← Chapters

#ယန်ယန်လျှပ်စီးရေကန်#

Vol. 35 Ch. 504

#ယန်ယန်လျှပ်စီးရေကန်#

Vol. 35 Ch. 504

"မင်း ကောင်းကင်မုန်းတီးတောင်ထိပ်မှာ ၀င်ခဲ့တယ်လို့ငါကြားခဲ့တယ်၊ ဘယ်လိုခံစားရလဲ"

ယဲ့ချိုးပိုင် ကျောက်စိမ်းဆွဲသီးအား ပြုံးပြသည်။

"သူတို့မှာဘာမှမရှိဘူးဆိုပေမယ့် ဒါကလည်းကောင်းပါတယ်လေ၊ ကျွန်တော် တိတ်တိတ်ဆိတ်ဆိတ်ကျင့်ကြံလို့ရတာပေါ့"

"မှန်ပါတယ်၊ ဘာပဲဆိုဆို မင်းကစီနီယာလုရဲ့တပည့်ပဲလေ၊ အဲဒီအရင်းအမြစ်တွေကို မင်းလိုအပ်မှာမဟုတ်ပါဘူး"

ယဲ့ချိုးပိုင်ပြုံးကာတခုခုပြောရန်ပြင်လိုက်စဉ် အမျိုးသမီးတစ်ယောက်က သူ့ကို ခေါ်လာသည်။

"ဂျူနီယာမောင်လေးယဲ့၊ လုပ်စရာတွေရှိသေးတယ်"

ယဲ့ချိုးပိုင် ကျောက်စိမ်းဆွဲသီးကိုသိမ်းဆည်းပြီးနောက် သစ်သားအိမ်လေးထဲကနေထွက်လာကာ သူ့ရှေ့က အမျိုးသမီးအားကြည့်လိုက်သည်။

"စီနီယာအစ်မကျန်းကျိ၊ ဘာဖြစ်လို့လဲ"

ကျန်းကျိပြုံးသည်။

"တောင်ထိပ်သခင်က ကောင်းကင်မုန်းတီးတောင်ထိပ်ကိုနင်၀င်ခဲ့တဲ့အတွက် ဂုဏ်ပြပွဲကျင်းပတဲ့အနေနဲ့ ကြွေကျနေတဲ့အရွက်တွေကိုရှင်းပြီး ဝိုင်တချို့လုပ်ရမယ်လို့ပြောတယ်"

ယဲ့ချိုးပိုင်၏မျက်ခုံးများကတွန့်ကွေးသွားကြ၏။

ငါ့ကိုကြိုဆိုတာလား!

ဒီတော့ သူကငါ့ကိုကြမ်းသုတ်ပြီး ချက်ပြုတ်စေချင်တာပေါ့!

ဘာတွေဖြစ်နေတာလဲ!

အကယ်၍တောင်ထိပ်သခင်ကိုသာ သူမတွေ့ခဲ့ပါက သူ့ဆရာပြန်လာပြီဟုပင် ယဲ့ချိုးပိုင်ထင်မိပေလိမ့်မည်။

ကျန်းကျိက ယဲ့ချိုးပိုင်၏နောက်ကျောကို ပုတ်ရင်းပြောသည်။

"ကောင်းပြီ၊ အခုငါတို့ကောင်းကင်မုန်းတီးတောင်ထိပ်မှာ လူသုံးယောက်ပဲရှိတယ်လေ၊ တောင်ထိပ်သခင်က အပျင်းကြီးတော့ ငါတို့ကိုယ်တိုင်ပဲလုပ်ရတာပေါ့"

"ဒီလိုချစ်စရာကောင်းတဲ့အစ်မကို ခက်ခဲတဲ့အလုပ်တွေကို နင်တယောက်တည်းတော့ လုပ်ခွင့်မပြုနိုင်ဘူးမလား"

ထို့နောက် သူမမျက်လုံးကြီးတွေကို မှတ်ပြရင်း သနားစရာကောင်းသည့်အသွင် ဟန်ဆောင်နေလေသည်။

ယဲ့ချိုးပိုင်မျက်နှာကိုဖုံးကာ အကူအညီမဲ့စွာ ခေါင်းသာညိတ်လိုက်ရတော့သည်။

ကြွေကျနေသည့်သစ်ရွက်များအား လှည့်သိမ်းနေစဉ် ကျန်းကျိကပြောသည်။

"သန့်ရှင်းရေးလုပ်ဖို့အတွက် နင်ဝိဉာဉ်ချီကိုသုံးလို့မရဘူး"

"ဒါကတောင်ထိပ်သခင်ပြောခဲ့တာ"

သန့်ရှင်းရေးလုပ်ဖို့အတွက် ဝိဉာဉ်ချီကို မသုံးရဘူးလား!

ဒါဘယ်လိုစည်းမျဉ်းမျိုးလဲ!

ယဲ့ချိုးပိုင်ဝေခွဲမရဖြစ်နေသော်လည်း ပြောသည့်အတိုင်းလုပ်နေဆဲပင်။

သန့်ရှင်းရေးလုပ်ပြီးနောက် ကျန်းကျိကပြောသည်။

"မောင်လေးယဲ့၊ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာနင်သိလား"

ယဲ့ချိုးပိုင်၏အမူအရာက တင်းကျပ်သွား၏။

အန္တရာယ်ပဲ!

သူဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို သေချာပေါက်သိပါသည်။ သူ့ဆရာက သူ့ကိုလေ့ကျင့်ပေးခဲ့သည်မဟုတ်ပေလော။

သို့စေကာမူ သူတို့ကသာသူချက်ပြုတ်တတ်တာကိုသိမည်ဆိုပါက အနာဂတ်တွင် ဒီတာ၀န်ကို သူ့လက်ထဲလွှဲပြောင်းပေးပေတော့မည်။

ထို့ကြောင့် သူအလျင်အမြန်ပင် ခေါင်းခါယမ်းသည်။

"ကျုပ်ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ မသိဘူး"

"နင်မသိဘူးဆိုရင်တောင်သိရမယ်" ကျန်းကျိပြုံးလိုက်သည်။

"နင်ကငန်းဆိပ်ကမ်းမြို့မရင်းနှီးသေးတော့ ငါဝိုင်တချို့သွားယူလိုက်မယ်၊ နင်ကတော့ ချက်ပြုတ်ပေါ့"

ယဲ့ချိုးပိုင်၏ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွား၏။

သူမလွတ်မြောက်နိုင်ပေ။

မဟုတ်ဘူး၊ ငါတမင်တကာအရဿာဆိုးအောင်လုပ်ရမယ်!

ဥပမာပြောရရင် သေစေလောက်တဲ့ ဆားပမာဏထည့်လိုက်မယ်ဆိုရင်ရော!

ထို့နောက်ညနေစာစားချိန်ရောက်လာသည်။

တောင်ထိပ်သခင်နှင့် ကျန်းကျိတို့က စားနေစဉ် သူတို့၏မျက်လုံးများက ချက်ချင်းလင်း၀င်းသွားကြသည်။

"အင့်၊ အရဿာရှိလိုက်တာ၊ မောင်လေးယဲ့ရဲ့ချက်ပြုတ်နည်းက တကယ်ကောင်းတာပဲ"

"တကယ်အရဿာရှိတယ်၊ ဒီလိုအရဿာရှိတဲ့အစားအစာကိုငါမစားရတာတောင်ကြာခဲ့ပြီ"

"အနာဂတ်မှာ ပန်းကန်တွေကိုမင်းအတွက်ပဲ ချန်ထားတော့မယ်နော်"

ယဲ့ချိုးပိုင်ကောင်းကင်အား မော့ကြည့်ရင်း သူ့မျက်လုံးများက ဗလာကျင်းနေသည်။

"ဟားဟား၊ ဟားဟားဟား....."

ကျန်းကျိက ထမင်းစားပြီးနောက် ကျင့်ကြံရန်အတွက်သွားခဲ့သည်။

တောင်ထိပ်သခင်မှာမူ ဝိုင်အိုးကိုကိုင်ကာ တငုံပြီးတငုံသောက်နေလေသည်။

"မင်းဘာလို့ကောင်းကင်မုန်းတီးတောင်ထိပ်ကို၀င်ချင်ရတာလဲ"

"မင်းအရည်အချင်းကို ငါလည်းနည်းနည်းနားလည်ပါပြီ၊ ကောင်းကင်မြင့်တောင်ထိပ် ဒါမှမဟုတ် ရှေးဦးခေးအောစ့်တောင်ထိပ်ကို သွားတာက အကောင်းဆုံးရွေးချယ်မှုပဲလေ"

ယဲ့ချိုးပိုင်ကလည်းတငုံသောက်သည်။

ဒီဝိုင်က ဝိုင်ဖြူလောက်မပြင်းသော်လည်း အရဿာရှိနေဆဲပင်။

သို့စေကာမူ ကြယ်တာယာကောင်းကင်အောက်တွင် မတူညီသည့်အရဿာတခုကို ဖော်ဆောင်နေခဲ့သည်။

တခါတရံ သောက်သုံးခြင်းက ဝိုင်၏အရည်အသွေးပေါ်မမူတည်ပေ။

ဒါကသောက်သုံးသူနှင့်ပတ်၀န်းကျင်အပေါ်မူတည်သည်။

"ကျုပ်သာကောင်းကင်မုန်းတီးတောင်ထိပ်ကို၀င်ပြီး တခုခုလုပ်ပြနိုင်ရင် ကောင်းကင်မုန်းတီးတောင်ထိပ်သခင်ဆီမှာ ခြေကုပ်ခြေကန်တခုရယူနိုင်မယ်လေ"

ယဲ့ချိုးပိုင်မလိမ်ခဲ့ပေ။

စွမ်းအားရှင်တစ်ယောက်ရှေ့တွင် သူကလိမ်၍ရမည်မဟုတ်။ ဒါ့အပြင် ဖုံးကွယ်ထားစရာလည်းမလိုပါ။

တောင်ထိပ်သခင်က ယဲ့ချိုးပိုင်ကိုကြည့်သည်။

"မင်းကအတော်လေးယုံကြည်မှုရှိတာပဲ၊ မင်းဘာလို့ဒီလိုလုပ်ရတာလဲလို့ ငါမေးမှာမဟုတ်ဘူး"

"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ မင်းရဲ့လောင်းကြေးအကြောင်း ငါလည်းကြားခဲ့ရပါတယ်၊ ငါနဲ့အတူလိုက်ခဲ့"

ထို့နောက် တောင်ထိပ်သခင် ကမူးကရူးဖြင့်ထရပ်ပြီး တောင်နောက်ဘက်သို့အရက်မူးနေသည့်အလား လျှောက်သွားသည်။

ယဲ့ချိုးပိုင်ကလည်း စိတ်ရှုပ်ထွေးကာ လိုက်ပါလာသည်။

ဂူတစ်ဂူရှိရာသို့ရောက်သောအခါ တောင်ထိပ်သခင်ကရပ်သွားသည်။

"ငါတို့မှာကျင့်ကြံခြင်းအရင်းအမြစ်မရှိသလောက်ရှားတယ်၊ မင်းလိုချင်ရင် ဂိုဏ်းရဲ့တာ၀န်တွေကိုလုပ်ပြီး သာမန်မူလရတနာဒင်္ဂါးတွေနဲ့လဲလို့ရတယ်"

"ဒီဂူက ကောင်းကင်မုန်းတီးတောင်ထိပ်က တခုတည်းသောအရာပဲ"

"အထဲမှာဘာရှိလဲ"

တောင်ထိပ်သခင်ကစိတ်မရှည်စွာပြောသည်။

"မင်း၀င်သွားရင်သိလာပါလိမ့်မယ်"

ထို့နောက် ဝိုင်အိုးကိုကိုင်ကာ အဝေးသို့ ထွက်သွားလေတော့သည်။

ယဲ့ချိုးပိုင်ပခုံးတွန့်ရင်း ဂူထဲသို့၀င်သွားသည်။

ဂူက မူလကအမည်းရောင်အဆင်းရှိသော်လည်း မီးပွားအနည်းငယ်ကခုန်နေလေရာ အလင်းတချို့ကိုဖြစ်စေသည်။

ဒီထဲတွင် ထူးခြားတာဘာမှမရှိဘဲ သာမန်ဂူတစ်ခုအလားပင်ထင်ရသည်။

သို့စေကာမူ အဆုံးသို့ရောက်လာသောအခါ ယဲ့ချိုးပိုင်ကြက်သေသေသွားသည်။

ဒါကလုံး၀ခြားနားသည့်ကမ္ဘာတခုပေတည်း။

၀င်ပေါက်၏အဆုံးရှိ ယဲ့ချိုးပိုင်ရှေ့တွင် ကန်တစ်ကန်ရှိသည်။

ရေကန်ထဲတွင် အနက်နှင့်အဖြူရောင်အဆင်းရှိသည့် လျှပ်စီးစွမ်းအားနှစ်ခုဖြင့်ပြည့်နှက်နေသည်။

တဖက်က ယင်လျှပ်စီးဖြစ်ပြီး ကျန်တခုက ယန်လျှပ်စီးဖြစ်သည်။

ယင်လျှပ်စီးက အဖျက်စွမ်းအားဖြင့် ပြည့်နှက်နေပြီး ယန်လျှပ်စီးကမူ အသက်ဓာတ်ဖြင့်ပြည့်နှက်နေသည်။

ဒီအသိနှစ်ခုက မူလက လုံး၀ဆန့်ကျင်ဘက်ဖြစ်သော််လည်း ယခုရေကန်ထဲတွင် အတူတကွပေါင်းစပ်ပြီး သဟဇာတဖြစ်နေသည်။

ဒီနှစ်ခု၏ပေါင်းစပ်မှုကနေ ထွက်လာသည့်အော်ရာကလည်း အတော်လေးကြောက်မက်ဖွယ်ကောင်းနေသည်။

"ခင်ဗျားကျုပ်ကို ဒီရေကန်ထဲမှာ ကျင့်ကြံစေချင်တာလား"

ယဲ့ချိုးပိုင်တခဏမျှတွေးပြီးနောက် လျှပ်စီးရေကန်ထဲခုန်ဆင်းသွား၏။

ချက်ချင်းဆိုသလို ယန်နှင့်ယန်လျှပ်စီးက ပြင်ပအရာ၀တ္ထုတခုကျူးကျော်လာတာကို မြင်ပုံရပြီး ရုတ်ချည်းပေါက်ကွဲကာ ယဲ့ချိုးပိုင်ထံတိုး၀င်လာကြသည်။

ယဲ့ချိုးပိုင်၏အမူအရာကပြောင်းလဲသွားသည်။ သူက ရှေးဦးမူလဓားသိုင်းကို လှည့်ပတ်ကာ ခုခံလိုက်သည်။

သို့စေကာမူ ဒီအချက်ကိုတွေးမိပြီးနောက်တွင် သူလက်လျှော့လိုက်သည်။

အကယ်၍သူသာခုခံမည်ဆိုပါက ဒီလျှပ်စီးကန်ထဲတွင် ခုန်ဆင်းကာ ဘာများကျင့်ကြံနိုင်တော့မည်နည်း။

ထို့ကြောင့် ယဲ့ချိုးပိုင် အကာအကွယ်များကို စွန့်ပစ်ကာ မတူညီသည့်ယင်ယန်လျှပ်စီးစွမ်းအားများကို သူ့ကိုယ်ခန္ဓာအား ရိုက်ခွင့်ပေးလိုက်လေတော့သည်။

နာလိုက်တာ!

လျှပ်စီးစွမ်းအားနှစ်ခုက ကြမ်းကြုတ်သည့်သားရဲများအလား ယဲ့ချိုးပိုင်၏ကိုယ်ခန္ဓာ၊ သွေးကြော၊ အရိုးများနှင့် ဒန်တျန်ကိုပင် တိုက်ခိုက်လာသည်။

ရုတ်ချည်းဆိုသလို ယဲ့ချိုးပိုင်၏ဆံပင်နှင့်မျက်ခုံးများက ပြာများအဖြစ်လောင်ကျွမ်းသွားကြပြီး တချိန်တည်းမှာပင် သူ့အရေပြားက မီးသွေးအလားမဲတူးသွားသည်။

သို့စေကာမူ ယဲ့ချိုးပိုင်ကို အံ့ဩသင့်စေတာက သူ့သွေးထဲကအညစ်အကြေးများက ဒီမိုးကြိုးစွမ်းအားနှစ်ခု၏ ပြုပြင်မွမ်းမံမှုအောက်တွင် ဖျက်ဆီးခံနေရခြင်းပင်။

တချိန်တည်းမှာပင် သူ့ကိုယ်ထဲက ညစ်ညမ်းသည့်ချီများက စတင်သန့်စင်လာကြသည်။

သွေးထဲတွင် ညစ်ညမ်းမှုမရှိတော့။ သွေးပြောင်းလဲခြင်းနယ်ပယ်သို့သာ တက်လှမ်းတော့မည်ဆိုပါက ပိုပြီးပင်ချောမွေ့သွားမည်ဖြစ်သည်။

တူညီစွာပင် မြေအင်မော်တယ်နှင့် အင်မော်တယ်တပိုင်းနယ်ပယ်ကြားက ခြားနားချက်က ကိုယ်ထဲက ညစ်ညမ်းသည့်သေမျိုးချီကို သန့်စင်ရန်လိုခြင်းပင်။

အကယ်၍သူသာ အာရုံထွေပြားခြင်းနယ်ပယ်တွင် ဒီအရာနှစ်ခုကိုလုပ်နိုင်မည်ဆိုပါက ယဲ့ချိုးပိုင်၏ခွန်အားက အရည်အသွေးပိုင်ဆိုင်ရာ၌ ခုန်ကျော်သွားပေလိမ့်မည်။

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် ဧရာမနာကျင်မှုကိုသည်းခံရင်း ရူးသွပ်စွာ ကျင့်ကြံလေတော့သည်။

တခဏကြာပြီးနောက် ယဲ့ချိုးပိုင် ရှေးဦးမူလဓားသိုင်းကို မသ်စိတ်ကသုံးလိုက်မိသည်။

ရှေးဦးမူလဓားသိုင်း၏ အဆုံးမဲ့ဖြစ်စဉ်က ယန်ယင်လျှပ်စီးစွမ်းအားနှင့် အမှန်တကယ် ပေါင်းစပ်ကာ ကြမ်းတမ်းပြင်းထန်သည့် စွမ်းအားကို တွန်းထုတ်ပြီး သန့်စင်သည့် မူလလျှပ်စီးများအဖြစ် ပြောင်းလဲသွားစေသည်။

ထို့နောက် ယဲ့ချိုးပိုင်၏ခြေလက်အင်္ဂါများ၊ အရိုးများနှင့်ပေါင်းစပ်သွားသည်။

ဒါက ယဲ့ချိုးပိုင်ကိုအံ့ဩသင့်သွားစေသည်။

ထိုအချိန်တွင် ခြံ၀င်းထဲတွင် အဖိုးအိုက ဝိုင်ကိုသောက်ရင်း ရုတ်တရက်ပြုံးလိုက်မိသည်။

"သူကမျိုးစေ့ကောင်းပဲ.... သူကကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကို အမွေခံနိုင်မလားဆိုတာ ငါသိချင်မိသေးတယ်"

ကောင်းကင်မုန်တီးတောင်ထိပ်ကျဆင်းသွားရသည့်အကြောင်းရင်းက များသောအားဖြင့် လျှပ်စီးကန်ထဲက အမွေအနှစ်အတွက် အခြေအနေရပ်များက အရမ်းခက်ခဲသောကြောင့်ပင်။

သာမန်ပါရမီရှင်များက ဒါကိုမအောင်မြင်နိုင်ကြပါ။

.....

ထိုအချိန်၌ အဖျက်စွမ်းအားများဖြင့်ပြည့်နှက်နေပြီး အသက်ဓာတ်ဟူ၍မရှိတော့သည့် ကြယ်ဒေသတခုတွင် ကလေးငယ်တစ်ဦးကို လက်နှစ်ဖက်နှင့်သယ်ကာ ပခုံးပေါ် ငှက်ကလေးတကောင်ရှိသည့် ၀တ်စုံဖြူနှင့်လူတယောက်ရောက်လာခဲ့သည်။

အပိုင်း(505) coming။

All Chapters