အောင်မြင်စွာ လွတ်မြောက်ခြင်း
Vol. 4 Ch. 48
အစွမ်းထက်လိုက်တာ။ အမှောင်မှော်ပညာက တော်တော်ကြီးကို အစွမ်းထက်တာပဲ။ သူတို့က နတ်ဆိုးမျိုးနွယ်တွေဆိုတော့ လူသားတွေကို မုန်းတီးစိတ်က သူတို့နှလုံးသားနဲ့ အရိုးထဲမှာကို ဆွဲနေကြပြီလေ။ သူတို့ ကျပ်ကို ဘယ်လိုလုပ် ခွင့်လွှတ်မှာတဲ့လဲ။ အရင်က သူတို့တဲ့ တခါမှ မှ မဆုံခဲ့ဖူးသေးဘူးလေ။ ပထမဆုံးအကြိမ် တွေ့ဖူးတာဆိုတော့ သူတို့သုံးတဲ့ အမှောင်မျော်ပညာကို ဘယ်လိုကိုင်တွယ်ပြီး ဘယ်လိုတုန့်ပြန်ရမှန်းကို မသိဘူး။ ဒီလိုနေလို့တော့ မဖြစ်သေးဘူး။ ကျုပ် ထွက်ပြေးရမှဖြစ်မယ်။ ဘယ်သူတွေ ဘာပြောပြော လုံခြုံရေးသည်သာ ပထမလေ။ နောက်ပိုင်း သူတို့ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်း စဉ်းစားလို့ရနိုင်တယ်လေ။ တိုက်ပွဲနယ်မြေထဲကနေထွက်ဖို့ အရင်ဆုံး မြန်မြန်လေး တာတိုလေဟာနယ်ရွှေ့ပြောင်းချင်လို့ အမှောင်မှော်က ကျုပ် တောက်ပသော အလင်းအင်ပါယာကို ဖုံးထားတုန်း အခွင့်အရေးယူရမှာပဲ။ အကောင်းဆုံး လမ်းကြောင်းတစ်ခုရွေးပြီး ထွက်ပြေးဖို့ ကြိုးစားရတာပေါ့။၊
တကယ်တမ်းကျ ကျုပ် ထွက်ပြေးဖို့အတွက် သိပ်စိတ်ပူစရာမလိုဘူးဗျ။ သူတို့ မလိုက်နိုင်ဘူးလေ။ အဲ့ဝါးလုံးကောင်ကြီး ကျုပ်ရဲ့ တောက်ပသော အလင်းအင်ပါယာ ကို ချေမှုန်းနိုင်တယ်ဆိုပေမယ့် သူလဲ စွမ်းအား အများကြီး သုံးလိုက်ရတာပဲလေ။ အမှောင်မှော်နဲ့ အလင်းမှော်ဆိုတာ သဘာဝကိုက ဆန့်ကျင်ဘက် ဖြစ်နေတာကိုး။ ပထမတော့ သူ့မှာ အားသာချက်မရှိဘူး။
တောက်ပသော အလင်းအင်ပါယာရဲ့ အစွမ်းတွေကို ချေမှုန်းလိုက်ပြီးတဲ့အချိန် ဝါးလုံးကြီးက အသက်ပြင်းပြင်းရှူလိုက်တယ်။
“ဒီ….. အလင်းမှော်ပညာက တော်တော်အစွမ်းထက်သလောက် လေဟာနယ်မှော်ပညာကိုလဲ သိနေတယ်။ သူ့နောက် လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်။ အဲ့ကလေး ငယ်ပေမယ့် စွမ်းအားတော်တော် ကောင်းတာပဲ။ အာ… မင်းသမီးလေး၊ သူနဲ့မယှဉ်နိုင်သေးဘူးထင် ဟုတ်လား”
“ဆရာ ဘယ်လိုနေသေးလဲ။ အဲလို စကားမျိုးမပြောနဲ့။ သူနဲ့ယှဉ် လို့မရလောက်ဘူးလား။ သူတကယ်ကြီး အစွမ်းထက်တာလား”
မိန်းမလှလေး ပြောရင်းနဲ့ ဝါးလုံးကြီးကို အကူအညီပေးဖို့ ပြေးကပ်သွားရင်း မယုံနိုင်ဟန်နဲ့ ပြောတာ။
“အာ… မင်းသမီး။ ဒီကောင်လေး စောစောက ပြောခဲ့တာတွေသာ အမှန်ဆိုရင် ငါတို့ နတ်ဆိုးမျိုးနွယ် ကဒ်ဆိုက်ပြီ။ သူတို့ အလင်းမှော်ဆိုတာက ကျွန်တော်မျိုး မတွေ့တာ တော်တော်ကြာပြီ။ သူ့စွမ်းအားက ထူးထူးခြားခြားကို ကောင်းနေတယ်။ ဒါတောင် သူ့စွမ်းအား အကုန်မသုံးသေးဘူးဆိုတာ သိသာတယ်။ လောလောဆယ် ကျွန်တော်မျိုးကြီးနဲ့ မယှဉ်နိုင်သေး ပေမယ့် နောက်နှစ်တွေဆို ကျွန်တော်မျိုးကြီးကို ကျော်တက်သွားဖို့ သေချာတယ်။ နတ်ဆိုးမျိုးနွယ်က လူသားနယ်မြေထဲကို ကျူးကျော်လာတယ်ဆိုတာလဲ သူသိသွားတာဆိုတော့ သေချာပေါက် တစ်ခုခုတော့ လုပ်မှာပဲ။ ကျွန်တော်မျိုးတို့ လူသားနယ်မြေကို ကျူးကျော်ဖို့ကိစ္စ ခဏတော့ ဆိုင်းငံ့ထားအုံးမှ ဖြစ်မယ်ထင်တယ်။ ကျွန်တော်မျိုး ကြီးတို့ နောက်ထပ်အစီအစဉ်တွေ အကောင်အထည်မဖေါ်ခင် လူသားမျိုးနွယ်ရဲ့ ခွန်အားကို သေသေချာချာ သိထားဖို့ လိုလိမ့်မယ်ထင်တယ်”
“ကောင်းပြီလေ။ ကျွန်မ ဆရာ့စကားကို နားထောင်ပါ့မယ်။ ဒါဆို ကျွန်မတို့တွေ အိုက်ရှားနိုင်ငံကို အရင်ဆက်သွားကြတာပေါ့။”
“ကျွန်တော်မျိုးတို့ ဆက်သွားကြတာပေါ့။ ဒါပေမယ့် အရင်းဆုံး ခြေကုပ်ယူလို့ရမယ့်နေရာရှာဖို့ အရင်ဆုံးလုပ်သင့်တယ် ။ ပြီးတော့ ကျွန်တော်မျိုးကြီး တိုင်းပြည်ကိုပြန်ပြီး ဘုရင်မင်းမြတ်ကို ဦးဆုံး ဖြစ်ကြောင်းကုန်စင် တင်ပြရလိမ့်မယ်။”
“ကောင်းတယ်။ ပြီးရင် ကျွန်မတို့ ချက်ချင်းထွက်ခွာကြတာပေါ့။
ပြီးတော့ သူ့နောက်လိုက် (၈)ဘက်လှည့်ပြီး-
“နင်တို့ ဘယ်လိုနေသေးလဲ။ အဝတ်အစားကောင်းကောင်းတွေ မြန်မြန်ပြန်လဲလိုက်။ ငါတို့ အစီအစဉ်အတိုင်း ဆက်လုပ်ရမယ်။ မြို့ထဲမှာ အနားယူစရာနေရာတစ်ခု ရှာရမယ်”
ကျုပ် ပြေးလာတာ ဘယ်လောက်ကြာသွားပြီမှန်းတောင် မသိတော့ဘဲ အသက်ရှူတွေ ကြပ်လာပြီ။ အား.. တော်တော်ပင်ပန်းတာပဲ။ ပြေးရင်းနဲ့ ခေါင်းလှည့်ကြည့်လိုက်တော့ ဘယ်သူမှ လိုက်မလာကြဘူးဗျ။ ပြေးတာရပ်လိုက်ရင်တောင် ဘာပြဿနာမှ မရှိလောက်တော့ဘူး။ အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ ချွေးသုတ်ရင်း ထိုင်ချလိုက်တယ်။ နတ်ဆိုးတွေ ဒီကဘာလုပ်ကြတာပါလိမ့်။ သူ့တို့နဲ့မှ တည့်တည့်တွေ့ရလောက်အောင် ငါ့ကံ ဘယ်လောက်တောင်ဆိုးနေပါလိမ့်။ ခရီးစထွက်ယုံရှိသေး ဒီလောက်စွမ်းအားကြီးတဲ့ ရန်သူနဲ့မှ တွေ့ရတယ်လို့ကွာ။ အမြန်ဆုံး ထွက်ပြေးလာနိုင်တာကိုက တော်တော်ကံကောင်းနေပြီး။ ကျုပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ရတဲ့ ဝါးလုံးကြီးကို ပြန်သတိရမိတော့ တစတစနဲ့ ကြောက်လာမိသလိုပဲ။
ပြောမယ့်သာ ပြောရတာ သူတို့ခေါင်းတောင် ကောင်မလေးက တော်တော်လှတာပဲ။ နတ်ဆိုးတွေမှာလဲ ဒီလိုလှတဲ့ ကောင်မလေးတွေ အများကြီးရှိလားမသိဘူး။ အစတုန်းကတော့ ဟိုညီအစ်မနှစ်ယောက် တော်တော်လှတယ်ထင်နေတာ၊ ဒီနတ်ဆိုးကောင်မလေးတွေနဲ့တွေ့မှ သူတို့လှတာ ဘာဟုတ်သေးလို့လဲ။ ကျုပ် နှလုံးသားက ဘယ်မိန်းကလေးကိုမှ ဂရုစိုက်ခဲ့တာမဟုတ်ပေမယ့် ဒီကောင်မလေးကိုတော့ နည်းနည်းစူးစမ်းနေမိပြီ။ ဒါပေမယ့် အဲ့ကောင်မလေးက တော်တော်ရက်စက်တာ။ ကျုပ်ကို တွေ့တာလေးနဲ့ ရိုက်ရုံတင်မဟုတ်ဘူး သတ်ပါပစ်ချင်နေတာသူက။ အင်း နောင်တချိန် သူနဲ့ လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ သိပ်ကြီးတော့လဲ ဆိုးဆိုးရွားရွား ဖြစ်မယ်မထင်ပါဘူးလေ။ စကားလုံး နည်းနည်းနဲ့ ချော့လိုက်ရင် ဓားသွားလိုသူ့စိတ်လဲ အရေပျော်သွားလောက်မှာပါ။ ဒါဆို ပြီးသွားပြီလေ။ အင်း… လှတဲ့ကောင်မလေးတိုင်း နည်းနည်းတော့ ရက်စက်တတ်ကြတယ်ထင်တယ်။ ကျုပ် နောင်ရေးကောင်းအောင် ရွက်ကြမ်းရေကျို မိန်းကလေးလောက်ပဲ လက်ထပ်တာ ကောင်းမယ်ထင်ပါတယ်။ မိန်းမလှလေးတွေကိုတော့ မျက်စိအစာကြွေးယုံ အဆင့်နဲ့ပဲ လုံလောက်ပါတယ်လေ။
အာ.. ငါဘာတွေ တွေးနေမိပါလိမ့်။ သူတို့ နတ်ဆိုးမျိုးနွယ်တွေ စစ်ထယ်လွင်ခံတပ်နယ်မြေကိုတောင်ကျော်ပြီး ထန်းဝူတိုက် ကြီးကိုတောင် ရောက်လာနေပြီဆိုတာ မထင်မှတ်ပဲ တွေးမိလိုက်တယ်။ သူတို့ ရည်ရွယ်ချက်က ဘာများလဲ။
ကျုပ် ခန္ဓာကိုယ်က အရမ်းပင်ပမ်းနေပြီဆိုတော့ အသိစိတ်တွေ လွင့်ပါးရင်း အိပ်ပျော်သွားရော။
ကျုပ် ကောင်းကောင်းကြီး အိပ်ပြီးမှ နိုးလာတာ။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ညဉ့်တောင်နက်နေပြီ။ ကျွန်တော့ တကိုယ်လုံးလဲ ချွေးတွေကိုရွဲလို့။ လူးလဲထပြီး သန့်ရှင်းရေးလုပ်ဖို့ နေရာလိုက်ရှာကြည့်လိုက်တယ်။
ဒါဘယ်နေရာပါလိမ့်။ ခပ်လှမ်းလှမ်းမှာတော့ အလင်းရောင်ထွက်နေပုံပဲ။ ရွာတစ်ရွာ မြင်ရတယ်။ ဘာမှစဉ်းစားမနေဘဲ ရွာဘက်ကို သုတ်ချေတင်တော့တာပေါ့။
နီးလာတော့ သေသေချာချာကြည့်လေ ထင်ထားသလို ရွာတစ်ရွာဆိုတာ သေချာလာလေပဲ။ အိမ်ထောင်စု (၂၀)လောက်ပဲ ရှိမယ်ထင်တယ်ဗျ။ အကြီးဆုံးအိမ်ရှေ့သွားပြီး တံခါးခေါက်လိုက်တယ်။
“အိမ်ရှင်တို့ ရှိလားဗျို့”
အထဲကနေ အိုမင်းနေတဲ့ အသံနဲ့
“ဘယ်သူလဲ”
“မင်္ဂလာပါဗျ။ ကျုပ် ခရီးသွားတစ်ယောက်ပါ။ ကျုပ် လမ်းပျောက်ပြီး ဒီကိုရောက်လာမိတာပါ။ ကျုပ်ကို တစ်ညလောက်များ တည်းခိုခွင့်ပေးနိုင်မလားဗျာ။ မနက်ဖြန် ပြန်ထွက်သွားမှာပါ။”
ခဏကြာတော့ တံခါးပွင့်လာတယ်။ ပါးရေနားရေတွေတွန့်နေတဲ့ အဘိုးကြီးတစ်ယောက်ဗျ။ ကျုပ်ကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်ပြီးမှ..
“ဝင်ခဲ့….”
“ကျေးဇူးတင်ပါတယ်ဗျ…”
ကျုပ် ချက်ချင်းဖြေရင် အဘိုးကြီးနောက် လိုက်သွားလိုက်တယ်။ ဒီအိမ်မှာ အိပ်ခန်း(၃)ခန်းပဲ ရှိတယ်ထင်တယ်။ ဧည့်ခန်းကတော့ တော်တော်ရိုးရိုးရှင်းရှင်းပဲ။ ခုံတန်းလျား၊ စားပွဲခုံလေး၊ ခွေးခြေခုံလေးတွေရယ် အိမ်သုံးပစ္စည်းနည်းနည်း ရယ်ပဲရှိတယ်။
အဘိုးကြီးက ကျုပ် အတွက် ရေတစ်ခွက်ခပ်ပေးလာလို့…
“ကျေးဇူးတင်ပါတယ်ဗျ…”
“မင်း ဒီလောက်ယာဉ်ကျေးနေစရာ မလိုပါဘူးလေ။ ကောင်လေး မင်းဘယ်ကလာတာလဲ”
“ကျုပ် စမ်ခ မြို့က လာတာပါ။ ရှို့တိ နိုင်ငံကို သွားလည်မလို့ပါ”
ကျုပ် မကွယ်မဝှက်ပဲ ပြန်ဖြေပေးလိုက်တယ်။ ဘာမှ ဖုံးဖိထားစရာမှ မလိုတာ။
“အာ.. စမ်ခ ဆိုတာ ဒုတိယအကြီးဆုံး မြို့တော်ကြီးပဲ။ ငါငယ်ငယ်ကတော့ သွားလည်ခဲ့ဖူးသေးတယ်။ အာ… မင်းဘာမှ မစားရသေးဘူးမို့လား။ ကဲကဲ ဒီအဘိုးကြီး စားစရာတစ်ခုခု သွားယူလိုက်အုံးမယ်”
ကျုပ်လဲ ဗိုက်ဆာနေပြီဆိုတော့ ဘာမှရှက်မနေပါဘူး။
“ဟုတ်ကဲ့ ဒါဆိုရင် အဘိုးကိုပဲ ဒုက္ခပေးပါရစေ။”
စိတ်ထဲကတော့ ယူလာသလောက် အကုန်တွယ်ဖို့တွေးနေတာ။
ဇလုံတစ်လုံးတွေ့တာနဲ့ ခြံထဲက ရေအိုးထဲက ရေခပ်ပြီး မျက်နှာသစ်လိုက်တယ်။ ထင်ထားတဲ့အတိုင်း တော်တော်လန်းသွားတာပဲ။ ထမင်းစားပြီးမှ ကောင်းကောင်းကြီး ကိုယ်ရေလက်ရေသပ်ရမယ်။
“ကဲကဲ ကောင်လေး စားလိုက်အုံး”
“ဟုတ်ကဲ့။ လာပါပြီ”
အခန်းထဲဝင်လိုက်တော့ စားပွဲလေးပေါ်မှာ ဝါးခြင်းတောင်းလေးထဲမှာ အာလူးပြုတ်တွေ ပြောင်းဖူးပြုတ်တွေ ထည့်ထားတာအပြင် တခြားဟင်းတွေရော တင်ထားတယ်ဗျ။ အာလူးနိုင်နိုင်နဲ့ ပြုတ်ထားတဲ့ ဆန်ပြုတ်တောင်ပါသေး။ အဲဒါတွေက ထွက်လာနဲ့ အနံ့တွေနဲ့တင် သွားရည် တမြှားမြှား ဖြစ်နေပြီ။
“လာထိုင်၊ စားကြရအောင်။ ငါတို့ရွာလေးမှာတော့ ဧည့်သည်တွေကို ဧည့်ခံစရာ စားကောင်းသောက်ဖွယ်တွေတော့ မရှိဘူးပေါ့”
“ဒါတွေနဲ့တင် အရမ်းကောင်းနေပါပြီ။ ကျုပ် အိမ်မှာလဲ ဒီလိုပဲ အမြဲစားနေရတာပါ”
မရတော့ဘူး။ စားပွဲပေါ်က စားစရာမျိုးစုံကို စလွေးတော့တာပေါ့။ အဘိုးကြီးကတော့ ကျုပ် စားနေတာကို ပြုံးပြုံးကြီး ထိုင်ကြည့်နေလေရဲ့။
လွေးဆို အမှန်အကန်လွေးလိုက်တာ စားပွဲလေးပေါ်မှာ ပြောင်တလင်းခါရောပဲ။ ကျုပ် ဗိုက်ကိုပွတ်ရင်းနဲ့…
“ကျုပ် တကယ်ကိုဆာနေတာ။ အိမ်ကထွက်လာကတည်းက ဘာမှမစားရသေးဘူးလေ။ တကယ်ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ”
အဘိုးကြီးက စားပွဲကို သေချာသန့်ရှင်းရေး စလုပ်လိုက်တော့ ကျုပ် ခပ်မြန်မြန်ပဲ ဝင်လုပ်ပေးလိုက်တယ်။ ဝံပုလွေလို စားပိုးနင့်အောင် စားသောက်ပြီးမှတော့ တခြားသူ သန့်ရှင်းရေးလုပ်နေတာ ဘယ်ကြည့်ရက်တော့မလဲ။ အဘိုးကြီးက အလိုက်တသိပဲ ယဉ်ယဉ်ကျေးကျေးနဲ့ မီးဖိုချောင်ရှိတဲ့နေရာ ကိုပြပေးတယ်ဗျ။
============= (*^*)=============
အပိုင်း(၄၉)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား