဲ့ ပစ္စည်းတွေ မြန်မြန်သိမ်းတော့တာပေါ့။

ပစ္စည်းတွေသိမ်းပြီးတာနဲ့ တဖက်ခန်းက မာခယ့်ဆီသွားလိုက်တယ်။ မာခယ်လဲ ဒဏ်ရာတွေ လုံးဝကို ပြန်ကောင်းလုလု အခြေအနေပဲဗျ။

ကျွန်တော်ဝင်လာတာမြင်တော့ မာခယ်ကုတင်ပေါ်ကထပြီး..

“အကိုကြီး မင်းပြန်လာပြီလား။ ဘယ်လိုနေသေးလဲ”

“တော်တော်ကောင်းသွားပြီကွ၊ မင်းရောဘယ်လိုနေသေးလဲ။ အိမ်ပြန်ကြဖို့ပဲရှိတော့တယ်”

ခါခယ် လက်မောင်းကြွက်သား ညှစ်ပြရင်း…

“ဘာပြဿနာမှ မရှိတော့ဘူး။ ငါပြန်ကောင်းလာပြီကွ။ ငါ့ဆီ ထပ်မလာနဲ့တော့နော်။ ငါလဲသွားတော့မှာ”

“ဒါဆိုလဲ နှုတ်ဆက်စကားပြောကြရအောင်ကွာ။ အိမ်အမြန်ပြန်ချင်နေပြီ။ အရမ်းလွမ်းနေပြီကွ”

“ခဏစောင့်ကွာ၊ အပြင်ထုတ်ထားတဲ့ ပစ္စည်းလေး နည်းနည်းသိမ်းလိုက်အုံးမယ်။ အတူသွားကြတာပေါ့”

မာခယ် ပစ္စည်းတွေသိမ်းပြီးတာနဲ့ အဆောင်ကနေ အတူတူထွက်လာခဲ့လိုက်ကြတယ်။

“မာခယ်၊ ဟိုင်ရီမင်းဆီလာသေးလား”

သူ့ကတိကို ကိုယ်တိုင်မဖြည့်ပေးနိုင်သေးတော့လဲ နောက်ကြုံတဲ့အချိန်ကျမှ စိန်ခေါ်ရသေးတာပေါ့။

“သူလာလယ်သေးတယ်။ မင်းဒဏ်ရာအခြေအနေကိုမေးပြီးတော့ မင်းက တော်တော်ရက်စက်တဲ့ကောင်လို့ ပြောသွားတယ်ကွ။ ဒီကောင် မင်းကို အနိုင်မယူနိုင်တော့ဘူးလို့ ငါထင်တယ်။ နောက်ကျရင် အခွင့်အရေးတွေ ကျန်ပါသေးတယ်ကွာ။ နောင်တရစရာ အကြောင်းမရှိပါဘူး။ အဲ့ပွဲမှာ မင်းလုပ်ပြသွားတာတွေက ရှယ်ပဲ”

“ဟီး ဟီး…။ နောက်နှစ် ကျောင်းဖွင့်ချိန်ထိစောင့်ကြတာပေါ့ကွာ။ ဟိုင်ရီကို စိန်ခေါ်ဖို့ အခွင့်အရေးတွေ အများကြီးတွေ့ ရအုံးမှာပါ။

ကျောင်းတော်ကြီး အပေါက်ဝမှာ ခွဲခွာကာနီး နှစ်ယောက်သား မျက်လုံးတွေနီရဲရဲနဲ့ တစ်ယောက်ပုခုံးတစ်ယောက်ပုတ်လို့..

“ကိုယ်ကိုကိုယ် ဂရုစိုက်”

“အကိုကြီး ငါတို့အတူဖြတ်သန်းခဲ့တဲ့ ရက်တွေက အရမ်းပျော်စရာကောင်းခဲ့တာကွ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ကွာ။ ငါ့အိမ်က မြို့တော်ထဲမှာပဲ။ နောက်နှစ် ကျောင်းဖွင့်ချိန် ပြန်တွေ့ကြတာပေါ့”

“အင်း ပြန်တွေ့ကြတာပေါ့ကွာ”

ကျွန်တော် လှည့်ပြီး တတ်နိုင်သမျှ မြန်မြန် ပြေးထွက်လာခဲ့လိုက်တယ်။ တော်ကြာ မခွဲနိုင်မခွာရက် ဖြစ်နေကြမှာလေ။

အဲ့အချိန်မှာပဲ လူတစ်ယောက်က အဝေးကနေ-

“ကျန်းကုန်း”

ကျွန်တော် လှည့်ကြည့်လိုက်တော့ ချက်ချင်းကို တုန်လှုပ်သွားသလို ခံစားလိုက်ရတယ်။

“ဆရာရှို့။ ဆရာ တကယ်ရောက်လာတာလား။ ဆရာကျွန်တော့ကို လာမကြိုတော့ဘူး ထင်နေတာ”

ဆရာရှို့ကတော့ အရင်တုန်းကအတိုင်းပေမယ့် သူ့မျက်နှာပေါ်မှာ ခံစားချက် အရိပ်အငွေ့တွေမြင်နေရတယ်။

“ဘာလို့ လာမကြိုနိုင်ရမှာလဲ။. ကဲလာ အိမ်ပြန်ကြစို့”

ဆရာရှို့နဲ့အတူ အိမ်ပြန်စရီးစဉ် စလိုက်ကြတော့တာပေါ့ဗျာ။

“ဆရာရှို့၊ အဖေအမေတို့နဲ့ တွေ့ဖြစ်သေးလား”

“ဒီကို မလာခင် မင်းအိမ်ကိုအရင်ဝင်ခဲ့သေးတယ်ကွ။ သူတို့လဲ ကျန်းမာရေးကောင်းပေမယ့် မင်းကို လွမ်းနေကြတယ်ကွ။ ကျောင်းတော်ကြီးမှာ ရော ဘယ်လိုလဲ”

“အရမ်းကောင်းတယ်။ ဝင်ခွင့်စာမေးပွဲမှာ ပထမ မရလဲ ဘာကြောင်းလဲ။ ကျွန်တော် အခု ဒုတိယနှစ် ကျောင်းသားတွေထဲမှာ ပထမရတယ်လေ”

“တကယ်ကြီးလား။ ဒုတိယနှစ် ကျောင်းသားတွေအားလုံးမှာ ပထမဆိုတာ”

“တကယ်ပေါ့။ အရမ်းကောင်းတဲ့ သူငယ်ချင်းတစ်ယောက်လဲ ရထားတယ်။ သူ့နာမည်က မာခယ်တဲ့”

ကျောင်းတော်ကြီး စတက်တဲ့အချိန်ကစပြီး စကားလုံးတွေ စီကာပတ်ကုံး ထွက်လာတော့တာပေါ့။ လမ်းတလျှောက်လုံး ပျော်ပျော်ပါးပါးပဲ စကားပြောလာခဲ့ကြတာ။ ရှောင်ကျင်းကို ကယ်ဖို့ နှစ်ကိုယ့်တစ်စိတ် မန္တန်သုံးခဲ့ရတယ်ဆိုတာတော့ ဖုံးထားလိုက်တယ်။ ဆရာရှို့ စိတ်ပူနေမှာစိုးလို့ပါ။ မိသားစုကိုလဲ မသိစေချင်ဘူးလေ။ ဆရာရှို့က ကျွန်တော် ဆရာတိရဲ့တပည့်ဖြစ်လာတာသိသွားတယ်။ အရမ်းလေးစားတဲ့ လေသံနဲ့ ဘယ်လောက်ထိ ကျွန်တော် ကံကောင်းတယ်ဆိုတာ ချီးကျူးနေလေရဲ့။ ဆရာတိ ဆုံးမမှုတွေကို သဝေမတိမ်းနဲ့ မှော်ပညာကို စေ့စေ့စပ်စပ်လေ့လာရမယ် လို့လဲအထပ်ထပ်မှာတယ်။ ဆရာတိက အမှန်တကယ်ကို တိုက်ကြီးတစ်ခုလုံးရဲ့ အကြီးမြတ်ဆုံး မှော်ပညာရှင်တွေထဲက တစ်ယောက်လို့လဲ ပြောပြလာတယ်။ ကျွန်တော် ဘယ်လောက်ထိ ကံကောင်းခဲ့တယ်ဆိုတာတောင် ကျွန်တော်မသိခဲ့လိုက်ဘူးဗျ။

ခဏလောက်နားပြီး အနားပတ်ဝန်းကျင်မှာ လူသူတစ်ယောက်မှာမရှိတဲ့အခါ ခရီးဆက်ဖို့အတွက် လေဟာနယ် ရွှေ့ပြောင်းခြင်း မှော်ပညာကို သုံးခဲ့ကြတယ်။ အိမ်ပြန်ခရီးစဉ်ရဲ့ (၃)ပုံ(၂)ပုံလောက်ထိကို ရောက်လာကြပါလေရော။ ကျွန်တော် သေချာမသိတဲ့ တောအုပ်ကလေး အရောက်မှာ ပြဿနာလေးက စတွေ့တာပဲ။

လူ တစ်ဒါဇင်လောက်က တောအုပ်အလယ်ကနေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ကျွန်တော်တို့လမ်းကို တားထားတာဗျ။ သူတို့တွေ အကုန်လုံး ထွားထွားကြိုင်းကြိုင်းကြီးတွေ။

ဆရာရှို့က ကျွန်တော့ကို တစ်ချက်ကြည့်ပြီး..

“ကျန်းကုန်း ငါအရင်သွားကြည့်လိုက်အုံးမယ်။ ဘာကိစ္စပဲဖြစ်ဖြစ် ငါ့ကို ဒီနေရာကပဲစောင့်နေ။ သွားလို့ရပြီဆိုရင် ငါပြောမယ်”

“လူကြီးမင်းတို့ ဘာပြဿနာများရှိလဲဗျ။”

ခေါင်းဆောင် လူထွားကြီးက နှုတ်ခမ်းတွန့်လိုက်ပြီးတော့…

“ပြဿနာတော့ မရှိပါဘူးလေ။ မိန်းမလှလေးတွေနဲ့ တစ်ဝိုင်းတည်းထိုင်ပြီးပျော်ပါးဖို့ရာ ငါတို့မှာငွေပြတ်နေတာ တစ်ခုပဲ။ ဒါကိုသိတတိရင် ငါတို့ကို စွန့်ကျဲစရာရှိတာ စွန်ကျဲခဲ့ပေးလိုက်။ အာမခံဖို့တော့ မင်းကို အကြံပေးလိုက်မယ်နော့။ ဟား ဟား… ငါတို့ညီအစ်ကိုတွေက ငြင်ငြင်သာသာ မကစားတတ်ကြဘူး။ ဒီတော့ နာခံမှုရှိရှိနဲ့ အသပြာတွေသာ လွှဲပေးလိုက်တော့”

“အော်… လူကြီးမင်းတို့က ငွေပြတ်နေကြတာကိုး။ ကျွန်တော့မှာ ရွှေဒင်္ဂါး (၁၀)ပြားတော့ ပါတယ်ဗျ။ ဒါလေးယူပြီး ကျွန်တော်တို့ ခရီးလမ်းကို သွားခွင့်ပေးလိုက်ပါလား”

ခေါင်းဆောင်လူထွားကြီး ဒေါသထွက်သွားပြီးတော့..

“ထွီ… ငါတို့ကိုများ သူတောင်းစားတွေထင်နေလားကွ ဟေ။ ဒီလောက်လေးနဲ့ ငါတို့ကို ဖြတ်ကျော်ဖို့ လုံလောက်ပြီ ထင်နေလား။ ဒီလောက်နဲ့တော့မရဘူး။ ပါတာအကုန်ထုတ်”

နောက်က (၁၀)ယောက်ကျော်ကလဲ အသင့်ပြင်နေတာ တွေ့လိုက်ရတယ်။

“ကောင်းပါပြီ၊ ကောင်းပါပြီ။ ကျွန်တော့ကို ခဏလောက်တော့ စောင့်ပေးကြပါ။

ဆရာရှို့ ကျွန်တော့အနား အမြန်လျှောက်လာပြီးတော့..

“ကျန်းကုန်း ဒီဓါးပြတွေရဲ့ မှော်စွမ်းအင် အတက်အကျက မပြင်းထန်ဘူးကွ။ ဆရာ့ ကြိုးစားထားခဲ့ရတဲ့ အသီးအပွင့် ရလဒ်လေးတွေ မြင်စမ်းပါရစေကွာ”

“အမ်.. ဘာလဲ။ ကျွန်တော့ကို တိုက်စေချင်နေတာလား၊ ဆရာရှို့ ကျွန်တော် မနိုင်လောက်ဘူးလေ။ ကိုယ့်ဟာကိုယ် ဘာလိုမတိုက်တာလဲလို့”

ဒီလို အနေအထားကြီးကို ပထမဆုံးကြုံဖူးတာဆိုတော့ အရမ်းကြောက်နေမိတာဗျ။

“အင်း… မေးစရာတွေတော့ ဖြစ်ကုန်ပြီ။ တိုက်ပွဲအစစ်အမှန်မှာ သုံးတဲ့ မှော်စွမ်းအားတွေကသာ တကယ်ကို အကောင်းဆုံးကွ။ မင်းဘေးမှာ ငါကာကွယ်ပေးထားမှာပါဟ။ ရဲရဲသာ တိုက်စမ်း”

ဆရာရှို့ ပြုံးပြုံးကြီးနဲ့ ပြောနေတာဗျ။

နတ်ဆိုးဆရာသခင်ဆိုတဲ့ နာမည်နဲ့ တော်တော်လိုက်ဖက်နေမှုကြီးက ကျွန်တော် ရှောင်ပြေးလို့လဲ လွတ်မယ့်ပုံမပေါ်ဘူး ဆိုတာ သိနေတယ်။ ကိုယ့်ကိုကိုယ်ပဲ ထိန်းပြီး ရှေ့တိုးသွားလိုက်တယ်။

“လူကြီးမင်းတို့ ကျွန်တော်တို့ကို သေချာလေးကြည့်စမ်းပါ။ ကျွန်တော်တို့မှာ အသပြာမရှိဘူးလေ။ ကျွန်တော်တို့ကို ဒီအတိုင်းလွှတ်ပေးလိုက်လို့မရဘူးလား”.

“ထွီ အမှိုက်တွေ၊ တော်လောက်ပြီ”

ပြောရင်းနဲ့ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ကျွန်တော့ကို စွမ်းအင်တွေနဲ့ ဆွဲခေါ်လိုက်တာဗျ။ ဘယ်လောက်ထိ ထိရောက်လဲဆို (၅)မီတာလောက်အထိကို လေဟာနယ်ရွှေ့ပြောင်းလိုက်သလို‌ ပါသွားပါလေရော။ ဘာရမလဲ ကျွန်တော်လဲ ချက်ချင်းကို ကာကယွယ်ရေး မန္တတန်တွေနဲ့ ကိုယ်ပေါ်မှာ ကာကွယ်ထားလိုက်တယ်။

“မှော်သခင်လား။ ဒီကလေးက မှော်သခင်လေးတစ်ယောက်ဟ။ အားလုံးအတူတိုက်ကြမယ်”

လူကြီးတွေ တစ်အုပ်လုံး ကျွန်တော့ကို ဝိုင်းတိုက်ကြတော့တာဗျို့။

ကျွန်တော်ဘာလုပ်ရမလဲ။ တကယ့် တိုက်ပွဲအစစ်အမှန် အတွေ့အကြုံက မရှိသေးဘူးလေ။ တော်တော်ကို လန့်သွားတာ။ ကဲကွာ အားလုံးကို ခဏမေ့ထားလိုက်။ ငါတိုက်ကိုတိုက်မှရမယ်။ ငါ့အကောင်းဆုံး မန္တန်တွေ ထုတ်သုံးလိုက်ရင် ကိစ္စပြတ်သွားမှာပါ။ ကျွန်တော်လဲ ကိုယ့်အနေအထားကိုယ် သေချာပြင်ဆင်ဖို့ လေဟာနယ်ရွှေ့ပြောင်းလိုက်ရင်း နေရာယူလိုက်တယ်။ ပြီးတော့ ကျွန်တော့ရဲ့ အပြင်းထန်ဆုံးတိုက်ကွက်တစ်ခုဖြစ်တဲ့ မန္တန်ကို မဆိုင်းမတွ ရွတ်လိုက်တာပေါ့။

“အို… အလင်းဓါတ်ကြီး။ သင့်ရဲ့ ကြောက်စရာအကောင်းဆုံး ခွန်အားတွေကို ခဏလေးငှားပါအုံး။ ကမ္ဘာမြေတခွင် ဆုံးစမရှိ အလင်းရောင်ခြည်တွေ လင်းလက်လိုက်စမ်းပါ”

#အလင်းအင်ပါယာနယ်မြေတစ်ခု ကျွန်တော့ကို ဗဟိုပြုပြီး အစွမ်းထက် မှော်စွမ်းအားတွေ စပြီးလည်ပတ်လာတယ်။

“ဝါး …. ဒီလိုအစွမ်းထက်တဲ့ မန္တန်ကို သုံးနိုင်နေပြီပဲ”

မလှမ်းမကမ်းက ဆရာတိတောင် အန္တရာယ်နယ်မြေကနေပြီး လေဟာနယ်ပြောင်းရွှေ့ရင်း လွတ်ရာကျွတ်ရာကို ချက်ချင်း နေရာရွှေ့သွားတော့တာဗျို့။

ဘာဖြစ်လို့လဲဆိုတော့ ဘာအတားအဆီးမှမရှိတော့ အလင်းအင်ပါယာနယ်မြေက စွမ်းအားအပြည့်နဲ့ လည်ပတ်ကျယ်ပြန့် လာခဲ့ပြီလေ။ အချင်းဝက် မီတာ(၂၀၀)လောက်ထိအောင်ကို တဖျတ်ဖျတ်အလင်းတန်းတွေပြည့်နေတဲ့ နယ်မြေကြီး ဖြစ်သွားတာ။ အစွမ်းထက်တဲ့ ကျွန်တော့ရန်သူ လူကြီးတွေတော့ အကုန်လုံး ပြာကျသွားပါလေရော။ မန္တန်ရဲ့ အစွမ်းကို သူတို့ မြင်လိုက်ရယုံရှိသေးတယ် ရုန်းထွက်ဖို့ ဘယ်လိုမှ မတတ်နိုင်တော့ ပြာအမှုံအမွှားလေးတွေ ဘဝ ရောက်သွားတာပေါ့။ နောက်ဆို သူတို့ကို ဘယ်သူမှာ ရှာတွေ့နိုင်မျာ မဟုတ်တော့ဘူး။

ကျွန်တော့ မှော်စွမ်းအင်တွေကို ကျွန်တော် ပြန်ရုတ်သိမ်းလိုက်တဲ့အခါကျ ဆရာရှို့ ချက်ချင်းရောက်လာတယ်။

“ကျန်းကုန်း မင်းမှော်စွမ်းအင်တွေက တော်ကြောက်စရာကောင်းတာပဲကွ။ မင်းခုစက သုံးလိုက်တာ ဘာမန္တန်လဲ။ ငါတောင် တော်တော်လန့်သွားသဟ။ ဒီလိုပမွှားလေးတွေကို ကိုင်တွယ်ဖို့အတွက်နဲ့ ဒီလောက်စွမ်းအားကြီး မန္တန်ကို သုံးစရာလားကွာ။ မင်းရဲ့ အလင်းမြှားတွေ လောက်နဲ့တင် လိုတာထက်တောင် ပိုနေပါပြီဟ”

“ကျွန်တော် တော်တော်ကြောက်သွားတာ။ အလင်းအင်ပါယာနယ်မြေမန္တန်ကို မသုံးဘဲမနေနိုင်တော့လို့ပါ။ ဒါကျွန်တော် သုံးနိုင်တဲ့ အစွမ်းထက်ဆုံး မန္တန်လေ။ ဆရာရှို့ သူတို့တွေ ဘယ်ရောက်သွားတာလဲ”

သူတို့ကို သတ်ပြီးသွားပြီဆိုတာ ကျွန်တော်မသိသေးဘူး။

“သူတို့လား။ သူတို့တွေအကုန် ပြာဖြစ်သွားပြီလေ။ ဒီနေရာကို မင်းကျောင်းတော်ကြီးလို့ ထင်နေသေးတာလား။ ဒီလိုတွေ အကုန်လုံး အဆင့်မြင့် မှော်ဆရာတွေကြီးပဲ”

“ဘယ်လို….. ကျွန်တော် သူတို့အားလုံးကို သတ်လိုက်မိတာလား”

ကျွန်တော့ စိတ်ထဲ ရုတ်တရက် ဗလာကျင်းသွားတယ်ဗျ။

“ထားလိုက်စမ်းပါကွာ။ ဘာပဲပြောပြော သူတို့အားလုံး လူဆိုးတွေကြီးပဲ”

ဆရာရှို့ ကျွန်တော့ကို နှစ်သိမ့်ပေးနေတာ။ ကျွန်တော် လူသတ်မိလိုက်ပေမယ့် ကစ္စတော့မရှိပါဘူး။ ပထမဆုံး သတ်မိတဲ့ လူတွေက လူဆိုဓားပြတွေပဲလေ။ နောက်တစ်ခုက ကျွန်တော် အခုမှ ကလေးပဲရှိသေးတာကို။ နောက်ထပ် အရေးကြီးတာ တစ်ခုက ကျွန်တော်ဆိုတဲ့ကောင်က အလယ်တန်းအဆင့်မှော်ပညာကျောင်းတော်ကြီးမှာ ထူးချွန်ကျောင်းသား တစ်ယောက်လေ။ နိုင်ငံတော်ကြီးရဲ့ မဏ္ဍိုင်တစ်ခုလေ။ နောက်ပြီး ကျွန်တော် လူတွေသတ်လိုက်ပြီဆိုတာ တခြားဘယ်သူ တွေသိနိုင်တာမှတ်လို့။ အဟီး။

============= (*^*)=============

အပိုင်း(၄၂)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters