← Chapters

ကြောက်စရာကောင်းတဲ့ ရှောင်ကျင်း

Vol. 4 Ch. 53

ကြောက်စရာကောင်းတဲ့ ရှောင်ကျင်း

Vol. 4 Ch. 53

တိုက်ပွဲနယ်မြေတစ်ခုလုံးမှာ ကျုပ် မှော်စွမ်းအင်တွေရယ်၊ သူ့တိုက်ပွဲစိတ်ဝိညာဉ်တွေရယ်နဲ့ပဲ ပြည့်နေတော့တာ။ ကျုပ် စိတ်ထဲတော့ အသာလေး ညည်းလိုက်မိတယ်။ ဘာလို့များ ဒီလောက်အစွမ်းထက်တဲ့ ဓါးပြနဲ့ တည့်တည့်တိုးရလဲ မသိပါဘူးဗျာ။ ရှို့တိက လူတွေအားလုံး ဒီလို သန်မာတဲ့သူတွေကြီးပဲလို့တော့ မပြောကြေးနော်။ တွေးကြည့်ရင် ကြောက်စရာကြီး။

သူ့တိုက်ပွဲစိတ်ဝိညာဉ် တဖြည်းဖြည်း လျော့လာပုံပဲ။ ဒီကိစ္စက သူ့ကန့်သတ်ချက်ထက် ပိုနေပုံရတယ်ဗျ။ နောက်ဆုံးတော့ မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီပေါ့။ မှော်စွမ်းအား တော်တော်သေးသုံးထားပေမယ့် ကျုပ် ထိန်းထားနိုင်သေးတယ်လေ။ ရလာတဲ့ အခွင့်အရေးကို မိမိရရ သုံးတဲ့အနေနဲ့ တိုက်စစ်အရှိန်မြှင့်ပစ်လိုက်တယ်။ ကျုပ် ကြိုးစားခဲ့တာ အလဟသမဖြစ်ဘူးဗျ။ သူသတိလွှတ်သွားတာဖြစ်မယ် ပုခုံးထိသွားတယ်။ သူနောက်ကို တော်တော်လေး မြောက်တက်သွားတာဗျ။ ဒါ အဆင့်(၆)တိုက်ခိုက်ရေး မှော်မန္တန်ဆိုတော့ စွမ်းအားက ပြောစရာမလိုအောင် ကြောက်ဖို့ကောင်းတယ်လေ။ သူ့ကိုယ်မှာ ကာကွယ်ထားတဲ့ သူရဲကောင်းစိတ်ဝိညာဉ်တောင် ဒဏ်ရာကင်းမယ်မထင်ဘူး။

ပြိုင်ဘက်က ထပ်မတိုက်နိုင်ဘူးဆိုတော့ စိန်ခေါ်ပွဲရပ်သလိုဖြစ်ပြီး မှော်စွမ်းအားနဲ့ တိုက်စစ်တွေကို ရုပ်ပေးလိုက်တယ်။ သူ့အဆင့်အတန်းနဲ့ ညီအောင် ကျုပ် ကရော သူရဲကောင်းတစ်ယောက် အမူအယာမျိုး ဘာကြောင့် မလုပ်နိုင်ရမှာတုန်း။

သူမြေပေါ်ကလူလဲထလာပေမယ့် သူ့ပုခုံးက သဘာဝအတိုင်းမဟုတ်တော့ဘူး။ ကျုပ်ကို ထူးဆန်းသလိုကြည့်ရင်း ပြောလာတယ်….

“ကောင်လေး။ မင်းဒီလောက်သန်မာမယ်လို့ ငါထင်မထားဘူးကွ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ရောက်နေပြီဆိုတာ တော်တော်လေး အံ့ဩဖို့ကောင်းတယ်။ ဒီစိန်ခေါ်ပွဲရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ငါလွှတ်ပေးမယ်။ တကယ်ဆို မင်း ပြေးချင်ရင် ငါလဲ တားလို့မရလောက်ဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် မင်းမိတ်ဆွေတွေအတွက် မင်းရှေ့ကနေ မားမားမတ်မတ် ရပ်ပေးထားတယ်။ ဒါကို ယောက်ျားတယောက်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ချီးကျူးပါတယ်ကွာ”

ရလဒ်က ဘယ်လိုဖြစ်ဖြစ်ဆိုတာကြီးက ဘာကိုပြောတာတုန်း။ သူ့မှာ ခံတိုက်ဖို့ အင်အားရှိနေသေးလို့လား။ ကျုပ် ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်တယ်….

