← Chapters

#ကယ်တင်ရေးအစီအစဉ်#

Vol. 35 Ch. 499

#ကယ်တင်ရေးအစီအစဉ်#

Vol. 35 Ch. 499

သို့စေကာမူ လူဘယ်နှစ်ယောက်ကများ ယခုအချိန်တွင် ရှောင်ဟိုင်ကို ဖျောင်းဖျနိုင်တော့မည်နည်း။

နတ်ဆိုးဘုရင်အခြေအနေသို့၀င်ရောက်သွားခဲ့ပြီဖြစ်သည့် ရှောင်ဟိုင်က တိုက်ခိုက်ရေးစိတ်ဓာတ်ဖြင့်ပြည့်နှက်နေသည်။

လုချန်ရှန်းဒီနေရာတွင်မရှိနေသရွေ့ မည်သူကမှ ရှောင်ဟိုင်ကို ဖျောင်းဖျနိုင်မည်မဟုတ်။

ရှောင်ဟိုင်က ကျေးရွာခေါင်းဆောင်ပြောသည့်စကားကို မကြားသည့်အလားပင်။

လူတိုင်း၏အမူအရာများက ထူးဆန်းနေကြသည်။

ဒီလူကနည်းနည်းရန်လိုလွန်းနေတယ်မဟုတ်ဘူးလား!

ကျေးရွာခေါင်းဆောင်ကလည်း အကူအညီမဲ့နေသည်။

"ယွမ်ချောင်၊ မင်းသွားလိုက်၊ ညင်ညင်သာသာလေးလုပ်"

ထိုစကားကိုကြားသောအခါ ယွမ်ချောင်ပခုံးတွန့်သည်။

"ကျွန်တော်ကဘယ်သူ့ကိုမှ သနားညှာတာမှုကို မပြတတ်ဘူး"

ထို့နောက် သူခုန်တက်ပြီး ရှောင်ဟိုင်ရှေ့တွင်ရောက်သွားသည်။

တချိန်တည်းမှာပင် တစ်ယောက်ယောက်တက်လာတာကို မြင်သောအခါ ရှောင်ဟိုင် ဘယ်သူဆိုတာကိုဂရုမစိုက်ဘဲ ပြေး၀င်သွားလေသည်။

ဒါကိုမြင်သောအခါ ယွမ်ရှောင်ထိုးလိုက်သည်။ ထိုစဉ် နှစ်ဦးစလုံး၏လက်သီးချက်များက တိုက်မိသွားပြီးနောက် ရှောင်ဟိုင်မှာ လွင့်စင်သွားလေတော့သည်။

နှစ်ဦးသားအကြား ရုပ်ခွန်အားကွာဟချက်က အရမ်းကြီးမားသည်။

ယွမ်ချောင်က အရွယ်ရောက်ရင့်ကျက်သည့်မျောက်ဝံနတ်ဆိုးဖြစ်သလို မျောက်ဝံနတ်ဆိုးသွေးကြောကိုလည်း ပြီးပြည့်စုံစွာ အမွေဆက်ခံထားသည်။

သူ့ခွန်အားက မြေအင်မော်တယ်နယ်ပယ်ကိုရောက်နေသည်မှာကြာမြင့်နေလေပြီ။

သဟဇာတတာအိုနယ်ပယ်အထက်တွင် သွေးပြောင်းလဲခြင်းနယ်ပယ်ရှိသည်။

သွေးအဖြစ်ပြောင်းလဲပြီးနောက် ‌အင်မော်တယ်တစ်ပိုင်းဖြစ်လာမည်။

အကယ်၍ အင်မော်တယ်တစ်ပိုင်းကျင့်ကြံသူတစ်ဦးက ကိုယ်ထဲက သေမျိုးကမ္ဘာ၏ အင်မော်တယ်တပိုင်းချီကို တွန်းထုတ်ပစ်မည်ဆိုပါက မြေအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

ကျင့်ကြံခြင်းနယ်ပယ်များအကြားကွာဟချက်က အတော်လေးကြီးမားသည်။

တကယ်တမ်းတွင် မြေအင်မော်တယ်နယ်ပယ်သို့ချိုးဖျက်လိုပါက ကောင်းကင်ဘုံကပ်ဘေးကို တွေ့ကြုံခံစားရန်လိုအပ်သေးသည်။

ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးဖြင့် ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံ၍ရသည်။

ထို့ကြောင့် အင်မော်တယ်တပိုင်းနှင့် မြေအင်မော်တယ်တို့ကြားက ရုပ်ပိုင်းဆိုင်ရာကွာဟချက်က အဆုံးမဲ့တိုးမြှင့်လာသည်။

ဒါကအရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲခြင်းပင်။

ယွမ်ချောင်၏နောက်တွင် အတော်လေးနောက်ကျနေသည့်ရှောင်ဟိုင်က သူ့ပြိုင်ဘက်မဟုတ်ပေ။

တချက်တည်းဖြင့် သူက အင်မော်တယ်မျောက်ဝံစင်မြင့်ကနေ လွင့်စင်သွားသည်။

အင်မော်တယ်မျောက်ဝံစင်မြင့်ပေါ်၌ ယွမ်ချောင်ကပြုံးကာပြောသည်။

"မင်းပါရမီကငါ့ထက်ပိုအားကောင်းတယ်၊ အချိန်တန်ရင် မင်းသေချာပေါက်ငါ့ကို ကျော်လွှားသွားမှာပါပဲ"

ရှောင်ဟိုင်ခေါင်းညိတ်ကာ နတ်ဆိုးဘုရင်အခြေအနေကနေ ပြန်လည်နလံထူလာပြီးနောက် ကျေးရွာခေါင်းဆောင်နှင့်အတူ ထွက်သွားလေတော့သည်။

နှစ်ယောက်သားက ရှေးဟောင်းခန်းမတခုထဲ၀င်လာခဲ့ကြသည်။

အခန်းထဲတွင် ဧရာမမျောက်ဝံနတ်ဆိုးရုပ်တုကြီးတခုရှိသည်။

ထိုရုပ်တာကသေနေပြီဖြစ်သော်လည်း ကြည့်နှက်နေသည့်သွေးအသက်ဓာတ်က အလွန်အမင်းကြီးမားသည်။

အသက်ရှုရုံမျှနှင့် သူ့သွေးချီက အရူးအမူးထိုးတက်လာတာကို သူခံစားနေရသည်။

ကျေးရွာခေါင်းဆောင်ကပြောသည်။

"ဒါကမျောက်ဝံနတ်ဆိုးဘိုးဘေးပဲ၊ သူမင်းနဲ့ တခုခုဆက်စပ်နေလို့ မင်းကိုဒီကိုလာဖို့ ခေါ်လိုက်တာ"

ဘိုးဘေး!

ရှောင်ဟိုင် ကျေးရွာခေါင်းဆောင်ကို စိတ်ရှုပ်ထွေးစွာကြည့်နေသည်။

ထိုအချိန်တွင် ကျေးရွာခေါင်းဆောင်က ရှောင်ဟိုင်ရှေ့တွင် ဒူးထောက်ပြီးနောက် လေးနက်စွာပြောသည်။

"ယခုလက်ရှိ မျောက်ဝံနတ်ဆိုးကလန်ရဲ့ခေါင်းဆောင် ယွမ်ရှောင်က နတ်ဆိုးအရှင်ကို အရိုအသေပေးပါတယ်"

ရှောင်ဟိုင်အနည်းငယ်ထိတ်လန့်သွားပြီးနောက် မေးသည်။

"ကျုပ်ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ခင်ဗျားဘယ်လိုသိတာလဲ"

ကျေးရွာခေါင်းဆောင်ကပြုံးသည်။

"သူ့ရုပ်ကပြောင်းသွားတယ်ဆိုပေမယ့် သူ့ကိုယ်ထဲက သွေးကြောအော်ရာကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး"

"မစိုးရိမ်ပါနဲ့၊ မျောက်ဝံနတ်ဆိုးကလန်က နတ်ဆိုးအရှင်အတွက် အမြဲတမ်းခိုင်ခံ့တဲ့ ကျောထောက်နောက်ခံတခုပါ"

ရှောင်ဟိုင်တခဏမျှတုံ့ဆိုင်းနေပြီးနောက် ပြောလာသည်။

"အခုလောလောဆယ် ကျုပ်မှတ်ဉာဏ်တွေက မပြည့်စုံသေးဘူး...."

ကျေးရွာခေါင်းဆောင်ခေါင်းညိတ်သည်။

"ငါသိပါတယ်၊ ငါတို့ရဲ့ဘိုးဘေးကလည်း အဲဒီတိုက်ပွဲမှာပါ၀င်ခဲ့ပြီး အဲဒီတိုက်ပွဲကြောင့်ပဲ သေဆုံးခဲ့ရတယ်"

"အခု ငါတို့မျောက်ဝံနတ်ဆိုးတွေက အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ဆုတ်ခွာလာရတာက နတ်ဆိုးအရှင်ပြန်လာတာကို စောင့်ဖို့အတွက်ပါ"

"တကယ်တော့ အခုအချိန်မသိတာပိုကောင်းတဲ့အရာတချို့ရှိပါသေးတယ်၊ နတ်ဆိုးအရှင်ရဲ့ခွန်အားက မလုံလောက်သေးပါဘူး...."

ရှောင်ဟိုင်ကလည်း ဒီတွေးခေါ်မှုကို နားလည်ပါသည်။

ထို့နောက် ရှောင်ဟိုင်ထပ်မေးသည်။

"ခင်ဗျားမှာ မှတ်ဉာဏ်အပိုင်းအစတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တခုခုများရှိလား"

ကျေးရွာခေါင်းဆောင်ကပြုံးသည်။

"ကောင်းကင်ကြွေရေတံခွန်နဲ့ ဥက္ကာခဲတိုင်ကနေ နတ်ဆိုးအရှင်ကိုအသိပေးပါလိမ့်မယ်"

ထိုစကားကိုကြားသောအခါ ရှောင်ဟိုင်ခေါင်းညိတ်သည်။

နောက်ပိုင်းရက်များတွင် ရှောင်ဟိုင်အစွမ်းကုန်ကျင့်ကြံနေခဲ့သည်။

.....

နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၊ နယ်နိမိတ်မဲ့ သမုဒ္ဒရာမြို့၌ ထိုအချိန်တွင် သတင်းအပိုင်းအစတခုက မြို့ထဲတွင် ပျံ့နှံ့နေသည်။

စားသောက်ဆိုင်များတွင် ကျင့်ကြံသူတိုင်းနီးပါးက ဒီကိစ္စကိုဆွေးနွေးနေကြသည်။

"မင်းကြားပြီးပြီလား၊ လုမိသားစုက ဒီတကြိမ် တနေရာရာကနေ ဆက်သမယ့် မိန်းမပျိုတယောက်ကို ရှာတွေ့ခဲ့တယ်တဲ့"

"အဲဒီမိန်းမပျိုရဲ့အလှက အရမ်းအံ့ဩစရာကောင်းတယ်လို့ပြောတယ်"

"မှန်တယ်၊ ဒါ့ပြင် သူကအတော်လေးအစွမ်းထက်တဲ့ရေခဲသွေးကြောကိုတောင် ပိုင်ဆိုင်ထားတယ်တဲ့"

"ပြီးလည်းပြီးရော နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ဟိုခွေးမသားကဒါကိုကြားသွားပြီး ကိုယ်တိုင်ကိုယ်ကျလာရောက်စုံစမ်းခဲ့သလို လုကလန်ကို ဆက်ကြေးအနေနဲ့လည်း ဒီအမျိုးသမီးကို ကမ်းလှမ်းဖို့လည်း ပြောခဲ့သေးတယ်"

"ဟူး...၊ သနားစရာပဲ၊ ဒီလိုလှပတဲ့မိန်းမပျိုလေးတစ်ယောက်က အဲဒီလူရဲ့ကျင့်ကြံခြင်းအထောက်အကူဖြစ်လာရတော့မယ်"

ထိုအချိန်တွင် လူတစ်ယောက်က ထိုစားပွဲသို့ရောက်လာပြီး မည်းမှောင်သည့်အမူအရာဖြင့်ပြောသည်။

"ခင်ဗျားတို့အခုလေးတင်ပြောတဲ့အမျိုးသမီးကဘယ်မှာလဲ"

စားပွဲရှိလူများက ကြင်နာတတ်သည့်လူများမဟုတ်ကြပေ။

မရင်းနှီးသည့်လူတစ်ယောက်၏မေးခွန်းကို ကြားရသောအခါ သူတို့အားလုံး မပျော်မရွှင်ဖြစ်သွားကြ၏။

"မင်းဘယ်သူလဲ"

"မင်းပြဿာနာဖြစ်ချင်တာလား"

ထိုလူကအေးစက်စွာနှာခေါင်းရှုံ့ရင်း မှိန်ဖျော့သည့်ဓားဆန္ဒတခုက သူ့ကိုယ်ထဲကနေ ထွက်လာသည်။

ထိုလူ၏ကိုယ်မှ ဓားဆန္ဒကိုခံစားမိပြီးနောက် အားလုံးကတုန်လှုပ်ချောက်ချားသွားကြ၏။

ဓားတာအိုရဲ့အန္တိမနယ်ပယ်!

ဒီလိုဓားသမားမျိုးက သေချာပေါက်အသေးအဖွဲ့လူတစ်ယောက်မဟုတ်ပေ။

ဒါကိုတွေးမိသောအခါ ထိုလူများ၏ မျက်နှာများက ပြောင်းလဲသွားကြပြီး နာနာခံခံပင်ပြောကြသည်။

"စီနီယာ၊ ကျွန်‌တော်သိတယ်၊ ကျွန်တော်သိတယ်"

"အဲဒီအမျိုးသမီးက လုမိသားစုစံအိမ်မှာပဲရှိသေးတယ်၊ သုံးရက်အကြာမှာ အာဏာပိုင်တွေက ဂုဏ်ပြုဖို့အတွက်လာကြမှာတဲ့"

ထိုလူက အလျင်အမြန်ပြေးလာခဲ့ရသည့် ယဲ့ချိုးပိုင်ပေတည်း။

ကျောက်စိမ်းဆွဲသီးမှအော်ရာက နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့ရှိရာဘက်သို့ ညွှန်ပြနေသည်။

ပင်လယ်စိမ်းဒေသကနေ အာကာသပို့ဆောင်ရေး၀င်ပေါက်တခုမှ ဒီနေရာကို ဖြတ်လာရန်အတွက် သူကြီးမားသည့်တန်ဖိုးတခုကို ပေးဆပ်ခဲ့ရသည်။

ယဲ့ချိုးပိုင် ထိုသတင်းကိုကြားပြီးနောက် မေးသည်။

"လုမိသားစုစံအိမ်ကဘယ်မှာလဲ"

ထိုလူများက ဒါကိုကြားသောအခါ အချင်းချင်းကြည့်လိုက်မိကြပြီး တစ်ယောက်က ဂရုတစိုက်ပင်မေးသည်။

"စီနီယာ၊ အဲဒီအမျိုးသမီးကို ခေါ်သွားမလို့လား"

"မဟုတ်ရင်ရော"

ယဲ့ချိုးပိုင်၏အတည်ပြုချက်ကို ကြားရသောအခါ လူတိုင်းကတုန်လှုပ်သွားကြ၏။

သူကချက်ချင်းအကြံပေးသည်။

"စီနီယာ၊ ခင်ဗျားကအရမ်းအားကောင်းပေမယ့် လုမိသားစုထက် နည်းနည်းအဆင့်နိမ့်နေသေးတယ်"

"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကလူမို့ လုမိသားစုက အဲဒီအမျိုးသမီးကို အနီးကပ်စောင့်ကြည့်နေလိမ့်မယ်"

"ဒါ့အပြင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက အဲဒီလူက အသေးစားမကျေနပ်ချက်အတွက်တောင် လက်စားချေတတ်တာ"

"အရင်က တစ်ယောက်ယောက်က ဆက်ကြေးမိန်းမပျိုတစ်ယောက်ကို လုယုချင်ခဲ့ပေမယ့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက သူ့ကို မိုင်သောင်းချီအထိလိုက်ဖမ်းပြီး သူ့ကိုသတ်သလို သူ့ဝိဉာဉ်ကိုလည်း သတ်ပစ်ခဲ့တယ်"

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြက်တွင် အကြွင်းမဲ့အချုပ်အချာအာဏာရှင်ဖြစ်သည်။

ယဲ့ချိုးပိုင်ထပ်ပြီးနားမထောင်တော့ဘဲ တဖက်လှည့်ကာ ထွက်သွားလေတော့သည်။

ယခုယဲ့ချိုးပိုင်၏ခွန်အားက အာရုံထွေပြားခြင်းတ၀က်အဆင့်တွင်ရှိနေလေပြီ။

သူက အာရုံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်သည်။

သို့စေကာမူ လုကလန်တွင် တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်ကျင့်ကြံသူလေးယောက်ရှိသည်။

တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံရန်ဟူသည် မဖြစ်နိုင်ပေ။

သုံးရက်ကြာပြီးနောက် ယဲ့ချိုးပိုင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းဆီသို့ လမ်းကြောင်းတခုရှာတွေ့ခဲ့သည်။

လမ်းတစ်၀က်တွင်ကြားဖြတ်လုခြင်းဖြင့်သာ သူ့တွင်အခွင့်အလမ်းတခုရှိလာပေလိမ့်မည်။

ဒီသုံးရက်အတွင်း ယဲ့ချိုးပိုင် ချိုင့်ဝှမ်းတခုကို ရွေးချယ်ခဲ့သည်။ ဒါက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းဆီသို့ လမ်းကြောင်းပေတည်း။

ထိုအချိန်တွင် သူကတိုက်ပွဲကို မြန်မြန်အဆုံးသတ်ပစ်ရမည်ဖြစ်သလို မြန်ဆန်ပြီး ဆူညံသံများကို တတ်နိုင်သမျှနည်းအောင် လုပ်ရပေမည်။

ယဲ့ချိုးပိုင် လုချန်ရှန်း၏ဓားဆန္ဒများထွင်းထုရင်း စာလိပ်နှစ်ခုကို မြှုပ်ထားလိုက်သည်။

တချိန်တည်းမှာပင် သူကဆုတ်ခွာရန် လမ်းကြောင်းကိုလည်းစီစဉ်ခဲ့သည်။

ထိုလမ်းကြောင်းတွင်ပင် နောက်ထပ်တခုကို မြှုပ်နှံထားလိုက်သည်။

သူ့ဆရာ၏နည်းလမ်းများအရ သူကဂရုစိုက်ရပေမည်။

မုဇီရှင်းကိုကယ်တင်ပြီးနောက် ယဲ့ချိုးပိုင် စီစဉ်ထားသည့်လမ်းကြောင်းဆီသို့ ထွက်ပြေးသွားမည်ဖြစ်သည်။

ချက်ချင်းဆိုသလို သူကလမ်းကြောင်း၏ အလယ်တွင် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်နည်းစနစ်ကို အသုံးပြုသည်။

ဓားဆန္ဒကိုမူ မူလဆုတ်ခွာမည့် လမ်းကြောင်းတွင်ချန်ထားခဲ့ပြီး ထိုနေရာသို့ ထွက်ပြေးသည်ဟုထင်ရသည့် လှည့်စားမှုတခုကို ဖန်တီးထားခဲ့သည်။

ဒီနည်းလမ်းဖြင့် တတ်နိုင်သမျှအချိန်များများဆွဲထား၍လည်းရပေလိမ့်မည်။

ထို့နောက်ယဲ့ချိုးပိုင်က မုဇီရှင်းကိုသယ်ကာ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနယ်မြေကနေ အောင်အောင်မြင်မြင်နှင့် ထွက်သွားမည်။

နှစ်ရက်ကြာပြီးနောက် အရာရာတိုင်းက အဆင်သင့်ဖြစ်နေလေပြီ။

ယဲ့ချိုးပိုင် ချိုင့်ဝှမ်းထဲတွင်ပုန်းနေပြီး တင်ပလ္လင်ခွေထိုင်ကာ နေထွက်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်နေလေတော့သည်။

All Chapters