← Chapters

#မင်းကြိုးစားကြည့်ရင်သိမှာပေါ့#

Vol. 35 Ch. 491

#မင်းကြိုးစားကြည့်ရင်သိမှာပေါ့#

Vol. 35 Ch. 491

ကန်မိသားစုဘက်တွင် ကန်ချန်း၊ ကန်ဟိုင်ရှင်းနှင့် ယဲ့ချိုးပိုင်တို့ကတိုက်ခိုက်သည်။

ယန်မိသားစုဘက်တွင် သခင်လေးယန်ဟုန်၊ တတိယသခင်လေးယန်ချောင်နှင့် မိုးပြာရောင်နယ်မြေ၊ ပထမတန်းစားအင်အားစုဖြစ်သည့် တိမ်မေ့မြောဂိုဏ်း၏ အတွင်းတပည့်ဖြစ်သော ရန်ယင်ဟိုင်ဖြစ်သည်။

ထို့ထဲတွင် သခင်လေးယန်ဟုန်၏ခွန်အားက အာရုံထွေပြားခြင်းနယ်ပယ်ပထမအဆင့်ဖြစ်ပြီး တတိယသခင်လေးယန်ချောင်က သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်ဖြစ်သည်။

ချင်းဟိုင်မြို့က လူတိုင်းနီးပါးဒီတိုက်ပွဲကိုကြည့်ရန်အတွက် ရောက်လာကြသည်။

ပြိုင်ပွဲစင်မြင့်ပေါ်၌ ချင်းဟိုင်မြို့၏ အင်အားခွဲဝေမှုကို အဆုံးအဖြတ်ပေးမည့်တိုက်ပွဲတခုဖြစ်ပျက်လာတော့မည်။

"ကန်မိသားစုနဲ့ယန်မိသားစုကြားက ခွန်အားကွာဟချက်က အရမ်းကြီးလွန်းတယ်၊ အများဆုံးသူတို့တပွဲဘဲနိုင်လိမ့်မယ်"

"ဟုတ်တယ်၊ အာရုံထွေပြားခြင်းအစောပိုင်းအဆင့်နဲ့အတူ တိမ်မေ့မြောဂိုဏ်းကရန်ယင်ဟိုင်ပါ ထည့်တွက်လိုက်မယ်ဆိုရင် အနိုင်ရဖို့အတွက် ရာနှုန်းပြည့်အခွင့်အလမ်းရှိတယ်"

လက်ရှိတွင် ကန်မိသားစုဘက်တွင် အာရုံထွေပြားခြင်းနယ်ပယ်ကျင့်ကြံသူမရှိချေ။

လူတိုင်း၏အမြင်ထဲတွင် ခွန်အားကွာဟချက်က အတော်လေးကြီးမားလေရာ ကန်မိသားစုက သေချာပေါက်ရှုံးနိမ့်ပေလိမ့်မည်။

ဒါကအချိန်ဖြုန်းနေခြင်းသာ။

ကန်မိသားစုမှ အကြီးအကဲများပင် မျက်နှာမည်းမှောင်နေကြပြီး ဒီပြိုင်ပွဲအပေါ် သူတို့အကောင်းမမြင်ကြပေ။

မြို့တော်၀န်၏အသံကျဆင်းလာသည်နှင့်တပြိုင်နက် ယန်မိသားစုမှ လှံကိုင်ထားသည့်လူတစ်ယောက်က ပြိုင်ပွဲစင်ပေါ်သို့တက်လာပြီး ဆိုးယုတ်သည့်အကြည့်ဖြင့် ကန်မိသားစုရှိရာဘက်သို့ ကြည့်လိုက်၏။

"ဘယ်သူအရင်လာချင်လဲ"

ယန်မိသားစုမှ ယန်ဟုန်ကလည်း ယန်မိသားစုခေါင်းဆောင်၏ဆက်ခံသူဖြစ်ပြီး အာရုံထွေပြားခြင်းအစောပိုင်းအဆင့်ဖြစ်သည်။

ဒါကိုမြင်သောအခါ ကန်ဟိုင်ရှင်းပြောသည်။

"မောင်လေး၊ နင်ကငါ့ထက်အားကောင်းတယ်၊ အချိန်ကျလာရင် နင်ယန်ချောင်ကိုကိုင်တွယ်ပြီး အနိုင်ယူရမယ်"

"ဒီတယောက်ကိုတော့ငါသွားလိုက်မယ်"

ကန်ဟိုက်ရှင်းက ဒီတပွဲကိုလက်လျှော့ချင်သည်မှာ သိသာထင်ရှားနေသည်။

ကန်ချန်းက လေးနက်သည့်အမူအရာဖြင့်ခေါင်းညိတ်သည်။

"အစ်မကြီး၊ အပေါ်တက်ပြီးတာနဲ့ အရှုံးကို တိုက်ရိုက်၀န်ခံလိုက်ပါ၊ တဖက်လူက အစ်မကို သတ်ပစ်နိုင်တယ်"

"ငါနားလည်ပါတယ်"

ထို့နောက် ကန်ဟိုင်ချင်းခုန်တက်လိုက်ပြီး ပြိုင်ပွဲစင်ပေါ်သို့ရောက်လာသည်။

ယန်ဟုန်က သရော်သည့်အပြုံးကို ဖော်ထုတ်လိုက်သည်။

"မင်းတို့ရဲ့ကန်မိသားစုက ရုန်းကန်ချင်နေတုန်းလား၊ အားအနည်းဆုံးကို ပို့လိုက်တာလား၊ ဟမ့်၊ မင်းကမိန်းမတယောက်ဖြစ်နေတာနဲ့ ငါကနောက်ဆုတ်မှာမဟုတ်ဘူး"

ချက်ချင်းဆိုသလိုအာရုံထွေပြားခြင်းနယ်ပယ်အားလှိုင်းများကပေါက်ကွဲသွား၏။

သူကလုံး၀ထိန်ချန်ထားခြင်းမရှိပေ။

ထို့နောက် ကန်ဟိုင်ရှင်းဆီသို့ ဖိချလိုက်သည်။

မြို့တော်၀န်အမိန့်ပေးလိုက်သည်နှင့် ယန်ဟုန်လှံကိုကိုင်ပြီးနောက် ကန်ဟိုင်ရှင်းထံ ပြေး၀င်သွားသည်။

သူကတခြားတဘက်ကို အရှုံးကိုဝန်ခံရန်အတွက် အခွင့်အလမ်းမပေးချင်သည်မှာ သိသာထင်ရှားနေသည်။

ချက်ချင်းဆိုသလို ယန်ဟုန်က ကန်ဟိုင်ရှင်းရှေ့သို့ အမြန်ဓားတလက်ပမာရောက်လာပြီး သူ့လက်ထဲက လှံအား ရုတ်တရက် ပစ်လွှတ်လိုက်၏။

၎င်းက မိုးကြိုးစွမ်းအားကို သယ်ဆောင်လာသည်။

လှံရှည်က မိုးကြိုးရေနဂါးတကောင်အဖြစ်ပြောင်းလဲသွားပြီး တချက်ဟိန်းကာ လေဟာနယ်ကိုဆုတ်ဖြဲရင်း ကန်ဟိုင်ရှင်းဆီသို့ ထိုးဖောက်၀င်ရောက်သွား၏။

ကန်ယောင်ချက်ချင်းအော်ဟစ်သည်။

"ဟိုင်ရှင်း၊ အရှုံးကို၀န်ခံလိုက်"

ကန်ဟိုင်ရှင်းက ဒီတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိမည်မဟုတ်။

ကန်ဟိုင်ရှင်း၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။ ထိုတိုက်ချက်ကအလွန်ပင်မြန်ဆန်လွန်းလေရာ သူမတွင်တုံ့ပြန်ရန်အတွက်ပင် အခွင့်အလမ်းမရှိပေ။

"ငါအရှုံးကို၀န်ခံတယ်"

ရှေ့သို့ပြေး၀င်လာသည့်မိုးကြိုးလှံက လုံး၀ရပ်တန့်သွားခြင်းမရှိ။

သူမအရှုံးကို၀န်ခံခဲ့တာ သိသာထင်ရှား‌နေသည်။

ယန်ဟုန်က ကန်ဟိုင်ရှင်းကိုသတ်ချင်နေခြင်းပင်။

ဒိုင်လူကြီးတဖြစ်လဲ မြို့တော်ဝန်ကလည်း တိုက်ခိုက်ခြင်းမရှိဘဲ ထိုမြင်ကွင်းကို ဂရုမစိုက်သည့်အသွင် ကြည့်နေသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ကန်ချန်းနှင့် ကန်မိသားစုက ဒေါသထွက်သွားကြသော်လည်း သူတို့အချိန်မီမကူညီနိုင်တော့ပါ။

ထိုအချိန်တွင် ဓားဆန္ဒအမျှင်တန်းများက ကောင်းကင်ပေါ်သို့ပစ်၀င်ကာ ဧရာမဓားဖြတ်ခြင်းဓားများအဖြစ်ပြောင်းလဲပြီး ကန်ဟိုင်ရှင်းရှေ့တွင် ပေါ်လာသည်။

လှံရှည်က ဧရာမဓားများဖြင့် တွေ့ဆုံသွားကြ၏။

ထိုစဉ် မိုးကြိုးစွမ်းအားက အရည်အဖြစ်ပြောင်းလဲသွားပြီး နေရာအနှံ့ပြန့်ကြဲသွားကြသည်။ ဓားဆန္ဒက ပြိုင်ပွဲစင်မြင့်ကို ဖြတ်ကျော်သွား၏။

ယန်ဟုန်၏အမူအရာကမည်းမှောင်သွားသည်။

သူ့၏အားအပြည့်တိုက်ခိုက်မှုက အမှန်တကယ်တားဆီးခံနိုင်ရသည်လား။

သူကလှံကိုပြန်သိမ်းယူကာ ရှေ့ကလူအား သတ်ဖြတ်လိုသည့်ဆန္ဒဖြင့်ကြည့်လိုက်သည်။

ဓားကိုင်ထားသည့်လူတစ်ယောက်က ကန်ဟိုင်ရှင်းရှေ့တွင်ရပ်ပြီး ညင်သာစွာပြောသည်။

"သူကအရှုံးကို၀န်ခံပြီးပြီလေ၊ ဒီလိုလုပ်တာက စည်းမျဉ်းကိုဆန့်ကျင်နေတာမဟုတ်ဘူးလား"

ဒါကကန်မိသားစုက ဖိတ်ထားတဲ့ ပြင်ပအကူအညီလား!

သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်ခွန်အားဖြင့် သူက အာရုံထွေပြားခြင်းအဆင့်က အားအပြည့်ရိုက်ချက်ကို ခုခံနိုင်တာလား!

"ဟားဟား၊ သိုင်းပညာပြိုင်ပွဲနဲ့ တာအိုဆွေးနွေးမှုမှာ ခွန်အားအပြည့်ကိုသုံးရင် ဘယ်သူမှ အချိန်မီမရပ်နိုင်ဘူး၊ ဒါက စည်းမျဉ်းတွေကို ဘယ်လိုဆန့်ကျင်ရာရောက်တာလဲ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"နားလည်ပြီ၊ ပြိုင်ပွဲပြီးရင်ငါမင်းကိုလာရှာမယ်"

ထို့နောက် သူတဖက်လှည့်ကာ ကန်ဟိုင်ရှင်းနှင့်အတူ စင်ပေါ်ကနေ ဆင်းသွားသည်။

မြို့တော်၀န်က ကြေငြာသည်။

"ယန်မိသားစုက ပထမတကျော့မှာ အနိုင်ရပါတယ်" ထိုအချိန်တွင် ယန်မိသားစုနောက်တွင် ၀တ်စုံဖြူနှင့်လူတစ်ယောက်က မျက်လုံးကျဉ်းကာ ဒီမြင်ကွင်းကိုကြည့်ရင်း ရယ်မောလိုက်သည်။

"ဒီလူရဲ့ခွန်အားကမဆိုးဘူး၊ သူကပါရမီရှင်တယောက်ပဲ"

ယန်မိသားစုခေါင်းဆောင်ကလည်း ပြုံးသည်။

"သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်နဲ့ ဒီလိုအရာမျိုးလုပ်နိုင်တာက တကယ်ကိုပါရမီရှင်လို့ ခေါ်ထိုက်ပါပေတယ်၊ ဒါပေမယ့် သူက ယင်ဟိုင်ရဲ့ပြိုင်ဘက်တော့ မဟုတ်ဘူးမလား"

ရန်ယင်ဟိုင်ကပြုံးလိုက်သော်လည်း မည်သည့်စကားမှမဆိုပေ။

သို့စေကာမူ ထိုအပြုံးနောက်ကွယ်က ဆိုလိုရင်းက အလွန်သိသာထင်ရှားနေသည်။

မထီမဲ့မြင်ပြုနေခြင်းပင်။

ဒါက မိုးပြာရောင်တိုင်းပြည်ရှိ ပထမတန်းစားအင်အားစုတစု၏ အတွင်းတပည့်တစ်ဦးဖြစ်ရခြင်း၏ ဂုဏ်ဖြစ်သည်။

ထိုမြင်ကွင်းကိုသောအခါ ယန်မိသားစုခေါင်းဆောင်က စိတ်သက်သာရာရသွားသည်။

"ဒုတိယပွဲ၊ နှစ်ဖက်လုံးကထွက်ကြ"

ဒုတိယအကျော့က ယန်မိသားစုတတိယသခင်လေးယန်ချောင်နှင့် ကန်ချန်းတို့ကြားက တိုက်ပွဲဖြစ်သည်။

ဒီတိုက်ပွဲတွင် ကန်ချန်းက သူ့ဒေါသကို ရှင်းလင်းစွာပင် ဖုံးကွယ်ထားသည်။

စတင်ရန်ကြေငြာပြီးနောက် သူကကာကွယ်မှုအားလုံးကိုလျစ်လျုရှုကာ ယန်ချောင်အား အရူးအမူးတိုက်ခိုက်လေတော့သည်။

နှစ်ဦးသားအကြားခွန်အားအရာ၌ ကွာဟချက်က အရမ်းကြီးမကြီးမားပါ။

သို့စေကာမူ ကန်ချန်းက ကာကွယ်မှုကို လုံး၀စွန့်လွှတ်ပြီး အရူးအမူးတိုက်ခိုက်လာလေရာ ယန်ချောင်တ‌ယောက် သူ့ကို လုံး၀မကိုင်တွယ်နိုင်ဖြစ်နေသည်။

မကြာမီ သူကအပြင်းအထန်ဒဏ်ရာရသွားပြီး ရှုံးနိမ့်သွားရသည်။

ယန်ဟုန် ယန်ချောင်အားစိုက်ကြည့်ကာ ပေးစက်စွာပြောသည်။

"ပြန်သွားပြီးတံခါးပိတ်လေ့ကျင့်တော့"

ယန်‌ချောင် ကြည့်ရဆိုးသည့်အမူအရာဖြင့် ခေါင်းညိတ်သည်။

နောက်ဆုံးအကျော့က နှစ်ဖက်စလုံး၏ ကံကြမ္မာကိုဆုံးဖြတ်ပေးမည့်ကစားပွဲလည်းဖြစ်သည်။

နှစ်ဖက်ကြားကတိုက်ပွဲကို ပရိသတ်များက အရမ်းကြီးစိတ်မ၀င်စားကြပေ။

မည်သို့ပင်ဆိုစေကာမူ နှစ်ဖက်သားကြားက ခွန်းအားအရာ၌ကွာဟချက်က အရမ်းကြီးမားနေသည်။

သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်နှင့် အာရုံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်အဆင့်ကိုယှဉ်ပါက နှစ်ဦးသားအကြား ကြီးမားသည့်ကွာဟချက်တခုရှိသည်။

ယခုလိုအခြေအနေတွင် ယဲ့ချိုးပိုင်မည်သို့ အနိုင်ယူနိုင်မည်နည်း။

ရလဒ်ကဆုံးဖြတ်ပြီးသွားပြီဟုပင်ဆို၍ရသည်။

ကန်ယောင်က နောက်ကနေ သက်ပြင်းချသည်။

"မိတ်ဆွေလေးယဲ့၊ တကယ်လို့အခြေအ‌နေက မူမမှန်ဘူးဆိုရင် ချက်ချင်းနောက်ဆုတ်ပါ၊ ငါတို့်မင်းကို အပြစ်တင်မှာမဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းက အကောင်းဆုံးလုပ်ပေးခဲ့တာပဲလေ"

ယဲ့ချိုးပိုင်ပြုံးရင်းမည်သည့်စကားမှမဆိုပေ။

သူကကိုးပေရှည်ကြယ်ကြွေဓားကိုမြှောက်ကာ မြင့်မားသည့်စင်မြင့်ပေါ်သို့ စိုက်ကြည့်သည်။ ထို့နောက်ပြုံးကာ အတော်လေးအေးဆေးနေပုံရသည်။

ရန်ယင်ဟိုင်၏မျက်လုံးထဲက အထင်အမြင်သေးမှုက ဖုံးကွယ်ထား၍မရပေ။

ယဲ့ချိုးပိုင်ရှေ့သို့တိုးကာ ပထမခြေလှမ်းကိုလှမ်းလိုက်၏။

ပထမခြေလှမ်းကိုလှမ်းလိုက်သည်နှင့်တပြိုင်နက် ဓားဆန္ဒကကောင်းကင်ပေါ် ထိုးတက်သွားသည်။

"အိုး၊ ဓားသခင်နယ်ပယ်ဓားဆန္ဒလား၊ သူကအတော်လေးပါရမီရှိတဲ့ဓားသမားပဲ"

ထို့နောက်ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်ထပ်လှမ်းရင်း ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။

ဓားဆန္ဒကထပ်မံမြင့်တက်လာပြီး စင်မြင့်တခုလုံးတွင် မရေမတွက်နိုင်လောက်သော ဓားဆန္ဒများပြည့်နှက်သွားခဲ့သည်။

ဒုတိယခြေလှမ်း၊ ဓားပိုင်နက်!

တတိယခြေလှမ်းတွင် ဓားဆန္ဒ၏ ထက်ရှမှုကထပ်မံတိုးလာပြန်သည်။

ယဲ့ချိုးပိုင်၏ပုံရိပ်က ကောင်းကင်ထိရောက်နေသည့် ထက်ရှသည့်ဓားတစ်စင်းအလား အကြောက်တရားဟူ၍လုံး၀မရှိဘဲ ကြောက်မက်ဖွယ်ရာတိုက်ခိုက်ရေးစိတ်ဓာတ်တခုသာရှိသည်။

ထိုအချိန်တွင် သူ့ဓားဆန္ဒက ထပ်မံတိုးတက်လာပုံရသည်။

စတုတ္ထခြေလှမ်းဖြင့် သူက ပြိုင်ပွဲစင်ပေါ်သို့တက်လိုက်သည်။ ထိုအခါ ဓားဆန္ဒက ပြိုင်ပွဲစင်မြင့်၏ဘက်ပေါင်းစုံကနေ ၀င်တိုက်လာသည်။

"လှည့်ကွက်တချို့ပဲ"

ရန်ယင်ဟိုင်ညင်သာစွာခေါင်းညိတ်သည်။

"ဒါပေမယ့် ဒါပဲဆိုရင်တော့ နယ်ပယ်ကွာဟချက်ကို မဖြည့်ဆည်းသေးနိုင်သေးဘူး"

ယဲ့ချိုးပိုင်ပြုံးသည်။

"မင်းကြိုးစားကြည့်ရင်သိမှာပေါ့"

ထိုစကားသံနှင့်အတူ သူကရှေးဦးမူလဓားဆန္ဒကိုသယ်ဆောင်ထားသည့် ဓားဖြင့် ပိုင်းချလိုက်၏။

သူ့၏တိုက်ခိုက်ရေးစိတ်ဓာတ်က ဆက်လက်မြှင့်တက်နေသည်။

ယခုအချိန်တွင် ယဲ့ချိုးပိုင်က ဓားတစ်လက်ကိုကိုင်ကာ ခွန်အားအရာ၌ခြားနားနေသည့်တိုင် ကောင်းကင်ဘုံအား ဆန့်ကျင်တိုက်ခိုက်နေသည့်အလားပင်။

All Chapters