#ကျားဝေလနတ်ဆိုးငါးမန်း#
Vol. 35 Ch. 494
ကန်မိသားစုက ပင်လယ်စိမ်းမြို့တွင် အဓိကမိသားစုသုံးစုအနက် အောက်ခြေတွင် အမြဲရှိခဲ့သည်။
အကြောင်းရင်းက ကန်မိသားစုပိုင်ဆိုင်သည့်တခုတည်းသောပင်လယ်ပြင်ဧရိယာက တခြားမိသားစုများနှင့်ယှဉ်ပါက အရမ်းအကျိုးမရှိသောကြောင့်ပင်။
ထို့ကြောင့်လည်း ယန်မိသားစုက ရုတ်တရက် ကန်မိသားစု၏ပင်လယ်ဧရိယာကို မျက်စိကျလာခဲ့သည်။
ဒီဖြစ်ရပ်က လွန်ခဲ့သည့်လအနည်းငယ်က ဖြစ်ပျက်ခဲ့သည်။
ကန်မိသားစုက သူတို့ပင်လယ်နက်ပိုင်းတွင် ရှင်းပြ၍မရနိုင်သည့်ဝိဉာဉ်ချီအတက်အကျတခုကိုရှာတွေ့ခဲ့သည်။
သူတို့အနက်ပိုင်းကိုပို၍သွားချင်သော်လည်း အနားသို့မတိုးကပ်နိုင်ပေ။ ထိုနေရာ၌ အတားအဆီးတခုခုရှိနေသည့်အလားထင်ရသည်။
အချိန်ကြာလာသောအခါ မမြင်ရသည့်အတားအဆီးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ပေါ်လာခဲ့သည့် ဝိဉာဉ်ချီအတက်အကျကလည်း အားနည်းသထက်ပို၍အားနည်းသွားခဲ့သည်။
တချို့က ပင်လယ်စိမ်းဒေသ၏ ကန့်သတ်ချက်က နက်ရှိုင်းသည့်နေရာက နတ်ပစ္စည်းကနေ ထုတ်လွှတ်သည့် ဖိနှိပ်ခြင်းအားကြောင့်ဟု ထင်ကြေးပေးကြသည်။
ဒီသတင်းကို ယန်မိသားစုနှင့်မြို့တော်၀န်စံအိမ်တို့က အလျင်အမြန်ပင် သိသွားကြသည်။
မြို့တော်၀န်စံအိမ်က မလှုပ်ရှားသော်လည်း တခြားတဘက်တွင် ယန်မိသားစုက ပွင့်ပွင့်လင်းလင်းလုယက်ရန်စတင်ခဲ့သည်။
ထို့ကြောင့်လည်း ယနေ့မြင်ကွင်းက ဖြစ်ပျက်လာခဲ့ရခြင်းပင်။
ကန်ယောင်က ဒီအကြောင်းကို ယဲ့ချိုးပိုင်ကိုပြောပြသောအခါ သူ့နောက်ကအကြီးအကဲများက တုန်လှုပ်သွားကြ၏။
"မိသားစုခေါင်းဆောင်"
"သူကအပြင်လူတယောက်ပဲလေ"
ကန်ယောင်မျက်မှောင်ကြုတ်လိုက်၏။
"ဒီကိစ္စက လျှို့ဝှက်ချက်မဟုတ်တော့ဘူး",
"ဒါ့အပြင် မိတ်ဆွေလေးယဲ့သာမရှိခဲ့ရင် ငါတို့ပင်လယ်ဒေသကို တခြားတယောက်လက်ထဲ လက်လွှဲပေးရလောက်ပြီ"
အကြီးအကဲများကတိတ်ဆိတ်သွားကြ၏။
"ပင်လယ်ပြင်ဧရိယာက အတားအဆီးက လုံး၀ပျောက်ကွယ်သွားမယ်၊ အချိန်အရ ပြောရရင်တော့ ရက်အနည်းငယ်ပဲကြာလိမ့်မယ်၊ မိတ်ဆွေလေးယဲ့၊ မင်းရောငါတို့နဲ့အတူ စုံစမ်းကြည့်ချင်လား"
ယဲ့ချိုးပိုင်တခဏမျှတွေးပြီးနောက် ခေါင်းညိတ်သည်။
ယခုသူခွန်အားကို အရေးတကြီးလိုအပ်နေသည်။
လျှို့၀ှက်ဆန်းကြယ်နယ်မြေများက လေ့ကျင့်မှုအားလုံးကို သူဖမ်းဆုပ်ထားရန်လိုအပ်သည်။
အမှောင်ဘက်ခြမ်းက ခွန်အားက ယခုသူရင်ဆိုင်နိုင်သည့်ခွန်အားမဟုတ်သေးပါ။
ခုနှစ်ရက်ကြာပြီးနောက် အတားအဆီးက ပျောက်ကွယ်သွား၏။
ကန်မိသားစုကလူအားလုံးက ပင်လယ်ပြင်သို့ရောက်လာကြသည်။
ယဲ့ချိုးပိုင်ကလည်း အဖွဲ့ထဲတွင်ရှိသည်။
ထိုစဉ် ဖိတ်ကြားထားခြင်းမရှိသည့်ဧည့်သည်များက သူတို့အားဆွဲဆောင်သွားခဲ့သည်။
ရောက်လာသည့်လူကိုကြည့်ရင်း ကန်ယောက်၏မျက်နှာက မည်းမှောင်သွား၏။
"ခေါင်းဆောင်ယန်၊ မင်းဒီမှာဘာလုပ်နေတာလဲ"
ယန်မိသားစုခေါင်းဆောင်က သူ့ယန်မိသားစု၀င်များအား ကြီးကျယ်ခမ်းနားစွာပင် ခေါ်လာခဲ့သည်။
ခေါင်းဆောင်ယန်ရယ်မောသည်။
"ခေါင်းဆောင်ကန်၊ ဘယ်လိုနေလဲ၊ မစိုးရိမ်ပါနဲ့၊ ငါတို့ကဒီနေ့ဒီနေရာမှာ ပြဿာနာရှာဖိုအတွက်ရှိနေတာမဟုတ်ပါဘူး"
"ဒီလိုဆိုရင်မြန်မြန်ထွက်သွားပါ"
အကြီးအကဲတယောက်ကအော်ဟစ်သည်။
"ဒါက ကန်မိသားစုနယ်မြေပဲ"
ဤသည်ကိုကြားသောအခါ ယန်မိသားစုခေါင်းဆောင်ကစိုက်ကြည့်လိုက်ပြီး သူ့၏ တာအိုနယ်ပယ်အထွပ်အထိပ်အော်ရာက ထိုအကြီးအကဲပေါ်သို့ ကျရောက်သွားသည်။
ထိုအကြီးအကဲ၏မျက်နှာကဖြူဖျော့သွားပြီး သွေးတစ်လုပ်အန်လိုက်ရကာ မီတာဒါဇင်များစွာ နောက်ဆုတ်လိုက်ရသည်။
"မင်းမှာစကားပြောဖို့အရည်အချင်းရှိလို့လား"
ကန်ယောင်က အကြီးအကဲရှေ့တွင် ရပ်ပြီး ထိုအော်ရာကိုရပ်ပစ်သည်။
"မင်းတို့ယန်မိသားစုက တဆိတ်မလွန်လွန်းဘူးလား"
"အရမ်းလွန်တာလား၊ ဒါကပင်လယ်စိမ်းဒေသပဲ၊ နတ်ပစ္စည်းတခုပေါ်လာမှတော့ ဒါက ပင်လယ်စိမ်းမြို့က လူတိုင်းနဲ့ သက်ဆိုင်တယ်လေ၊ ဟုတ်တယ်မလား"
လူတိုင်း၏အမူအရာများက ကြည့်ရဆိုးသွားကြသည်။ ကြည့်ရသည်မှာ ယန်မိသားစုက ၀င်စွက်ဖက်ရန် ဆုံးဖြတ်လိုက်ပုံပင်။
"ပင်လယ်စိမ်းဒေသကို မမြင်ရတဲ့အားတခုနဲ့ကန့်သတ်ထားတယ်၊ ပင်လယ်စိမ်းမြို့ရဲ့ မြို့တော်၀န်တဖြစ်လဲ ငါကလည်း ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်ဘူးလေ"
မြို့တော်၀န်စံအိအ်က လူများကလည်း မကြာမီရောက်လာကြသည်။
ကန်ယောင် ဒီမြင်ကွင်းကိုမြင်သောအခါ သူ့အမူအရာကအလွန်အမင်းကြည့်ရဆိုးသွားခဲ့သည်။
သို့သော်သူရန်မစနိုင်ပါ။ ဒီအင်အားစုနှစ်စုက ကန်မိသားစုထက်ပိုအားကောင်းသည်။
ယဲ့ချိုးပိုင်ဘေးက ကန်ဟိုက်ရှင်းကထရပ်ကာ ဒေါသတကြီးပြောသည်။
"အရှက်မဲ့လိုက်တာ"
ယဲ့ချိုးပိုင်ပြုံးလိုက်၏။
"အားကောင်းသူက အားနည်းသူကို အမဲလိုက်တယ်၊ ကျင့်ကြံခြင်းကမ္ဘာမှာ ဒီလိုအရာမျိုးနဲ့ ငါကျင့်သားရနေပါပြီ"
သူတို့အားနည်းသောအခါ ကျွမ်းကျင်သူများက လျှို့ဝှက်နယ်မြေကို သိမ်းပိုက်ရန်ရောက်လာစဉ် ဘာတခုမှပြော၍ရမည်မဟုတ်။ သဘောတူ၍သာရမည်။
ကန်ယောင်က ကန်မိသားစုကလူများကို သင်္ဘောပေါ်တက်ရန်အတွက် ခေါ်လိုက်၏။
ယန်မိသားစုနှင့်မြို့တော်၀န်စံအိမ်က လူများကလည်း သူတို့၏သင်္ဘောအသီးသီးတွင် တက်လိုက်ကြသည်။
ထို့နောက်သူတို့က ဝိဉာဉ်ချီစိမ့်ထွက်သည့်နေရာသို့ ကန်မိသားစုသင်္ဘောသွားနေရာရောက်မှ လိုက်သွားကြသည်။
ပင်လယ်အလယ်သို့ရောက်လာသောအခါ မြစ်၀ကျွန်းကိုမမြင်ရတော့ပါ။
အင်အားစုသုံးစု၏သင်္ဘောများက ဝိဉာဉ်ချီစိမ့်ထွက်သည့်နေရာ၏အလယ်ဗဟိုတွင် ရှိနေကြလေပြီ။
"ကြည့်ရတာ ကောလဟလတွေကမှန်ပုံပဲ၊ အောက်မှာတကယ်ကို နတ်ပစ္စည်းတခုခုရှိရမယ်"
ခေါင်းဆောင်ယန်၏မျက်လုံးများ၌ လောဘကိုပြသလာသည်။
မြို့တော်၀န်ကလည်းပြုံးသည်။
"ငါတို့ကမင်းဆီကနေ အကျိုးအမြတ်မရယူပါဘူး၊ အရင်ဆုံးအဲဒါကိုရတဲ့သူက ပိုင်ဆိုင်ခွင့်ရမယ်"
ကန်ယောင်၏အမူအရာက အလွန်အမင်းကြည့်ရဆိုးနေသော်လည်း ဒီအချိန်တွင် သူဘာမှမပြောနိုင်ပါ။ မည်သို့ပင်ဆိုစေကာမူ ဘာပြောပြော အသုံး၀င်မည်မဟုတ်ပေ။
"နတ်ပစ္စည်းက ဒီပင်လယ်အနက်မှာရှိတယ်၊ အရင်က ငါတို့လူတွေက အကွာအဝေးတနေရာက ဧရာမဝဲဂယက်တခုကိုပဲ မြင်နိုင်ခဲ့တယ်"
"အဲဒီဝဲပယက်ရဲ့အနက်ဆုံးအပိုင်းက ဝိဉာဉ်ချီရဲ့ဗဟိုချက်ပဲ၊ မှိန်ဖျော့တဲ့အလင်းတန်းတခုရှိနေတယ်"
"အဲဒါကိုရယူဖို့ဆိုတာက မလွယ်ကူဘူး၊ ဒါကြောင့် အန္တရာယ်တခုခုရှိလာတာနဲ့ ချက်ချင်းနောက်ဆုတ်ကြ"
ကန်မိသားစုကလူတိုင်းကခေါင်းညိတ်ကြသည်။
ယန်မိသားစုဘက်ခြမ်းတွင် ယန်ဟုန်နှင့် ယန်ချောင်တို့က မြစ်ထဲသို့ခုန်ဆင်းသွားကြပြီဖြစ်သည်။
ကန်ဟိုင်ရှင်းနှင့်ကန်ရှန်းတို့က ခုန်ရန်ပြင်လိုက်စဉ် ယဲ့ချိုးပိုင်သူတို့ကို တားလိုက်၏။
"ခဏလေး"
ကန်ချန်းဝေခွဲမရဖြစ်သွားသည်။
"ရေတိမ်ပိုင်းမှာ ဘာအန္တရာယ်မှမရှိဘူး၊ ငါစစ်ဆေးပြီးပြီ"
ယဲ့ချိုးပိုင်ပြောသည်။
"ဒါကနတ်ပစ္စည်းမပေါက်ဖွားလာသေးခင်အချိန်ကလေ၊ အခုဘာတွေဖြစ်နေပြီလဲဆိုတာ ဘယ်သူသိမှာလဲ"
ကန်ယောင်ကခေါင်းညိတ်သည်။
"မိတ်ဆွေလေးယဲ့ပြောတာမှန်တယ်"
ထိုကဲ့သို့ပါရမီမျိုးကို ပိုင်ဆိုင်ထားသည့်တိုင် သူကမမောက်မာသလို မဆင်မခြင်လည်းမလုပ်ပေ။
ဒီလိုလူမျိုးက အနာဂတ်တွက် သေချာပေါက်ထိပ်ဆုံးအဆင့်ကို တက်ရောက်နိုင်ပေလိမ့်မည်။
မြို့တော်၀န်စံအိမ်ကလူများကလည်း အလျင်စလိုမလုပ်ကြဘဲ အောက်တွင် စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် ပင်လယ်ထဲကဝိဉာဉ်ချီက အရူးအမူးထိုးတက်လာသည်။ အောက်က ဝဲဂယက်က စတင်မြှင့်တက်လာသည်။
သင်္ဘောသုံးစင်းပတ်လည်တွင် လှိုင်းများက ဝဲဂယက်များအဖြစ် ဖြစ်တည်လာကြ၏။
တချိန်တည်းမှာပင် ယန်ဟုန်နှင့်ယန်ချောင်တို့ကလည်း ဖြူဖျော့သည့်မျက်နှာထားများဖြင့် သင်္ဘောပေါ်သို့ရောက်သွားကြသည်။
တခြားဘာကိုမှမတွေ့ရပါ။
ယန်မိသားစုခေါင်းဆောင်က ကြည့်ရဆိုးသည့်အမူအရာဖြင့်မေးသည်။
"ဘာဖြစ်ခဲ့တာလဲ"
ယန်ဟုန်က လေးနက်သည့်အမူအရာဖြင့် အောက်သို့ငုံ့ကြည့်လိုက်၏။ ထိုနေရာ၌ ဧရမအရိပ်နက်တခုက ပင်လယ်မျက်နှာပြင်အား အလျင်အမြန်ဖြတ်သန်းသွား၏။
"ကျားဝေလနတ်ဆိုးငါးမန်း...."
ခေါင်းဆောင်ယန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ကျားဝေလနတ်ဆိုးငါးမန်းက ပင်လယ်ထဲတွင် အင်မတန်ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးသားရဲဖြစ်ပြီး အတော်လေးအစွမ်းထက်သည်။
ဒါ့အပြင် အောက်ကကျားဝေလနတ်ဆိုးငါးမန်းက သွေးပြောင်းလဲခြင်းနယ်ပယ်ကိုရောက်နေလေပြီ။
"နတ်ပစ္စည်းတွေရဲ့နယ်မြေမှာ ရှားပါးတဲ့သားရဲတွေစောင့်ကြပ်နေတတ်ကြတယ်"
ထိုအချိန်တွင် မြို့တော်၀န်ကပြောသည်။
"ခေါင်းဆောင်တို့၊ ဒီလိုအခြေအနေမှာ ဘာမှအသုံးမ၀င်တော့ဘူး"
"ငါတို့သုံးယောက် ဒီကျားဝေလနတ်ဆိုးငါးမန်းကို တားဆီးဖို့အတွက် အတူတကွတိုက်ခိုက်ကြမယ်ဆိုရင်ရော"
ခေါင်းဆောင်ယန်နှင့်ကန်ယောင်တို့က ခေါင်းညိတ်လိုက်ကြ၏။
"ကောင်းပြီ၊ ဒီလိုလုပ်ကြတာပေါ့"
ထို့နောက်တွင် မြို့တော်၀န်က ပထမဆုံးပင်လယ်ထဲသို့ပြေး၀င်သွား၏။ ခေါင်းဆောင်ယန်နှင့် ကန်ယောင်တို့က နောက်ကနေ အနီးကပ်လိုက်သွားကြသည်။
များမကြာမီ အလွန်အမင်းပြင်းထန်သည့် ဝိဉာဉ်ချီအတက်အကျက ပင်လယ်ထဲကနေ ထွက်လာသည်။
တကြိမ်ပြီးတကြိမ်း မုန်တိုင်းထန်နေသည့် လှိုင်းများကတက်လာတတ်သည်။
ယဲ့ချိုးပိုင်ပြောလိုက်သည်။
"သွားကြရအောင်"
ထို့နောက်သူခုန်ဆင်းလိုက်သည်။ ကျန်သောသူများကလည်း တုံ့ဆိုင်းမနေဘဲ ခုန်ဆင်းသွားကြသည်။
ပင်လယ်ထဲတွင် ကျားဝေလနတ်ဆိုးငါးမန်၏ခြိမ်းခြောက်မှုက ယာယီပျောက်ကွယ်သွားခဲ့သည်။
သူတို့ပတ်လည်၌ ဝဲဂယက်ရှစ်ခုက လှည့်ပတ်နေသည်။
ရလဒ်အနေဖြင့် သူတို့ကပင်လယ်ထဲရှိလျှင်ပင် ဂရုမစိုက်ပါက အားကောင်းလှသည့် ဆွဲငင်အားကြောင့် ဒီလှိုင်းများ၏ ဝဲဂယက်ထဲတွင် လွင့်မြောသွားကြရပေလိမ့်မည်။
ယဲ့ချိုးပိုင်ပို၍နက်နက်သို့ဦးတည်သွားသည်။
မကြာမီသူကရပ်လိုက်သည်။ သူ့ရှေ့တံင် ဧရာမဝဲဂယက်တခုရှိသည်။ ဝဲဂယက်က ဖိနှိပ်ခြင်းအားတခုဖြင့် ပြည့်နှက်နေသည်။ ဝဲဂယက်၏အနက်ရှိုင်းဆုံးနေရာ၌ မှိန်ဖျော့သည့်အလင်းတခုရှိသည်။
ဒါကကန်ယောင်ဖော်ပြခဲ့သည့်နေရာဖြစ်နေတာ သိသာထင်ရှားနေသည်။
ဘေးတွင် ယန်ဟုန်နှင့်ယန်ချောင်တို့၏ မျက်နှာများက လောဘဖြင့်ပြည့်နှက်နေကြသည်။
ကျန်သောသူများကလည်း စိတ်လှုပ်ရှားနေကြသည်။
ကန်ချန်းက ယဲ့ချိုးပိုင်ကိုကြည့်လိုက်၏။
"ငါတို့အခုဘာလုပ်ရမလဲ"
ယဲ့ချိုးပိုင်ပြောသည်။
"တစ်ယောက်ယောက်ကိုသွားပြီး စူးစမ်းခိုင်းရမှာပေါ့"
ထို့နောက်ယဲ့ချိုးပိုင် သူနှင့်အရမ်းကြီးမဝေးသည့် ယန်ဟုန်အား ကြည့်လိုက်လေသည်။