← Chapters

မှော်မျိုးနွယ်နှင့် ပထမဆုံးတွေ့ဆုံခြင်း

Vol. 4 Ch. 47

မှော်မျိုးနွယ်နှင့် ပထမဆုံးတွေ့ဆုံခြင်း

Vol. 4 Ch. 47

စကားတောင်မဆုံးသေးဘူး ကောင်မလေး လဲကျသွားလေရဲ့။

မဖြစ်နိုင်ဘူးလေ။ ကျွန်တော်သုံးလိုက်တဲ့ စင်ကြယ်ခြင်းအလင်းက ကွယ်ရေး မန္တန်သက်သက်ပဲလေ၊ တိုက်ခိုက်ရေး စွမ်းအားဆိုလို့ တစက်မှ မှ မပါတာကို။ ဘယ်လိုဖြစ်တာတုန်း။ ကျွန်တော် စိတ်ရှုတ်နေတုန်း သူတို့ခေါင်းဆောင် ကောင်မလေးက သူ့လက်မှာ အတွင်းအား စုစည်းလိုက်တယ်။

ပါးစပ်ကလဲ ဂါထာတွေ ရွတ်လို့။ လက်ထဲမျာ နက်မှောင်နေတဲ့ ခရမ်းရောင် စက်လုံးကြီး ပေါ်လာတယ်။ လက်ကို တစ်ချက်ယမ်းပြီးပစ်လိုက်တာက ကျွန်တော့ကိုမဟုတ်ဘူး၊ လင်းကျီ ဆိုတဲ့ ကောင်မလေးဆီကို။ လင်းကျီ ပြန်ကောင်းလာတဲ့ပုံပဲ။ အဲ့ကောင်မလေး တုန်တာပျောက်သွားပြီး အသက်ပြင်းပြင်းရှူနေလေရဲ့။

ဒါ ဘယ်လို မှော်ပညာပါလိမ့်။ အရင်က တခါမှ မမြင်ဖူးသေးဘူး။

“ဟေ့ကောင်မလေး… အဲဒါ ဘာမှော်ပညာကို သုံးလိုက်တာလဲ။ အရင်က တခါမှ မတွေ့ဖူးသေးဘူး”

ကျွန်တော် စူးစူးဝါးဝါး မေးလိုက်မိတယ်။

အဲ့ကောင်မလေးဆီက ထွက်လာတဲ့အသံက။

“မလွတ်စေနဲ့…. သူ့ကိုရအောင်သတ်”

“ခဏနေအုံး။ စကားလေး နည်းနည်းပဲ ပြောခဲ့မိတာလေးနဲ့ နင်တို့က ငါ့ကို သတ်ချင်နေကြတာလား။ နင်တို့ တော်တော်ရက်စက်တာပဲဟ”

စကားဆုံးတဲ့အချိန် သူတို့က ကျွန်တော့ကို ဝိုင်းထားပြီးနေပြီ။ ကျွန်တော့ ခံစစ်စည်းကို တောင့်သည်ထက်တောင့်အောင် လုပ်ပြီး သူတို့ဘယ်လို လှုပ်ရှားမလဲဆိုတာ စောင့်ကြည့်နေလိုက်တယ်။

သူတို့ ခေါင်းဆောင်က အခုထိ ဘာမှမလုပ်သေးဘဲ ကျန်တဲ့(၈)ယောက်က အမိန့်ကြောင့် ကျွန်တော့ကို ဝိုင်းထားကြတာ။ သူတို့ သိုင်းပညာနဲ့ စက်ဝိုင်ပုံလှုပ်ရှားမှုူတစ်ခု စလုပ်လာတယ်။ ဒါပေမယ့် သူတို့တကယ်ပြီး မလှုပ်ရှားသေးဘူးဆိုတာ သိလိုက်တယ်။ မကောင်းတော့ဘူး။ သူတို့ ဂါထာစရွတ်နေကြပြီ။

အနက်ရောင် မြူခိုးတွေ အလိပ်လိုက်အလိပ်လိုက် ထွက်လာပြီး ကျွန်တော့ကို ဖုံးသွားတယ်။ ကျွန်တော့ကိုယ်ကို ကာကွယ်ထားတဲ့ စင်ကြယ်ခြင်းအလင်းက အနက်ရောင်မြူခိုးတွေနဲ့ တွေ့တဲ့အခါ ချောက်ခြားစရာအသံတစ်ခု ထွက်လာတယ်ဗျ။ အက်စစ်လိုမျိုး မကောင်းဆိုးဝါး အစွမ်းတစ်မျိုးမျိုး ဖြစ်မယ့်ပုံ။ ဖိအားတွေ အကြီးကြီးတိုးတာပြီ။ တော်တော် ကြောက်စရာကောင်းတာမှန်ပေမယ့် စင်ကြယ်ခြင်းအလင်းကတော့ ဆက်တိုက် ခုခံနေတုန်းပဲ။

“အို.. ကြီးမြတ်သော အလင်းရောင်။ သင့်ရဲ့ ကြောက်စရာ စွမ်းအားတွေ အသုံးချခွင့်ပေးဖို့ တောင်းဆိုပါရစေ။ ကမ္ဘာကြီးရဲ့ အဆုံးမဲ့အလင်းရောင် ထွန်းလင်းတောက်ပပါစေ”

လက်ရှိ “တောက်ပသောအလင်းအင်ပါယာ”က အရင်ကနဲ့မတူတောယဲ မန္တန်နဲ့ သူ့စွမ်းအားတွေကို ကျွန်တော် အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ။ ဆိုတော့ သူတို့ကို နယ်မြေမန္တန်နဲ့ ပြန်ဝိုင်းထားလိုက်တဲ့ သဘောပါပဲ။ ကျွန်တော် မန္တန်ရွတ်ပြီးတာနဲ့ သန့်ရှင်းအလင်းရောင်စဉ်တွေဝိုင်းထားတဲ့ နယ်မြေတစ်ခု ဖြည်းဖြည်းချင်း ဖြန့်ကျက်လာတယ်။ ကျွန်တော် ခေါင်းမော့ပြီး အပေါ် ဒန်တျန်ထဲရှိ ရွှေအမြူတေက ကျွန်တော့ မှော်စွမ်းအား (၃)ပုံ(၁)ပုံနဲ့ စုဖွဲ့ထားလိုက်တယ်။ ကျွန်တော့ ပတ်ဝန်းကျင်က အလင်းရောင်စင်တွေ ခဏလေးပဲ ဆုတ်ပြီး ချက်ချင်းပြန်ပျံ့လာတယ်။ အဖြူရောင်အလင်းတွေက အနက်ရောင် မြူခိုးတွေကို အမြန်ဆုံးဖုံးလွှမ်းပြီး ဟိုကောင်မလေး (၈)ယောက်ကို တိုက်ခိုက်လိုက်တယ်။ ကျွန်တော့ ခွန်အားအကုန်မသုံးသေးဘဲ ထိန်းထားလိုက်တာ။ မသတ်ချင်ဘူးလေ။ ပထမဆုံး သတ်လိုက်မိတဲ့ မဖြစ်မပျက်က အခုထိ မျက်စိထဲက ထွက်သေးတာမဟုတ်ဘူး။

ကောင်မလေး(၈)ယောက် အခြေအနေပြင်းထန်နေတုန်း သူတို့ခေါင်းဆောင်က ခရမ်းအောင် စွမ်းအင်စက်ဝိုင်း အမြန်ဆုံးလွှတ်ပြီး ကျွန်တော့ “တောက်ပသောအလင်းအင်ပါယာ”ရဲ့တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးလိုက်တယ်။ သူတို့ ခံစစ်အစွမ်းတွေ သိသိသာသာကို တိုးလာတာ။ ကျွန်တော်တိုက်ခိုက်တာကို ခုခံနိုင်တယ်ဆိုပေမယ့် အတိုင်းအတာ တစ်ခုအထိတော့ ဒဏ်ရာရနေကြတုန်းပဲ။

ကောင်မလေး (၈)ယောက်စလုံး အလင်းရောင်စဉ်တွေရဲ့ တိုက်ခိုက်တာခံထားရတော့ သူတို့ခန္ဓာကိုယ်နဲ့ ကွက်တိ မှော်ချပ်ဝတ်တွေတွေ ထုတ်သုံးထားကြတယ်။ အဲ့ချပ်ဝတ်တွေပေါ်မှာလဲ အက်ကြောင်တွေ ပေါ်လာနေပြီ။ ဟုတ်သေးပါဘူး အဲ့ကောင်မလေးတွေ တော်တော်လှတာဗျ။ သူတို့ ရုပ်ကလေးတွေ လှယုံတင်မဟုတ်ဘူး ခန္ဓာကိုယ် အချိုးအဆစ်တွေကလဲ ပြစ်မျိုးမှဲ့မထင်လေးတွေ။ ကောင်မလေးတွေဆို သိပ်စိတ်မဝင်စားတတ်တဲ့ ကျွန်တော့လိုလူတောင် နည်းနည်း ရင်ခုန်သွားတယ်။

ဒါပေမယ့် သေချာကြည့်တော့ အံ့ဩသွားမိတယ်။ ကျွန်တော့ရှေ့က မြင်ကွင်းအလှကို ပုံဖော်ဖို့ စကားလုံးရှာမတွေ့ဘူး။ ဒါက ဆရာနီရေလှောင်ကန်ကြီးနဲ့ မတူတဲ့ အလှတစ်မျိုးဗျ။ ယှဉ်ကြည့်ရမယ်ဆိုရင် တောက်ပနေတဲ့လနဲ့ ညို့မှိုင်းနေတဲ့ မီးခိုးရောင် လို့ ပြောရမယ်ထင်တယ်။

သူတို့ခေါင်းဆောင်ကတော့ ငယ်သား(၈)ယောက်လို ရုပ်ပျက်ဆင်းပျက် အခြေအနေမဟုတ်ဘူး။ ဒါပေမယ့် သူ့မျက်နှာ ပေါ်မှာဖုံးထားတဲ့ အဝတ်စလေးက ပြုတ်ကျသွားတော့ ဖော်ပြလို့မစွမ်းသာအောင်လှလွန်းတဲ့ မျက်နှာလေး ပေါ်လာပါရော။ အဲ့အလှကပဲ ကျွန်တော့ကို တော်တော်အထိတ်တလန့် ဖြစ်သွားစေခဲ့တာ။

လှလွန်းတယ်။ အရမ်းကို လှလွန်းတယ်။ ကျွန်တော် တွေ့ဖူးသမျှ မိန်းကလေးတွေ အားလုံးထဲမှာ သူ့ကို ယှဉ်နိုင်တာ တစ်ယောက်မှ မတွေ့ဘူး။ သူက ညို့ဓါတ်အပြည့်နဲ့ သိမ်သိမ်မွေ့မွေ့လေး လှနေတာ။ ကမ္ဘာပေါ်မှာ ဘယ်သူနဲ့ ယှဉ်ယှဉ် သူလေးက အားလုံးထက် သာနေအုံးမှာပဲ။ ဘယ်တုန်းကမှ မလှုပ်ရှားခဲ့ဘူးတဲ့ ကျောက်တုံးနှလုံးသားကြီးတောင် နည်းနည်း ယိုင်ချင်သလိုလိုဖြစ်ပြီး တံတွေးတွေ မနည်းမြိုချနေရတယ်။

အလှပဂေးလေးက ကျွန်တော့ကို တနှာရူးတယောက်လို လုပ်နေတာမြင်တော့ သူ့ရင်သားပေါ်မှာ ပြုတ်ကျနေတာတွေ အမြန်ပြန်ဖုံးပြီးတော့…

“ဆရာ.. သူ့ကိုသတ်ဖို့ အကူအညီပေးပါအုံး…”

အဲ့အချိန် ချောက်ချားစရာအသံတစ်သံက ရေခဲတွေကို ဖြတ်လာသလိုဆိုတော့ တနှာစိတ်တွေတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။

“ငါတို့ မင်းသမီးလေးကို ဘယ်သူ နှောက်ယှက်ရဲတာလဲကွ။”

ကြောက်စရာအသံကြားပြီး မီးခိုးနက်တွေ ထွက်လာတယ်။ ပြီးတော့ ကောင်မလေးဘေးမှာ ဝါးလုံးတစ်ချောင်း ချည်ထားသလို ပေါ်လာတယ်။ တကယ်ကို ဝါးတိုင်လို့ပြောရတာ အပိုပြောတာမဟုတ်ဘူး။ သူ့အရပ်ကို သေချာမမြင်ရပေမယ့် ကိုယ်လုံးကိုယ်ပေါက်က လက်ဖဝါးလောက်လေးပဲ ကျယ်တယ်ထင်တာပဲ။

“ဆရာ… သူသူ.. သူပဲ။ သူက ကျွန်မတို့ လျှို့ဝှက်ချက်ကို သိထားတဲ့အပြင် ကျွန်မတို့ မျက်နှာတွေကိုလဲ မြင်ဖူးထားတယ်။ မြန်မြန်သတ်ပစ်လိုက်စမ်းပါ”

အဲ့ကောင်မလေး တကယ့် ချစ်စရာလေး မဟုတ်ဘူးပဲ။ ဒီလို ကြိုးကြာသံလေးက ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့ စကားလုံးတွေ ဘယ်လိုများ ထွက်လာပါလိမ်။

“အလှလေး။ မင်းတော်တော် ရက်စက်တာပဲ။ ဒါပေမယ့် ငါတော့ သဘောကျတယ်။ ငါတို့တွေ ဘာလို့ မိတ်ဆွေ မဖြစ်နိုင်ရမှာလဲ”

ကျွန်တော် ပြောင်မြောက်တဲ့ လှည့်ကွက်နဲ့ တားဖို့ကြိုးစားလိုက်တာဗျ။

ကောင်မလေး စကားထပ်မပြောတော့ဘဲ ဝါးတိုင်လေးက ရှေ့တက်လာတယ်။ ကျွန်တော့နား ကပ်လာရင်း ဖိအားတွေ ထုတ်လွှတ်လိုက်တာများ လူတောင် မသက်ရှုမဝဖြစ်သွားတယ်။ ဆရာသခင်… ကျွန်တော် သတိရသွားတယ်။ ဆရာတိ ဒါမှမဟုတ် ဆရာလုံတို့ကလွဲရင် ကျွန်တော့ကို ဒီလောက်ဖိအားပေးနိုင်တဲ့သူ မကြုံဖူးသေးဘူး။

ကျွန်တော် ချက်ချင်းကို အမှတ်တမဲ့နဲ့ ကျွန်တော့ခန္ဓာကိုယ်ကို အလင်းဓါတ်တွေနဲ့ ဖုံးထားလိုက်တယ်။

ပုံရိပ်ယောင်ထဲကနေ ထူးဆန်းတဲ့ အသံတစ်သံထွက်လာတယ်ဗျ။

“ဒါ့ကြောင့် တအားသွက်နေတဲ့ မှော်ပညာရှင်လေးတစ်ယောက် ဖြစ်နေတာပေါ့။ အလင်းမှော်ပညာ လိုက်စားတဲ့သူတွေ တော်တော်နည်းတာမဟုတ်ဘူးလား။”

“ဘယ်သူပြောလဲ နည်းတယ်လို့။ ခင်ဗျားလို ဝါးလုံးကြီးက ဘယ်လိုသိမှာလဲ။ အခုဆို အလင်းမှော်ပညာက တိုက်ကြီးတစ်ခုလုံးမှာကို အရမ်းခေတ်စားနေတာ ကျွန်တော်က ထိပ်ဆုံးကပဲ”

ဟွင့်… ထိပ်တိုက်ရင်ဆိုင်ပြီး ဗျူဟာနည်းနည်းတော့ သုံးရမှာပဲ။ ဒါပေမယ့် အဲလိုအမှတ်တမဲ့ ပြောလိုက်မိတဲ့ စကားလုံးတွေက လူသားတွေကို ကဒ်ဆိုးကြီးကနေ ကယ်လိုက်နိုင်မယ်လို့တော့ ထင်မထားခဲ့ဘူးလေ။

“မင်း ဘာပြောလိုက်တယ်။ အဲဒါအမှန်ပဲလား။ တိုက်ကြီးထဲက လူတွေ အလင်းမှော်ပညာကို သုံးနေကြပြီလား။ ငါသိထားတာ အဲလိုမဟုတ်ပါဘူး”

