← Chapters

ညီအစ်ကိုစိတ်ဓါတ်

Vol. 3 Ch. 44

ညီအစ်ကိုစိတ်ဓါတ်

Vol. 3 Ch. 44

လောလောဆယ် မာခယ် သူ့အဆောင်ထဲမှာ စာအုပ်တစ်အုပ် ဖတ်နေလေရဲ့။

“အကိုကြီး။ ဆရာတိက မင်းကို ဘာလို့ခေါ်တွေ့တာလဲ”

“သူငါ့ကို တော်ဝင်မှော်ပညာသင်ကျောင်း ကို မတက်စေချင်သေးဘူး”

အဲ့စကားက မာခယ့်ကို တော်တော် အံ့ဩသွားအောင်လုပ်လိုက်နိုင်တာဗျ။

“အကိုကြီး… မင်းမှော်ပညာက အရမ်းကောင်းတယ်လေ။ ကျောင်းဆက်မတက်ရင် အလဟသ ဖြစ်သွားမှာပေါ့။ ဆရာတိ ဘာလို့ အဲလိုနည်းကိုသုံးရတာတုန်း”

“သိပ်လဲ စိတ်ပူမနေပါနဲ့။ ဖြစ်ပုံက ဒီလိုကွ…”

ကျွန်တော မာခယ့်ကို သူ့အခန်းထဲမှာပဲ သေသေချာချာ ရှင်းပြလိုက်တယ်။

“ဘယ်လိုလဲ ငါနဲ့အတူ အတွေ့အကြုံမယူချင်ဘူးလား။ ငါတို့ ညီအစ်ကို(၂)ယောက် မှော်ပညာမတိုးတက်ဘူးဆိုရင်တောင် အသိပညာတွေ တိုးလာမှာတော့ သေချာတယ်”

ကျွန်တော် ထင်ထားသလိုမျိုး မာခယ်ဝမ်းသာအားရ သဘောမတူဘူးဗျ။ သူ့ဟာသူ တိုးတိုးလေး ပွစိပွစိလုပ်နေပြီမှ-

“အစ်ကိုကြီး ငါနည်းနည်း စဉ်းစားအုံးမှရမယ်။ အိမ်ပြန်ပြီး မိသားစုနဲ့ ဆွေးနွေးမှဖြစ်မှာ။ မနက်ဖြန် ငါအဖြေပြောမယ်ကွာ။ မင်းအဆင်ပြေလား”

“ဟေ့ကောင်… ဒါ မင်းပုံစံမဟုတ်ပါဘူး။ မင်းဒီလိုပုံစံမျိုး ငါမတွေ့ဖူးသေးပါဘူး။ ကဲပါ။ ငါမင်းကို တွန်းအားမပေးပါဘူး။ မနက်ဖြန်မှ ထပ်ပြောကြတာပေါ့”

မာခယ့်အဖြေကြောင့် ကျွန်တော်နည်းနည်း တင်းပြီး ဘာမှထပ်မပြောတော့ဘဲ တစ်ယောက်တည်း မှော်ပညာ လေ့ကျင့်နေလိုက်တယ်။

ကျွန်တော် အရွယ်ရောက်နေပြီ။ ဒါပေမယ့် ကျွန်တော့မျက်နှာက နုဖတ်နေတုန်းပဲ။

မာခယ်နဲ့ ကျွန်တော်က အစားကြီးတဲ့သူတွေဆိုတော့ ကျွန်တော့တို့ ခန္ဓာကိုယ်က အရမ်းကိုထွားလာကြတာ။ အထူးသဖြ်င့ ကျွန်တော့အရပ်က လူကြီးတော်တော်များများထက်တောင် ရှည်နေပြီ။ ကျွန်တော့ရဲ့ ထူးခြားတဲ့ ပုံသဏ္ဍာန်ကြောင့် ကောင်မတွေကြားထဲမှာ ရေပန်းစားလာခဲ့တာ။ ဒါပေမယ့် ကျွန်တော် ဒီလိုကိစ္စမျိုးတွေကို စိတ်မဝင်စားပါဘူးဗျာ။ ဒါတင်မကဘူး မိန်းကလေးတွေက အရမ်းစိတ်အနှောက်ယှက်ပေးတတ်လို့ ဘယ်သူနဲ့မှကို အရောတဝင်မနေခဲ့တာ။ တစ်ဖက်မှာတော့ မာခယ်က ဟိုင်ယွီနဲ့ပတ်သက်လို့ တခြားမိန်းကလေးတွေကို အဖက်တောင် မလုပ်ဘူး။ ရယ်စရာကောင်းတာက ကျွန်တော်နဲ့ ဟိုင်ယွီ သူငယ်ချင်းဖြစ်သွားပေမယ့် မာခယ်ကို လက်ခံဖို့ ခုထိငြင်းနေတုန်းပဲ။ ဆန်မုန့်နီဆိုတဲ့ နာမည်ပြောင်က တော်တော်ကို အဟန့်အတားဖြစ်နေလားမသိပါဘူးဗျာ။

နောက်နေ့ကျ မစောင့်နိုင်တော့လို့ မာခယ်ကို လိုက်ရှာမလို့လုပ်တုန်း သူကအရင်လာတွေ့တယ်။ မာခယ့်မျက်နှာက ညိုပုတ်နေတယ်ဗျ။ သူကိုမြင်တော့ နိမိတ်မကောင်းဘူးလို့ ခံစားလိုက်ရတယ်။ ထင်တဲ့အတိုင်းပဲ မာခယ် ကျွန်တော့ မျက်နှာတောင်မထောက်ဘဲ ငြင်းတော့တာဗျို့။

“အစ်ကိုကြီး ငါတောင်းပန်ပါတယ်ကွာ။ မင်းရဲ့ ခရီးစဉ်ကို ငါအဖော်လိုက်မပြုနိုင်တော့ဘူး”

ကျွန်တော် ချက်ချင်း ထရပ်လိုက်မိတယ်။

“ဘာကြောင့်လဲ။ မင်းဘာကြောင့် မလိုက်နိုင်ရတာလဲ။ မင်းစွန့်စားခန်းမထွက်ချင်လို့ လို့တော့ မပြောနဲ့နော်။ ငါတို့က ညီအစ်ကို ကောင်းတွေ မဟုတ်ဘူးလား”

“ဟုတ်တယ်။ အကိုကြီး ငါ့မှာ မင်းကိုပြောပြလို့မရတဲ့ လျှို့ဝှက်ပြဿနာတစ်ခုရှိနေတယ်။ ငါတောင်းပန်ပါတယ်ကွာ။ ငါလိုက်လို့မဖြစ်လို့ပါ”

“ဘယ်လို လျှို့ဝှက်ပြဿနာမျိုးမိုလို့ ငါ့ကို မပြောနိုင်ရတာတုန်း။ ငါတို့အတူ ဖြေရှင်းလို့ရတယ်လေ။

ကျွန်တော် လွယ်လွယ်နဲ့တော့ လက်မလျှော့ချင်ဘူး။ နောက်ပြီး နှစ်တွေအကြာကြီးထိ ညီအစ်ကို သံယောစဉ်ကြောင့် မခွဲခြင်ဘူးလေ။

“ငါ တကယ်ကို ပြောလိုမဖြစ်လို့ပါကွာ။ ပြေလို့ရတာဆိုတာ ဒီကိစ္စက မျိုးနွယ်စု ပြဿနာဖြစ်နေတယ်။ ငါ့မိသားစုက ဘယ်လိုမှ ခွင့်မပေးဘူးကွ”

ကျောင်းတော်ကြီးမှာ တက်ခဲ့ကြတဲ့နှစ်တွေအတွင်း သူ့အိမ်ကို ကျွန်တော် တစ်ခေါက်မှ မရောက်ဖူးသေးဘူးဗျ။ သူ့မိသားစု တော်တော်ချမ်းသာတယ် ဆိုတာလောက်ပဲသိတာ။ သူ့စကားကြားတော့ ကျွန်တော် တဖြည်းဖြည်း ငြိမ်ကျသွားတယ်။ ဘာပဲဖြစ်ဖြစ် သူတပါးမလုပ်နိုင်တာကို စွတ်အတင်းဖိအားပေးလို့ မဖြစ်ဘူးလေ။

အချိန်တော်တော်ကြာ တိတ်ဆိတ်သွားတယ်။ နောက်ဆုံးတော့ ကျွန်တော်ကပဲစပြီး ကူကယ်ရာမဲ့စွာနဲ့ -

“ကဲပါ.. ဒါကိုမေ့ထားလိုက်တော့။ မင်းမိသားစုကမှ မင်းကို ခွင့်မပေးတာ ဘယ်တတ်နိုင်ပါ့မလဲ။ တော်ဝင်မှော်ပညာကျောင်း ရောက်ရင်သာ သေသေချာချာ လေ့လာနော်။ ဘာပဲဖြစ်ဖြစ် ငါလဲ (၂)နှစ်ကြာရင် ပြန်လာမှာပဲ။

ဒီအချိန်မှာ ကျွန်တော်လဲ တကယ့်ကို အထီးကျန်ဆန်သလို ခံစားနေရတာ။ နောက်ဆို ဘယ်ကိစ္စပဲဖြစ်ဖြစ် ကိုယ့်အားကိုယ် ကိုးရတော့မှာ။ ဒါလဲ ကံကြမ္မာရဲ့ သတ်မှတ်ချက်တစ်ခု ဖြစ်လိမ့်မယ်ထင်တယ်။ လူတိုင်းက ကိုယ့်လမ်းကိုယ် လျှောက်ရမှာပဲလေ။

“အကိုကြီး …………”

မာခယ် ရုတ်တရက် ကျွန့်တော့ကို ဖက်ပြီးငိုတော့တာဗျို့။ မျက်ရည်တွေလဲ ကျလို့။ ကျွန်တော်လဲ သူ့ပုခုံးနှစ်ဖက်ကို သေချာကိုင်ထားလိုက်တယ်။

ကျွန်တော့ ခံစားချက်တွေ တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူ့နဲ့ အသာအယာလေးပဲ ခွာလိုက်တယ်။

“ငါ့တို့တွေ့ ခဏလေးပဲ ခွဲရမှာပဲလေ။ ဒါပေမယ့် တစ်သက်လုံး ညီအစ်ကိုတွေ ဖြစ်နေအုံးမှာပဲကို”

“ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့က ညီအစ်ကိုတွေပဲ။ အခု ခရီးစဉ်ကို ငါဘယ်လောက်တောင် လိုက်ချင်နေတယ်ဆိုတာ မင်းသိလား။ မိသားစုအမိန့်ကြောင့်သာ သူတို့ စီစဉ်ထားတဲ့အတိုင်း လုပ်ရမှာ။ ငါက အကြီးဆုံးသားမဟုတ်ပေမယ့် ငါ့မိသားစုရဲ့ တာဝန်တွေက ပုခုံးပေါ်မှာ ရှိနေတုန်းပဲ။ ခန်းနားကြီးကျယ်တဲ့ မျိုးနွယ်စုဝင် တစ်ယောက်ပီပီ မျိုးနွယ်စုအတွက် ငါအကောင်းဆုံးလုပ်ရလိမ့်အုံးမယ်”

“ကောင်းတယ်။ ထားလိုက်တော့ ဆက်မပြောနဲ့တော့။ ငါတို့က ညီအစ်ကိုတွေပဲ ထွေထွေထူးထူး ရှင်းပြနေစရာမှ မလိုတာ။ ငါတို့တွေ တခြားအကြောင်းပဲ ပြောကြရအောင်”

ကျွန်တော်နဲ့ မာခယ်ကြားက ခင်မင်ရင်းနှီးမှုအစစ်အမှန်က လက်တွေ့ကျကျ ဖြစ်တည်နေတာလေ။ တကယ်တော့ ကျွန်တော်တို့ နှစ်ယောက်စလုံး စကားမပြောချင်ကြတော့ဘူး။ ဘာပြောရမှန်း မသိကြတော့တာလေ။

ခရီးမထွက်ချင်တော့ဘူးလို့ ဆရာတိကိုတောင် သွားပြောချင်နေပြီ။ ဒါပေမယ့် ဆရာတိ ရဲ့ မျက်နှာပေါ်က မျှော်လင့်ချက် အလင်းရောင်တွေကို ကျွန်တော် ပြေးမြင်ယောင်နေမိတယ်။ ကျွန်တော် ဘယ်လုပ်နိုင်မလဲဗျာ။ မာခယ်ကို ပြန်လာရင် တွေ့လိုက်ရနိုင်သေးပေမယ့် ဆရာတိကိုကျ ဘယ်လိုမျက်နှာပြရမလဲ။ သူ့အိပ်မက်ဖြစ်တဲ့ မဟာမှော်ပညာရှိကြီး တစ်ယောက် ပြုစုမျိုးထောင်ဖို့ကို သူအရမ်းတက်ကြွနေတာလေ။ (#စာရေးသူမှတ်ချက်။ တတိယနှစ်အပြီးတွင် ဆရာရှို့ လာမတွေ့တော့ပေ။ သူ၏ အသိပေးချက်ရ ခရီးထွက်နေခြင်း ဟုသာသိရသည်။)

စာသင်နှစ်ရဲ့ နောက်ဆုံးလတွေမှာ မာခယ်နဲ့ကျွန်တော် မခွဲနိုင်မခွာရက်တွေ ဖြစ်နေကြရော။ နှစ်ယောက်စလုံး အတူရှိခွင့် ရတဲ့အချိန်လေးတွေကို တန်ဖိုးထားနေကြတာလေ။ မှော်ပညာ လေ့ကျင့်ခဲအတူတူ၊ စားအတူတူ၊ သွားအတူတူပေါ့။ ဒါပေမယ့် နောက်ဆုံးတော့ ခွဲရမယ့် နေ့ဆိုတာ ရောက်လာတာပဲလေ။

ကျွန်တော့ မှော်စွမ်းအားနဲ့ဆိုရင် တော်ဝင်မှော်ပညာကျောင်း ဝင်ခွင့် ဖြေစရာမလိုဘဲ ဆရာတစ်ယောက်ရဲ့ ထောက်ခံစာလေးနဲ့တင် မှော်ပညာရှင်တစ်ယောက်အဖြစ်ဖြစ် အေးအေးဆေးဆေး ဆက်တက်ဖို့ အဆင်ပြေတယ်။ ဆရာတိက ကျွန်တော့စွမ်းအားတွေကို မလိုအပ်ဘဲ အစောကြီး ထုတ်မပြစေချင်ဘူး။ အသက်(၁၆)နှစ်နဲ့ မှော်ပညာရှင် တစ်ယောက်ဆိုတာ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားဖို့ လုံလောက်တယ်လေ။ ဒါတောင် အနီးပတ်ဝန်းကျင်က သိထားတဲ့သူတိုင်း မေးရိုးပြုတ်လုမတတ် တုန်လှုပ်သွားတုန်းပဲ။

============= (*^*)=============

အပိုင်း(၄၅)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters