#နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက လူများအားလုယက်ခြင်း#
Vol. 35 Ch. 502
တောင်ထိပ်သခင်လေးဦးက မုဇီရှင်းတဖြစ်လဲ သူမ၏နာမည်တုဖြစ်သည့် မုပိုင်အတွက် ငြင်းခုံနေကြတာကို မြင်ရသောအခါ လူတိုင်းတစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့ကတိုက်ခိုက်ကြတော့မှာလား!
အိုးမိုင်ဂေါဒ့်!
ဘာတွေဖြစ်နေတာလဲ!
အရင်က ယဲ့ချိုးက အသက်၂၃နှင့် အာရုံထွေပြားခြင်းတ၀က်နယ်ပယ်ကိုရောက်ခဲ့သည်။
ယခုတွင်မူ မုပိုင်က အသက်၂၁နှင့် တာအိုနယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်နေသည်တဲ့လား။
ငါတို့ရဲ့နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်မှာ ဒီလိုပါရမီရှင်တွေအများကြီးရှိလို့လား!
ဒါမှမဟုတ် ဒီနေ့ဒီအခါမှာ ပါရမီရှင်တွေက တန်ဖိုးနည်းလွန်းပြီး လမ်းမပေါ် ပြည့်နေတာကြောင့်များလား!
မုဇီရှင်းကညင်သာစွာပြုံးသည်။
"တောင်ထိပ်သခင်တို့၊ နောက်ပိုင်းစမ်းသပ်မှုတွေရှိသေးတယ်မလား"
ကောင်းကင်မြင့်တောင်ထိပ်သခင်က လက်ဝှေ့ယမ်းကာပြောသည်။
"အဲဒီစမ်းသပ်မှုတွေကိုဘာလုပ်တော့ဖို့လဲ၊ အဲထဲကဘယ်တစ်ခုကမှ မင်းနဲ့အံ၀င်ခွင်ကျဖြစ်မှာမဟုတ်ဘူး"
အလ်ကိုက်တောင်ထိပ်သခင်ကလည်းပြုံးသည်။
"မှန်တယ် ၊ ငါ့ရဲ့အလ်ကိုက်တောင်ထိပ်ကိုမင်း၀င်လို့ရတယ်၊ ကျင့်ကြံခြင်းအရင်းအမြစ်အားလုံးက မင်းအတွက်ဖြစ်စေရမယ်၊ သုံးနှစ်အတွင်း မင်းသွေးပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖျက်တက်ရောက်လိမ့်မယ်လို့ ငါအာမခံတယ်"
အရင်းအမြစ်များကို လူတိုင်းရှေ့တွင် ပြောလာသည့်တိုင် မည်သူကမှ ဒါကမသင့်တော်ဟုမခံစားရပါ။
ဒါကသာမန်ပဲလေ၊ ပါရမီရှင်တွေကပဲ အရင်းအမြစ်တွေပိုပြီးရထိုက်တဲ့တာမလား!
မုပိုင်လိုမျိုး ထိပ်တန်းမွန်းစတားကိုဆိုရင် ပြောနေစရာတောင်မလိုတော့ဘူး!
"မင်းကသုံးနှစ်လိုသေးတာလား၊ ဒီလိုကြောက်မက်ဖွယ်ရာပါရမီနဲ့ဆိုရင် ငါနှစ်နှစ်ပဲလိုတယ်"
"နှစ်နှစ်၊ ဟမ့်၊ ငါကတော့တနှစ်ပဲ"
မုဇီရှင်း တောင်ထိပ်ခေါင်းဆောင်လေးယောက်က ထပ်မံငြင်းခုံနေကြတာကို မြင်သောအခါ ခေါင်းကိုက်လာရသည်။
"တောင်ထိပ်ဆရာတို့၊ ဆရာတို့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မအလ်ကိုက်တောင်ထိပ်ကိုပဲရွေးချယ်ပါမယ်"
အလ်ကိုက်တောင်ထိပ်ခေါင်းဆောင်က အတော်လေးပျော်သွားသည်။
ကျန်သောတောင်ထိပ်ခေါင်းဆောင်များကမူ စိတ်ဓာတ်ကျသွားကြ၏။
"ဘာလို့လဲ"
မုဇီရှင်း ရှင်းလင်းစွာပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ အလ်ကိုက်တောင်ထိပ်ရဲ့ စီနီယာကလည်း အမျိုးသမီးတစ်ဦးဖြစ်နေလို့လေ"
ထိုအကြောင်းပြချက်ကိုကြားရသောအခါ ကျန်သောတောင်ထိပ်ခေါင်းဆောင်သုံးဦး၏ မျက်နှာများက မည်းမှောင်သွားကြ၏။
သူမက သူတို့ထံ၀င်ချင်သရွေ့ သူတို့ကလည်း အမျိုးသမီးဖြစ်လာနိုင်သည်ဟု ပြောရန်ပြင်နေခဲ့ခြင်းပင်။
အလ်ကိုက်တောင်ထိပ်ခေါင်းဆောင်ကရယ်မောလိုက်လေတော့သည်။
"ကောင်းပြီ၊ မုပိုင်၊ အခုကတော့စပြီးတော့ မင်းကငါ့ရဲ့ကိုယ်ပိုင်တပည့်ဖြစ်သွားပြီ"
ထို့နောက်လက်ဝှေ့ယမ်းသောအခါ ရွှေငန်းတကောင်က မုဇီရှင်း၀တ်စုံ၏ ဘယ်ဘက်ရင်ဘတ်ထဲတွင် ပေါ်လာသည်။
ဒါကကိုယ်ပိုင်တပည့်တစ်ဦး၏သင်္ကေတပင်။
"ကောင်းပြီ၊ ငါ့ရဲ့တပည့်ကောင်းလေး၊ ငါ့နောက်ကနေလိုက်ခဲ့ပါ"
မုဇီရှင်းခေါင်းညိတ်ကာ လူတိုင်း၏မနာလိုနေသည့်အကြည့်အောက်တွင် တဖက်လှည့်လိုက်သည်။
ထို့နောက်ယဲ့ချိုးပိုင်အားကြည့်ရင်း သူမလျှာထုတ်ပြကာ အသံပို့လွှတ်လိုက်သည်။
"ယှဉ်ပြိုင်ပြီး ငန်းဆိပ်ကမ်းဂိုဏ်းမှာ ဘယ်သူအရင်ပြောခွင့်ရနိုင်မလဲဆိုတာ အရင်ကြည့်ကြရအောင်"
အိုး၊ ဘုရားရေ၊ သူက တကယ်ပဲဒီလိုမျိုး မောက်မာနေပြီလား!
ယဲ့ချိုးပိုင်ခပ်ညစ်ညစ်ပြုံးသည်။
"ကောင်းပြီ၊ ဒါပေမယ့်မင်းရှုံးရင် ငါ့ရဲ့တောင်းဆိုချက်တခုကို သဘောတူရမယ်"
သူကတခုခုကိုတွေးတောနေပုံရပြီး ထို့နောက်တွင် ပို၍ညှစ်ကျယ်စွာပြုံးနေလေသည်။
မုပိုင် ဒီအရိုင်းဆန်သည့်အပြုံးကိုမြင်ရသောအခါ သူမ၏လှပသောမျက်နှာလေးကနီရဲသွားပြီး လျို့ဝှက်စွာ တွေးလိုက်မိသည်။
သူမဘာတွေးတောနေသလဲဆိုတာ မည်သူမှမသိပေ။ သူမအပြုံးက အနည်းငယ်ဆိုးရွားနေသည်။
အလ်ကိုက်တောင်ထိပ်ခေါင်းဆောင်က မုပိုင်နှင့်အတူထွက်သွားပြီးနောက် ကောင်းကင်မြင့်တောင်ထိပ်သခင်က ယဲ့ချိုးပိုင်က ရုတ်တရက်ကြည့်လိုက်သည်။
"ယဲ့ချိုး၊ မင်းပါရမီကလည်း အရမ်းကောင်းတယ်၊ ငါ့ရဲ့ကောင်းကင်မြင့်တောင်ထိပ်ကို ၀င်ဖို့မင်းစဉ်းစားချင်လား"
ယဲ့ချိုးပိုင်တခဏမျှတွေးလိုက်မိသည်။
"စီနီယာ၊ ဘယ်တောင်မှာ အနိမ့်ဆုံးအခြေခံရှိသလဲဆိုတာ ကျွန်တော်သိချင်တယ်"
အနိမ့်ဆုံးလား!
တောင်ထိပ်ခေါင်းဆောင်သုံးယောက်က ကြက်သေသေသွားသည်။
ထို့နောက်တွင် ကောင်းကင်မြင့်တောင်ထိပ်သခင်က ထူးဆန်းသည့်အမူအရာဖြင့်ပြောသည်။
"ကောင်းကင်မုန်းတီးတောင်ထိပ်"
ငန်းဆိပ်ကမ်းဂိုဏ်းတွင် တောင်ထိပ်ငါးခုရှိသည်။
ထို့ထဲတွင် အားအကောင်းဆုံးက ကောင်းကင်မြင့်တောင်ထိပ်ဖြစ်ပြီး ကောင်းကင်မုန်းတီးတောင်ထိပ်တွင် အားအနည်းဆုံးအခြေခံရှိသည်။
ကောင်းကင်မုန်းတီးတောင်ထိပ်ကို ၀င်ရောက်ရန် ဆန္ဒရှိသည့်လူကနည်းပါးလွန်းသည်။
"ဒီလိုဆိုရင် ကျွန်တော် ကောင်းကင်မုန်းတီးတောင်ထိပ်ကိုပဲ၀င်ပါမယ်"
ယဲ့ချိုးပိုင်၏စကားလုံးများကိုကြားသောအခါ တောင်ထိပ်သခင်သုံးယောက်စလုံးက ဆွံအသွားကြ၏။
မင်းဘာကိုဆိုလိုချင်တာလဲ!
တမင်တကာ၀င်ဖို့အတွက် အားအနည်းဆုံးကောင်းကင်မုန်းတီးတောင်ထိပ်ကိုရွေးတာလား!
ဒီကောင်လေးက နာကျင်မှုကိုသာယာတတ်တဲ့သူများလား!
ကောင်းကင်မြင့်တောင်ထိပ်သခင်က ချောင်းဟန့်လိုက်သည်။
"ဒီလိုဆိုမှတော့ ငါမင်းကိုဖိအားမပေးတော့ပါဘူး၊ ဒါပေမယ့် မင်း၀င်ပြီးတာနဲ့ နောင်တရလို့မရတော့ဘူး၊ မင်းဒါကိုသိလား"
ယဲ့ချိုးပိုင်လက်နှစ်ဖက်ဆုပ်လိုက်၏။
"ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ"
ယဲ့ချိုးပိုင်၏အမူအရာကခိုင်မာနေသည်။
တောင်ထိပ်ခေါင်းဆောင်သုံးဦးကလည်း အကူအညီမဲ့စွာခေါင်းညိတ်မိကြ၏။
ကံမကောင်းစွာပင် ယဲ့ချိုးပိုင်ကလည်း မျိုးစေ့ကောင်းတခုဖြစ်နေခဲ့သည်။
ထို့နောက်သူက ဝမ်ရှောင်ကိုပြောသည်။
"သူ့ကိုကောင်းကင်မုန်းတီးတောင်ထိပ်ကို ခေါ်သွားပါ၊ နောက်ပိုင်းအကဲဖြတ်မှုတွေမှာ ပါ၀င်ဖို့မလိုတော့ဘူး"
၀မ်ရှောင်ခေါင်းညိတ်သည်။ သို့သော်သူက အရမ်းကြီးစိတ်မ၀င်စားပေ။
အကယ်၍ယဲ့ချိုးကသာ ကောင်းကင်မြင့်တောင်ထိပ် သို့မဟုတ် ရှေးဦးခေးအောစ့်တောင်ထိပ်ကို၀င်မည်ဆိုပါက သူ့ပါရမီအရ ငန်းဆိပ်ကမ်းဂိုဏ်းတွင် လျင်မြန်စွာပင် နေရာတခုရယူနိုင်သည်။
သို့စေကာမူ သူကကောင်းကင်မုန်းတီးတောင်ထိပ်တွင်၀င်ခဲ့သည်။
သူ့ပါရမီကဘယ်လောက်ပင် ကောင်းမွန်နေပါစေ လုံလောက်သည့်အရင်းအမြစ်မရှိပါက သူက ဗလာတိုင်တခုထက်မပိုပေ။
ထိုအချိန်တွင် တောင်ထိပ်ခေါင်းဆောင်သုံးဦးက ရုတ်တရက်ခေါင်းမော့လိုက်ကြ၏။
ကောင်းကင်ထက်တွင် တိမ်ပင်လယ်များက အမှန်တကယ်ပင် မုန်တိုင်းထန်သည့်လှိုင်းများကို အစပျိုးခဲ့သည်။
လူသုံးယောက်က တိမ်ပင်လယ်များအောက်တွင် ပေါ်လာသည်။
"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ဥပဒေစိုးမိုးရေးခန်းမမှူးဂေါင်ရွီလား၊ မင်းဒီမှာ ဘာလာလုပ်တာလဲ"
"ဟားဟားဟား၊ ကောင်းကင်မြင့်တောင်ထိပ်သခင်၊ ဘယ်လိုနေလဲ"
ဂေါင်ရွီကပြုံးသည်။
"ဘာမှတော့မဟုတ်ပါဘူး၊ ဒီနေ့က မင်းတို့ငန်းဆိပ်ကမ်းဂိုဏ်းရဲ့တပည့်စုဆောင်းတဲ့နေ့တနေ့ဖြစ်တော့ ငါကဂုဏ်ပြုဖို့အတွက် လာတာပါ"
ဂုဏ်ပြုချင်တာလား!
ရှေးဦးခေးအောစ့်တောင်ထိပ်သခင်က နှာခေါင်းရှုံ့သည်။
"မင်းတို့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ဘယ်အချိန်ကစပြီး ဒီလိုကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိသွားရတာတုန်း"
"ဟားဟား၊ မင်းမှန်တယ်" ဂေါင်ရွီက သရော်သည့်အပြုံးတပွင့်ကိုပြသသည်။
"ဒီနေ့ စမ်းသပ်မှုကိုအောင်မြင်ပြီး အသက်၃၀အောက်မှာ သိုင်းဧကရာဇ်နယ်ပယ်ကိုရောက်တဲ့သူတိုင်း ငါ့ရဲ့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ၀င်လို့ရတယ်"
တောင်ထိပ်ခေါင်းဆောင်သုံးဦး၏အမူအရာများက ပြောင်းလဲသွားကြ၏။
သူကငါ့တပည့်တွေကို လုချင်လို့ဒီမှာရှိနေတာလား!
"ဂေါင်ရွီ၊ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက အရမ်းမလွန်လာနဲ့နော်"
"ငါတို့ရဲ့ငန်းဆိပ်ကမ်းဂိုဏ်းက မတိုက်ခိုက်ရဲဘူးလို့ မင်းတကယ်ထင်နေတာလား"
"စိတ်မပူပါနဲ့" ဂေါင်ရွီကဆက်ပြောသည်။
"လူတိုင်းက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရဲ့ ခွန်အားကိုသိကြတယ်မလား၊ ဒီတော့ အရမ်းကြီးရှင်းပြနေစရာမလိုပါဘူး၊ မင်းတို့၀င်ဖို့ဆန္ဒရှိသရွေ့ အတွင်းဂိုဏ်းတပည့်တွေကို အခြေခံပြီး လစဉ်လတိုင်း ငါက သာမန်မူလရတနာဒင်္ဂါးငါးဆယ်စီပေးနိုင်တယ်"
လူတိုင်းကထိတ်လန့်သွားကြ၏။
သာမန်မူလရတနာဒင်္ဂါး!
ဒါက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၏ လက်ရှိငွေးကြေးဖြစ်ပြီး နယ်နိမိတ်မဲ့သမုဒ္ဒရာလျှို့ဝှက်နယ်မြေအတွင်း ၀င်လို့ရသည်။
သာမန်မူလရတနာဒင်္ဂါးများက ရရှိရန်ဟူသည် အလွန်အမင်းခက်ခဲသည်။
ဒီအခြေအနေကို ဖော်ပြလိုက်သည်နှင့်တပြိုင်နက် လူတချို့က ချက်ချင်းဆိုသလို တုန်လှုပ်နေသည့်အမူအရာများကို ပြသကြသည်။
မင်းချောင်ထင်းနှင့် လီရူဖိန်က ချက်ချင်းပြောသည်။
"ကျုပ်တို့၀င်ဖို့ဆန္ဒရှိပါတယ်"
ဂေါင်ရွီဒါကိုမြင်သောအခါ ကျယ်လောင်စွာရယ်မောသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ဒီလိုဆိုရင် မင်းတို့ငါ့နောက်ကနေလိုက်လာရုံပဲ"
ကောင်းကင်မြင့်တောင်ထိပ်သခင်၏ အမူအရာက အတော်လေးကြည့်ရဆိုးနေသည်။
သို့သော်သူဘာမှမပြောနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ဒါကအကဲဖြတ်မှု၏ ပထမအဆင့်သာရှိသေးသဖြင့် သူတို့က ငန်းဆိပ်ကမ်းဂိုဏ်း၏ တရား၀င်တပည့်များမဖြစ်လာကြသေးပါ။
သူတို့ဆက်နေမလားထွက်သွားမလားဆိုတာ သူတို့အပေါ်မူတည်ပြီး ၀င်စွက်ဖက်၍မရပေ။
သို့သော်ဒီလိုလုပ်လိုက်ခြင်းက သူတို့၏ ငန်းဆိပ်ကမ်းဂိုဏ်းမျက်နှာကို ရိုက်ပြီး လောင်ကျွမ်းပစ်စေခြင်းသာ။
ဂေါင်ရွီကပြုံးသည်။
"ဒီနှစ်ယောက်ကလည်းမျိုးစေ့ကောင်းတွေပဲ၊ ငါတို့ရဲ့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းမှာ အုတ်နဲ့တိုင်တွေထည့်ပေးတဲ့အတွက် ငန်းဆိပ်ကမ်းဂိုဏ်းကို ကျေးဇူးတင်ရတော့မှာပေါ့"
"ဂေါင်ရွီ"
ထိုအချိန်တွင် ရှေးဦးခေးအောစ့်တောင်ထိပ်သခင်ကဒေါသထွက်လာပြီး သူ့မုတ်ဆိတ်များက နေရာတိုင်းဝဲနေသည်။
အင်မော်တယ်တပိုင်းနယ်ပယ်ခွန်အားက ထိုအခိုက်အတန့်သံသယမရှိထွက်လာသည်။
ဂေါင်ရွီ၏မျက်နှာတွင် အောင်ပွဲခံသည့်အပြုံးတပွင့်ပေါ်လာပြီး ထိုအချိန်တွင်ပင် ပုံရိပ်တခုက ရှေးဦးခေးအောစ့်တောင်ထိပ်သခင်ရှေ့တွင် ရပ်လိုက်လေသည်။
"မဆင်မခြင်မလုပ်နဲ့"
ရှေးဦးခေးအောစ့်တောင်ထိပ်သခင်က ထိုလူကိုမြင်သောအခါ ချက်ချင်းလက်နှစ်ဖက်ဆုပ်လိုက်သည်။
"ဂိုဏ်းချုပ်"
ငန်းဆိပ်ကမ်းဂိုဏ်းချုပ်က ခေါင်းညိတ်ကာ ဂေါင်ရွီအားကြည့်ရင်း ထူးမခြားနားစွာပြောသည်။
"ပြန်သွားပြီး ငါတို့ငန်းဆိပ်ကမ်းဂိုဏ်းက ဒါကိုမှတ်မိနေမယ်လို့ မင်းတို့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းချုပ်ကိုသွားပြောလိုက်ပါ"