#ရူးသွပ်နေသည့်ရှောင်ဟိုင်#
Vol. 35 Ch. 497
ရေတံခွန်တခုက ကောင်းကင်ပေါ်ကနေ ဆင်းသက်နေသည်။
ဒါကအတော်လေးကျယ်ပြန့်ပြီး ရှေ့မှာရှိတဲ့လမ်းကြောင်းအားလုံးကိုဖုံးအုပ်ထားသကဲ့သို့ပင်။
ရေတံခွန်က ပြိုကျနေပြီး မိုးကြိုးသံများကိုပင်ထုတ်လွှတ်နေကာ ဥက္ကာခဲတစ်လုံးက ရေထဲသို့ကျလာသဖြင့် ဧရာမရေစီးကြောင်းကိုဖြစ်စေသည့်အလားပင် ထင်ရသည်။
တခါတရံ မျောက်၀ံနတ်ဆိုးများအဖြစ် ပြောင်းလဲထားကြသည့်ရွာသားများက ရေထဲကျသွားကြသေးသည်။။
ထိုအချိန်တွင် ယခုလေးတင် ကျသွားသည့် ရွာသားက ကမ်းစပ်သို့ပြန်လာပြီးနောက် ရှောင်ဟိုင်ဘေးတွင်ရပ်လိုက်သည်။ ထို့နောက်သူကပြုံးပြသည်။
"မင်းကကျေးရွာခေါင်းဆောင်ရဲ့စမ်းသပ်မှုကို အောင်မြင်ပြီးပြီမလား၊ မင်းက ကျေးရွာကမဟုတ်ဘဲ အင်မော်တယ်မျောက်ဝံကျေးရွာမှာ ကျင့်ကြံဖို့အတွက်၀င်နိုင်တဲ့ ပထမဆုံးလူပဲ"
"ဒါပေမယ့် ပထမအကြိမ်မှာ မင်းဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ငါလည်းကြည့်ချင်တယ်"
ရှောင်ဟိုင်တွင် အင်မော်တယ်မျောက်ဝံကျေးရွာက ဒီမျောက်ဝံနတ်ဆိုးများပေါ်၌ အမှန်တကယ်အမြင်ကောင်းတခုရှိသည်။
သူတို့ကထိုဉာဏ်ရည်မဖွံ့ဖြိုးသေးဘဲ သတ်ဖြတ်ရန်ကိုသာသိသည့် ထိုမှော်သားရဲများနှင့်မတူပေ။
သစ်တောဥပဒေ၏ အခြေခံနိယာမများအနက် သဘာ၀ရွေးချယ်မှုက အရမ်းရိုးစင်းသည်။
သူတို့ကအပြင်လူတစ်ယောက်ဖြစ်သည့် ရှောင်ဟိုင်ကို မကြာခဏကူညီကြသည်။
ရှောင်ဟိုင်ခေါင်းကုတ်ရင်း အပြုံးဖြင့်မေးသည်။
"အစ်ကိုယွမ်ဟန်၊ အကြာဆုံးနေနိုင်ခဲ့တာကဘယ်သူများလဲ၊ ဘယ်လောက်ကြာခဲ့လဲ"
ယွမ်ဟန်ကပြုံးလိုက်၏။
"ပထမဆုံးအကြိမ်ငါ၀င်တုန်းက အကြာဆုံးနေနိုင်ခဲ့တာကတော့ ယွမ်ချောင်ပဲ၊ သူက အမွေးတိုင်တစ်တိုင်စာကြာခဲ့တယ်"
"ဒါပေမယ့် မင်းဝါးနိုင်တာထက် ပိုကိုက်နေစရာမလိုပါဘူး၊ ယွမ်ချောင်က မျောက်ဝံနတ်ဆိုးသွေးကြောကို အပြည့်အ၀အမွေရပြီးပြီ၊ သူ့ပါရမီက ကြောက်ဖို့ကောင်းတယ်၊ တကယ်လို့ အမွေးတိုင်တ၀က်စာလောက် နေနိုင်ရင်တောင် နတ်ဆိုးအဖြစ် သတ်မှတ်လို့ရတယ်"
ရှောင်ဟိုင်က မိုက်မဲစွာပြုံးလိုက်၏။
"ကျုပ်အကောင်းဆုံးကြိုးစားပါမယ်"
ထို့နောက်သူခုန်ဆင်းကာ ရေတံခွန်ထဲသို့ ခြေချလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ကျေးရွာခေါင်းဆောင်ကပြုံးသည်။
"သူဘယ်လောက်ကြာကြာနေနိုင်မယ်လို့ မင်းထင်လဲ"
ယွမ်ဟန်တခဏမျှစဉ်းစားလိုက်သည်။
"သူ့ကိုယ်ခန္ဓာကအရမ်းအားကောင်းတယ်၊ ဒါပေမယ့် မျောက်ဝံနတ်ဆိုးမျိုးနွယ်နဲ့ ယှဉ်ရင်တောင် သူကနည်းနည်းအားနည်းနေတုန်းပဲ၊ သူသုံးမိနစ်လောက်တော့ နေနိုင်မယ်လို့ထင်တယ်"
သို့စေကာမူ ကျေးရွာခေါင်းဆောင်က ခေါင်းခါယမ်းကာ ပြုံးပြသည်။
"သူက ယွမ်ချောင်ရဲ့စံချိန်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ငါထင်တယ်"
ဒါကိုကြားရသောအခါ ယွမ်ဟန်တုန်လှုပ်သွားရသည်။
သို့သော်တချက်ပြန်တွေးကြည့်ပြီးနောက် မေးလိုက်သည်။
"ကျေးရွာခေါင်းဆောင်၊ ဘာလို့ဒီအပြင်လူကို ဒီလောက်ထိပူပန်ပြီး မြင့်မားတဲ့အကဲဖြတ်ချက်တခုပေးရတာလဲ"
မျောက်ဝံနတ်ဆိုးသွေးကြောကို ပြီးပြည့်သုံစွာဆက်ခံရန်ဟူသည် ကောင်းကင်ဘုံသို့ တက်ရသည့်ပမာ ခက်ခဲတာကို လူတိုင်းသိကြသည်။
ကျေးရွာတခုလုံးတွင်ပင်လျှင် ကျေးရွာခေါင်းဆောင်နှင့် ယွမ်ရှောင်တို့သာ ဒီအဆင့်ကိုရောက်ခဲ့သည်။
ကျေးရွာခေါင်းဆောင်ကပြုံးကာ ရှင်းပြ၍မရလောက်အောင်ထူးဆန်းသည့်အရာတခုကို ပြောပြလာသည်။
"ဘာလို့လဲဆိုတော့..... သူကဒီနေရာနဲ့ မသက်ဆိုင်လို့ပဲ"
......
လေးလိုက်တာ!
ကောင်းကင်ကြီးကပြိုကျပြီး ရှောင်ဟိုင်အပေါ်ဖိသိပ်လာသည့်အလားပင်။
ဒါကရေတံခွန်ထဲ သူ၀င်လိုက်သည်နှင့် ရရှိသည့်ပထမဆုံးခံစားချက်ဖြစ်သည်။
ရုတ်ချည်းဆိုသလို ကောင်းကင်ကနေ ကျဆင်းလာသည့် ရေတံခွန်က ရှောင်ဟိုင်ကိုယ်အား ချေမွပစ်သည်။
ဒါကရှောင်ဟိုင်ကိုခါးကိုင်းသွားစေသည်။ အပေါ်ကကျဆင်းလာသည့်ရေတံခွန်၌ အလေးချိန်ပါသည်သာမက ဆွဲငင်အားစက်ကွင်းတခုလည်းရှိနေသည်။
ထိုဆွဲငင်အားစင်ကွင်းက လေးလံနေပြီဖြစ်သည့်ရေတံခွနဆကို အဆပေါင်းများစွာ ပို၍လေးလံသွားစေသည်။
အလွန်အမင်းအစွမ်းထက်သည့်ရုပ်ခန္ဓာရှိသော မျောက်ဝံနတ်ဆိုးများပင်လျှင် အဆက်မပြတ်ပြိုလဲကျနေသည်မှာ အံ့ဩသင့်စရာမရှိတော့။
ယွမ်ဟန်က သူအမွေးတိုင်တစ်၀က်စာပင် ကြာရှည်ခံလိမ့်မည်မဟုတ်ဟု ပြောခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။
အကယ်၍သာမန်ကိုယ်ခန္ဓာသန့်စင်သူတယောက်သာဆိုပါက သူတို့က အသက်ရှူကြိမ်ရေအနည်းငယ်ထက် ပို၍ကြာရှည်ခံမည်မဟုတ်။
သို့စေကာမူ ရှောင်ဟိုင်ခေါ် မဟူရာက သာမန်လူတစ်ယောက်မဟုတ်ပေ။
သူကျောပေါ်ကအရာများက ဒီအရာများထက် အဆထောင်ပေါင်းများစွာ ပိုပြင်းထန်ပါသည်။
အကယ်၍သူသာ ခွန်အားကိုမြန်မြန်ဆန်ဆန်မမြှင့်တင်ပါက သူသေရမည်သာမက သူ့ညီအစ်ကို၊ မောင်နှမများကိုပင် ပါ၀င်ပတ်သက်မိစေလိမ့်မည်။
ဒါကိုတွေးမိသောအခါ ရှောင်ဟိုင်ပြုံးရင်း ဒေါသတကြီးအော်ဟစ်သည်။
လိုင်းလေးကြောင်းက သူ့ကိုယ်မျက်နှာပြင်ပေါ်၌ပေါ်လာပြီး ထာ၀ရနတ်ဆိုးကိုယ်ထည်က အပြည့်အ၀ပေါက်ကွဲသွားကာ ရှောင်ဟိုင်ကလည်း ကျောဖြောင့်တန်းလိုက်သည်။
သို့စေကာမူ ထိုအခိုက်အတန့်လေးမှာပင် ငါးခုမြောက်လိုင်းက သူ့လက်ဖဝါးပေါ်၌ စတင်ပေါ်လာသည်။
ထာ၀ရနတ်ဆိုးကိုယ်ထည်၏အဆင့်ငါးက ဆွဲငင်အားဖြစ်သည်။
ဒီနေရာက ဆွဲငင်အားစက်ကွင်းက ထာ၀နတ်ဆိုးကိုယ်ခန္ဓာအတွက် ကျင့်ကြံရန် ပြီးပြည့်စုံဆုံးနေရာတခုဖြစ်သည်။
ရှောင်ဟိုင်ကျောဖြောင့်ပြီးနောက်အံကြိတ်ထားစဉ် သူ့တကိုယ်လုံးက သွေးကြောများက ဖုထွက်လာကြပြီး မြွေသေးသေးလေးကဲ့သို့ပင် သူ့အရေပြားပေါ်၌ ပြင်းထန်စွာ ကူးခတ်နေသည်။
ရှောင်ဟိုင်ရှေ့တလှမ်းလှမ်းလိုက်သည်။ ဒီတလှမ်းကပင် သူ့ကိုယ်ပေါ်ကျဆင်းနေသည့် ရေတံခါးကို ပို၍ပင်လေးလံသွားစေသည်။
ခြေတလှမ်းလေးကတောင် ဒီလောက်ထိ အားကောင်းစေတာလား!
ရှောင်ဟိုင်အဆုံးမဲ့ရေတံခွန်ကို မော့ကြည့်လိုက်၏။ သူ့မျက်နှာ၌အပြုံးတပွင့်ပေါ်လာပြီး သူ့မျက်လုံးများက အရှုံးကို၀န်ခံရန် ငြင်းဆန်နေသည့် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစိတ်ဓာတ်တခုကို ပြသလာသည်။
အကယ်၍သူသာ ဒီနေရာတွင်ကျသွားရမည်ဆိုပါက မှတ်ဉာဏ်အပိုင်းအစများကို ရှာဖွေရန်အတွက် ပြောနေစရာမလိုတော့ပါ။
ရှောင်ဟိုင် ကောင်းကင်အားထိုးဖောက်နေသည့်လှံတစင်းပမာ ကျောကိုတည့်တည့်ဖြောင့်တန်းရင်း ရှေ့သို့ထပ်လှမ်းလိုက်၏။
ဒီမြင်ကွင်းက ကျေးရွာခေါင်းဆောင်နှင့် ယွမ်ဟန်တို့၏အကြည့်အောက်တွင် ရှိနေခဲ့သည်။
"အိုး၊ သူကအလေးကိုမြန်မြန်ဆန်ဆန် လိုက်ဖက်အောင်ပြင်ဆင်ပြီး ရှေ့တိုးလိုက်တာလား"
ယွမ်ဟန်ကလည်း အနည်းငယ်အံ့ဩသင့်နေသည်။
သူပင်လျှင် ပထမဆုံးအကြိမ်တွင် အလေးချိန်နှင့်လိုက်ဖက်လာစေရန်အတွက် မိနစ်အနည်းငယ်အချိန်ယူပြီးမှ ရှေ့ဆက်နိုင်ခဲ့သည်။
ကျေးရွာခေါင်းဆောင်ပြုံးသည်။
"တကယ်လို့သူသာဒါလေးကိုတောင် မလုပ်နိုင်ဘူးဆိုရင် နတ်ဆိုးအရှင်ရဲ့ပလ္လင်ပေါ်မှာ ထိုင်နိုင်မှာမဟုတ်ဘူး...."
ယွမ်ဟန်ကတော့ နောက်ဆုံးစကားလုံးများကို မကြားနိုင်တော့ပေ။
ရှောင်ဟိုင်အံကြိတ်ထားသည်။
ရေတံခွန်က သူ့ကျောကိုချေမွပစ်လေရာ မိုးကြိုးသံများကိုပင်ထွက်ပေါ်စေသည်။
ထိုစဉ် တစ်မိနစ်အတွင်းမှာပင် ရှောင်ဟိုင်၏ကျောက ဆိုးဆိုးရွားရွားဖျက်ဆီးခံရပြီး အရိုးဖြူများကိုပင် မြင်နေရသည်။
သို့စေကာမူ ဒါကရှောင်ဟိုင်ကို လက်လျှော့အောင်မလုပ်နိုင်ပေ။
သူရှေ့သို့ဆက်သွားစဉ် အလေးချိန်က ပို၍ပို၍ပင်လေးလံလာသည်။
ရှောင်ဟိုင်၏လက်မောင်းက ငါးခုမြောက်လိုင်းက ပို၍သိသာလာပြီး တချိန်တည်းမှာပင် နတ်ဆိုးချီက ကိုယ်ထဲတွင် စတင်မြှင့်တက်လာသည်။
ထို့နောက် ရှောင်ဟိုင်၏ဒဏ်ရာရနေသည့်ကိုယ်ကို အမှန်တကယ်ပင်ပြုပြင်ပေးနေသည်။ တဖြည်းဖြည်းနှင့် အမွေးတိုင်တ၀က်စာအချိန်က ကုန်ဆုံးသွား၏။
ယွမ်ဟန်ကြက်သေသေနေသည်။
သူကအမွေးတိုင်တ၀က်စာအတွင်းမှာ တကယ်ပဲ အသက်ရှင်သန်နိုင်သေးတာလား!
ဒါ့အပြင် ရှောင်ဟိုင်၏အမြန်နှုန်းက လုံး၀နှေးကွေးခြင်းမရှိချေ။
သူကပထမဆုံးအကြိမ်၀င်လာသည့် လူတစ်ယောက်နှင့်မတူပါ။
အကယ်၍ရှောင်ဟိုင်ကသာ နတ်ဆိုးဆင်းသက်မှုကိုအသုံးပြုပါက ပို၍မြန်မြန်ဆန်ဆန်တိုးတက်လာနိုင်သော်လည်း သူ့ကိုယ်ခန္ဓာကိုပြုပြင်မွမ်းမံသည့်အဓိပ္ပာယ်ကို သူဆုံးရှုံးသွားရပေလိမ့်မည်။
ရှောင်ဟိုင်ရှေ့သို့ဆက်သွားနေစဉ် မျောက်ဝံနတ်ဆိုးများက သူ့ပတ်လည်၌ ဆက်တိုက်ကျသွားကြသည်။
ရေတံခွန်အောက်၌ ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံနေကြသည့်တခြားမျောက်ဝံနတ်ဆိုးများလည်းရှိကြပြီး သူတို့အပြင်လူဖြစ်သော ရှောင်ဟိုင်၏ပုံရိပ်ကိုမြင်သောအခါ အနည်းငယ်ကြက်သေသေသွားကြ၏။
ထိုအချိန်တွင် ရှောင်ဟိုင်က အမွေးတိုင်တစ်တိုင်စာလောင်ကျွမ်းရန်အချိန်ရယူသည့် အချိန်ထိပင် ကြာမြင့်နေခဲ့ပြီဖြစ်ကာ ငါးခုမြောက်လိုင်းကလည်း ရှောင်ဟိုင်၏လက်မောင်းတွင် လုံး၀ခိုင်မာနေပြီဖြစ်သည်။
ကျေးရွာခေါင်းဆောင်ဘေးတွင် လူတစ်ယောက်လျှောက်လာသည်။
"စိတ်ဝင်စားစရာပဲ....."
ကျေးရွာခေါင်းဆောင်ကပြုံးသည်။
"ယွမ်ချောင်၊ သူမင်းကိုကျော်သွားပြီ"
ယွမ်ချောင်ပြုံးလိုက်သည်။
"ဒါကကောင်းတဲ့အရာပဲ၊ ဒီလိုဆိုမှ ကျွန်တော်လည်း ပိုပြီးအားတက်လာမှာပေါ့"
"ဖြတ်ကျော်နိုင်တာ ဘယ်သူမှမရှိတော့ဘူးဆိုရင် ကျင့်ကြံခြင်းက စိတ်၀င်စားဖို့ မကောင်းတော့ဘူးလေ"
အမွေးတိုင်နှစ်တိုင်ခန့်အကြာတွင်မူ ကျင့်ကြံနေသည့် မျောက်ဝံနတ်ဆိုးများပင်လျှင် ထိုပုံရိပ်ကိုကြည့်မိသွားကြသည်။
တချို့ကထိတ်လန့်တုန်လှုပ်နေကြ၏။
တချို့က လေးစားအားကျသည့်ပမာ သက်ပြင်းချကြသည်။
သူက မျောက်ဝံနတ်ဆိုးသွေးကြောမရှိဘဲနှင့် ယွမ်ရှောင်ကို အများကြီးကျော်လွှားသွားပြီးဖြစ်သည်။
ဒီလူ၏ကိုယ်ခန္ဓာပြုပြင်မွမ်းမံသည့်ပါရမီက စိတ်ကူးကြည့်၍ပင်မရနိုင်ပေ။
ထိုအချိန်တွင် ကျေးဇူးခေါင်းဆောင်ပြောသည်။
"ရှောင်ဟိုင်၊ ဒါကလုံလောက်ပြီ၊ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ကိုယ်ထဲမှာ ပြန်မကောင်းနိုင်တဲ့လျှို့ဝှက်ရောဂါတခု ကျန်နေခဲ့လိမ့်မယ်"
ရှောင်ဟိုင်ပြုံးလိုက်သည်။
သူ့ကိုယ်ထဲတွင် နတ်ဆိုးချီက ကုသပေးသည့်အမြန်နှုန်းက သူဒဏ်ရာရသည့်အမြန်နှုန်းထက် အများကြီးနိမ့်ကျသော်လည်း ရှောင်ဟိုင်၏မျက်လုံးထဲက တိုက်ခိုက်လိုသည့်စိတ်ဓာတ်က ပို၍ပင်ပြင်းထန်လာသည်။
"ဒါမလုံလောက်သေးဘူး"
"ငါက ဥာဏ်မကောင်းဘူး၊ ငါ့ရဲ့ညီအစ်ကိုတွေကို အကြံမပေးနိုင်သလို သူတို့ရဲ့ပြဿာနာတွေကိုလည်း မဖြေရှင်းပေးနိုင်ဘူး"
"ငါအခုလုပ်နိုင်တာက အန္တရာယ်ဆင်းသက်လာတဲ့အခါကျရင် သူတို့အတွက် ထိုးဖောက်မရနိုင်တဲ့နံရံတခုဖန်တီးပေးဖို့အတွက် ဒီခန္ဓာကိုအသုံးပြုရမယ်"
ထို့ကြောင့် ရှောင်ဟိုင်အသက်ကိုစွန့်စားရမည်ဆိုလျှင်ပင် သူ့ခွန်အားကိုမြှင့်တင်ရပေမည်။