#ပြင်းထန်သောတိုက်ပွဲ#
Vol. 35 Ch. 492
ယဲ့ချိုးပိုင်အနိုင်ရမည်ဟု မည်သူမှမတွေးတောထားကြပါ။
တစ်ယောက်က သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်ပြီး ကျန်တစ်ယောက်က အာရုံထွေပြားခြင်းအထွပ်အထိပ်အဆင့်ဖြစ်သည်။ နှစ်ဦးသားအကြား ခွန်အားအရာ၌ ကွာဟချက်ကကြီးမားသည်။
(တကယ်ကယဲ့ချိုးပိုင်က သိုင်းဧကရာဇ်နယ်ပယ်အထွပ်အထိပ်အဆင့်ဖြစ်သင့်တာပါ၊ စာရေးဆရာကတော့ နောက်ပိုင်းအဆင့်လို့ပဲသုံးထားပါတယ်)
ယန်မိသားစုဖက်ကလည်း စိတ်သက်သာရာရသွားသည့်အမူအရာကိုပြသလာကြ၏။
သူတို့ဒီတကျော့မှာသေချာပေါက်နိုင်ကြပေလိမ့်မည်။
ထိုအချိန်တွင် ကန်မိသားစု၏ ပင်လယ်ပုင်ကလည်း သူတို့အပိုင်ဖြစ်လာပေလိမ့်မည်။
ကန်ဟိုင်ရှင်းနှင့် ကန်ချန်းတို့က စင်မြင့်ပေါ်သို့ လေးနက်သောအမူအရာဖြင့်ကြည့်နေကြသည်ာ
အရင်က ယဲ့ချိုးပိုင်က ရန်ယင်ဟိုင်အား သူ့အားလွှဲပေးထားရန်ပြောခဲ့သည်။ သူ့မှာ တန်ပြန်ဆောင်ရွက်မှုတွေရှိလို့ သူက အရမ်းယုံကြည်မှုရှိနေတာများလား!
ရန်ယင်ဟိုင်က ရှေ့က ယဲ့ချိုးပိုင်အား ကြည့်လိုက်၏။
"ဓားတာအိုမှာ ဓားသခင်အဆင့်အထိ ပါရမီမျိုးနဲ့ မင်းကို တကယ်တော့ ဒီချင်းဟိုင်မြို့(ပင်လယ်စိမ်းမြို့)လေးမှာ ပါရမီရှင်တစ်ယောက်လို့သတ်မှတ်လို့ရတယ်"
"ဒါပေမယ့် မိုးပြာရောင်နယ်မြေက ဘယ်လောက်တောင်ကြီးမားလဲ၊ မင်းဒီဝေးလံခေါင်သီတဲ့မြို့က ထွက်တဲ့အခါ ဘယ်လောက်အမြင်ကျဉ်းကြောင်း သဘောပေါက်သွားလိမ့်မယ်"
ယဲ့ချိုးပိုင်ပြုံးပြီးမည်သည့်စကားမှမဆိုပေ။
သို့သော်သူ့မျက်လုံးထဲတွင် ယုံကြည်မှုက တောက်လောင်နေသည်။
သူကလမ်းတစ်လျှောက် အချိန်တိုင်းဆိုသလို နယ်ပယ်ဖြတ်ကျော်သည့်တိုက်ပွဲများကိုသာ ဆင်နွှဲခဲ့သည်။
နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်တိုင်း သူတို့က အောင်နိုင်သူများဖြစ်လာကြသည်။
ဒါကိုမဆိုထားနဲ့၊ သူအရင်က အာရုံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်အဆင့်ကျင့်ကြံသူများကို တခါမှမသတ်ဖူးတာလည်းမဟုတ်ပါ။
ထိုစဉ် ဒိုင်လူကြီးကအော်ဟစ်သည်။
"တိုက်ပွဲစပြီ"
ရန်ယင်ဟိုင်ကချက်ချင်းမလှုပ်ရှားပေ။ သူကယဲ့ချိုးပိုင်တိုက်ခိုက်လာမှာကို စောင့်နေသည်မှာ ရှင်းနေသည်။
ယဲ့ချိုးပိုင်ကလည်း ဟန်လုပ်ကာရပ်မနေပါ။
သူက ရန်သူကအားကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ မည်သောအခါမှ လျှော့မတွက်တတ်ပေ။
