← Chapters

#ချေမှုန်းခြင်းခွန်အား#

Vol. 35 Ch. 493

#ချေမှုန်းခြင်းခွန်အား#

Vol. 35 Ch. 493

ယဲ့ချိုးပိုင်၏ပုံရိပ်က သဲမုန်တိုင်းထဲတွင် ဖုံးလွှမ်းခံရပြီးနောက် ကျောက်တုံးကြီးများအတွင်း လုံး၀ပျောက်ကွယ်သွားခဲ့သညိ။

ယန်မိသားစုခေါင်းဆောင်ကထရပ်ကာပြုံးသည်။

"ကြည့်ရတာ အနိုင်နဲ့အရှုံးကို ဆုံးဖြတ်ပြီးသသွားပုံပဲ"

"ကန်ယောင်၊ မင်းမှာအခုဘာမှပြောစရာမရှိတော့ဘူးမလား၊ ပင်လယ်ပြင်ဒေသကို လက်လွှဲပေးလိုက်တော့"

ကန်ယောင်၏အမူအရာက ကြည့်ရဆိုးသွားသည်။

ငါတကယ်ပဲဒီလိုရှုံးရတော့မှာလား!

ကန်ဟိုင်ရှင်းနှင့် ကန်ချန်းတို့၏မျက်နှာများကလည်း အနည်းငယ်ဖြူဖျော့‌နေကြ၏။

သူတို့ရှုံးသွားခဲ့သည်။

ဒီလိုဆိုရင် ယဲ့ချိုးပိုင်ကရော၊ သူအသက်ရှင်နေသေးလား!

စင်မြင့်ပေါ်၌ ရန်ယင်ဟိုင်က အထိအခိုက်မရှိပေ။ သို့စေကာမူ ဒီအောင်ပွဲအတွက် သူမပျော်ပေ။ ဆန့်ကျင်ဘက်ပင် သူ့မျက်နှာက အတော်လေးကြည့်ရဆိုးနေသည်။

ကျင့်ကြံခြင်းနယ်ပယ်ခြားနားချက်က အတော်လေးကြီးမားသည့် အခြေအနေတွင်ပင် သူက တဖက်လူကို လုံး၀မဖိနှိပ်နိုင်ဘဲ ယင်းအစား အနိုင်ရရန်အတွက် ခွန်အားအပြည့်ကိုအသုံးပြုခဲ့ရသည်။

ဒါက ရန်ယင်ဟိုင်ကို မပျော်မရွှင်ဖြစ်သွားစေသည်။

ဒိုင်လူကြီးက ထိုအချိန်တွင် လက်မြှောက်ကာ ရလဒ်ကိုကြေငြာချင်သည်။

"တတိယအကျော့မှာ၊ ယန်မိသားစု...." သို့စေကာမူ သူ့စကားမဆုံးသေးခင်မှာပင် တယောက်ကအော်ဟစ်လိုက်သည်။

"စင်မြင့်ကိုကြည့်လိုက်"

လူတိုင်းက ထိုလူ၏စကားနှင့်အတူ ပြိုင်ပွဲစင်မြင့်ပေါ်သို့ကြည့်လိုက်ကြသည်။

လူတိုင်း၏အကြည့်ကချက်ချင်းပင် အေးခဲသွားကြပြီး သူတို့မျက်လုံးများက မယုံနိုင်မှုများဖြင့်ပြည့်နှက်သွားကြ၏။

ဒိုင်လူကြီးကလည်း နောက်ဆုံးရလဒ်ကို မကြေငြာတော့ပေ။။

ဆန်းကြယ်သည့်ဓားဆန္ဒတခုက စင်မြင့်ရှိ ကျောက်တုံးများထဲတွင် ပြည့်နှက်သွားသည်။

ကန်ဟိုင်ရှင်းနှင့်ကန်ချန်းတို့ကလည်း ၀မ်းပန်းတသာဖြစ်ပြီးအံ့ဩသင့်သွားကြ၏။

ယဲ့ချိုးပိုင်မသေသေးပေ။

ရန်ယင်ဟိုင်၏အမူအရာကကြည့်ရဆိုးနေပြီး ဧရာမကျောက်တုံးများဖြင့် အမြှုပ်ခံနေရသည့် ရှေ့ကနေရာအားကြည့်လိုက်သည်။

ဒါကတောင် သူ့ကိုမသတ်နိုင်ဘူးလား!

ဒါ့အပြင် ထုတ်လွှတ်ထားသည့်ဓားဆန္ဒက အရင်ကထုတ်လွှတ်ခဲ့သည့်ဓားဆန္ဒထက် ပို၍ပင်ထက်ရှကာ ဆန်းကြယ်လာသည်။

ဖြစ်နိုင်တာက.....!

ဝုန်း.....!

ကျယ်လောင်သောအသံနှင့်အတူ ဧရာမဓားချက်တစ်ချက်က ကျောက်တုံးပုံကြီးထဲကနေ ချိုးဖျက်ထွက်လာပြီး ဖိနှိပ်နေသည့် ကျောက်တုံးကြီးများအား ကြေမွသွားစေငည်။

အထဲကပုံရိပ်တစ်ရိပ်ခုန်ထွက်လာသည်။

ယဲ့ချိုးပိုင်၏ပုံရိပ်က အဆင်ပြေနေသေးပြီး ကြယ်ကြွေဓားကိုကိုင်ကာ စင်မြင့်ပေါ်၌ ပြန်လည်ထရပ်သည်။

သူ့ကိုယ်ထဲကနေ အဆက်မပြတ်ထုတ်လွှတ်နေသည့်ဆန်းကြယ်သောဓားဆန္ဒက လူတိုင်း၏နှလုံးသားကို တုန်လှုပ်သွားစေသည်။

"ငါမင်းကိုကျေးဇူးတင်ပါမယ်"

ယဲ့ချိုးပိုင် ရန်ယင်ဟိုင်ကိုကြည့်ကာ ရယ်မောသည်။

"နောက်ဆုံးတော့ ငါအဆင့်ချိုးဖျက်ခဲ့ပြီ"

ဓားတာအို၏အန္တိမနယ်ပယ်!

သူကလအနည်းငယ်ကြာ စကြာ၀ဠာဓားသခင်အဆင့်တွင်ရှိနေခဲ့သည်။

ယခုတွင်မူ နောက်ဆုံးတွင် ယဲ့ချိုးပိုင် အဆင့်ချိုးဖျက်နိုင်ခဲ့လေပြီ။

ရန်ယင်ဟိုင်၏အမူအရာက ကြည့်ရဆိုးနေသည်။

အရင်ကဓားသခင်နယ်ပယ်ဓားဆန္ဒသာဆိုပါက ရန်ယင်ဟိုင်အတွက် ယဲ့ချိုးပိုင်က လုံး၀ခြိမ်းခြောက်မှုတခုမဟုတ်ပါ။

သို့စေကာမူ သူက အန္တိမနယ်ပယ်သို့ ချိုးဖျက်သွားလေရာ ပြိုင်ကွင်းအတွင်း ပျံ့နှံ့နေသည့် ဓားအမြင်ကိုခံစားမိသောအခါ သူ့နှလုံးသားထဲတွင် အန္တရာယ်အစွန်းအစတခု မြှင့်တက်လာသလို ခံစားရသည်။

ဒါပေမယ့်ဘာဖြစ်လဲ!

ဒါက ဓားဆန္ဒချိုးဖျက်တာပဲလေ!

ကျင့်ကြံခြင်းနယ်ပယ်အရဆိုရင် ဒါက ရေမြောင်းလေးတခုသာသာပဲမလား!

ရန်ယင်ဟိုင်နှာခေါင်းရှုံ့ရင်း လက်ဖဝါးနှစ်ဖက်ကို အတူတကွဖိချလိုက်သည်။

စင်မြင့်ပေါ်၌ပြန့်ကြဲသွားသည့် ဧရာမကျောက်တုံးများကလွင့်မြောလာကြပြီး ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်ထံ ဖိနှိပ်လာကြ၏။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ကလည်း ပိုင်းချလိုက်သည်။ ဓားဆန္ဒကရုတ်ချည်းပင်ထိုးတက်လာသည်။

ထို့နောက် ရုတ်တရက်ထိုးတက်လာသည့် ဧရာမကျောက်တုံးများကိုချေမွပစ်သည်။

ရန်ယင်ဟိုင်၏မျက်နှာက မည်းမှောင်သွားပြီး ရှေ့တလှမ်းတိုးစဉ် သူ့ပုံရိပ်က ပြေးလွှားသွားခဲ့၏။ သူ့ပုံရိပ်ကို ကျောက်တုံးကြီးများဖြင့် ၀န်းရံထားသည်။ ထို့နောက် မုန်တိုင်းမျက်လုံးအဖြစ် ပြောင်းလဲသွားသည်။

သူကယဲ့ချိုးပိုင်ထံလက်ဖဝါးတချက်ရိုက်ထုတ်ရန်အတွက် ကမ္ဘာ့လေပြင်း၏ စွမ်းအားကို ငှားယမ်းလိုက်၏။

ယဲ့ချိုးပိုင် ဓားသခင်နယ်ပယ်တွင်ရှိစဉ်အခါကပင် ဘယ်တော့မှနောက်မဆုတ်ခဲ့ပါ။

ယခုသူကအန္တိမနယ်ပယ်သို့ ချိုးဖျက်ခဲ့ပြီဖြစ်လေရာ မည်သို့နောက်ဆုတ်မည်နည်း။

ချက်ချင်းဆိုသလို ဓားပိုင်နက်ကပေါ်လာပြီး ဓားဆန္ဒကကောင်းကင်ပေါ်ပစ်ဝင်သွား၏။

သူ့လက်ထဲက ကိုးပေရှည်ကြယ်ကြွေဓားက ထိုအချိန်တွင် အန္တမနယ်ပယ်ဓားဆန္ဒဖြင့် ဝိုင်းရံနေပြီး သူကဓားလက်ကိုင်ကို လက်နှစ်ဖက်နှင့်ကိုင်ကာ ရန်ယင်ဟိုင်ဆီသို့ ပိုင်းချလိုက်လေသည်။

လက်ဖဝါးတချက်နဲ့ဓားတလက်!

လေပြင်းက မြေကြီးအားတိုက်ခတ်သွားသလို ဓားဆန္ဒကလည်းကောင်းကင်ပေါ် ထိုးတက်သွားပြီး သူတို့၏တိုက်ချက်များက ထိပ်တိုက်တွေ့ဆုံသွားကြသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ရန်ယင်ဟိုင်၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

ဓားကသူ့လက်ဖဝါးအား ပိုင်းဖြတ်လာသောအခါ သူဖမ်းမမိရုံတင်သာမက ဓား၏ ထက်ရှလှသည့်ဓားဆန္ဒကြောင့် ချက်ချင်းပင် အရှခံရသည်။

သူနောက်ဆုတ်ချင်သော်လည်း ယဲ့ချိုးပိုင်၏ပုံရိပ်က ရန်ယင်ဟိုင်၏အရိပ်အလား သူ့နောက်ကနေ အရိပ်ပမာ မလျှော့တမ်းလိုက်လေသည်။

ထို့နောက်ဓားဖြင့်ပိုင်းချလိုက်သည်။

ရန်ယင်ဟိုင်အံကြိတ်ကာ ရုတ်တရက် လက်သီးကျစ်ကျစ်ဆုပ်လိုက်စဉ် မုန်တိုင်းက ချက်ချင်းပေါက်ကွဲသွားပြီး လေပြင်းအတားအဆီးတခုကိုဖြစ်စေကာ ရှေ့မှ ကာကွယ်ပေးထားသည်။

သို့စေကာမူ ယဲ့ချိုးပိုင်၏ဓားအောက်တွင် အကြွင်းဓားလေးသွယ်ရှေ့ဦးမူလဓားချက်က ပေါက်ကွဲထွက်လာပြီး မျက်စိတမှိတ်အတွင်းမှာပင် မုန်တိုင်းအတားအဆီးက ကျိုးပဲ့သွားခဲ့သည်။

ယန်မိသားစုခေါင်းဆောင်က ဒီမြင်ကွင်းကို မြင်ရသောအခါ သူ့မျက်မှာက အလွန်အမင်းကြည့်ရဆိုးသွားခဲ့သည်။

ရန်ယင်ဟိုင်က အရှုံးပေါ်နေတာလား!

သူကသိုင်းဧကရာဇ်နယ်ပယ်အထွပ်အထိပ်အဆင့်ဓားသမားတစ်ယောက်ရဲ့ ဖိနှိပ်ခြင်းကို ခံနေရတာလား!

သခင်လေးယန်ဟုန်၏မျက်နှာကလည်း လေးနက်နေသည်။

မကြာသေးခင်က ယဲ့ချိုးပိုင်သူ့ကို စင်ပေါ်တွင်ပြောခဲ့တာကို သူသတိရသွား၏။

အရင်က ဒါကရယ်စရာတခုဟုသာသူခံစားနေရသော်လည်း ယခုရယ်စရာကောင်းနေတာက သူကိုယ်တိုင်ဖြစ်နေသည်။

ဒီလိုခွန်အားမျိုးနဲ့ဆိုရင် ငါ့ကိုသတ်ဖို့ဆိုတာက အရမ်းလွယ်ကူတယ်မလား!

ဒါပေမယ့် ကန်မိသားစုက ဒီလိုမွန်းစတားမျိုးကို ဘယ်နေရာကရှာလာတာလဲ!

ဘာလို့ဒီလိုကြောက်မက်ဖွယ်ဓားသမားတစ်ယောက်က ပင်လယ်စိမ်းမြို့မှာ ပေါ်လာရတာလဲ!

ရန်ယင်ဟိုင် ဆက်လက်ကျလာနေသည့်ကြယ်ကြွေဓားကို ကြောက်လန့်စွာကြည့်ရင်း ဒေါသတကြီးအော်ဟစ်သည်။

ငါဘယ်လိုလုပ် ဒီလိုသိုင်းဧကရာဇ်အဆင့်က ဓားသမားတစ်ယောက်ကိုရှုံးနိမ့်နိုင်မှာလဲ!

သို့စေကာမူ လက်ရှိရန်ယင်ဟိုင်က မည်သို့မည်ပုံ ယဲ့ချိုးပိုင်နှင့်ယှဉ်၍ရတော့မည်နည်း။

ဓားချက်ကကျဆင်းလာသည်။

ရန်ယင်ဟိုင်၏လက်မောင်းက တိုက်ရိုက်ပင် ဖြတ်တောက်ခံရသည်။

တချိန်တည်းမှာပင် သူကအော်ဟစ်ကာ လွင့်စင်သွားပြီး စင်အောက်သို့တည့်တည့်ကျသွားသည်။

လူတိုင်းက ယဲ့ချိုးပိုင်ကို ထိတ်လန့်စွာကြည့်နေကြသည်။ သူက ကိုးပေရှည်ဓားကိုကိုင်ကာ စင်မြင့်ထဲတွင် ထက်မြက်သည့်ဓားတစင်းပမာ ရပ်နေသည်။

သူတကယ်အနိုင်ရသွားတာလား!

သူကနယ်ပယ်ကြီးတခုကို ဖြတ်ကျော်ပစ်ခဲ့သည်။

ဒါကတကယ်ပဲသာမန်လူတစ်ယောက် လုပ်နိုင်တဲ့အရာတခုလား!

မြို့တော်၀န်စံအိမ်ကလူများကလည်း အနည်းငယ်အံ့ဩသင့်နေကြသည်။ ဒိုင်လူကြီးပင်လျှင် ရလဒ်များကို ကြေငြာရန် မေ့လျော့နေခဲ့သည်။

ယဲ့ချိုးပိုင်၏သတိပေးချက်အောက်တွင် ဒိုင်လူကြီးက ရှုပ်ထွေးနေသည့်အမူအရာဖြင့်ပြောသည်။

"တတိယအကျော့မှာ ယဲ့ချိုးပိုင်အနိုင်ရရှိပါတယ်"

တပွဲရှုံး၊ နှစ်ပွဲနိုင်!

