← Chapters

#ဟင်းလင်းပြင်မျိုးနွယ်#

Vol. 35 Ch. 495

#ဟင်းလင်းပြင်မျိုးနွယ်#

Vol. 35 Ch. 495

ယဲ့ချိုးပိုင်၏အကြည့်ကိုခံစားမိသောအခါ ယန်ဟုန်၏အမူအရာကပြောင်းလဲသွား၏။

"မင်းဘာလုပ်ချင်တာလဲ"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ငါကမင်းထက်အားနည်းတယ်လို့ မင်းအမြဲခံစားနေရတာမလား၊ ဘာလို့အခုမကြိုးစားကြည့်ရတာလဲ"

ထိုစကားကိုကြားသောအခါ ယန်ဟုန်၏အမူအရာက အလွန်အမင်းကြည့်ရဆိုးသွားသည်။

ယန်မိသားစုခေါင်းဆောင်က မလွတ်မြောက်နိုင်ဖြစ်နေသည်။

ကျန်သောယန်မိသားစု၀င်များက ကျားဝေလနတ်ဆိုးငါးမန်းလက်အောက်တွင် သေဆုံးပြီးနှင့်ပါပြီ။

မြို့တော်၀န်စံအိမ်ကလူများက ထကြွသောင်းကျန်မှုကိုကြည့်ရှုနေကြသည်။

မည်သူကမှ ယခုယန်ဟုန်ကို မကူညီနိုင်ဟုဆို၍ရသည်။

"မင်းဘာလုပ်စေချင်တာလဲ"

ယန်ဟုန်အံကြတ်ကာ သွားကြားထဲကနေ ထိုစကားလုံးများကို ဖျစ်ညှစ်ထုတ်ကာ ပြောလိုက်ရသည်။

'ဘာမှတော့မဟုတ်ပါဘူး၊ ငါမင်းကိုဆင်းပြီးစူးစမ်းစေချင်တယ်"

ယဲ့ချိုးပိုင်၏အမူအရာက အေးစက်သွား၏။

"အခုမင်းကိုယ်တိုင်အောက်ဆင်းမလား၊ ဒါမှမဟုတ် ငါမင်းကိုပစ်ချရမလား"

ယန်ဟုန်၏အမူအရာက မရေရာဖြစ်နေသည်။

"အခုလိုအခြေအနေမျိုးမှာ မင်းငါ့ကိုဆွဲချသွားရင်တောင် မင်းရဲ့အခြေအနေကလည်း ထိခိုက်သွားမှာပဲလေ"

"မင်းတခြားသူတွေကို အကျိုးအမြတ်ရသွားစေချင်လို့လား"

ထိုစကားပြောပြီးနောက် သူက မြို့တော်၀န်စံအိမ်ကလူများအား အထူးတလည်စူးစိုက်ကြည့်လိုက်သည်။

ယဲ့ချိုးပိုင်သူနှင့်ငြင်းခုံရန်အတွက် အရမ်းကြီးစိတ်မရှည်ပေ။ ယင်းအစား သူက ကိုးပေရှည်ကြယ်ကြွေဓားကို ကိုင်ကာ ယန်ဟုန်ထံ ပြေး၀င်သွား၏။

ယန်ဟုန်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။

"ငါ့ကိုအနိုင်ကျင့်ဖို့လွယ်တယ်လို့ မင်းတကယ်ထင်နေတာလား"

ထို့နောက် အာရုံထွေပြားခြင်းနယ်ပယ်ခွန်အားက ထိုးတက်လာပြီး ခွန်အားအပြည့်ဖြင့် ရိုက်ချလိုက်လေသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ကလည်းရှေ့သို့ပြေးသွားပြီး ဓားဖြင့်ပိုင်းချစဉ် အန္တိမနယ်ပယ်ဓားဆန္ဒက ယန်ဟုန်၏ လက်ဖဝါးချက်ကို လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် တိုက်ရိုက်ချိုးဖျက်ကာ ဓားထိပ်က ယန်ဟုန်နဖူးရှေ့တွင် ရပ်သွားသည်။

သူဓားထိပ်ကိုနည်းနည်းလောက်ထပ်ထိုးပါက ယန်ဟုန်၏နဖူးက ထိုးဖောက်ခံရပေလိမ့်မည်။

ယန်ဟုန် သူ့ရှေ့က အမူအရာကင်းမဲ့နေသည့်မျက်နှာကို ဖြူဖျော့သည့်အမူအရာဖြင့်ကြည့်နေသည်။

သိုင်းဧကရာဇ်နယ်ပယ်အထွပ်အထိပ်အဆင့်သာရှိသေးသည့် ယဲ့ချိုးပိုင်လက်ထဲတွင် သူ့တွင်ခုခံရန်အတွက် နေရာအနည်းငယ်မျှပင်မရှိချေ။

မြို့တော်၀န်စံအိမ်ကလူများကလည်း ဒီမြင်ကွင်းကို လေးနက်သည့် အမူအရာများဖြင့်ကြည့်နေကြသည်။

သူကနယ်ပယ်ခြားနားနေသည့်တိုင် ကျော်လွှားကာ ယန်ဟုန်အား အလွယ်တကူအနိုင်ယူနိုင်သည်။

ယခုလိုပါရမီနှင့်ခွန်အားမျိုး....!

သူ့အားကျော်လွှားနိုင်သောသူဟူ၍ ပင်လယ်စိမ်းမြို့တွင် မည်သူမှရှိမည်မဟုတ်။

ယဲ့ချိုးပိုင်အော်ရာများကို မဖြုန်းတီးတော့ဘဲ ယန်ဟုန်၏အ၀တ်စုံကိုစုပ်ကိုင်ကာ ကြက်ပေါက်စလေးနကောင်အလား ဝဲဂယက်ထဲသို့ပစ်ချလိုက်သည်။

လူတိုင်းက ယန်ဟုန်အားစိုက်ကြည့်နေကြ၏။

ဒီဝဲဂယက်ထဲတွင် တခြားဘယ်အန္တရာယ်တွေကများ ပုန်းလျှို့နေမလဲဆိုတာ သူတိူ့သိချင်ကြသည်။

ယန်ဟိုင် ဝဲဂယက်ထဲကျသွားသောအခါ ဖိနှိပ်ခြင်းစွမ်းအားက ယန်ဟုန်အား တိုက်ရိုက်ဖိနှိပ်ပစ်သည်။

ယန်ဟိုင်၏အမူအရာကအနည်းငယ်ပြောင်းလဲသွား၏။ သူကချက်ချင်းပင် ကာကွယ်ရေးအတားအဆီးတခုဖန်တီးကာ ခုခံချင်သည်။

သို့စေကာမူ ကာကွယ်ရေးအတားအဆီးက ထိုအချိန်တွင် လုံး၀မထိရောက်နိုင်ဖြစ်သွားပြီး ဝိဉာဉ်ချီကိုပင်လှည့်ပတ်၍မရတော့။

ဖိနှိပ်ခြင်းအားက ယန်ဟုန်၏ကိုယ်ကို ဖိနှိပ်နေသည်ကို သူတို့အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ကြသည်။

"အား........"

ချက်ချင်းဆိုသလို ယန်ဟုန်၏စိမ်မချမ်းမြေ့ဖွယ်အော်ဟစ်သံက ပဲ့တင်ထပ်လာသည်။

လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏အမူအရာများကလေးနက်သွားကြ၏။

ယဲ့ချိုးပိုင်ကလည်း ဒီဝဲဂယက်ထဲတွင် ပုန်းလျှိုးနေသည့် နက်နဲသိမ်မွေ့မှုများကို တွက်ချက်မိပြီးဖြစ်သည်။

ကြည့်ရသည်မှာ ဒီဖိနှိပ်ခြင်းစွမ်းအားက ပျံသန်းမှုကိုကန့်သတ်ပစ်သည်သာမက ဝိဉာဉ်ချီကိုပင် ဖိနှိပ်နိုင်လေသည်။

ထို့ကြောင့်နယ်ပယ်များက ဒီနေရာ၌ အသုံးမဝင်တော့။

၀င်ရောက်ပြီးနောက်တွင် ဒီဖိနှိပ်ခြင်းစွမ်းအားကိုခုခံရန်အတွက် ရုပ်ပိုင်းခွန်အားနှင့် စိတ်ဆန္ဒစွမ်းအားကိုသာ မှီခိုအားကိုးရပေတော့မည်။

"ဒီနေရာက ဘလက်ကီအတွက် အတော်လေးသင့်တော်တာပဲ...."

(ဘလက်ကီ = ရှောင်ဟိုင်)

ယဲ့ချိုးပိုင်ပြုံးကာ ခေါင်းခါယမ်းပြီးနောက် ခုန်ဆင်းရင်း ဝဲဂယက်ထဲ ၀င်သွားလေတော့သည်။

ကျန်သောသူများလည်း နောက်ကနေ အနီးကပ်လိုက်ပါလာကြသည်။

ယန်ဟုန်ကမူ တခဏမျှဖိနှိပ်ခံရပြီးနောက် သူကျင့်သားရသွားပြီး ယဲ့ချိုးပိုင်အား အမုန်းတရားဖြင့်စိုက်ကြည့်သည်။

"မင်းဒီနေ့လုပ်ခဲ့တာကိုသတိရနေပါ၊ ကန်မိသားစုက မင်းကို မကာကွယ်ပေးနိုင်ပါဘူး"

ယဲ့ချိုးပိုင်သူ့ကိုလျစ်လျူရှုထားသည်။

တချိန်တည်းမှာပင် သူဝဲဂယက်ထဲ၀င်သောအခါ ဖိနှိပ်ခြင်းအားက သူ့ကိုယ်ပေါ်သို့ဆင်းသက်လာသည်။

ယဲ့ချိုးပိုင် ကိုယ်အပေါ်ပိုင်းကနေ အောက်အထိ ဧရာမဖိအားကိုခံစားနေရသည်။

သို့စေကာမူ ဒီနေရာကဖိနှိပ်ခြင်းစွမ်းအားက သူ့အားမခြိမ်းခြောက်နိုင်ပေ။

ချက်ချင်းဆိုသလို သူကလိုက်ဖက်အောင်ပြင်ဆင်ပြီးနောက် ဆင်းသွားသည်။

လူတိုင်းက ယဲ့ချိုးပိုင်ဒီမျှထိ မြန်နေတာကို မြင်ရသောအခါ တုန်လှုပ်သွားကြ၏။

သူတို့က လိုက်ဖက်အောင်ပြင်ဆင်နေရဆဲပင်။

ကန်ချန်းက ညည်းညူသည်။

"အစ်ကိုယဲ့ဆိုတဲ့အတိုင်းပါပဲ...."

သူပို၍နက်နက်သွားလေလေ ဖိနှိပ်ခြင်းက ပို၍အစွမ်းထက်လာသလို အားကောင်းလာသည်။

ပေတစ်ရာခန့်ငုပ်ပြီးနောက် ယဲ့ချိုးပိုင်ရပ်လိုက်သည်။

ဒီနေရာကဖိနှိပ်ခြင်းစွမ်းအားက သူ့ကို တည်ငြိမ်နေစေရန် ခွင့်မပြုတော့ပါ။

ယဲ့ချိုးပိုင် ဝဲဂယက်တွင် တင်ပလ္လင်ခွေထိုင်ရင်း တဖြည်းဖြည်းလိုက်ဖက်အောင် လုပ်နေသည်။

တခြားတဘက် ထာ၀ရသက်တမ်းနယ်မြေ၌ လုချန်ရှန်း အိပ်ပျော်နေသည့် ကျောက်တုံးလေးကို လေးနက်သည့်အမူအရာဖြင့်ကြည့်နေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ကျောက်တုံးလေးက အာကာသထဲတွင်ကျင့်ကြံနေခဲ့သည်။

သူ့နယ်ပယ်က အလွန်အမင်းမြန်ဆန်စွာတိုးတက်လာခဲ့ပြီး ယခုသူက သိုင်းဧကရာဇ်နယ်ပယ်ကိုပင် ရောက်နေလေပြီ။

သို့သော်ပြဿာနာတခုရှိနေသည်။

ကျောက်တုံးလေး၏ရင်ဘတ်တွင် ဧရာမအာကာသစွမ်းအားတခုက သူ့ကိုယ်ကနေ အချိန်မရွေးချိုးဖျက်ထွက်တော့မည့်အလား ထွက်လာသည်။

ဆိုလိုတာက စွမ်းအင်ကပြည့်လျှံနေပြီး အချိန်မရွေးပေါက်ကွဲသွားနိုင်သည်။ ထို့နောက်တွင် ကျောက်တုံးလေးသေရပေလိမ့်မည်။

လုချန်ရှန်း ပြင်းထန်သည့်အာကာသစွမ်းအားကို ဖိနှိပ်ရန်ကြိုးစားနေသည်။

သို့စေကာမူ လုချန်ရှန်းဖိနှိပ်ရန် ကြိုးစားသောအခါ အာကာသစွမ်းအားက အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့် ပျောက်ကွယ်သွားသည်။

ဒီလိုဆိုပါက ကျောက်တုံးလေးက ကျင့်ကြံမှုအားလုံးကို ဆုံးရှုံးရပေလိမ့်မည်။

ထိုအချိန်တွင် လျိုကျိယုလေးနက်စွာပြောသည်။

"ဒီအခြေအနေရပ်က ဟင်းလင်းပြင်သားရဲတကောင်နဲ့အရမ်းဆင်တူနေတယ်"

ဟင်းလင်းပြင်သားရဲ!

ထိုအချိန်က လျိုကျိယုက လူရိုင်းနယ်မြေကို ဟင်းလင်းပြင်သားရဲတကောင်နှင့်အတူ လာခဲ့ဖူးသည်။

"ဟင်းလင်းပြင်သားရဲမျိုးနွယ်က အရမ်းဆန်းကြယ်တယ်၊ သူတို့က အာကာသအရှုပ်အထွေးကြားမှာ နေထိုင်တယ်"

"ဒါပေမယ့် အမှောင်နယ်မြေမှာ ရှိတဲ့ မှတ်တမ်းတွေအရဆိုရင် ဟင်းလင်းပြင်သားရဲတွေက ဟင်းလင်းပြင်စွမ်းအားနဲ့နယ်ပယ်တွေကို အဆက်မပြတ်ဝါးမြိုနိုင်တယ်တဲ့၊ သူတိူ့ကအရမ်းအားကောင်းတာမို့ ကိုယ့်ကိုကိုယ်ဖျက်ဆီးလို့မရကြဘူး"

"အကြောင်းရင်းက ဟင်းလင်းပြင်မျိုးနွယ်တွေက ဟင်းလင်းပြင်သလင်းကျောက်နဲ့ အမြဲအတူတကွတည်ရှိလို့ပဲ"

"ဟင်းလင်းပြင်သလင်းကျောက်က အာကာသရဲ့ကြမ်းတမ်းတဲ့စွမ်းအားကို ခံနိုင်ရည်ရှိတယ်"

လုချန်ရှန်းမေးသည်။

"ဟင်းလင်းပြင်မျိုးနွယ်ကဘယ်မှာလဲ"

လျိုကျိယုခေါင်းခါယမ်းသည်။

"ကျွန်တော်လည်းမသိဘူး၊ အမှောင်နယ်မြေကတောင် ဟင်းလင်းပြင်မျိုးနွယ်ရဲ့တိကျတဲ့တည်နေရာကို မရှာဖွေနိုင်ကြဘူး"

ထိုစဉ် ငှက်ကလေးကပြောသည်။

"ငါသိလောက်မယ်ထင်တယ်"

"ဟင်းလင်းပြင်ကလန်နောက်ဆုံးပေါ်လာခဲ့တဲ့နေရာက နဂါးနဲ့ဖီးနစ်ကြားက တိုက်ပွဲမြေပြင်မှာပဲ"

"နဂါးအင်ပါယာကြယ်ဒေသနဲ့ နတ်ဖီးနစ်ကြယ်ဒေသနယ်မြေစွမ်းအားတွေကို ဟင်းလင်းပြင်မျိုးနွယ်က ဝါးမြိုပစ်ခဲ့တယ်"

လုချန်ရှန်းမော့ကြည့်လိုက်သည်။

"ငါ့ကိုခေါ်သွားပေး"

ငှက်ကလေးကခေါင်းညိတ်ပြီးနောက် ဖီးနစ်အော်သံနှင့်အတူ နတ်ဖီးနစ်အဖြစ် ပြောင်းလဲသွားသည်။

လုချန်ရှန်း ကျောက်တုံးလေးနှင့်အတူ ခုန်တက်လိုက်သည်။

လူသားနှစ်ယောက်နှင့်သားရဲတကောင်က ဟင်းလင်းပြင်ကိုစုတ်ဖြဲကာ သူတို့၏ ပန်းတိုင်သို့ ဦးတည်နေကြသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေ၊ နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်လွင်ပြင်ရှိ နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့တွင်....

"အဖေ၊ အဖေတကယ်ပဲသူ့ကို နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို လက်လွှဲပေးတော့မှာလား"

သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က နဖူး၌ ဖိနှိပ်ခြင်းအမှတ်အသားတခုပါသည့် လှပသည့်အမျိုးသမီးတစ်ဦးအား ကြည့်နေသည်။

"တခြားနည်းလမ်းမရှိတော့ဘူး၊ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်ရဲ့ကိုယ်ပိုင်တပည့်က နှစ်ကိုယ်တူကျင့်ကြံခြင်းမှာ အတားအဆီးတခုကိုရောက်နေပြီ"

"ဒီနှစ်တွေမှာ သူကဂိုဏ်းအသီးသီးက ရှေးဦးယင်ဓာတ်ရှိတဲ့အမျိုးသမီးတွေကို အရူးအမူးတောင်းဆိုနေခဲ့တာ"

"တကယ်လို့ငါတို့သာလက်မလွှဲပေးဘူးဆိုရင် ငါတို့လုကလန်က ကပ်ဘေးတခုကို ရင်ဆိုင်ရလိမ့်မယ်....."

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာကြယ်လွင်ပြင်၌ ထိပ်တန်းအင်အားစုတခုဖြစ်သည်။

သူတို့ကဲ့သို့မိသားစုငယ်များက ဒါကို ဘယ်လိုဆန့်ကျင်နိုင်မည်နည်း။

"ကျွန်တော်နားလည်ပါပြီ...."

ထိုလူကရှေ့ကအမျိုးသမီးအားကြည့်ရင်း သနားစဖွယ်ကောင်းသည်ဟုခံစားနေရသည်။

သူမကအလွန်အမင်းလှပလေရာ သေမျိုးကမ္ဘာက မိန်းကလေးတယောက်နှင့်မတူပေ။

ကံဆိုးစွာပင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ထိုမျိုးမစစ်က အမြတ်ထုတ်သွားပေတော့မည်။

သူတို့စကားပြောနေတာကိုကြားသောအခါ အမျိုးသမီးကခေါင်းမော့ရင်း ကောင်းကင်အား‌ကြည့်ကာ နှလုံးသားထဲ၌ ငိုယိုနေမိသည်။

"ချိုးပိုင်၊ နင်ဘယ်မှာလဲ"

ထိုအချိန်တွင် ပင်လယ်စိမ်းဒေသတွင် ယဲ့ချိုးပိုင်က အနက်ရှိုင်းဆုံးအပိုင်းထိပင် ရောက်နေလေပြီ။

All Chapters