#နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းဒေါသထွက်ခြင်း#
Vol. 35 Ch. 500
နောက်တနေ့တွင် နေမင်းကြီးက ထုံးစံအတိုင်းပင် ထွန်းလင်းတောက်ပလာသည်။
တချိန်တည်းမှာ့င် ပန်းများဖြင့်ရစ်ပတ်ထားသည့်လှည်းများက ချိုင့်ဝှမ်းကနေ တဖြည်းဖြည်းချဉ်းကပ်လာကြ၏။
မြင့်မားသည့်တောင်တစ်တောင်ပေါ်တွင် ယဲ့ချိုးပိုင်ဆူညံသံကို ခံစားရသဖြင့် ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။
"သူတို့ဒီကိုရောက်လာကြပြီ"
လှည်းထဲရှိအနီရောင်၀တ်စုံရှင်အမျိုးသမီးတစ်ဦးကလည်း မျက်လုံးဖွင့်လိုက်သည်။
သူမရင်ဘတ်က ကျောက်စိမ်းဆွဲသီးကလည်း စတင်မှိန်ဖျော့စွာတုန်ခါလာသည်။
"ချိုးပိုင်"
ထိုအချိန်တွင် အပြင်ကနေ လူတစ်ယောက်၏အသံထွက်လာသည်။
"အရမ်းအဆိုးမမြင်ပါနဲ့၊ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်တခုလုံးမှာ ထိပ်တန်းအင်အားစုတစုပဲ"
"အဲထဲမှာ မင်းကိုတောင်းဆိုထားတဲ့လူက လက်ရှိနယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ် စုမင်ရွှယ်ရဲ့ ကိုယ်ပိုင်တပည့်ပဲ"
"သူ့ပါရမီက အရမ်းကြောက်ဖို့ကောင်းပြီး သူ့စွမ်းအားကလည်း ကြီးမားတယ်၊ သူ့နောက်လိုက်တာက မကောင်းတဲ့အရာတခုတော့မဟုတ်ပါဘူး"
မုဇီရှင်းကတွေးလိုက်သည်။
"ဒီတော့ဘာဖြစ်လဲ"
"ဘာကိုဘာဖြစ်လဲလဲ"
ထိုလူကနှာခေါင်းရှုံ့သည်။
"တကယ်လို့ မင်းသာသခင်လေးနောက်က လိုက်မယ်ဆိုရင် အနာဂတ်မှာ ကျင့်ကြံခြင်းအရင်းအမြစ်အတွက် စိုးရိမ်နေစရာမလိုတော့ဘူး၊ မင်းသူ့ကိုကောင်းကောင်းခစားနေသရွေ့ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်မှာ ဘယ်သူမှ မင်းကို စော်ကားရဲမှာမဟုတ်ဘူး"
မုဇီရှင်းသရော်လိုက်သည်။
"ပိုကောင်းတဲ့သူဆိုတာအမြဲရှိတယ်၊ ဒီကမ္ဘာကြီးက ပါရမီရှင်တွေ မချို့တဲ့ဘူး"
ထိုအချိန်တွင် ထိုလူကစကားထပ်ပြောချင်သော်လည်း အဖိုးအိုတစ်ယောက်က ရုတ်တရက် လှည်း၏ကန့်လန့်ကာကို ဆွဲလိုက်သည်။
"ပုံမှန်ဆိုရင် မင်းစကားတခွန်းမှမပြောချင်ပါဘူး၊ ဒီနေ့ဘာလို့အရမ်းစကားများနေရတာလဲ"
အဖိုးအို၏သံသယအပြည့်မျက်နှာကို မြင်ရသောအခါ မုဇီရှင်း၏နှလုံးသားက အနည်းငယ်တုန်ယင်သွားရသည်။
ဘယ်လိုတောင်အားကောင်းတဲ့အသိလဲ!
"သူပြောတာမှန်တယ်လို့ ကျွန်မမထင်ရုံပါပဲ"
အဖိုးအိုကသက်ပြင်းရှိုက်သည်။
"မင်းသစ္စာမဖောက်တာအကောင်းဆုံးပဲ၊ ဒီအဖိုးကြီးဒီမှာရှိနေရင် ဘယ်သူမှမင်းကို မကယ်တင်နိုင်ဘူး"
ဒီအဖိုးအိုက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ အတွင်းပိုင်းအကြီးအကဲတစ်ဦးဖြစ်သည်။ သူ့ခွန်အားက သွေးပြောင်းလဲခြင်းတ၀က်နယ်ပယ်ကိုပင် ရောက်နေလေပြီ။
မတော်တဆမှုတခုခုမဖြစ်စေရန်အတွက် သူတို့အားလိုက်ပို့ရန် ရှန်းလျိုက တစ်ယောက်ယောက်ကို စေလွှတ်ခဲ့ခြင်းပင်။
မုဇီရှင်း နောက်ထပ်မည်သည့်စကားမှ အဆိုရဲတော့ပါ။
တဖက်လူကသူမအား စတင်သံသယဖြစ်လာပြီဖြစ်သည်။ အကယ်၍သူမသာ ထပ်ပြောမည်ဆိုပါက ဒါက မီးအပေါ် လောင်စာထည့်ပေးသည်နှင့် တူနေပေလိမ့်မည်။
မြင်းလှည်းက ချိုင့်ဝှမ်းဆီသို့ ဆက်လက်ရွေ့လျားနေသည်။ ပတ်၀န်းကျင်က အလွန်အမင်းတိတ်ဆိတ်နေလေရာ ကြောက်စရာပင်ကောင်းနေသည်။
အော်ရာကလည်းအလွန်အမင်းလေးလံနေသည်။
လှည်းများကိုလိုက်ပို့ကြသည့်သူအားလုံးက သူတို့၏အော်ရာများကို အသက်သွင်းကာ ပတ်၀န်းကျင်အား စူးစမ်းလေ့လာနေကြသည်။
ရှန်းလျိုက မုဇီရှင်းကို အထူးပင် တောင်းဆိုခဲ့သည်။ အကယ်၍ တခုခုမှားယွင်းသွားပါက သူတို့က ရှန်းလျို၏နိုင်လိုမင်းထက်ပြုတတ်သည့်စရိုက်အရ ကောင်းမွန်သည့်ဘ၀တခုရှိလာမည်မဟုတ်ပေ။
ချိုင့်ဝှမ်းထဲ၀င်ပြီးနောက် အဖိုးအိုက ရုတ်တရက်ပြောသည်။
"ပတ်၀န်ကျင်ကိုသတိထားကြ၊ ဒီချိုင့်ဝှမ်းက ချုံခိုတိုက်ခိုက်ဖို့အတွက် အလွယ်ကူဆုံးနေရာပဲ"
သို့စေကာမူ သူစကားပြောပြီးသည်နှင့်တပြိုင်နက် ကြောက်မက်ဖွယ်ရာဓားဆန္ဒများက လှည့်ပတ်ပတ်လည်ကနေ ကောင်းကင်ပေါ်သို့ ရုတ်ချည်းထိုးတက်သွား၏။
အဖိုးအို၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်အော်ရာက ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။
"ရန်သူကိုတိုက်ခိုက်ကြ"
လူတိုင်းချက်ချင်းဆိုသလို သူတို့၏အော်ရာများကို ထုတ်လွှတ်လိုက်ကြ၏။
သို့စေကာမူ ပတ်၀န်းကျင်၌ပြည့်နှက်နေသည့်ဓားဆန္ဒကိုခံစားမိသောအခါ သူတို့တုန်လှုပ်သွားကြသည်။
ပတ်၀န်းကျင်၌ပြည့်နှက်နေသည့်ဓားဆန္ဒက နေရာစုံသို့ရောက်ရှိသွားသည်။
သွေးပြောင်းလဲခြင်းနယ်ပယ်တ၀က်အဆင့်က အဖိုးအိုပင်လျှင် သူ့နှလုံးခုန်သံကို ခံစားနေရသည်။
ဘယ်သူကဒီလိုအစွမ်းထက်ဓားဆန္ဒမျိုးကို သုံးနိုင်တာလဲ!
ပြီးတော့ ဒီနယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်မှာ ဘယ်သူကများ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ဆန့်ကျင်ရဲတာလဲ!
ထိုအချိန်တွင် လေဟာနယ်ထဲက ဓားဆန္ဒက မြင့်တက်လာပြီး ကမ္ဘာကြီး၏လေဟာနယ်အား ထိုးဖောက်ကာ လက်ရှိရှိနေသည့်လူများထံ ပိုင်းဖြတ်ပစ်သည်။
အာရုံထွေပြားခြင်းနယ်ပယ်က လူတချို့က ချက်ချင်းဆိုသလို ဝိဉာဉ်များပင် ပြိုကွဲကြေမွသွားရသည်။
တာအိုနယ်ပယ်ကလူများကမူ ချက်ချင်းပင်အပြင်းအထန်ဒဏ်ရာရသွားကြသည်။
အဖိုးအိုတစ်ယောက်သာလျှင် ခံနိုင်တယ်ဆိုရုံမျှ ခုခံနိုင်ခဲ့သည်။ သို့စေကာမူ သူကလည်း ဘာမှမလုပ်နိုင်ဖြစ်နေသည်။
ထိုစဉ် အရိပ်တခုက ဖြတ်သွားပြီး လှည်းဆီသို့ဦးတည်သွား၏။
အဖိုးအိုကဒါကိုမြင်သောအခါ ချက်ချင်းအော်ဟစ်သည်။
"ဒါကိုတွေးတောင်မတွေးနဲ့၊ မင်းငါတို့ရဲ့ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ စစ်ပွဲတခုစချင်နေတာလား"
သို့စေကာမူ သူစကားပြောပြီးသည်နှင့်တပြိုင်နက် ဓားဆန္ဒ၏နောင်တဆင့်က သူ့အားဖြတ်တောက်လာကာ ခြေတလှမ်းမျှပင် မလှုပ်ရှားနိုင်အောင် လုပ်ပစ်သည်။
သူ့အစွမ်းအားလုံးနှင့်ကာကွယ်နေရင်း သူက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မောပန်းနွမ်းနယ်သွားသည်။
တကယ်တမ်းတွင် သူကဒဏ်ရာရနေပြီဖြစ်သည်။
ထိုအချိန်တွင် အနက်ရောင်အရိပ်က မုဇီရှင်းကို လှည်းထဲကနေသယ်ကာ အရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
ဒါက အမွေးတိုင်တစ်တိုင်လောင်ကျွမ်းသွားသည့်အချိန်မျှကြာမြင့်ခဲ့ပြီးနောက် ဓားဆန္ဒက တိုက်ခိုက်တာရပ်သွားသည်။
အဖိုးအိုက သူ့၀န်းကျင်က စိတ်မချမ်းမြေ့ဖွယ်ရာအခြေအနေကိုကြည့်နေသည်။
တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်တည်းသာကျန်ရှိခဲ့ပြီး သူတို့ကလည်း အပြင်းအထန်ဒဏ်ရာရထားကြသည်။ သူတို့တွင် လိုက်ဖမ်းရန်အတွက် စွမ်းရည်မရှိတော့သည်မှာ ရှင်းလင်းနေသည်။
ဒါကိုမြင်သောအခါ အဖိုးအိုကအံကြိတ်ရင်း ဒေါသတကြီးအော်ဟစ်ပြီးနောက် အရှေ့ဘက်သို့ လိုက်ဖမ်းလေတော့သည်။
သူကသူ့ဒဏ်ရာများကို ဂရုမစိုက်တော့။ တကယ်တမ်းတွင် ပို့ဆောင်ရေးတာ၀န်သာ ကျရှုံးသွားပါက သူ့ကိုစောင့်ဆိုင်းနေတာက ဒဏ်ရာသက်သက်တင်မဟုတ်ပါ။
မိုင်ထောင်ချီပြေးနှင့်နေပြီဖြစ်သည့် ယဲ့ချိုးပိုင်က မုဇီရှင်းကို လက်မောင်းထဲတွင် ပွေ့ချီထားသည်။ သူထွက်ပြေးနေစဉ် လမ်းဘေး၌ တမင်တကာပင် ခြေရာများကို ချန်ထားခဲ့သည်။
မုဇီရှင်း ရင်းနှီးနေသည့်မျက်နှာလေးကို ကြည့်ရင်း ပြုံးလိုက်မိသည်။
"ချိုးပိုင်၊ နင်လာမယ်ဆိုတာငါသိသားပဲ"
ယဲ့ချိုးပိုင်ပြန်၍ပြုံးသည်။
"ဘာပဲဖြစ်ဖြစ် ငါ့မိန်းမကိုတော့ အဆုံးရှုံးမခံနိုင်ဘူးလေ၊ ဟုတ်တယ်မလား"
ယဲ့ချိုးပိုင်၏ပေါက်ကရစကားလုံးများကိုကြားသောအခါ မုဇီရှင်းရှက်သွေးဖြာသွားပြီး တဖက်လှည့်ကာရေရွတ်သည်။
"နင်ကလေးလေးနက်နက်ပြောတာမှမဟုတ်တာ...."
သူကသူမကိုယခုလိုမျိုးမိန်းမလို့ခေါ်လိုက်တာလား!
ငါတောင်မှသဘောမတူရသေးဘူးလေ!
"ကောင်းပြီ၊ အချိန်ကိုတွက်ကြည့်ရသလောက်တော့ သူတို့ကမင်းနောက်က လိုက်နေကြတာဖြစ်မယ်"
"အရင်နေ့ရက်တွေအကြောင်း ငါတို့နောက်မှပြောကြတာပေါ့"
ထို့နောက် ယဲ့ချိုးပိုင်နောက်သို့ စိုက်ကြည့်လိုက်သည်။
ထိုနေရာ၌ အလွန်အမင်းကြီးမားသည့်အော်ရာတခုက အလျင်အမြန်ချဉ်းကပ်လာသည်။
ထိုအော်ရာက သွေးပြောင်းလဲခြင်းနယ်ပယ်တဝက်အဆင့်ကျင့်ကြံသူဖြစ်သည်။
သူကဒဏ်ရာရထားသည့်တိုင် ယဲ့ချိုးပိုင်၏အမြန်နှုန်းက သူ့ကိုယှဉ်နိုင်မည်မဟုတ်။ သို့သော် ဒါကလည်း ယဲ့ချိုးပိုင်၏ မျှော်လင့်ချက်ဖြစ်နေလေသည်။
အမီလိုက်ခြင်းဖြင့်သာ သူကတဖက်လူကို သူဒီလမ်းကြောင်းကနေ ထွက်ပြေးသွားသည်ဟု လှည့်စားနိုင်မည်မဟုတ်ပေလော။
ဒီနည်းလမ်းဖြင့် သူက သူကိုယ်တိုင်နှင့် ဇီရှင်းအတွက် ဒီနယ်နိမိတ်မဲ့သမုဒ္ဒရာမြို့ကနေ လွတ်မြောက်ရန် အချိန်ပိုယူနိုင်လိမ့်မည်။
ထိုအချိန်တွင် နောက်ကနေ ကျယ်လောင်သည့်အော်သံတစ်သံထွက်လာသည်။
"စာလိပ်လေးတခုတည်းနဲ့ မင်းထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား"
"မင်း နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက လူတစ်ယောက်ကို ဘယ်လိုလုပ်လုယူရဲတာလဲ၊ မင်းကအရမ်းရဲတင်းတာပဲ"
မုဇီရှင်းထိုစကားကိုကြားသောအခါ ပူပန်စွာမေးသည်။
"ချိုးပိုင်၊ ငါတို့အခုဘာလုပ်ကြမလဲ"
နှစ်ဖက်ကြားက ခွန်အားကွာခြားချက်က အတော်လေးကြီးမားနေလေရာ မုဇီရှင်း စိုးရိမ်နေသည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"မစိုးရိမ်နဲ့၊ နည်းလမ်းတခုရှိတယ်"
ထို့နောက် သူ့နောက်ဘက်သို့ဓားဖြင့် ပိုင်းချလိုက်သည်။ ဒီဓားက သူ့ဓားဆန္ဒကိုဖိနှိပ်ထားကာ စကြာ၀ဠာဓားသခင်နယ်ပယ်က ဓားဆန္ဒသာဖြစ်သည်။
ထို့နောက်ချက်ချင်းဆိုသလို သူလက်ထဲတွင် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်နှစ်ခုကိုဖျစ်ညစ်ကာ မိုးကြိုးတစင်းအဖြစ်ပြောင်းသွားပြီး ဒီနေရာကနေ ထွက်ပြေးသွားကြ၏။
အဖိုးအိုက ဓားဆန္ဒကို လက်ဖဝါးတချက်တည်းဖြင့် ချေမွပစ်သည်။ ချက်ချင်းဆိုသလို သူရှေ့သို့ကြည့်လိုက်သော်လည်း မည်သည့်အော်ရာမှမကျန်ရှိပေ။
လမ်းဘေးများတွင်သာ ဓားဆန္ဒအရိပ်အယောင်အနည်းငယ်ရှိသည်။
"လေဟာနယ်အတက်အကျလည်းမရှိဘူး... လူတစ်ယောက်ရဲ့အော်ကို ဖုံးကွယ်ပေးနိုင်တဲ့ ဝိဉာဉ်ပစ္စည်းတခုခုများလား"
"ဟမ့်၊ ဓားသခင်နယ်ပယ်လား၊ ဒီလိုခွန်အားနဲ့ မင်းကငါတို့ရဲ့ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ရန်စရဲတာလား"
သို့သော်ဘာတခုမှရှာမတွေ့တော့သဖြင့် အဖိုးအိုက ကြည့်ရဆိုးသည့်အမူအရာဖြင့် အသံပို့လိုက်သည်။
"လုမိသားစုဆက်သားက အလုယက်ခံလိုက်ရပြီ၊ ရန်သူက ဓားသခင်နယ်ပယ်တစ်ယောက်ပဲ၊ ရှာဖွေဖို့အတွက် တာအိုနယ်ပယ်ကျင့်ကြံသူဆယ်ယောက်ကို ချက်ချင်းစေလွှတ်ပေးပါ"
ဒီနေရာတွင် ယဲ့ချိုးပိုင်၏ပန်းတိုင်က လုံး၀အောင်မြင်သွားခဲ့သည်။
သူကရန်သူကိုအားနည်းချက်ကိုပြသရန်အတွက် ခြေရာများချန်ထားခဲ့သည်။
တဖက်လူကရှာဖွေရန်အတွက် စေလွှတ်သည့်လူများက အရမ်းကြီးအားကောင်းမည်မဟုတ်ပေ။
ဒါကအချိန်အများကြီးကြာမြင့်လောက်သည်။
ဒီသတင်းက အလျင်အမြန်ပျံ့နှံ့သွားသောအခါ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ဒေါသထွက်သွားသည်။
လုမိသားစုကမူ ထိတ်လန့်သွားခဲ့သည်။
တချိန်တည်းမှာပင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက သူ့ကိုသတ်ရန်အတွက် သွေးအမိန့်ထုတ်ခဲ့သည်။
ဒီဓားသမား သို့မဟုတ် မုဇီရှင်းကို ရှာတွေ့သည့်မည်သူမဆို နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကိုတိုက်ရိုက်၀င်နိုင်ပြီး အတွင်းပိုင်းဂိုဏ်းတပည့် သို့မဟုတ် လေးစားခံရသည့် အကြီးအကဲတစ်ဦးပင်ဖြစ်လာနိုင်သည်။
ဒီသတင်းပြန့်သွားသည်နှင့်တပြိုင်နက် နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်က လူတိုင်းကလည်း ထိတ်လန့်သွားကြသည်။
ရက်ရောသည့်ဆုလာဘ်ကတခုသာ။
သို့သော်ဒီထက်ပိုပြီးမယုံနိုင်စရာကောင်းတာက တစ်စုံတစ်ယောက်က နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို အမှန်တကယ်ပင် ဆန့်ကျင်ရဲခြင်းပင်။
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းသည် နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၌ အချုပ်အချာအာဏာရှင်ဖြစ်သည်။