#ကောင်းကင်ဖိနှိပ်ခြင်းနယ်မြေ၊ အင်မော်တယ်မျောက်ဝံတောင်#
Vol. 35 Ch. 496
လူတိုင်းက အနက်ဆုံးသို့ရောက်နေပြီဖြစ်သည့် ယဲ့ချိုးပိုင်ကို မိန်းမောတွေဝေစွာ ကြည့်နေမိကြသည်။
သူတို့၏မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြ၏။
သူတို့ထဲတွင် အမြန်ဆုံးက မြို့တော်၀န်စံအိမ်က ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူက အလယ်တဝိုက်နေရာတွင်သာရောက်နေသေးသည်။
ယဲ့ချိုးပိုင်က အလင်းလုံးဘေးကိုပင် ရောက်နေလေပြီ။
သူတို့ကိုပို၍ထိတ်လန့်စေတာက ငှပ်လျှိုးနေစဉ်ကာလအတွင်း သူကအာရုံထွေပြားခြင်းနယ်ပယ်တ၀က်အဆင့်ကို ချိုးဖျက်သွားခဲ့ခြင်းပင်။
ဒီမွန်းစတားကဘယ်ကရောက်လာတာလဲဟ!
ယဲ့ချိုးပိုင် သူ့ရှေ့ကတောက်ပနေသည့် အလင်းလုံးကိုကြည့်နေသည်။
အလင်းလုံးထဲမှ ၎င်း၏ဖိနှိပ်ခြင်းစွမ်းအားကို ထုတ်လွှတ်နေသည်။
သို့စေကာမူ ယဲ့ချိုးပိုင်အလင်းလုံးနားတွင် ရှိနေစဉ် မည်သည့်ဖိနှိပ်ခြင်းကိုမှ မခံစားရပေ။
သူကအလင်းလုံးရှိရာသို့ လက်ကိုဆန့်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလို သတင်းအချက်လက်များက ယဲ့ချိုးပိုင်လက်ကနေတဆင့် သူ့အသိစိတ်ထဲသို့၀င်ရောက်လာသည်။
[ကောင်းကင်ဖိနှိပ်ခြင်းနယ်မြေ]
ယဲ့ချိုးပိုင်အသိစိတ်ပင်လယ်ကိုကြည့်နေစဉ် ဖိနှိပ်ခြင်းဖြင့်ပြည့်နှက်နေသည့် စကားလုံးသုံးလုံးက သူ့အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည်။
[ဖိနှိပ်ခြင်းဆန္ဒကိုစုစည်းပြီး ကောင်းကင်နဲ့မြေကြီးကို ဖိနှိပ်ပါ]
[ကမ္ဘာပေါ်ကအရာတိုင်းကိုဖိနှိပ်ပါ]
ဒါကိုကျင့်ကြံခြင်းနည်းစနစ်တခုဟုခေါ်တာထက် ပိုင်နက်တခုဖန်တီးရန်အတွက် ဖိနှိပ်ခြင်းဆန္ဒနယ်ပယ်ကို မည်သို့သုံးရမလဲဆိုတာကိုသာပြသထားသည်။
သို့စေကာမူ ကောင်းကင်ဖိနှိပ်ခြင်းနယ်မြေကို ဓားပိုင်နက်ထဲတွင် အသုံးပြု၍ရနိုင်လောက်သည်။
နှစ်ခုစလုံးတွင် တူညီသောသက်ရောက်မှုရှိသည်။
ထိုအချိန်တွင် သူ့ရှေ့ကအလင်းလုံးကပျောက်ကွယ်သွားပြီး ပင်လယ်စိမ်းဒေသတခုလုံးကို လွှမ်းခြုံထားသည့် ဖိနှိပ်ခြင်းကလည်း ပျောက်ကွယ်သွားရသည်။
ထို့ကြောင့် ဒီပင်လယ်ပြင်က လေထုကန့်သတ်ချက်များကလည်း ပျောက်ကွယ်သွားရသည်။
ဝဲဂယက်နက်တွင်ရှိနေသည့် လူပုံရိပ်ကလည်း ပေါ့ပါးလာသည်။
လူတိုင်းက ယဲ့ချိုးပိုင်ကို ကြည့်ရဆိုးနေသည့်အမူအရာများဖြင့် စိုက်ကြည့်နေကြ၏။
ငါတို့ပင်လယ်စိမ်းမြို့ကပစ္စည်းကို တကယ်ပဲအပြင်လူတစ်ယောက်ကရသွားတာလား!
ယဲ့ချိုးပိုင်သူတို့ကိုလျစ်လျူရှုကာ ကန်ဟိုင်ရှင်းနှင့် ကန်ယောင်တို့ကို သင်္ဘောဆီသို့ ပြန်လည်ခေါ်ဆောင်လာသည်။
ထိုအချိန်တွင် ကန်ယောင်နှင့် ကျန်သောဂိုဏ်းမှခေါင်းဆောင်များကလည်း ပြန်ရောက်လာကြပြီဖြစ်သည်။
ကန်ယောင်ပြုံးသည်။
"ဂုဏ်ယူပါတယ်၊ မိတ်ဆွေလေးယဲ့"
ယဲ့ချိုးပိုင်ပြုံးကာ ခေါင်းညိတ်သည်။
"ဒါတွေအားလုံးက စီနီယာကန်ရဲ့သတင်းတွေကြောင့်ပါ၊ အနာဂတ်မှာ ကန်မိသားစုမှာ ကျွန်တော် ဒီနည်းစနစ်ရဲ့ပုံတူတခုကိုထားခဲ့ပါမယ်"
အရင်ကကန်ယောင်ကဒီသတင်းကိုပြောခဲ့ပြီး အကြီးအကဲများ၏ကန့်ကွက်မှုရှိလာသဖြင့် ယဲ့ချိုးပိုင်ဒါကိုသိမ်းထားနိုင်မည်မဟုတ်ပေ။
ကန်ယောင်ကလည်း သဘောကျလေးစားသည့်အသွင်ခေါင်းညိတ်သည်။
ထိုအချိန်တွင် မြို့တော်၀န်နှင့် ခေါင်းဆောင်ယန်တို့ကလည်း ရှေ့တိုးလာကြသည်။
မြို့တော်၀န်ကပြုံးသည်။
"မိတ်ဆွေလေးယဲ့၊ ငါဒါကိုလဲဖို့ဆန္ဒရှိတယ်၊ ဈေးကိုပြောလိုက်ပါ"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"ကျုပ်အခုလောလောဆယ်တော့ ဘာမှမလိုအပ်သေးပါဘူး"
ခေါင်းဆောင်ယန်က တင်းမာခက်ထန်စွာပြောသည်။
"ယဲ့ချိုးပိုင်၊ မင်းကအပြင်လူတစ်ယောက်နော်...."
ထိုအချိန်တွင် ယဲ့ချိုးပိုင် ခေါင်းဆောင်ယန်အား ကြားဖြတ်လိုက်သည်။
"ခင်ဗျားဘာပြောချင်လဲဆိုတာကျုပ်သိပါတယ်၊ ကျုပ်ကိုခြိမ်းခြောက်တာက အသုံးမ၀င်ဘူး၊ ပြီးရင်ကျုပ် ကန်မိသားစုကို တခုပေးခဲ့တယ်၊ ခင်ဗျားရဲ့ယန်မိသားစုမှာ တခြားအတွေးတခုခုရှိနေရင်တော့...."
"အနာဂတ်မှာ ကျုပ်ဓားတလက်နဲ့အတူ ခင်ဗျားအိမ်တံခါး၀ကို သေချာပေါက်လာခဲ့မယ်"
လူတိုင်းကထိတ်လန့်သွားကြ၏။
မြို့တော်၀န်နှင့် ကန်ယောင်တို့ပင်လျှင် ဆွံအသွားကြရသည်။
မင်းကအာရုံထွေပြားခြင်းတ၀က်အဆင့်မှာပဲရှိသေးတာလေ၊ ဒါတောင် တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်က စွမ်းအားရှင်ကို ခြိမ်းခြောက်ရဲသေးတာလား!
ခေါင်းဆောင်ယန်ဒေါသထွက်သွားသည်။
သူတိုက်ခိုက်ရန်ပြင်နေစဉ်မှာပင် ယဲ့ချိုးပိုင်က အဆောင်စာရွက်တခုကို ချေမွပစ်လိုက်တာကို တွေ့လိုက်ရသည်။ ထို့နောက် လျှပ်စီးတခုအဖြစ်ပြောင်းလဲသွားပြီး ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။
ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်!
"ကျုပ်ပြောတာကအမှန်တရားပဲ"
"ဒါပေမယ့် ကျုပ်မြို့တော်၀န်ကို ကန်မိသားစုကိုစောင့်ရှောက်ပေးဖို့အတွက် ဒုက္ခပေးရတော့မယ်၊ အနာဂတ်မှာ ကျုပ်သေချာပေါက် ကျေးဇူးဆပ်ပါမယ်"
ကန်ယောင်ဒီမြင်ကွင်းကိုကြည့်ရင်း ပြုံးလိုက်မိသည်။
"အနာဂတ်မှာ ဒီကလေးက ဒီနယ်မြေမှာ သေချာပေါက်ထိပ်တန်းဖြစ်တည်မှုတခု ဖြစ်လာလိမ့်မယ်"
ကန်ဟိုင်ရှင်းနှင့်ကန်ချန်းတို့ကလည်း ယဲ့ချိုးပိုင်ထွက်သွားတာကိုကြည့်နေပြီး ကောင်းချီးပေးကြသည်။
မြို့တော်၀န်က ယဲ့ချိုးပိုင်၏စကားလုံးများကိုကြားသောအခါ ရယ်မောလိုက်မိသည်။
"မင်းကတကယ်ငယ်ရွယ်ပြီးမောက်မာတာပဲ၊ အနာဂတ်မှာ ငါ့ကိုသေချာပေါက်ကျေးဇူးဆပ်မှာတဲ့လား၊ ကောင်းပြီလေ၊ မင်းရဲ့ကျေးဇူးကို ငါစောင့်မျှော်နေမယ်"
သို့စေကာမူ သူကအနာဂတ်ဆိုသောစကားကိုသတိရသွားစဉ် သူ့ကလေးများအား ယနေ့ဆုံးဖြတ်ချက်က သူ့ဘ၀အတွင်း လုပ်ဖူးသမျှအရာများထဲတွင် အကောင်းဆုံးအရာဟုပြောပြခဲ့သည်။
ယန်မိသားစုခေါင်းဆောင်က မြို့တော်ဝန်၏စကားကိုကြားသောအခါ သူ့အမူအရာကမည်းမှောင်သွား၏။
ယခုမြို့တော်၀န်ကသာ ကန်မိသားစုကို စောင့်ရှောက်နေပါက သူက ကန်မိသားစုကို နောက်ထပ်ထိ၍ရတော့မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့ကမြို့တော်၀န်စံအိမ်ကို မခုခံနိုင်ကြပေ။
ယဲ့ချိုးပိုင် ပင်လယ်စိမ်းမြို့ကထွက်လာခဲ့လေပြီ။
သူထွက်လာပြီးသည်နှင့်တပြိုင်နက် သူ့ရင်ဘတ်က ကျောက်စိမ်းဆွဲသီးက အားနည်းသည့်စွမ်းအင်အတက်အကျတခုကို ထုတ်လွှတ်လာသည်။
ဒါက မုဇီရှင်းသူ့ကို ပေးခဲ့သည့် ကျောက်စိမ်းဆွဲသီးဖြစ်သည်။
သို့စေကာမူ ဒီပြောင်းလဲမှုက အဆက်မပြတ်ဖြစ်ပျက်နေခဲ့သည်။
ကျောက်စိမ်းဆွဲသီး၏ပိုင်ရှင်တွင် ဝိဉာဉ်ချီအလွန်အမင်းလျော့နည်းနေသည့်အသွင်။
မုဇီရှင်းတခုခုဖြစ်နေတာများလား!
ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်ပြီး ကျောက်စိမ်းဆွဲသီး၏အော်ရာကနေ ညွှန်ပြသည့် ယေဘုယျလမ်းကြောင်းသို့ ပြေးသွားသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက နတ်ဆိုးသားရဲများတွင် မြင့်မားသည့် သွေးစွမ်းအားရှိသော အစွမ်းထက်သားရဲများရှိကြသည်။ ၎င်းတို့က ဉာဏ်ရည်ရှိပြီး ပြောင်းလဲနိုင်သည်။
တချိန်တည်းမှာပင် နယ်မြေတခုလုံးကို သိမ်းပိုက်ထားသည့် တည်ရှိမှုများလည်းရှိကြသည်။
အင်မော်တယ်မျောက်ဝံနယ်မြေ!
ဒီနယ်မြေတွင် သွယ်တန်းနေသည့်တောင်တစ်လုံးတည်းသာရှိသည်ဟုဆိုကြသည်။ တောင်ခြေရင်းတွင် မြို့အနည်းငယ်ရှိသည်။
ပုံမှန်အားဖြင့် အင်မော်တယ်မျောက်ဝံနယ်မြေကို လွှမ်းခြုံထားသည့် ဒီတောင်တန်းကို သူတို့က အင်မော်တယ်မျောက်ဝံတောင်ဟုခေါ်ကြသည်။
ထိုအချိန်တွင် အင်မော်တယ်မျောက်ဝံတောင်၌ ရွာလေးတစ်ရွာရှိသည်။
ရွာထဲတွင် အရပ်ရှည်ပြီးနက်မှောင်သည့်အသားအရေရှိကာ သားမွှေးအ၀တ်တထည်ကိုတ၀က်သာ၀တ်ဆင်ထားသည့် လူတစ်ယောက်က ထင်းခုတ်နေသည်။
ထိုလူက လက်ထဲကပုဆိန်ကိုအကြိမ်ကြိမ်လှုပ်ယမ်းနေပြီး သူ့လက်မောင်းပေါ်က သွေးကြောများက ပေါက်ကွဲတော့မတတ်ပင်။
သူ့တကိုယ်လုံးကနေ ချွေးသီးချွေးပေါက်များက မိုးပမာကျဆင်းနေကြ၏။
တချက်ကြည့်ရုံမျှနှင့် သူ့လက်ထဲက ပုဆိန်နှင့် သူခုတ်ထစ်နေသည့်သစ်သားတုံးများက သာမန်ပစ္စည်းများမဟုတ်တာကိုသိရသည်။
ထိုအခိုက်အတန့်၌ အလွန်အမင်းကြံ့ခိုင်သည့်အဖိုးအိုတစ်ယောက်က လျှောက်လာပြီး ပြုံးကာပြောသည်။
"မှန်တယ်၊ ဆယ်ရက်အတွင်းမှာ မင်းဆယ်တုံးကို ခုတ်ဖြတ်နိုင်လာပြီ"
ထိုလူကပုဆိန်ကိုချကာ ရိုးရှင်းရိုးသားသည့်အပြုံးဖြင့် ခေါင်းကုတ်လိုက်သည်။
"ကျေးရွာခေါင်းဆောင်၊ ကျုပ်စံနှုန်းတခုကိုရောက်လာပြီလား"
ကျေးရွာခေါင်းဆောင်ကအပြုံးဖြင့် ခေါင်းညိတ်သည်။
"ငါ့နောက်လိုက်ခဲ့"
ထိုလူက ဘလက်ကီရှောင်ဟိုင်ပေတည်း။
အာကာသမုန်တိုင်းနှင့်တွေ့ဆုံပြီးနောက် ရှောင်ဟိုင်က အင်မော်တယ်မျောက်ဝံတောင်၏ရွာတစ်ရွာတွင် ကျသွားပြီး ကျေးရွာခေါင်းဆောင်က သူ့ကို ကယ်တင်ပေးခဲ့သည်။
အကြောင်းရင်းတချို့ကြောင့် ကျေးရွာခေါင်းဆောင်က ရှောင်ဟိုင်အား သူ့ကိုယ်ခန္ဓာကို ထိန်းချုပ်ရာ၌ စတင်လမ်းညွှန်ပေးလေသည်။
လိုအပ်ချက်က သူကအရင်ဆုံးထင်းခုတ်ရပေမည်။ ဆယ်တုံးက စံနှုန်းတခုဖြစ်သည်။
ပထမခြေလှမ်းကို သူအောင်မြင်ပြီးသောအခါမှ လှမ်းနိုင်မည်ဖြစ်သည်။
ပထမအကြိမ်တွင် ရှောင်ဟိုင်နှစ်တုံးသာခုတ်နိုင်သည်။ ကျန်သောကျေးရွာသားများကမူ တကြိမ်တည်းကို ၅၁၀ခုတ်နိုင်သည်။
ဒါကရှောင်ဟိုင်အားအနည်းငယ်သိချင်စိတ်ဖြစ်သွားစေသည်။ ဒီကျေးရွာလေးထဲတွင် သူတို့အားအလွန်အမင်းအားကောင်းစေသည့် ကိုယ်ခန္ဓာများကို ပြုပြင်မွန်းမံထိန်းချုပ်ရန်အတွက် နည်းလမ်းက ဘာများပင်ဖြစ်လေသနည်း။
ရှောင်ဟိုင်က ကျေးရွာခေါင်းဆောင်နှင့်အတူ တောနက်ကြီးထဲသို့လိုက်သွားစဉ် သူမျက်စိနှင့်မြင်နေသရမျှက အံ့ဖွယ်မြင်ကွင်းများသာဖြစ်နေလေရာ ရှောင်ဟိုင်အံ့ကြသွားရသည်။
သူ့ရှေ့တွင် ကောင်းကင်ပေါ်မှကျဆင်းလာသည့် ဧရာမရေတံခွန်တခုရှိပြီး ရေတံခွန်အထက်ပိုင်းတွင် ချောက်ကမ်းပါးဟူ၍မရှိပေ။
သေချာကြည့်မည်ဆိုပါက ကောင်းကင်ကနေ ကျဆင်းလာသလားထင်ရသည်။
ကျေးရွာသားများကမူ သူတို့က ဧရာမ၀မျောက်ဝံနတ်ဆိုးများအဖြစ် ပြောင်းလဲသွားကြပြီး ရေတံခွန်ကို ဖြတ်သွားကြသည်။
တချို့နတ်ဆိုးမျောက်ဝံများကမူ ရေတံခွန်ကနေ ကျသွားကြသည်။
ဘယ်ဘက်တွင် ကျောက်တိုင်ကိုးတိုင်ရှိသည်။
ကျောက်တိုင်တိုင်းက ဘယ်မှညာသို့ ဆက်လက်မြှင့်တက်နေကြပြီး အမြင့်ဆုံးက ကောင်းကင်ထိပင်ရောက်နေသည်။
ကျောက်တိုင်ပေါ်၌ ကျော၌ တောင်ငယ်လေးတွေကဲ့သို့ ဧရာမကျောက်တုံးကို ထမ်းထားကြသည့် ရွာသားများရှိကြသည်။ သူတို့က နောက်ထပ်ကျောက်တိုင်ရှိရာသို့ ခုန်ချင်ကြသည်။
ကျေးရွာခေါင်းဆောင်ကပြုံးသည်။
"အခုဘယ်လိုကျင့်ကြံရမလဲဆိုတာ မင်းသိပြီလား၊ ရေတံခွန်ကိုအရင်သွားလိုက်"
ထို့နောက်ကျေးရွာခေါင်းဆောင်က သတိပေးသည်။
"တကယ်လို့မင်းမခံနိုင်တော့ဘူးဆိုရင် တယောက်ယောက်ကမင်းကို ထုတ်ပေးလိမ့်မယ်၊ ကိုယ့်ကိုကိုယ်အရမ်းတွန်းအားမပေးနဲ့၊ မင်းကိုယ်မင်းတွန်းအားပေးပြီး လျှို့ဝှက်ဒဏ်ရာနက်တွေချန်ထားခဲ့မယ်ဆိုရင် ပြန်ကောင်းဖို့က အရမ်းခက်ခဲလိမ့်မယ်၊ တကယ်လို့ပြင်းထန်ရင် မင်းရဲ့အခြေခံအုတ်မြစ်ကို သက်ရောက်လိမ့်မယ်..."
လျို့ဝှက်ဒဏ်ရာတွေ!
ရှောင်ဟိုင်တခဏမျှတွေးနေမိသာ်။
အရင်ကသူ့ဆရာကလည်း ဒါကိုစိုးရိမ်မိပုံရပြီး သူ့ကိုယ်ခန္ဓာကိုကုသရန်အတွက် ဆေးလုံးသုံးလေးလုံးသန့်စင်ခဲ့သည်။
ဒါပေမယ့်အဲဒါကလုံလောက်ပြီမလား!
(ရှောင်ဟိုင်ကို ဘလက်ကီလို့ခေါ်ပါတယ်၊ အရင်စာရေးဆရာကတော့ ဘလက်ကီကို မဟူရာလို့သုံးထားပါတယ်၊ ညီမ ရှောင်ဟိုင်လို့ပဲသုံးပါမယ်နော်)