သူစိတ်ရင်းအတိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်ပေမယ့် အမှန်အမှား ကွဲပြားအောင်တော့ မတွေးနိုင်သေးဘူး။

ကျွန်တော် မျက်နှာကို အတည်ပေါက်ထားပြီးတော့…

“အမှန်ပေါ့။ ကျွန်တော် ခင်ဗျားကိုလိမ်ဖို့ ဘာအကြောင်းပြချက်ရှိလို့လဲ။”

ထူးထူးခြားခြားကို စိတ်အားထက်ထက်သန်သန်နဲ့ ပြောလိုက်မိတာ။ ဟုတ်တယ်လေ ဘဝဆိုတာ မျဉ်းဖြောင့်တစ်ကြောင်း လို အမြဲဖြောင်နေမယ်များ ထင်နေလား။ စိတ်ထဲမှာတော့ ကြိတ်ရယ်နေရတာ အူတောင်နာတယ်။

“ဆရာ.. သူ့စကားတွေ နားထောင်မနေနဲ့။ သူ့ကို အရင်သတ်ပစ်လိုက်ပါ။ ကျွန်မတို့ လျှို့ဝှက်ချက်တွေ ပေါက်ကြားခွင့်ပေး လို့မရဘူး”

မိန်းမလှလေးက ဘေးကနေ အော်သံထွက်လာတယ်။ ဒီကောင်မလေး ကျွန်တော့ကို သူ့အဖေဆီ တကယ်ကြီးခေါ်သွားဖို့များ ထွက်လာလားမသိ။ မိန်းမလှလေးတွေက ကောင်းကျိုးပေးတာ တစ်ကွက်မှမရှိဘူးပဲ။ ဒါပေမယ့် နောင်မှာ မိန်းမယူဖြစ်ရင်တော့ မိန်းမလှလေးတစ်ယောက်ယောက်ကို ပဲ ရွေးယူတာ ပိုကောင်းမယ်ထင်တာပဲ။

“ကောင်းပြီ။ ဒီကိစ္စကို ငါအရင်ဖြေရှင်းလိုက်မယ်။ နင်ပတ်ဝန်းကျင်ကို သွားစစ်လိုက်။ ကြီးမြတ်သော အမှောင်ထု။ သခင်၏ ကျွန်သည် နှိမ့်ချစွာ တောင်ဆိုပါတယ်။ အဆုံးမရှိ ဝါးမြိုသူဖြစ်ပါရစေ။ သို့အတွက် ကျွန်တော်မျိုး၏ စိတ်ဝိညာဉ်ကို သဒ္ဓါအပြည့်နဲ့ ပူဇော်ပါတယ်”

သူ့စကားတွေ ဘာမှသေချာနားမလည်ပေမယ့် ဒီမန္တန်က အမှောင်မှော်ပညာကို သုံးနေတယ်လို့ ခံစားနေရတယ်။

“မှော်ပြိုင်ပွဲ”

ဝါးလုံးကြီးနောက်ကနေ အရိပ်မည်းကြီးတစ်ခုထွက်လာပြီး ကျွန်တော့ဆီတိုးဝင်လာတယ်။ ကျွန်တော် ချက်ချင်း “တောက်ပသော အလင်းအင်ပါယာ”နဲ့ သူ့တိုက်ခိုက်တာကို ရင်ဆိုဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် မထင်မှတ်ထားတာ တစ်ခု ဖြစ်သွားတယ်ဗျ။ အနက်ရောင်အရိပ်ကြီးက တောက်ပသောအလင်းအင်ပါယာနဲ့ ဘာဆိုဘာမှ မဆိုင်သလိုမျိုး တော်တော်ကိုကြီးတဲ့ ပိုက်ကွန်အုပ်ဆောင်ကြီးလိုဖြစ်သွားပြီး တောက်ပသောအလင်းအင်ပါယာကို ဖမ်းအုပ်ပစ်လိုက်တာဗျ။ မန္တန်ကို ကျွန်တော် ထိန်းချုပ်နိုင်စွမ်းပျောက်သွားပြီး အနက်ရောင်တွေထဲက အလင်းဓာတ်တွေ တဖြည်းဖြည်း မှေးမှိန်သွားပါရောလား။

============= (*^*)=============

အပိုင်း(၄၈)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters