← Chapters

စားပြီးရင်းစား

Vol. 4 Ch. 50

စားပြီးရင်းစား

Vol. 4 Ch. 50

“ဒီအဆင့်မြင့် တာဝန်(၃)ခုအတွက် ဆုကြေးက အရမ်းမြင့်တယ်၊ ဘယ်လိုလူမျိုးကများ တတ်နိုင်မှာတဲ့လဲ”

မေးလိုက်တော့ ကျုပ်ကို ဝန်ထမ်းအမျိုးသမီးက ရယ်ပြယုံတင်မဟုတ်ဘူး၊ ဘေးနားက လူတွေကပါ အရူးတစ်ယောက်လို ဝိုင်ကြည့်နေကြတာဗျ။ သူတို့က ဘာလို့ကြည့်ကြတာတုန်း။ ကျုပ်အတွက်တော့ ဒါပထမဆုံးအကြိမ်လေဗျာ။ ထားလိုက်တော့ အားလုံးကို ဥပေက္ခာပြုလိုက်တာအေးရော။

လူထုခေါင်းဆောင်တွေ သန္ဓေတည်စကတည်းက ဒီတာဝန်တွေ ထိပ်ဆုံးက ရှိနေတာ။ အခုဆို နှစ်ပေါင်း (၁၀၀၀)ကျော်ပြီပေါ့။ တကယ်လို့သာ တစ်ယောက်ယောက်က ဒီတာဝန်တွေပြီးစီးအောင် စွမ်းဆောင်နိုင်ရင် မြို့တော်ကိုသွားပြီး ဆုကြေးထုတ်ရမှာ။ ဒါတွေ ပြီးအောင်လုပ်နိုင်တဲ့သူကလဲ တကယ့်ကို နာမည်ကြီးထိပ်တန်း ဖြစ်သွားမှာ။

ဆရာတိ ကျုပ်ကို နတ်ဘုရားအကျွင်းအကျန်တွေ ရှာတွေ့ရင်တောင် ရဖို့မလွယ်ဘူးလို့ ပြောထားတာလေ။ နတ်ဘုရားပစ္စည်းတွေလိုချင်မှတော့ နတ်ဘုရားတွေရဲ့ ခွင့်ပြုချက်ရ(ကံဇာတာကောင်း)ဖို့လိုတာပေါ့။ ဒါတွေ သိပြီးသားပါ။

“အော်… အဲလိုလား။ ငါလိုချင်တဲ့ တာဝန် တွေ့မိလား”

လူတွေအများကြီး အာရုံစိုက်တာခံနေရတော့ မြန်မြန်ထွက်သွားချင်နေပြီလေ။

“ဒီတစ်ခုကတော့ ရှင်နဲ့ တော်တော်ကိုက်ညီမယ့် တာဝန်ပဲ။ (ခ)အဆင့် ပေါ့။ တာဝန်က ကုန်သည်တစ်ယောက်နဲ့ သူ့အဖွဲ့ကို ရှို့တိနိုင်ငံ၊ ရှို့တိမြို့တော်အထိ လိုက်ပို့ပေးရမှာ။ ဒီတာဝန်အတွက် ဆုကြေးက စိန်ဒင်္ဂါး (၃၀၀)။ ဒါပေမယ့် များသောအားဖြင့် ဒီလိုတာဝန်တွေကို ကြေးစား အဖွဲ့လေးတွေကနေ လက်ခံလေ့ရှိတယ်။ ရှင် တစ်ယောက်တည်း အဆင်ပြေနိုင်မလား။”

“အာ.. အဲ့လိုအဖွဲ့လေးတွေမှာ လူဘယ်နှစ်ယောက် ပါတတ်လဲ”

ဒီတာဝန်ကိုလုပ်ဖို့ တခြားလူတွေကိုရှာပြီး အတူတွဲလုပ်တာ ပိုကောင်းမယ်။ ကိုယ့်လုံခြုံရေးက အရေးအကြီးဆုံးပဲလေ။

“အတိအကျတော့မရှိဘူး။ များသောအားဖြင့် (၁၀)ယောက် ဝန်းကျင်ပေါ့”

ကျုပ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး…

“ဒီတာဝန်ကို လုပ်ချင်တဲ့ ဘယ်လူထုခေါင်းဆောင်မဆို ကျုပ်ပူးပေါင်းချင်ပါတယ်”

ဒါမျိုးက ကိုယ့်အတွက်ကိုယ် ခေါင်းသုံးရမယ်။ ဒီတာဝန်ကို တစ်ယောက်ထဲ မလုပ်ချင်မှတော့ အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ပဲ ရှိတော့တာပေါ့။ အံ့ဩပ။ ကျုပ်က ဓားပြတွေနဲ့ ထိပ်တိုက်တွေ့စရာလား။ တစ်ယောက်ထဲဆို သူတို့က သေချာ အာရုံစိုက်လာကြမှာလေ။ ဒီနည်းက ကျွန်တော့အတွက် သေချာပေါက် ဘေးအကင်းဆုံးပဲ။ ကျုပ် တကယ် ထက်မြက်လွန်တာပဲ.. အဟီး။

ကိုယ့်အကြံကိုယ် ဖီးတက်နေတုန်း အသံတစ်သံကြားလာရတယ်ဗျ။

“ဒီလိုဆိုမှတော့ ဒီတာဝန်ကို ငါတို့ယူတော့မယ်။ မင်းလဲ ငါတို့နဲ့ ပူးပေါင်းလို့ရတယ်လေ။”

အာ။ တော်တော်အသံကျယ်တာပဲ။ ကျုပ်တောင် နည်းနည်းလန့်သွားတယ်။ အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်တော့ (၂)မီတာကျော်ကျော်၊ မျက်နှာမှာ မုတ်ဆိတ်‌မွှေးတွေနဲ့၊ နောက်ကျောမှာ ပုဆိန်ကြီးတစ်လက် ချိတ်ထားတယ်။ တစ်ချက်လေး ကြည့်လိုက်တာနဲ့ သိုင်းဆရာတစ်ယောက်ရဲ့ အငွေ့အသက်တွေ နဲ့ဆိုတာ အတတ်သိလိုက်တယ်။

“ခင်ဗျားတို့က ကြေးစားဖွဲ့လား”

“အေး။ ဟုတ်ပ။ ငါတို့အဖွဲ့က နာမည်ကြီး ကြေးစားဓားသမားအဖွဲ့ကွ”

ဒီလူကြီးပြောနေပုံက တော်တော်ရိုးသားတဲ့ပုံပဲ။

“လူဘယ်နှစ်ယောက်လောက်ပါလဲဗျ”

“ငါတို့အဖွဲ့က လူ(၂၀)လောက်ပဲရှိပေမယ့် အားလုံးက သိုင်းသမားတွေကြီးပဲ။ ငါတို့က ရှို့တိနိုင်ငံသားတွေဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေလို့ ဒီတာဝန်ကို လက်ခံချင်တာ။ ငါတို့မှာ မှော်ပညာရှင်မရှိဘူး။ ဒီတော့ မင်းသဘောက ဘယ်လိုလဲ”

လူ(၂၀)ဆိုတာ နည်းတာမဟုတ်ပေမယ့် သူတို့ စွမ်းအားက ဘယ်လိုလဲမသိသေးဘူး။ သူ့ပုံစံကိုကြည့်ရတာတော့ သူ့မှာသာ ကမ္ဘာမြေတိုက်ခိုက်ရေးဝိညာဉ် ရှိရင်တော်တော်ကောင်းမယ်ဗျ။

“”ဒါဆိုရင် ခင်ဗျားရဲ့ စစ်သည်တော်အဆင့်က ဘယ်အခြေအနေလဲ”

“ငါလား။ အခုဆိုရင် အစစ်အမှန်သူရဲကောင်းတစ်ယောက်ရဲ့ အဆင့်ကိုနီးနေပြီ။ အဖွဲ့ထဲက လူတွေကတော့ အလယ်တန်းအဆင့် စစ်သည်တွေပေါ့”

(#မှတ်ချက်။ ။ အလယ်တန်းစစ်သည်တစ်ဦးသည် အလယ်တန်းမှော်ပညာရှင် နှင့် ညီမျှသည်။)

“အိုး…. ဒါဆိုရင် ခင်ဗျားကို အဆင့်မြင့် စစ်သည်တော်လို့ ပြောရမှာပေါ့။ ဒါဆို အဆင်ပြေတာပေါ့။ ဒီတာဝန်ပြီးတဲ့အထိ ခင်ဗျားအဖွဲ့နဲ့ ပူးပေါင်းချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဘက်က တောင်ဆိုချက်တစ်ချို့ကို သဘောတူပေးဖို့ မျှော်လင့်မိတယ်”

သူတို့ စွမ်းအားက ပြောလောက်အောင်မဟုတ်ပေမယ့် ဒီလူကြီးကို ကျွန်တော် သဘောကျတယ်ဗျ။

အဲ့လူကြီး နည်းနည်း လန့်သွားတဲ့ပုံနဲ့…

“ဘယ်လို တောင်းဆိုချက်တွေလဲ”

“တောင်းဆိုချင်တာ (၃)ခုပါ။ နံပါတ်(၁) ကျုပ်က မှော်ဆရာဆိုတော့ ခန္ဓာကိုယ်ကြံခိုင်မှုအားနည်းတယ်လေ၊ ဒီတော့ လမ်းခရီးအတွက် အဆင်ပြေအောင် မြင်းလှည်းတစ်စီး စီစဉ်ပေးစေချင်တယ်။ နံပါတ်(၂) ကျုပ်ကို ခင်ဗျားတို့ ကြေးစားအဖွဲ့ဝင်အဖြစ် သဘောမထားဘဲ ရိုးရိုးသာမန် မဟာမိတ်အဖြစ်ပဲ ဆက်ဆံစေချင်တယ်။ ခင်ဗျား ကျုပ်ကို အမိန့်ပေးစရာမလိုဘူးပေါ့။ အန္တရာယ်ကြုံလာရင်တော့ ဘာပဲဖြစ်ဖြစ် ကျုပ် အားလုံးဖြေရှင်းသွားမယ်။ နံပါတ်(၃) ဆုကြေးရဲ့ (၁၀)ပုံ(၁)ပုံ လိုချင်တယ်”

ပထမဆုံးအချက်က နည်းနည်း ခက်နိုင်ပေမယ့် နောက်အချက်တွေက သူတို့အတွက် အကျိုးရှိတယ်လေ။ အဲ့လူကြီး သူ့လူတွေနဲ့ နည်းနည်းလေးတိုင်ပင်ပြီး သဘောတူလိုက်တယ်။ ရထားတစ်စီးရှာဖို့ပဲ လိုတော့တာပေါ့။ ဒီငွေတွေအားလုံး ကျုပ်အတွက် ဘာလုပ်ဖို့လဲ။ ငွေအိတ်ထဲ နည်းနည်းလေး အပြောင်းအလဲဖြစ်သွားယုံပဲလေ။ ဒါတင်လားဆိုတော့ လူ(၂၀)ကိုလဲ ခွဲပေးရအုံးမှာ။ ကိုယ့်အတွက်လဲ သိပ်ကျန်မှာမဟုတ်ဘူး။ ဒီတော့ ထူးထူးခြားခြားကို ရိုးသားလိုက်တာ အကောင်းဆုံးပါပဲ။

တာဝန်လဲလက်ခံပြီးရော စုရပ်နဲ့ အချိန် ဆုံးဖြတ်ပြီးတာနဲ့ လူထုခေါင်းဆောင် အဆောက်အဦထဲကနေ ထွက်လာခဲ့လိုက်တယ်။ ပထမတော့ စားလို့ကောင်းမယ့်ဆိုင် တစ်ဆိုင်ရှာဖို့ပဲ။ ခရီးတလျှောက်လုံးမှာ ရိက္ခာခြောက်တွေနဲ့ ဟိုဦးလေးကြီး အိမ်မှာ စားခဲ့ရတဲ့ အစားအသောက်တွေနဲ့ပဲ ကျေနပ်ခဲ့ရတာလေ။ လူကနေပေမယ့် ဗိုက်ကမနေဘူး၊ ဆန္ဒတွေပြနေပြီ။

လူထုခေါင်းဆောင် အဖွဲ့အစည်းထဲကနေ ထွက်လာပြီး ဘာမှမကြာလိုက်ဘူး “ထူးခြားဟင်းလျာ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုနဲ့ စားသောက်ဆိုင်ကြီးတွေ့ပါလေရော။ တော်တော်စိတ်ဝင်စားဘို့ကောင်းတာပဲ။ ဒီမှာစားကြည့်သေးတာပေါ့။

စားသောက်ဆိုင်ထဲ ဝင်လိုက်တာနဲ့ ဧည့်ကြိုလေးတစ်ယောက် လာပြီး ကြိုတော့တာဗျို့။

“မင်္ဂလာပါဆရာ…. ဆရာနဲ့အတူ ဘယ်သူတွေများ ပါအုံးမလဲခင်ဗျ”

“ငါ တစ်ယောက်ထဲပဲ။ ငါ့ကို အေးအေးချမ်းချမ်းစားလို့ရမယ့် နေရာပို့ပေးကွာ”

“ဟုတ်ကဲ့ပါ။ ဒုတိယထပ်ကတော့ ပိုပြီးအေးချမ်းပါတယ်။ ကျွန်တော် လိုက်ပို့ပေးပါ့မယ်”

ကျုပ် ဧည့်ကြိုလေးနောက်ကနေ ဒုတိယထပ်ကို လိုက်သွားပြီး ပြတင်းပေါက်ဘေးက စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ ဟုတ်တယ်ဗျ ဒီနေရာလေးက တကယ်အေးချမ်းတယ်။ ညစာ စားချိန်မရောက်သေးလို့ လူနည်းနေတာလဲ ပါမှာပေါ့။

“မင်းတို့ဆိုင်မှာ ဘယ်လို အထူးဟင်းလျာတွေ စားလို့ရမလဲ”

ဗိုက်က တော်တော်ဆာနေပြီဆိုတော့ စောင့်ကို မစောင့်နိုင်တော့ဘူး။ ဒင်းက တဂွီဂွီ ဖြစ်နေပြီလေ။

“ကျွန်တော်တို့ဆိုင်က ထူးခြားဟင်းလျာ တွေကတော့ ဘဲကြော်၊ တုန်းဖိုဝက်သား…………”

ဟင်းပွဲ ဆယ်မျိုးလောက် ဆက်တိုက်ရွတ်ပြတော့တာဗျို့။ ကြားရတဲ့ အသံနဲ့တင် တော်တော်ကောင်းနေပြီဆိုတော့ သွားရေတောင် ယိုချင်လာပေါ့။

“အဆင်ပြေတယ်။ ဆက်မရွတ်နဲ့တော့ ။ မင်းခုဏက ရွတ်ပြတဲ့ ဟင်းပွဲတွေ အကုန်ချကွာ။ ပေါက်ဆီ (၁)လုံးနဲ့ ဆန်ပြုတ် (၁)ခွက်လဲယူခဲ့လိုက်။ မြန်မြန်လုပ်ကွာ”

“အဲလောက်ကြီး အကုန်စားမှာလား”

ဧည့်ကြိုလေး မျက်လုံးပြူးနေပြီ။

“မှာတာတွေသာ မြန်မြန်လုပ်စမ်းပါကွာ။ မင်းက ဘာကြောင့် ပြန်မေးခွန်းထုတ်နေရတာတုန်း။ ဒါမျိုးတွေ ငါမကြိုက်ဘူး”

ဧည့်ကြိုလေးကို မောင်းထုတ်ပြီးတာနဲ့ မှာထားတာတွေကို လည်တဆန့်ဆန့်ဖြစ်နေပြီ။ သူတို့ကလဲ တော်တော်မြန်သားဗျ။ မကြာပါဘူး ကျုပ်စားပွဲမှာ အထူးဟင်းလျာတွေနဲ့ ဝေဝေဆာဆာဖြစ်သွားရော။ တူတစ်စုံကိုင်ပြီးတာနဲ့ ကျုပ် ပါးစပ်က မရပ်မနား အလုပ်လုပ်တော့တာပေါ့။ အဟီး။

အရမ်းမနှေးအောင်စားတာတောင် (၁)နာရီလောက် စားလိုက်ရတယ်ဗျ။ တကယ်ဆို ဟင်းလျာတွေစားဖို့ အချိန်သိပ်မပေးရပါဘူး။ ဘယ်လိုအရသာဖြစ်ဖြစ် ဗိုက်ထဲဝင်သွားတာပဲလေ။ မဆိုးပါဘူး။ တကယ်ကို မဆိုးတာဗျ။

“တစ်ယောက်လာဟေ့။ ငွေရှင်းမယ်”

“စုစုပေါင်း ရွှေဒင်္ဂါး (၃)ပြားနဲ့ ငွေဒင်္ဂါး(၄)ပြား ကျပါတယ်”

“အို့ ..”

ကျုပ် ရင်ဘတ်ထဲကနေ ခရမ်းရောင်ကတ်ကိုထုတ်ပြီး ပေးလိုက်တယ်။

“ကတ်နဲ့ ရှင်းလို့ အဆင်ပြေတယ်မို့လား”

ဧည့်ကြိုလေးက ကျုပ်ကတ်မြင်တော့ သူ့မျက်နှာမှာ ရိုသေ၊ လေးစား၊ အားကျတဲ့ ပုံရိပ်တွေ ပေါ်လာတယ်။

“ခဏလေး စောင့်ပေါးပါဗျ။ ကျွန်တော် ဆိုင်ရှင်ကို သွားရှာလိုက်ပါ့မယ်”

ဒီကတ်လေးနဲ့ရှင်းဖို့အရေး ဆိုင်ရှင်ကို ရှာရအုံးမယ်တဲ့။ ဒုက္ခပါပဲ။ ထားလိုက်ပါတော့ စောင့်ဆိုတော့လဲ စောင့်လိုက်တာပေါ့။ ဘာပဲပြောပြော ငြိမ်ငြိမ်လေး ထိုင်နေရတာပဲကို။

(#မူရင်းစာရေးသူမှတ်ချက်။ ။ကျန်းကုန်းကိုများ ဘာမှမစားတတ်တဲ့သူများမှတ်နေလား။ ပိုက်ဆံတွေပဲဆုပြီး မစားရက်မသောက်ရက်နဲ့ ငတ်နေတဲ့သူတွေ ရှိသေးတယ်။ ဒါဆို အမှိုက်တွေ ပွေ့ထားတာနဲ့ ဘာထူးသေးလဲ။ အဲလိုမျိုး ငွေတွေကို အမှိုက်လိုမျို့ ပွေ့ပိုက်ထားတာလဲ အကြီးမားဆုံးအပြစ်ကြီးပဲနော်)

============= (*^*)=============

အပိုင်း(၅၁)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters