#တောင်ထိပ်ခေါင်းဆောင်လေးဦးအကြားက တိုက်ပွဲ#
Vol. 35 Ch. 501
နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်!
ငန်းဆိပ်ကမ်းမြို့!
ဒီနေရာက နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့နောက်တွင် ဒုတိယဖြစ်သည်။
နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့တွင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရှိသဖြင့် နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၌ အကြွယ်၀ဆုံးနေရာဖြစ်သည်။
ငန်းဆိပ်ကမ်းမြို့ကမူ ၎င်းနှင့် နယ်နိမိတ်မဲ့သမုဒ္ဒရာမြို့အကြား ကွာဟချက်တခုရှိစော်လည်း ငန်းဆိပ်ကမ်းဂိုဏ်းတည်ရှိမှုကြောင့် ဒီမြို့ကလည်း အတော်လေးကြွယ်၀သည်။
ငန်းဆိပ်ကမ်းဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနှင့် ယှဉ်နိုင်သည့်တခုတည်းသောဂိုဏ်းဖြစ်ပြီး နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းထက် အများကြီးပိုရှေးကျသလို အုတ်မြစ်ကလည်း အတော်လေးအားကောင်းသည်။
သို့စေကာမူ ယခုဂိုဏ်းကကျဆင်းသွားသဖြင့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ပါရမီရှင်အများကြီးကို မသွားကြသည်။
ဒါက ငန်းဆိပ်ကမ်းဂိုဏ်းကို နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၏ ပလ္လင်ပေါ်ကနေ ပြုတ်ကျသွားစေသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့်မုဇီရှင်းတို့က ရုပ်ဖျက်ပြီးနောက် ငန်းဆိပ်ကမ်းဂိုဏ်းသို့ ၀င်လာခဲ့ကြသည်။
ငန်းဆိပ်ကမ်းဂိုဏ်းနှင့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေးတခုမရှိသဖြင့် သူတို့က မီးနှင့်ရေကဲ့သို့ပင် ပွင့်လင်းစွာလည်းတိုက်ကြသလို လျှို့ဝှက်စွာလည်းတိုက်ခိုက်ကြသည်။
ထို့ကြောင့် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ငန်းဆိပ်ကမ်းမြို့ထဲကို ကြီးကြီးမားမား ၀င်လာမည့်အကြောင်း စိုးရိမ်နေစရာမလိုပေ။
မုဇီရှင်းက ယခုအမျိုးသားတစ်ယောက်အဖြစ် ရုပ်ဖျက်ထားသည်။ သူမမျက်နှာကိုလည်း အထူးပစ္စည်းတချို့ဖြင့် ကျောက်ပေါက်မာများနှင့်အတူ အလှဆင်ထားသည်။
သို့စေကာမူ ထိုစိုရွှဲရွှဲမျက်လုံးများက စိတ်ဝိဉာဉ်ကိုလှုပ်ခါနေဆဲပင်။
"ချိုးပိုင်၊ ငါတို့ဘာဆက်လုပ်ကြမလဲ"
ယဲ့ချိုးပိုင်တခဏမျှတွေးလိုက်မိသည်။
"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ လုမိသားစုက မင်းကိုဒီလိုဆကိဆံကြတယ်၊ ဒီတော့ ငါတို့က သူတို့ကိုဖျက်ဆီးပစ်ရမှာပေါ့"
"ငါတို့ဆရာရဲ့အကူအညီကိုတောင်းလို့မရဘူး၊ ဒါကငါတို့အတွက် အရမ်းကောင်းတဲ့ လေ့ကျင့်မှုတခုလည်းဖြစ်တယ်"
မုဇီရှင်း၏မျက်လုံးများက စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေသည်။
"ဒီလိုဆိုရင်တောင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရဲ့ခွန်အားနဲ့ ငါတို့လက်ရှိခွန်အားက..."
မုဇီရှင်းဘာပြောချင်သလဲဆိုတာ ယဲ့ချိုးပိုင်သိပါသည်။ ထို့ကြောင့်သူကပြုံးသည်။
"မစိုးရိမ်ပါနဲ့၊ ငါမလုပ်သေးခင်ကတည်းက အနီးအနားကိုမေးကြည့်ပြီးပြီ"
"ဒီငန်းဆိပ်ကမ်းဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ ဘယ်တော့မှအဆင်မပြေခဲ့ဘူး"
"နင်ဆိုလိုတာက..."
မုဇီရှင်းသဘောပေါက်သွားသည့်အသွင်မေးလာသည်။
"ငန်းဆိပ်ကမ်းဂိုဏ်းကို၀င်ပြီး ငါတို့ရဲ့ခွန်အားကို ယာယီမြှင့်တင်ဖို့အတွက် သူတို့စွမ်းအားကိုသုံးချင်တာလား"
"မှန်တယ်" ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ငါတို့ငန်းဆိပ်ကမ်းဂိုဏ်းမှာ သူတို့တန်ဖိုးထားတဲ့ အရည်အချင်းနဲ့ ခွန်အားကိုပြသပြီး ပြောခွင့်ရှိလာသရွေ့ ငန်းဆိပ်ကမ်းဂိုဏ်းရဲ့ အကူအညီကို ငါတို့ရနိုင်တယ်"
"ဘာပဲဆိုဆို နှစ်ဖက်စလုံးက မီးနဲ့ရေလိုပဲလေ"
ထို့နောက် နှစ်ဦးစလုံးက ငန်းဆိပ်ကမ်းဂိုဏ်းရှိရာဘက်သို့ပြေးသွားကြသည်။
တိုက်ဆိုင်စွာပင် ယနေ့က ငန်းဆိပ်ကမ်းဂိုဏ်း၏ စာရင်းသွင်းပွဲဖြစ်နေသည်။
ငန်းဆိပ်ကမ်းမြို့မှပါရမီရှင်များနှင့် ပတ်၀န်းကျင်က လူဆိုးကျင့်ကြံသူများက ယနေ့ ငန်းဆိပ်ကမ်းဂိုဏ်းသို့ ဦးတည်နေကြသည်။
ငန်းဆိပ်ကမ်းဂိုဏ်းက ငန်းဆိပ်ကမ်းမြို့အပြင်ဘက်က မြင့်မားသည့်တောင်တခုပေါ်တွင်တည်ရှိပြီး တိမ်များထဲထိထိုးတက်နေသည်။ တောင်ထိပ်ပေါ်၌ ငန်းများစွာ ပျံဝဲနေကြသည်။
ထိုအချိန်တွင် တောင်တံခါး၌ မရေမတွက်နိုင်လောက်သောလူများက အုပ်စုလိုက်ရောက်လာကြသည်။ သူတို့အားလုံးက ငန်းဆိပ်ကမ်းဂိုဏ်း၏စမ်းသပ်မှုကို ဖြတ်သန်းရန်နှင့် ပါ၀င်ရန်ဖြစ်သည်။
ဂိုဏ်းကကျဆင်းသွားစေကာမူ အနည်းဆုံးတော့ နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၌ ရှေးအကျဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်နေသေးသဖြင့် အခြေခံအုတ်မြစ်က ရှိနေဆဲပင်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့်မုဇီရှင်းတို့ကလည်း ဂိုဏ်းကိုရောက်လာကြသည်။
ထို့နောက်လူနှစ်ယောက်ဆင်းလာသည်။ သူတို့က အညိုရောင်၀တ်စုံများ၀တ်ဆင်ထားကြပြီး ဘယ်ဘက်ရင်ဘတ်၌ အတောင်ပံများဖြန့်ထားသည့် ငန်းတကောင်စီရှိကြသည်။ ငန်းရိုင်းက အစိမ်းရောင်အဆင်းရှိသည်။
ဆိုလိုတာက သူတို့နှစ်ယောက်က ငန်းဆိပ်ကမ်းဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်များဖြစ်ကြသည်။
အနီးအနားကလူများက ထိုနှစ်ဦးကို လေးစားမှု၊ မနာလိုမှုများဖြင့်ကြည့်နေကြသည်။
ထိုနှစ်ယောက်မှတစ်ယောက်က ရှင်းလင်းသည့်အသံဖြင့်ပြောသည်။
"ကျုပ်က ငန်းဆိပ်ကမ်းဂိုဏ်းရဲ့အတွင်းတပည့်ဖြစ်တဲ့ ၀မ်ရှောင်ပါ၊ ပထစမစမ်းသပ်မှုက အရိုးအရွယ်အစားစမ်းသပ်မှုပဲ"
"အသက်သုံးဆယ်အောက်မှာ နတ်ဘုရားတ၀က်နယ်ပယ်ကိုရောက်ခဲ့တဲ့လူတိုင်းက ပထမအဆင့်ကို ဖြတ်ကျော်နိုင်တယ်"
"ကောင်းပြီ၊ စလိုက်ကြရအောင်"
ငန်းဆိပ်ကမ်းဂိုဏ်းသို့၀င်ချင်ကြသည့်လူများက ထွက်လာကြသည်။
"ကျန်းယု၊ အသက်၂၆၊ နတ်ဘုရားတ၀က်နယ်ပယ်အလယ်အလတ်အဆင့်၊ အောင်မြင်တယ်"
"ယန်ဟီဖန်း၊ အသက်၂၅၊ သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်၊ အောင်မြင်တယ်"
ထိုအချိန်တွင် ဝမ်ရှောင်က ယန်ဟီဖန်းအား အံ့ဩသင့်တကြီးကြည့်ရင်း ခေါင်းညိတ်သည်။
လူတိုင်းကလည်းအနည်းငယ် အံ့ဩသင့်နေကြသည်။ သူကအသက်၂၅မှာတင် သိုင်းဧကရာဇ်နယ်ပယ်ကိုရောက်နေပြီလား!
ဒီပါရမီက တကယ်ကိုကြောက်စရာပဲ!
"မင်ချောင်ထင်း၊ အသက်၂၈၊ သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်၊ အောင်မြင်တယ်"
"လီရူဖိန်၊ အသက်၂၇၊ သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်၊ အောင်မြင်တယ်"
တစ်ယောက်ပြီးတစ်ယောက် အမည်နာမများကိုဖတ်ပြနေစဉ် တောင်ဘေးတွင် အကြီးအကဲတစ်ချို့ကို ဒီမြင်ကွင်းကို ကြည့်နေကြသည်။
"ဟားဟား၊ ဒီတကြိမ်မျိုးစေ့တွေရဲ့အရည်အသွေးက တကယ်ကောင်းတယ်"
"အရင်အကြိမ်ရေအနည်းငယ်ထက် ပိုကောင်းတာတော့အမှန်ပဲ၊ ဒါပေမယ့်နောက်ပိုင်းအကဲဖြတ်ချက်တွေကို အောင်နိုင်မလားပဲကြည့်ရမယ်"
"ဒီလိုဆိုရင်တောင် မင်းတောင်ပေါ်ကဆင်းပြီး သူတို့ကိုယူသွားဖို့မစောင့်နိုင်တော့ဘူးမလား"
"အဓိပ္ပာယ်မရှိတာ"
ထိုအချိန်တွင် နောက်ဆုံးတော့ ယဲ့ချိုးပိုင်နှင့် မုဇီရှင်းတို့၏အလှည့်ရောက်လာလေပြီ။
၀မ်ရှောင်ကလည်းပျော်နေသည်။ သူက ဂိုဏ်းထဲတွင် ကျင့်ကြံခြင်းအရင်းအမြစ်များပို၍ရနိုင်ပြီး ပါရမီရှင်များနှင့် ပိုကောင်းမွန်သည့်ဆက်ဆံရေးများထူထောင်ကာ သူတို့အားကြိုတင်မှတ်မိနေအောင် လုပ်၍ရသည်။
ထို့နောက် ၀မ်ရှောင် ယဲ့ချိုးပိုင်အား နွေးထွေးသည့်အပြုံးဖြင့်မေးသည်။
"နာမည်"
"ယဲ့ချိုး"
ဒါကယဲ့ချိုးပိုင်၏ယာယီနာမည်တုဖြစ်သည်။
"ကောင်းပြီ၊ မင်းလက်ကို ကောင်းကင်ထိုးဖောက်ကျောက်တုံးပေါ်ကိုတင်လိုက်ပါ"
ယဲ့ချိုးပိုင်ခေါင်းညိတ်ကာ သူ့လက်ကို ကောင်းကင်ထိုးဖောက်ကျောက်တုံးပေါ်သို့တင်လိုက်သည်။
ကောင်းကင်ထိုးဖောက်ကျောက်တုံးက တောက်ပသည့်အလင်းနှင့်အတူ ချက်ချင်းထိုးတက်သွား၏။
၀မ်ရှောင်တုန်လှုပ်ချောက်ချားသွားပြီး ကောင်းကင်ထိုးဖောက်ကျောက်တုံးကိုကြည့်ကာ တွေဝေစွာပြောသည်။
"ယဲ့ချိုး၊ အသက်၂၃၊ အာရုံထွေပြားခြင်း....တ၀က်နယ်ပယ်"
ယဲ့ချိုးပိုင်သူ့ခွန်အားနှင့်ပါရမီကို လုံး၀ဖိနှိပ်မထားခဲ့ပေ။
သူလုပ်ချင်တာက ငန်းဆိပ်ကမ်းဂိုဏ်း၏ အထက်ကလူများ၏အာရုံကို အလျင်အမြန် ဆွဲဆောင်လာစေရန်ဖြစ်သည်။
ထို့နောက်တွင်သာ သူက ငန်းဆိပ်ကမ်းဂိုဏ်း၏အာရုံစိုက်မှုကို အပြည့်အ၀ရနိုင်ပြီး ကျင့်ကြံခြင်းအရင်းအမြစ်မျိုးစုံကိုလည်း ရနိုင်ပေလိမ့်မည်။
အနီး၀န်းကျင်ကလူများကလည်း ဒီမြင်ကွင်းကိုကြည့်ရင်း ထိတ်လန့်နေကြ၏။
သူတို့၏မျက်လုံးထဲကထိတ်လန့်မှုများင အရင်ကထက်ပို၍ပြင်းထန်သည်။
အသက်၂၃လား!
ဒါတောင် အာရုံထွေပြားခြင်းတ၀က်နယ်ပယ်ကိုရောက်နေပြီလား!
ဒါဘယ်လိုမွန်းစတားမျိုးလဲ!
မင်ချောင်ထင်း ဒီမြင်ကွင်းကိုမြင်သောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
ငါ့ထက်ပိုပြီးကြောက်စရာကောင်းတဲ့ လူတစ်ယောက်ရှိနေသေးတာလား!
ယန်ဟီဖန်းကတခဏမျှထိတ်လန့်သွားပြီးနောက်တွင် စိတ်လှုပ်ရှားစရာအပြုံးတပွင့်ကိုပြသလာသည်။
ကြည့်ရသည်မှာ ယခုတကြိမ် ငန်းဆိပ်ကမ်းဂိုဏ်းကို၀င်ခြင်းက ပျင်းစရာကောင်းမည်မဟုတ်တော့။
လီရူဖိန်တစ်ဦးတည်းသာလျှင် အမူအရာကင်းမဲ့စွာရှိနေသည်။
၀မ်ရှောင်စကားမပြောတော့တာကို တွေ့ရသောအခါ ယဲ့ချိုးပိုင်လက်ဝှေ့ယမ်းသည်။
"စီနီယာအစ်ကို၊ ကျုပ်အောင်မြင်လား"
"အာ... ဟုတ်ပါတယ်၊ မင်းအောင်ပါတယ်၊ မင်းအောင်ပါတယ်"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ကျေးဇူးပါ စီနီယာအစ်ကို"
ထို့နောက် သူကတောင်တံခါးရှိရာသို့လျှောက်သွားပြီး ပြန်လှည့်ကာ မုဇီရှင်းအား မျက်စိမှိတ်ပြသည်။
မုဇီရှင်းနှုတ်ခမ်းကိုကွေ့ကာပြုံးလိုက်၏။ ၎င်းနောက် သူမလက်ကို ကောင်းကင်ထိုးဖောက်ကျောက်တုံးပေါ်သို့တင်လိုက်သည်။
ကောင်းကင်ထိုးဖောက်ကျောက်တုံးက လင်း၀င်းမနေဘဲ ယင်းအစားဆန်းကြယ်သည့်အော်ရာတခုကိုသာ ထုတ်လွှတ်သည်။
ထို့ထဲတွင် ငန်းရိုင်းတကောင်၏အော်သံပါရှိနေပုံရသည်။
၀မ်ရှောင်အနည်းငယ်ကြက်သေသေသွားသည်။
ဘာတွေဖြစ်နေတာလဲ!
ပတ်ပတ်လည်ကလူများကလည်း ဝေခွဲမရဖြစ်နေကြသည်။
"ကောင်းကင်ထိုးဖောက်ကျောက်တုံးက ကွဲသွားတာများလား"
ထိုအချိန်တွင် အဖိုးအိုလေးယောက်က မုဇီရှင်းရှေ့သို့အတူတကွရောက်လာကြ၏။
ဒါကိုမြင်သောအခါ ၀မ်ရှောင် ချက်ချင်းပင် လေးစားစွာလက်နှစ်ဖက်ဆုပ်သည်။
"တပည့်၀မ်ရှောင်က တောင်ထိပ်ဆရာသခင်တို့ကို အရိုအသေပေးပါတယ်"
သို့သော်သူကအနည်းငယ်ရှုပ်ထွေးနေသည်။
ဘာလို့ဒီနားလည်ကခက်တဲ့တောင်ထိပ်ခေါင်းဆောင်လေးယောက်က ဒီအချိန်မှာ ပေါ်လာကြရတာလဲ!
အဖိုးအိုလေးယောက်စလုံးကို စိတ်လှုပ်ရှားနေကြသည်။
"အဲဒါကွဲနေတာမဟုတ်ဘူး"
"သူကအသက်၂၁မှာတင် တာအိုနယ်ပယ် အလယ်အလတ်အဆင့်ကိုရောက်နေတာကြောင့်ပဲ"
မုဇီရှင်းကသူမ၏ကျင့်ကြံခြင်းကို တိုးမြှင့်ခဲ့သည်။
တောင်ထိပ်ခေါင်းဆောင်လေးဦး၏စကားလုံးများကို ကြားရသောအခါ လူတိုင်း မိုးကြိုးအထိမှန်ခံလိုက်ရသည့်အလားခံစားလိုက်ရသည်။
အသက်၂၁!
တာအိုနယ်ပယ်အလယ်အလတ်အဆင့်လား!
နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်မှာ ဒီလိုကြောက်ဖို့ကောင်းတဲ့လူမျိုးရှိလို့လား!
"မိန်းကလေး၊ မင်းငါ့ရဲ့အလ်ကိုက်တောင်ထိပ်မှာ ၀င်ဖို့ဆန္ဒရှိလား"
"သူပြောတာနားမထောင်နဲ့၊ ငါ့ရဲ့ရှေးဦးခေးအောစ့်တောင်ထိပ်ကို၀င်လာခဲ့၊ ငါမင်းကို ငါ့ရဲ့ကိုယ်ပိုင်တပည့်အဖြစ် ကိုယ်တိုင်လက်ခံမယ်"
"ဟေး၊ ဟေး၊ ဟေး၊ ဒီမိန်းကလေးက ငါ့ရဲ့ မိုးကြိုးတိမ်တိုက်တောင်ထိပ်နဲ့ ပိုသင့်တော်တာရှင်းနေတာပဲလေ"
"မင်းတို့ဘာတွေတိုက်ခိုက်နေကြတာလဲ၊ တောင်ထိပ်ခေါင်းဆောင်တွေလိုပြုမူကြဦး... ငါ့ရဲ့ကောင်းကင်မြင့်တောင်ထိပ်ကို ၀င်မယ်ဆိုရင်ရော"
ယဲ့ချိုးပိုင်မျက်လုံးလိမ့်လိုက်မိသည်။
အင်း၊ ငါ့လုပ်ရပ်ကိုငါ့မိန်းမကခိုးသွားတာပဲ!