ဘယ်သူမှအလေးမထားခဲ့ကြသည့် ကန်မိသားစုက ယန်မိသားစုနှင့်တိုက်ပွဲတွင် အမှန်တကယ်အနိုင်ရခဲ့သည်။

ဒါတွေအားလုံးက ယဲ့ချိုးပိုင်၏ကျေးဇူးကြောင့်ဖြစ်သည်။

ဒီကြောက်မက်ဖွယ်ဓားသမား!

ယန်မိသားစုခေါင်းဆောင်နှာခေါင်းရှုံ့သည်။

"သွားကြရအောင်"

ထို့နောက်သူတဖက်သို့ဒေါသတကြီးလှည့်ကာ ယန်မိသားစုနှင့်ထွက်သွားလေတော့သည်။

ထိုစဉ် ယဲ့ချိုးပိုင်ပြောလိုက်သည်။

"ယန်ဟုန်၊ မင်းမကြိုးစားကြည့်ချင်ဘူးလား"

ယန်ဟုန်၏ခြေလှမ်းများက ရုတ်တရက်ရပ်သွားပြီး သူ့မျက်နှာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။

ထို့နောက်တွင် သူကတဖက်လှည့်ကာ လက်နှစ်ဖက်ဆုပ်သည်။

"ငါကမင်းပြိုင်ဘက်မဟုတ်ပါဘူး"

ဒါကအရမ်းရိုးရှင်းပါသည်။

သို့သော် ထိုစကားပြောပြီးနောက် ယန်ဟုန်၏မျက်နှာကဖြူဖျော့သွားပြီး သူ့အော်ရာက အလွန်အမင်းမတည်မငြိမ်ဖြစ်လာသည်။

ဒါက သူ့နှလုံးသားထဲက နတ်ဆိုးဖြစ်လာသည်မှာ သိသာထင်ရှားနေသည်။

ယန်မိသားစုခေါင်းဆောင်က ရပ်လိုက်သော်လည်း တဖက်လှည့်မလာဘဲ ပြောသည်။

"လူငယ်လေး၊ ငယ်ရွယ်ပြီးတက်ကြွတာက ကောင်းပါတယ်၊ ဒါပေမယ့် မင်းရဲ့ထက်မြက်မှုကို အရမ်းပြမိသွားရင် မင်းက သတ်ဖြတ်ခြင်းရဲ့ဘေးဒုက္ခကို အမြဲခံစားနေရလိမ့်မယ်"

ဒါကခြိမ်းခြောက်မှုတခုဆိုတာ သိသာထင်ရှားနေသည်။

ယဲ့ချိုးပိုင်ကထူးမခြားနားစွာပြောသည်။

"ကျုပ်စောင့်နေပါမယ်"

ယန်မိသားစုခေါင်းဆောင်ကခေါင်းညိတ်ကာ ယဲ့ချိုးပိုင်အား နက်ရှိုင်းစွာတချက်ကြည့်ပြီးနောက် သူ့လူများနှင့်အတူ ထွက်သွားလေတော့သည်။

ထိုအချိန်တွင် ကန်ယောင်ကရှေ့သို့လျှောက်လာပြီး အပြုံးဖြင့်ပြောသည်။

"ကျေးဇူးပါ၊ မိတ်ဆွေလေးယဲ့၊ မိတ်ဆွေလေးယဲ့ကြောင့်သာမဟုတ်ဘူးဆိုရင် ကန်မိသားစုက ပင်လယ်စိမ်းမြို့ကနေ လုံး၀ဖယ်ရှားခံလိုက်ရမှာ"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ကျွန်တော်က ကျေးဇူးအတွက် ပြန်ပေးဆပ်ရုံပါပဲ"

ကန်ယောင်က သဘောကျလေးစားသည့် အမူအရာဖြင့်ခေါင်းညိတ်သည်။

"တကယ်တော့ ကန်မိသားစုရဲ့ပင်လယ်ဧရိယာက အရင်းအမြစ်အရမ်းမကြွယ်၀ပါဘူး၊ ဒါပေမယ့် ပင်လယ်ထဲမှာ အမျိုးအမည်မသိတဲ့ နတ်ပစ္စည်းတခုရှိတယ်..."

All Chapters