ဓားပိုင်နက်က စင်မြင့်တခုလုံးကို လွှမ်းခြုံသွား၏။
ထို့ထဲတွင် ဓားသခင်နယ်ပယ်ဓားဆန္ဒက ကောင်းကင်အားဖြတ်သန်းသွားပြီး ပြိုင်ပွဲစင်ပေါ်၌ ဓားအမှတ်အသားများသာ ကျန်နေခဲ့သည်။
တချိန်တည်းမှာပင် ယဲ့ချိူပိုင် ကိုးပေရှည်ကြယ်ကြွေဓားကိုကိုင်ကာ ရှေ့တလှမ်းတိုးလိုက်စဉ် ချက်ချင်းဆိုသလို ရန်ယင်ဟိုင်ရှေ့သို့ရောက်လာသည်။
ဓားပိုင်နက်ထဲပဓားဆန္ဒက ထိုအခိုက်အတန်၌ ယဲ့ချိုးပိုင်၏လှုံ့ဆော်ခြင်းကို ခံရသည့်အလား ဧရာမဓားများအဖြစ် ဖြစ်တည်ကာ ရန်ယင်ဟိုင်ဆီသို့ အရင်ဆုံးပစ်၀င်သွားကြ၏။
ယဲ့ချိုးပိုင်က ဓားပိုင်နက်ထဲတွင်ရှိသည်။
သူကအကြွင်းမဲ့ဓားဘုရင်ဖြစ်သည်။
ဓားအားလုံးကို ယဲ့ချိုးပိုင်ထိန်းချုပ်ထားသည်။
ဧရာမဓားများကသူ့ထံပြေး၀င်လာသောအခါ သူကဒါကိုလေးနက်သည်ဟုပင် မမှတ်ယူထားသည့်အလား ရန်ယင်ဟိုင်၏အမူအရာက ပြောင်းလဲမသွားပေ။
သူလက်ကိုဝှေ့ယမ်းလိုက်သောအခါ အာရုံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်အဆင့်ခွန်အားက ချက်ချင်းပေါက်ကွဲသွား၏။
လေပြင်းများက အဆက်မပြတ်တိုက်ခတ်လာပြီး သဲများက ပါးလွှာသည့်လေထုထဲမှ ပေါ်လာပာ သဲမုန်တိုင်းတခုကိုဖြစ်လာစေသည်။
ဒါက လေဆန္ဒနှင့် မြေဆန္ဒတို့၏ပေါင်းစပ်မှုပေတည်း။
ဒါ့အပြင် ဒီဆန္ဒနယ်ပယ်နှစ်ခုအပေါ် ရန်ယင်ဟိုင်၏ အောင်မြင်မှုများကနေ မနိမ့်ကျပေ။
ဧရာမဓားများက သဲမုန်တိုင်းထဲတွင် လွင့်မြောသွားကြပြီး လွှမ်းမိုးနေသည့်ကျောက်စရစ်များကြောင့် အပိုင်းပိုင်းအစစကြေမွသွားရသည်။
"ဒါပဲလား၊ ကြည့်ရတာ ငါမင်းကိုအပိုတွေတွက်မိသွားပုံပဲ"
ထိုစကားပြောပြီးသည်နှင့် ရန်ယင်ဟိုင်ထိုနေရာတွင်ပင် ပျောက်ကွယ်သွား၏။
ယဲ့ချိုးပိုင်ကလည်း ရန်ယင်ဟိုင်၏ရှေ့တွင် ကိုးပေရှည်ကြယ်ကြွေဓားကိုကိုင်လျက် ပေါ်လာကာ ဓားဖြင့်ပိုင်းချလိုက်သည်။
ကြယ်ကြွေဓား၏ ပထမဓားချက်က သဲမုန်တိုင်းပေါ်သို့ဆင်းသက်လာသည်။
ဘန်း.....!
သဲမုန်တိုင်းကအဆက်မပြတ်လှည့်ပတ်နေသည်။ ယဲ့ချိုးပိုင်ပိုင်းချပစ်သောအခါ မရေမတွက်နိုင်လောက်သောကျောက်စရစ်များက ထိုးထွက်လာကြ၏။
ဓားပိုင်နက်ထဲက ဓားဆန္ဒက ပျံသန်းလာသည့်ကျောက်စရစ်ခဲများကို ပိတ်ဆို့တားဆီးထားဆဲပင်။
သို့သော် တချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ ပုံရိပ်က ဒီသဲမုန်တိုင်းကြောင့် နောက်သို့ မီတာအနည်းငယ် အတွန်းခံလိုက်ရသည်။
"စစ်ရထားကိုရပ်ဖို့ကြိုးစားနေတဲ့ နကျယ်ကောင်လေးတကောင်ပဲ....."
လူတိုင်းကဒီမြင်ကွင်းကိုကြည့်ရင်း သူတို့မျှော်လင့်ထားသကဲ့သို့ အမူအရာတခုကို ပြသကြသည်။
ကျင့်ကြံခြင်းနယ်ပယ်ကြားက ကွာဟချက်ကို အလွယ်တကူမည်သို့ပိတ်ဆို့နိုင်မည်နည်း။
ဒါ့အပြင် ရန်ယင်ဟိုင်က မိုးပြာရောင်နယ်မြေ၌ ပါရမီရှင်တစ်ဦးဖြစ်နေသေးသည်။
သို့စေကာမူ ယဲ့ချိုးပိုင်ကနောက်မဆုတ်ဘဲ ရှေ့သို့ဆက်တိုးသည်။
လက်ထဲတွင် ကိုးပေရှည်ကြယ်ကြွေဓားကိုကိုင်ရင်း သူသဲမုန်တိုင်းကို ထပ်မံတိုက်ခိုက်သည်။
ဒုတိယဓားချက်ကကျဆင်းလာသည်။
ရန်ယင်ဟိုင်အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။
ဒီဓားချက်က ပထမဓားချက်ထက်နည်းနည်းပိုအားကောင်းသလိုပဲ!
ဒါပေမယ့်ဘာဖြစ်လဲ!
ရန်ယင်ဟိုင်ရှေ့သို့ လက်ညိုးထိုးလိုက်ရာ သဲမုန်တိုင်းက ယဲ့ချိုးပိုင်ကို လွှမ်းခြုံသွား၏။
သူကယဲ့ချိုးပိုင်အားတိုက်ရိုက်သတ်ပစ်ချင်သည်။
ယဲ့ချိုးပိုင်၏အမူအရာက မပြောင်းလဲဘဲ ကျန်ရှိနေသေးပြီး သူ့ပတ်ပတ်လည်က ဓားဆန္ဒက ထပ်မံထိုးတက်လာပြီး ကြယ်တစင်းကြွေကျလာသည့်အလား တတိယဓားချက်ဖြင့် ပိုင်းချလိုက်လေသည်။
ဒီတကြိမ်တွင် သူငါးမီတာထိသာ ဆုတ်လိုက်ရသည်။
ယဲ့ချိုးပိုင်ရပ်တန့်ခြင်း၊ တွန့်ဆုတ်ခြင်းမျိုးမရှိဘဲ ဓားကိုမြှောက်ကာ ရှေ့သို့ပြေး၀င်သွားပြန်သည်။
လေးခုမြောက်ဓားချက်!
ငါးခုမြောက်ဓားချက်!
ဓားချက်များကတချက်ပြီးတချက် နောက်သို့တွန်းပြန်ခံရသော်လည်း ယဲ့ချိုးပိုင်ရှေ့သို့ထပ်မံတိုက်ခိုက်ပြန်သည်။
သူ့ပါးစပ်ထောင့်စွန်းကသွေးများပင် စီးကျနေလေပြီ။
ထိပ်တိုက်တွေ့ဆုံမှုတိုင်းက ယဲ့ချိုးပိုင်၏ကိုယ်တွင်းအင်္ဂါများကို အကြီးအကျယ်ထိခိုက်သွားစေသည်။
ကန်ချန်းကလေးနက်စွာပြောသည်။
"အစ်မ၊ အစ်ကိုယဲ့ရဲ့ဝှက်ဖဲက ဘာများဖြစ်မယ်လို့ထင်လဲ"
"ဒီလိုသာဆက်ဖြစ်နေရင် ကျွန်တော်တို့ တကယ်ရှုံးရတော့မှာ"
ကန်ဟိုင်ရှင်းကခေါင်းခါယမ်းသည်။
သူမလည်းစိုးရိမ်နေပုံရသည်။ သို့သော်သူမတွင် အကြံဉာဏ်မရှိချေ။
ဒီကွင်းထဲတွင် လူတစ်ယောက်တည်း၏ အမူအရာကသာ တဖြည်းဖြည်းလေးနက်လာလေသည်။
ထိုလူက ရန်ယင်ဟိုင်ဖြစ်သည်။
ယဲ့ချိုးပိုင်တိုက်ခိုက်မှုတိုင်းတွင် နောက်ဆုတ်သွားရတာကို သူအကူအညီမဲ့စွာကြည့်နေရသည်။
ယခုကိုးခုမြောက်ဓားချက်ကိုပင်ရောက်လာလေပြီ။
ယဲ့ချိုးပိုင်ခြေလှမ်းတ၀က်ခန့်သာ ဆုတ်ပြီးနောက် သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်သည်။
ဒါ့အပြင် သူ့၀န်ကျင်က ဓားဆန္ဒအားလုံးကိုစောင့်ကြည့်ရင်း သူ့တွင်အဆင့်ချိုးဖျက်ရန်အတွက် ဝေဝါးဝါးခံစားချက်တခုရှိပုံနေရသည်။
ရန်ယင်ဟိုင်၏မျက်နှာက မည်းမှောင်သွား၏။
သူကငါ့ကိုအဆင့်ချိုးဖျက်ဖို့အတွက် အသုံးချနေတာလား!
သူကအလွန်အမင်းမာနကြီးသူဖြစ်သည်။
ဒါကိုတွေးမိသောအခါ ရန်ယင်ဟိုင်၏ အမူအရာကအနည်းငယ်ကြည့်ရဆိုးသွားပြီး မူလတည်ငြိမ်နေသောအသွင်အပြင်က ပြောင်းလဲသွား၏။
တချိန်တည်းမှာပင် သူ့လက်အစုံကတံဆိပ်တခုကိုဖန်တီးလိုက်စဉ် သဲမုန်တိုင်းလေးခုက တခုကိုတခုရူးသွပ်စွာဖိနှိပ်ရင်း အတူတကွပေါင်းစပ်သွားကြ၏။
အဆုံးသတ်တွင် သဲမုန်တိုင်းလေးခုက ပျောက်ကွယ်သွားပြီး ပိုကြီးမားသည့်တခုနှင့် အစားထိုးသွားသည်။
ထိုသဲမုန်တိုင်းက စင်မြင့်တခုလုံးကိုပင် သိမ်းပိုက်လုနီးပါးပင်။
အထဲကကျောက်စရစ်ခဲများကလည်း ဧရာမကျောက်တုံးကြီးများအဖြစ် ပြောင်းလဲကာ သဲမုန်တိုင်းထဲတွင် ကြယ်များအလား လှည့်ပတ်နေကြသည်။
အကယ်၍ကျောက်တုံးတစ်တုံး၏ တိုက်မိခြင်းကိုခံရလျှင်ပင် အာရုံထွေပြားခြင်းအလယ်အလတ်အဆင့်စွမ်းအားရှင်ပင်လျှင် အကြီးအကျယ်ဒဏ်ရာရသွားပေလိမ့်မည်။
ယဲ့ချိုးပိုင်ခေါင်းကိုအနည်းငယ်မော့ကာ ဒီမြင်ကွင်းကိုကြည့်နေသည်။
ဓားဆန္ဒက သူ့လက်ထဲက ကြယ်ကြွေဓားကို၀န်းရံထားပြီး မရေမတွက်နိုင်လောက်သောဓားဆန္ဒများက ကြယ်ကြွေဓားပေါ်သို့ ကြယ်များပမာ အစက်အပျောက်များအဖြစ် ကျဆင်းနေကြသည်။
ထိုဓားဆန္ဒများက ကြယ်များအကြား အလွန်အမင်းထက်ရှသည့်ဓားများအလားပင်။
ထိုစဉ် ဆယ်ခုမြောက်ဓားချက်ကို ထုတ်လွှတ်လိုက်လေတော့သည်။
ကြယ်ကြွေဓားပေါ်ကကြယ်များက ထိုအချိန်တွင် ကြွေကျလာသည့်ကြယ်များအလား ကမ္ဘာကြီးအားဖြတ်သန်းလာသည့် သဲမုန်တိုင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ကျောက်စရစ်ခဲများ၊ ကျောက်တုံးများနှင့် ကြယ်များကကျဆင်းလာကြပြီး အဆက်မပြတ်တိုက်မိနေကြသည်။
ပတ်ပတ်လည်ကဝိဉာဉ်ချီကလည်း အဆက်မပြတ်ထိုးတက်လာသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ တိုက်ပွဲအား ကြည့်နေသည့်လူတိုင်းကလည်း အံ့ဩသင့်သွားကြသည်။
"ဒီသိုင်းဧကရာဇ်နယ်ပယ်အထွပ်အထိပ်အဆင့်ဓားသမားလေးက ရန်ယင်ဟိုင်ကို ဒီလောက်အထိ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါတကယ်မထင်ထားဘူး"
"ငါတို့ကနယ်ပယ်တူရင်တောင် ဘယ်သူနိုင်မလဲဆိုတာ ပြောရခက်တယ်"
ရန်ယင်ဟိုင်၏အမူအရာက ပို၍ပင် ကြည့်ရဆိုးလာသည်။
သူနောက်ထပ်ထိန်ချန်မထားတော့ပါ။
သို့စေကာမူ ယခုလိုကျင့်ကြံခြင်း၌ ကြီးမားသည့်ကွာဟချက်ရှိသောလူတစ်ယောက်အား တိုက်နေရသည့်တိုင် သူစိုးရိမ်ပူပန်နေသေးသည်။
ဒီစကားများကသာ ဂိုဏ်းသို့ပြန်ရောက်သွားမည်ဆိုပါက အဆင့်နိမ့်တပည့်များက သူ့အားလှောင်ပြောင်ရယ်မောကြပေလိမ့်မည်။
ရန်ယင်ဟိုင်ရှေ့တိုးပြီး ကျယ်လောင်စွာအော်ဟစ်သည်။
"မုန်တိုင်း၊ မြှင့်တက်စမ်း"
အလယ်ဗဟို၌ ကြမ်းတမ်းသည့်လေထုက ရန်ယင်ဟိုင်နှင့်အတူတိုက်ခတ်လာသည်။
ထိုအခိုက်အတန့်တွင် ရန်ယင်ဟိုင်က မုန်တိုင်းမျက်လုံးအဖြစ် ပြောင်းလဲသွားပုံရသည်။ ကမ္ဘာကြီးအားဖြတ်သန်းသွားသည့် သဲမုန်တိုင်းက ထိုအချိန်တွင် ကမ္ဘာကြီးနှင့် ဆက်စပ်သွားပုံရသည်။
သူ့အော်ရာက ရုတ်တရက်ထိုးတက်သွားသည်။
ယဲ့ချိုးပိုင်လက်ထဲတွင် ကြယ်ကြွေဓားကိုကိုင်ကာ သဲမုန်တိုင်းထဲတွင်ရပ်နေပြီး သူ့ခြေအစုံက အတက်မပြတ်ဆုတ်ရန် ဖိအားပေးခံနေရသည်။
သို့သော် သူ့မျက်လုံးထဲ၌ မည်သည့်အကြောက်တရားမှမရှိဘဲ ဆန့်ကျင်ဘက်ပင် တိုက်ခိုက်ရေးစိတ်ဓာတ်များက ပို၍ပင်မြင့်လာသည်။
ထိုအချိန်တွင် သူ့ဓားဆန္ဒပင်လျှင် ကောင်းကင်ပေါ်သို့ထိုးတက်သွားခဲ့သည်။
၀ရုန်း.......!
ထိုအခိုက်အတန့်၌ သဲမုန်တိုင်းက ပေါက်ကွဲသွားပြီး မရေမတွက်နိုင်လောက်သော သဲများက စင်မြင့်အတွင်းလွင့်မြောနေသည်။
အနီး၀န်းကျင်ကကြည့်ရှုသူများက ကာကွယ်ရေးအတားအဆီးတခုကို အလျင်အမြန်ဖန်တီးလိုက်ကြရသည်။
ယဲ့ချိုးပိုင်ကလုံး၀ပျောက်ကွယ်နေခဲ့သည်။
လူတိုင်းမော့ကြည့်သောအခါ ယဲ့ချိုးပိုင် ရှုံးနိမ့်သွားပြီဟုတွေးထင်လိုက်ကြသည်။
သို့သော်သူတို့အကြားတွင် အလွန်အမင်းဆန်းကြယ်သည့်ဓားဆန္ဒတခုလုံးက ပြိုင်ကွင်းအတွင်း တိတ်တဆိတ် ပြည့်နှက်သွားခဲ့သည်။