“ဒါဆို ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓါတ်ကိုလဲ လေးစားပါတယ်”

ဒါ ကျုပ် နှလုံးသားထဲက စကားတွေပါဗျာ။

သူ့ခန္ဓာကိုယ်ပေါ်က ဖုန်တွေ ဖယ်လိုက်ရင်းနဲ့……

“ငါ့ ခွန်အားအစစ်အမှန်ကို မင်းမြင်အောင် ပြသခွင့်ပေးမယ်။ စစ်ကျား ထွက်လာခဲ့…..”

သူ့စကားဆုံးတာနဲ့ စူးစူးရှရှအရောင်တွေနဲ့ ကျားကြီးတစ်ကောင် ခမ်းနားတဲ့ ဟိန်းသံကြီးနဲ့အတူ ပေါ်လာပါလေရော။

“ဒါ ငါ့မှော်သားရဲ စစ်ကျားပေါ့။ မင်းလဲ မင်းမှော်သားရဲ ခေါ်ထုတ်လိုက်လေ။ ပြီးတာနဲ့ ငါတို့တွေ ရေကုန်ရေခမ်း တိုက်နိုင်တာပေါ့။ ငါဒီလိုမျိုး မပျော်ရတာ တော်တော်ကြာပြီကွ။ စစ်ကျား ပေါင်းစပ်လိုက်စမ်း”

စစ်ကျားက အသံကြီးတစ်သံပေးရင်း သူ့ဓားနဲ့ ပေါင်းစပ်သွားတာဗျ။ ခဏလေးအတွင်း လူနဲ့ ကျား တစ်သားတည်းဖြစ်သွားတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာတောင် ကျားတစ်ကောင်လို အစင်းကျားတွေနဲ့ ချပ်ဝတ်တန်ဆာက ပေါ်လာသေး။ သူ့ခန္ဓာကိုယ်ပေါ်က အရေးကြီးတဲ့ အစိတ်အပိုင်းတိုင်းမှာ ချပ်ဝတ်က ဖုံးထားတာဆိုရင် (၆၀)ရာခိုင်နှုန်းလောက်ကို ရှိမှာဗျ။ သူ့ဆံပင်တွေ ဖားလျားကျလာတာများ ခမ်းနားချက်။ အဲလို ခမ်းနာတဲ့ ပုံစံက ကျွန်တော့ကိုတောင် လွှမ်းမိုးသွားသလိုလိုပဲ။

(မှတ်ချက်။ #မှော်သားရဲ။ စစ်သည်တော်၏ မှော်သားရဲဟူသည်မှာ မှော်ပညာရှင်၏ မှော်သားရဲနှင့် ဆင်တူပေသည်။ မှော်သားရဲ (၂)မျိုးစလုံးသည် ၎င်းတို့၏ သခင်ကို ကူညီတိုက်ခိုက် ကာကွယ်ပေးတတ်ကြပေသည်။ သို့ရာတွင် မှော်သားရဲသည် အဆင့်(၇)သို့ရောက်ရှိပါက သခင့်ထံတွင် ကောင်းကင်တိုက်ပွဲစိတ်ဝိညာဉ်ရှိပါက ၎င်းနှင့် သခင်ပေါင်းစပ်သွားပြီး ချပ်ဝတ်တန်ဆာအသွင်း ပေါ်ပေါက်လာနိုင်သည်။ စစ်သည်တော်နှင့် ၎င်း၏ မှော်သားရဲ အောင်မြင်စွားပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော ချပ်ဝတ်တန်ဆာဖြစ်သည်။ ၎င်းအနေအထားသည် သခင်၏ တိုက်ခိုက်စွမ်းရည်ကိုလည်း တိုးမြှင့်ပေးနိုင်ပေ၏။ တစ်ဦးချင်း ရင်ဆိုင်တိုက်ပွဲများတွင် ဤနည်းလမ်းသည် ပို၍လိုက်ဖက် သင့်တော်သည်။ ယခုအနေအထားတွင် သခင်နှင့် မှော်သားရဲ ပေါင်းစပ်ခြင်းဖြင့် ချပ်ဝတ်တန်ဆာ ဖန်တီးနိုင်ပြီဖြစ်သဖြင့် ချီစစ်သည်တော် အဆင့်သို့တက်လှမ်းရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ပြသနေခြင်းလည်း ဖြစ်၏။)

“မင်းမှော်သားရဲရဲ့ အစွမ်းကိုလဲ ငါခံစားကြည့်စမ်းပါရစေ”

ရှောင်ကျင်းကိုသာ တိုက်ပွဲဝင်ခွင့်မပေးရင် ကျုပ် ရှုံးတော့မယ့် အနေအထားပဲ။ ရှောင်ကျင်းရဲ့ နောက်ဆုံး တိုက်ပွဲပုံရိပ်တွေက မျက်စိထဲက ထွက်သေးတာမဟုတ်ဘူး။ ရှောင်ကျင်းကို လွှတ်ပြီး ကျုပ် ကြိုးစားကြည့်ရမှာပဲ။ အခြေအနေတွေလဲ မတူတော့ဘူးလေ။ အခုအချိန်လောက်ဆိုရင် ရှောင်ကျင်းလဲ လွယ်လွယ်နဲ့ မရှုံးလောက်ပါဘူး။

“ရှောင်ကျင်း ထွက်လာခဲ့လိုက်”

ရွှေရောင်အလင်းတန်းနဲ့အတူ တော်တော်ကြီးတဲ့ ရှောင်ကျင်းခန္ဓာကိုယ်ကြီး ကျုပ် နား ကပ်လျှက်ပေါ်လာတယ်ဗျ။

ရှောင်ကျင်းပုံစံက သိသိသားသာကြီးကို လန့်စရာကြီး။ ဟိုလူတောင် တော်တော် အံ့ဩပြီး အသံထွက်လာတယ်။

“အာ… မင်းမှော်သားရဲက ဘယ်လိုသတ္တဝါကြီးတုန်း။ တော်တော်ကြီးတာပဲဟ”

အခုဆို ရှောင်ကျင်းရဲ့အရှည်က (၁၀)မီတာကျော်နေပြီ။ ခေါင်းကနေ အမြီးဖျားထိ အဖြူရောင် ကြေးခွံအလင်းတွေအပြင် လင်းထိန်နေတဲ့ ရွှေရောင်အစင်းကြောင်း(၃)ခုက ဖုံးထားသေးတယ်။ ခေါင်းပေါ်က ချိုတွေက တော်တော် ကြီးလာတဲ့အပြင် သူ့နောက်ကျောက အတောင်ပံတွေဆို လူတစ်ရပ်မကတော့ဘူး။ သူ့ ဝမ်းဗိုက်အောက်မှာဆို ချွန်ထက်နေတဲ့ ခြေသည်း(၅)ချောင်းက မြေပေါ်မှာတ် ကုန်ခြစ်နေလေရဲ့။ သူ့ပုံစံက တော်တော်ကြီးကို လွှမ်းမိုးနိုင်လွန်း အားကြီးတယ်ဗျာ။

ရှောင်ကျင်း လုံးဝမတိုက်ခိုက်ချင်ဘူးဆိုတာ သိလိုက်ရတယ်ဗျ။ သူအပြင်မထွက်ရတာ ကြာပြီဆိုတော့ ပျော်နေတဲ့ အသံပဲ ကြားနေရတယ်။ ကျုပ်ကပဲ သူ့ကို ကစားဖို့ထွက်လာခိုင်တယ်များ မှတ်နေပုံပဲ။ ကျုပ်တို့မှာ ရန်သူတွေ ရှိနေတယ်လို့ စိတ်ဝိညာဉ်ကနေ ပြောလိုက်မှပဲ ချစ်စရာ သူ့ခေါင်းကြီးက ခါလိုက်ရမ်းလိုက်နဲ့ တုန်တုန်လှုပ်လှုပ် လှည့်ပတ် ကြည့်နေပါလေရော။ ဓားပြတွေက ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုတစ်ခုဆိုတာ သူခံစားမိလိုက်တယ်ထင်တယ်။

“ရန်သူတွေဆိုတာ အဲဒါလား”

ကျုပ် ဆီက အတည်ပြုချက်လဲရရော မမျှော်လင့်ဘဲ ရှောင်ကျင်းပုံစံက ဘုရင်တစ်ပါးလိုမျိုး ချက်ချင်းကို ပြောင်ပြောင်မြောက်မြောက် အမူအရာပြောင်းပြီး ရန်သူတွေဘက်ကို စူးစိုက်ကြည့်လိုက်တယ်။ သူ့အကြေးခွံတွေ ထောင်လာပြီး အတောင်တွေခတ်လိုက်တာ သဲမုန်တိုင်းတစ်ခု ချက်ဖြစ်ပေါ်လာပါလေရော။ ဒီလိုကြောက်စရာ အဖြစ်အပျက်ကြောင့် ဘေးပတ်ဝန်းကျင်မှာ ရှိရှိသမျှ ဓားပြတွေအားလုံးဆီကနေ “#မွန်းစတား” ဆိုတဲ့အော်သံကြီးက အရပ်(၈)မျက်နှာ ပျံ့သွားတော့တာ။

“ရပ်လိုက်၊ ရပ်လိုက်။ ငါမတိုက်ချင်တော့ဘူး။ ရပ်လိုက်တော့”

သဲမုန်တိုင်းထဲကနေ ဓါးပြကြီးအသံထွက်လာတယ်။

ရှောင်ကျင်းကို ရပ်လိုက်ဖို့ပြောသာပြောလိုက်ရတယ် ဓါးပြတွေ မခံမရပ်နိုင်ဖြစ်ပြီး တုန်လှုပ်ခြောက်ခြား နေလိုက်ကြတာများ ကျုပ်ရော ရှောင်ကျင်းပါ တိုက်တောင်မတိုက်ရသေးဘူး လက်နက်ချ အရှုံးပေးနေကြပြီ။

“သေလိုက်စမ်းပါကွာ။ ဒီသားရဲက ဘယ်လိုဟာကြီးတုန်း၊ တော်တော် ကြောက်ဖို့ကောင်းတာပဲ။ ငါ့ကျားဆို သူ့ကိုကြောက်လွန်းလို့ ငါ့ခန္ဓာိကုယ်ထဲကထွက်ပြီး ပြေးချင်းနေပြီ။ ငါရှုံးတာ လက်ခံတယ်။ ဒါကြောင့် သူ့ကို မြန်မြန် သိတိပေးလိုက်စမ်းပါကွာ… လုပ်စမ်းပါဟ”

တကယ်လဲ မယုံနိုင်လောက်အောင်ကို ရှောင်ကျင်း အရမ်းသန်မာနေတာကိုး။ ဒီအချိန်မှာ ကျုပ်တောင် ရှောင်ကျင်းရဲ့ ပြိုင်ဖက်မဖြစ်နိုင်တော့ဘူး။ အထူးသဖြင့် သူ့ရဲ့ ဘုရင်တစ်ပါးလို အရှိန်အဝါတွေကို အခုမှ သေချာသတိထားမိတာ။ ကျုပ် တော်တော်အံ့ဩသွားမိတယ်။ ဒါက ကျွန်တော်ရဲ့ ချစ်စရာ ရှောင်ကျင်းရောဟုတ်ရဲ့လား။

ရှောင်ကျင်း အလိုမကျတဲ့ပုံစံနဲ့ ကျုပ် ခန္ဓာကိုယ်ထဲ ပြန်ဝင်လာတယ်။ ရုတ်တရက် တော်တော်ကို အားနည်းသွားတာ။ မှော်စွမ်းအားတွေ အလွန်အကျွံ သုံးလိုက်မိတာလေ။ စိန်ခေါ်ပွဲမှာ မှော်စွမ်းအားတော်တော်များများ ဖြုန်းတီးမိလိုက်သလို ဖြစ်သွားပေမယ့် ရှောင်ကျင်းကို ခေါ်ထုတ်လိုက်တာမှာ သူဘယ်လောက် အစွမ်းထက်လာသလဲဆိုတာ သိလိုက်ရတော့ တန်ပါတယ်လေ။ သူသာ ခုလို အစွမ်းမပြရင် ကျုပ် ရှုံးသွားနိုင်တယ်။ ကျုပ်လျှောက်ရမယ့် ခရီးက တော်တော်ရှည်မယ့်ပုံပဲ။ နောင်အနာဂတ်မှာ ကျုပ်နဲ့ ရှောင်ကျင်း နှစ်ယောက်စလုံး စွမ်းအားအပြည့်အဝကို တစ်ပြိုင်နက် ထုတ်သုံးနိုင်မယ့် စွမ်းအားက မှော်ဘိုးဘေး အဆင့်နဲ့ သိပ်မကွာလောက်ဘူးလို့ ထင်မိတယ်။

ဖုန်တွေလဲ တဖြည်းဖြည်း ပျောက်သွားတဲ့အခါ ကျုပ်နဲ့ မလှမ်းမကမ်းမှာ ဖုံအလိမ်းလိမ်းနဲ့ ရပ်နေတဲ့ ဓါးပြကြီးကို တွေ့လိုက်ရတယ်ဗျ။ သူလဲ သူ့စစ်ကျားကို သတိရနေတဲ့ပုံပဲ။ သူ့မျက်လုံးထဲမှာတော့ ရန်လိုတဲ့ အငွေ့အသက် နည်းနည်းလေးတောင် မမြင်ရတော့ဘူး။ ရှောင်ကျင်းရဲ့ ကြောက်စရာစွမ်းအားနဲ့ သူ့ကို အနိုင်ယူပြီးပြီလေ။

သူ ခါးခါးသီးသီး ရယ်နေရင်း…

“ကောင်လေး ငါပြောစရာရှိတယ်ကွ၊ မင်းမှော်သားရဲက ပုံမှန်တော့မဟုတ်ဘူး။ ဟို.. ဟို.. သူ့ကို ဘယ်လိုတွေ့လာတာလဲကွ။ သူကရော ဘာမျိုးစိတ်လဲ”

“သူမျိုးစိတ်က ဘာမှန်းကို မသိပါဘူးဗျာ။ သေချာတာတော့ သူက ကျုပ် အချစ်ဆုံး မိတ်ဆွေဆိုတာပဲ သိတယ်။ တကယ်ဆို ခင်ဗျားမရှုံးပါဘူး။ ခင်ဗျား မှော်သားရဲက အယှဉ်နိုင်လို့ပဲဟာ။ ကျုပ်တို့တွေ တစ်ယောက်တစ်မျိုး အားသာချက် ကိုယ်စီနဲ့ပဲလေ၊ အတူတူပဲပေါ့။”

သူ့မျက်နှာမှာ ဟန်ဆောင်မှုတွေ မပါဘဲ တော်တော် စိတ်လှုပ်ရှားနေတာက ကျုပ် စကားလုံးတွေကြောင့် ကြေနပ် နေပုံပဲ။

“ကောင်းပြီလေ။ မင်းက အစစ်အမှန် ညီအစ်ကိုပဲ။ ငါတို့ အခုချိန်ကစပြီး မိတ်ဆွေတွေ ဖြစ်သွားပြီ။”

============= (*^*)=============

အပိုင်း(၅၄)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters