← Chapters

အဆုံးသတ်ခြင်း

Vol. 011 Ch. 1073

အဆုံးသတ်ခြင်း

Vol. 011 Ch. 1073

အင်ပါယာလီဘုံရှေ့တွင် ဧရာမ စစ်တပ်ကြီးတစ်ခု စုစည်းနေ၏။

လီယောင်နှင့် ယွင်ကျင်းတို့က ဒီမွန်းမြို့နှင့် ပူးပေါင်းကာ အင်ပါယာရှားမြို့အား တိုက်ခိုက်ရန် ကြိုးစားကြရာ ပုံမှန်အားဖြင့် သူတို့က နောက်ထပ် ရန်သူများအား စိုးရိမ်ရန် မလိုပေ။ နတ္ထိဘုံတိုက်ပွဲ၏ အနိုင်ရသူကို တော်ဝင်အလံ နောက်ဆုံး မပြိုလဲဘဲ ကျန်နေခဲ့သည့်မြို့အား သတ်မှတ်မည် ဖြစ်၏။

ထို့ကြောင့် သူတို့က ဒီမွန်းမြို့သို့ အခြေအနေ စောင့်ကြည့်ရန် လူများ စေလွှတ်ရသည် သာမက သူတို့က အင်ပါယာရှား စစ်တပ်မှ လှုပ်ရှားမှုများကိုလည်း စစ်ဆေး ရပေသည်။ ထိုအရာအားလုံးက အလံခိုးယူ ချိုးဖျက်ခံရခြင်းမှ ကာကွယ်ရန်ဖြစ်၏။

သို့သော်လည်း အင်ပါယာလီမြို့ အပြင်ဘက်၌ သားရဲတို့၏ အငွေ့အသက်ဆန်သော ဖိအားကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ရန်သူက တံခါးပေါက်သို့ ရောက်နေပြီ။ အင်ပါယာလီမြို့က တန်ခိုးရှင်တွေ … စုစည်ပြီးတော့ အလံကို ကာကွယ်ကြ” ကျယ်လောင် ပြတ်သားသော အသံအား အားလုံးက ကြားကြရ၏။ လူရိပ်များ တစ်ခုပြီးတစ်ခု အရပ်မျက်နှာ တစ်ခုတည်းသို့ ဦးတည် သွားကြသည်။ သူတို့အားလုံးက အလံအနီးတွင် ပေါ်လာကာ ဝင်္ကပါတစ်ခုအား ခင်းကျင်း လိုက်ကြ၏။

သည်နေရာအား ခုခံရန် အင်အားများ ချန်ထားရစ်သည် သာမက သူတို့အားလုံးသည် ခုခံခြင်းဝင်္ကပါများ၌ ကျွမ်းကျင်ကာ တစ်ကိုယ်ရည်စွမ်းရည် ထူးချွန်သူများလည်း ဖြစ်ကြ၏။

သူတို့အားလုံးမှာ တာဝန် တစ်ခုတည်းအတွက် အထူးပြု လေ့ကျင့်ထားခြင်း ခံရသူများဖြစ်ရာ သူတို့အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုမှာ အလွန်တရာ လိုက်လျောညီထွေရှိပြီး အုပ်စုဖွဲ့တိုက်ခိုက်ခြင်းတွင် အားကောင်းကြသည်။

ဖိုအိုးကြီးများ တစ်ခုပြီးတစ်ခု ကောင်းကင်ထက်သို့ ပျံသန်းလာခဲ့ကြကာ မရေမတွက်နိုင်သေ ာလူများက တော်ဝင်အလံအား ဝန်းရံထားကြ၏။ သူတို့က လေထဲတွင် လှည့်ပတ်ကာ ကြောက်မက်ဖွယ် ရှန့်ထို အရှိန်အဝါများအား ထုတ်လွှတ်ကြ၏။

ဖိုးအိုးဝင်္ကပါသည် တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း နှစ်မျိုးသုံးဖြစ်ကာ ဝင်္ကပါတစ်ခုလုံးအား တစ်စုတစ်စည်းတည်း ဖြစ်စေ၏။ သူတို့ ကိုင်ဆောင်ထားသော တော်ဝင် ရတနာများမှာလည်း နတ္ထိဘုံတိုက်ပွဲအတွက် နန်းတွင်း အကြံပေး ကိုယ်တိုင် စီမံပြုလုပ် ပေးထားခြင်း ဖြစ်သည်။

တာလီပြည်နန်းတွင်း အကြံပေးသည် အမှန်တကယ်ပင် သူ၏အလုပ်ကို စိတ်ရောကိုယ်ပါ မြှုပ်နှံ လုပ်ကိုင်သူဖြစ်ပြီး သန်းပေါင်းများစွာသော လူများ လေးစားမှုကို ခံရသူဖြစ်သည်။ အိမ်ရှေ့မင်းသားပင်လျှင် သူ့အား ဆရာသခင်အဖြစ် တင်မြှောက်ရကာ ကြီးစွာသော လေးစား ကြည်ညိုမှုအား ပြသရ၏။

“တာလီပြည်နဲ့ ဒီမွန်းအင်ပါယာဘုံတို့က အင်ပါယာရှားဘုံကို တိုက်ခိုက်ဖို့ မဟာမိတ် ပြုခဲ့ကြတယ်။ ခင်ဗျားတို့ ဒါကို ဘယ်လိုထင်လဲ” ထူးခြား ထက်မြက်ဟန် ရှိသော လူငယ်တစ်ယောက်က လေထဲမှ ရှင်းလင်း ပြတ်သားစွာ ပြောသည်။

“စစ်တပ်နှစ်ခုရဲ့ မဟာမိတ်ဖွဲ့ခြင်းက ဒီအင်အားစု နှစ်ခုအကြား တိုက်ခိုက်မှုနဲ့ မသက်ဆိုင်ဘူး။ အင်ပါယာရှားမြို့ရဲ့ တော်ဝင်အလံ ကျိုးသွားခဲ့ရင်လည်း ကျုပ်တို့အကြား ဆက်ပြီး အနိုင်အရှုံးအတွက် တိုက်ခိုက်ရဦးမှာပဲ” နွားသိုးမိစ္ဆာက အော်ဟစ်ပြောဆိုသည်။ ထို့နောက် သူက မာန်သွင်းကာ ခွေသတ္တဝါဆန်း အသွင်သို့ ပြောင်းလဲသွား၏။ ရုတ်တရက် လျှပ်စီးမုန်တိုင်းများ ဖြစ်ပေါ်လာခဲ့ကာ ကောင်းကင်ထက်မှ ကျဆင်း လာခဲ့တော့၏။

ဖိုအိုးကြီးများကို စီမံထားသော ဝင်္ကပါထံမှ မမြင်ရသော အလင်း အတားအဆီးတစ်ခု ဖြစ်ပေါ်လာခဲ့ကာ မိုးကြိုးမုန်တိုင်းများ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေး၏။

“ဒေါသနွားသိုးဝင်္ကပါ …” နွားသိုးခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်သည်။ နွားသိုးကြီးမားက ဝင်္ကပါအသွင်သို့ ပြောင်းလဲကာ ကျယ်လောင်သော အသံများသည် ပတ်ဝန်းကျင်အနှံ့သို့ မြည်ဟည်းလာခဲ့၏။ အင်ပါယာလီ တစ်မြို့လုံးသည် ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်း အလယ်သို့ ကျဆင်းသွားသည်။ ကောင်းကင်တွင် များစွာသော နွားသိုးပုံရိပ်များလည်း ဖြစ်ပေါ်လာခဲ့၏။ မိုးကြိုးမုန်တိုင်းထဲတွင် ဧရာမကြီးမားသော နွားသိုးကြီး တစ်ကောင် ပေါ်ထွက်လာခဲ့ကာ ကြောက်မက်ဖွယ် ကောင်းလွန်းရကား နွားသိုးနတ်ဘုရားအလား ထင်မှတ်ရသည်။

အင်ပါယာလီမြို့၏ စစ်မြေပြင်နှင့် အဝေးတွင် နတ္ထိဘုံမှ တန်ခိုးရှင် အများအပြား ရောက်လာခဲ့ကြပြီး တိုက်ပွဲ အခြေအနေများအား ကြည့်ကာ စိတ်လှုပ်ရှားကြသည်။

ရှန့်ထိုများကား နတ္ထိဘုံတိုက်ပွဲ၌ ပါဝင်ခွင့်မရှိရာ ရှီအဆင့်များ၏ တိုက်ပွဲသည် ကြည့်ရှုသူများအတွက် ဘေးသိပ်မဖြစ်စေပေ။ ထို့အတွက် အချို့က တိုက်ပွဲကို စိတ်ဝင်စားစွာ လာကြည့်ကြသည်။ သို့သော်လည်း အင်ပါယာလီမြို့မှ တိုက်ပွဲသည် ဤမျှ ပြင်းထန်မည်ဟု သူတို့ မထင်မှတ် ထားခဲ့ကြပေ။

“မြို့ကို ဖျက်ဆီး အလံကိုယူ” နွားသိုးကြီးက ဒေါသတကြီး  ပြောသည်။ လေထဲမှ ဧရာမ နွားသိုး နတ်ဘုရားကြီးက အောက်သို့ ဆင်းသက် လာခဲ့သည်။ နွားသိုးမိစ္ဆာက ပစ်မှတ်ရှိရာသို့သာ တိုက်ရိုက်သွား၏။

နွားသိုးမိစ္ဆာများကား ကြီးမားသော ခွန်အားရှိကာ ပြင်းထန်စွာ တိုက်ခိုက်တတ်သော အလေ့ရှိ၏။ သူတို့က နတ်ငှက်များနှင့် နဂါးများကိုပင် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရဲကြသူများ ဖြစ်ကြကာ သူတို့ တိုက်ခိုက်လျှင် အကြောက်တရား ကင်းမဲ့ပြီး ရန်သူကို သတ်ဖြတ်ရန်သာ ဦးတည်ကြသည်။

ကြီးမားသော မုန်တိုင်းများ ဖြစ်ပေါ်လာကာ အင်ပါယာလီမြို့မှ တော်ဝင်အလံ စိုက်ထူထားသော နေရာသို့ ဦးတည် ကျဆင်းလာခဲ့ကြ၏။ အလံအား ခုခံနေသော တစ်ယောက်က အော်ဟစ်သည် … “ဖိုအိုးတွေကို ထုတ်ကြဟေ့ …”

အမိန့်သံကြားသည်နှင့် ဖိုအိုးကြီးများသည် လေထဲတွင် လှည့်ပတ်ကာ ကောင်းကင်ထက်မှ ဆင်းသက်လာသော နွားသိုးနတ်ဘုရားကြီးအား ကာကွယ် တားဆီးသည်။

ထိုအခိုက်တွင် ကောင်းကင်နှင့်မြေပြင်နှင့် နှစ်ခြမ်း ကွဲသွားတော့မည့်အလား ကျယ်လောင်စွာ မြည်ဟည်း လာခဲ့သည်။

မြို့ထဲမှ အဆောက်အဦများ တစ်ခုပြီးတစ်ခု ပြိုလဲကြ၏။ ပြင်းထန်သော လျှပ်စီးတန်းများသည် အရာအားလုံးကို ဖျက်ဆီး သွားသည်။ စက္ကန့်ပိုင်းမျှအတွင်း အင်ပါယာလီမြို့ကား အပျက်အစီးပုံသဖွယ် ဖြစ်သွား၏။

ဘုန်း … ဘုန်း … ဘုန်း …

ဧရာမ နွားသိုး နတ်ဘုရားကြီးသည် အတားအဆီးများအား အဆက်မပြတ် ချိုးဖျက်ကာ အောက်သို့ ဆက်လက် ဆင်းသက်လာခဲ့၏။ ဖိုအိုးများ တစ်ခုပြီးတစ်ခု ပြိုပျက်သည်။ တာဝါကိုးခု ဧရာဖိုအိုးကြီးတစ်ခု အတားအဆီးဝင်္ကပါတွင် ပေါ်ထွက်လာခဲ့ကာ ရွှေနဂါးတစ်ကောင်က ထိုအရာအား လှည့်ပတ်သည်။ နဂါးလှည့်ဖိုအိုးကြီးက လှည့်ပတ်လျှင် အလင်းများသည် နွားသိုး နတ်ဘုရားထံသို့ ပြင်းထန်သော ဖျက်ဆီးအားဖြင့် ရိုက်ခတ် သွားခဲ့သည်။

ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့လျှင် လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်လာခဲ့သည်။ လေထုသည် ပြင်းထန်စွာ ပေါက်ကွဲ၏။ နွားသိုးကြီးသည် ဧရာမခွေသတ္တဝါဆန်း အသွင်သို့ ပြောင်းသွားကာ နွားသိုး နတ်ဘုရားကြီးနှင့် ပေါင်းစပ်သွားဟန် ရသည်။ ထို့နောက် သူက မာန်သွင်း အော်ဟစ်သည် … “ဝင်္ကပါကို ဖြစ်တဲ့နည်းနဲ့ ဖြိုဖျက်ကြ”

အမိန့်သံ ကြားသည်နှင့် နွားသိုးကြီးမားက ရှေ့သို့ တစ်ဟုန်ထိုး ပြေးလာခဲ့ကြ၏။ နွားသိုးကြီးများ တစ်ကောင်ပြီးတစ်ကောင် ပြင်းထန်စွာ လှည့်ပတ်နေသော ဖိုအိုးကြီးထံသို့ ကြောက်ရွံ့ခြင်း ကင်းစွာဖြင့် ပြေးဝင်လာကြရာ တဘုန်းဘုန်း မြည်သံများသည် ကမ္ဘာမြေပြင်ကို သိမ့်သိမ့်တုန် စေသည်။

ထို့ပြင် နွားသိုးကြီးများက တစ်ကောင်ပြီး တစ်ကောင် တိုးဝင် လာနေကြခြင်း ဖြစ်သည်။ နွားသိုးများ အားလုံးက သေမည်ကို မကြောက်ဘဲ ပြင်းထန်စွာ တိုးဝင်ကြ၏။ နွားသိုး ခေါင်းဆောင်သည်ပင် နွားသိုးနတ်ဘုရား အသွင်ကိုဆောင်၍ ဧရာမဖိုအိုးကြီးထံသို့ ပြေးဝင် လာနေသည်။

“မင်းတို့အားလုံး ရူးနေကြပြီလား …” အင်ပါယာလီဘုံမှ တန်ခိုးရှင်များက ထိတ်လန့်ခြင်းကြီးစွာဖြင့် အော်ဟစ်ကြသည်။ သားရဲများကား ဤမျှ ကြမ်းတမ်း ခက်ရော်ကြမည်ဟု သူတို့ မထင်ထားကြပေ။

ဝင်္ကပါအား ဖျက်ဆီးရန် သူတို့က အမှန်တကယ် အသက်စွန့် ကြတော့မည်လော။ သူတို့က အောင်မြင်လျှင်ပင် တော်ဝင်အလံအား မည်သို့ ဖြတ်တောက် နိုင်တော့မည်နည်း။

တဝုန်းဝုန်း မြည်ဟည်း သံကြီးများနှင့်အတူ နွားသိုးကြီးများ တစ်ကောင်ပြီး တစ်ကောင် ပေါက်ကွဲ သွားကြသည်။ သူတို့၏ ကြိုးစားမှုများမှာလည်း အရာထင်လာခဲ့ကာ ဝင်္ကပါသည် ပြင်းထန်စွာ လှုပ်ယမ်း၏။ နတဘုရား အလင်းများသည် တဖြည်းဖြည်း လျော့ရဲ အက်ကွဲလာခဲ့သည်။

ဝေါ့ …

အသံတစ်သံအား ကြားကြရသည်။ တစ်စုံတစ်ယောက်သည် ဝင်္ကပါအတွင်း၌ နွားသိုးများ၏ ဖိအားများကို ခံနိုင်ရည် မရှိတော့ဘဲ သွေးအန်ကာ မျက်နှာက ပြာနှမ်းသွားသည်။

“ဝင်္ကပါကို ချိုးဖျက်ကြ” နွားသိုးကြီးက ဆက်လက်၍ ထိုးဆင်း လာခဲ့သည်။

အဝေးမှ လူများမှာ ထိုမြင်ကွင်းအား ကြည့်ပြီး ကြီးစွာ စိတ်လှုပ်ရှား ကြရသည်။ ဒီမွန်းသားရဲများသည် အင်ပါယာလီဘုံမှ အလံအား အရယူရန် အဆုံးစွန်အထိ ကြိုးစားနေကြ၏။

ထိုအခိုက်တွင် အင်ပါယာလီဘုံ အထက်မှ ပုံသဏ္ဌာန်များ တစ်ခုပြီး တစ်ခု ကျဆင်းလာခဲ့၏။ ထိုအထဲတွင် သိမ်းငှက်နက်လည်း ပါဝင်သည်။ သူ၏အေးစက်သော မျက်လုံးများက တိုက်ပွဲကို ကြည့်၏။ သိမ်းငှက်နက်မှ တစ်ဆင့် ရီဖူရှင်း၏ အစီအစဉ်များအား သူတို့အားလုံး အကောင်အထည် ဖော်ရန် ရောက်လာကြခြင်း ဖြစ်သည်။

ယခု ရောက်လာသူများမှာ ပုံမှန်အားဖြင့် ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များ ဖြစ်ကြသည်။ ရီဖူရှင်းက ဓားသခင်အား သူတို့ကို ဦးဆောင်စေလျက် အင်ပါယာလီမြို့မှ အလံကို ချိုးဖျက်ရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

အင်အားစုနှစ်ခုက ပြင်းထန်စွာ တိုက်ခိုက် နေကြသော်လည်း သူတို့အားလုံးက ရီဖူရှင်းတို့ ရောက်လာသည်ကို သိကြသည်။ နွားသိုးကြီးကား ယခင်ကတည်းက ရီဖူရှင်း၏ ထိန်းချုပ်မှုကို ခံထားရပြီးဖြစ်ရာ သူ့အနေဖြင့် ထူးခြားသွားခြင်း မရှိပေ။ အများစုမှာ နွားသိုးကြီး၏ နောက်လိုက်များ ဖြစ်ကြပြီး ခွန်ရွှမ်ထံမှ အမိန့်ရသည်ဟု ဟန်ဆောင်ကာ အင်ပါယာလီဘုံမှ အလံအား ချိုးဖျက်ရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

ဒီမွန်းမြို့နှင့် အင်ပါယာရှားမြို့တို့က သူတို့ထံသို့ တစ်ပြိုင်နက်တည်း လာရောက် တိုက်ခိုက်သည်ကို ကြည့်ကာ အင်ပါယာလီမြို့မှ တန်ခိုးရှင်များသည် အလွန်အမင်း ဒေါသထွက်ကြ၏။

“ကျုပ်တို့ကလည်း အင်ပါယာလီမြို့က အလံကို ရယူဖို့ ရောက်လာ ကြတာပေါ့။ အခု ရည်ရွယ်ချက်တူတယ် ဆိုတော့ အတူလက်တွဲ တိုက်ခိုက်ကြမယ်” ဓားသခင်က မိစ္ဆာဓားအား ကိုင်ကာပြောသည်။

“ကောင်းပြီ …” နွားသိုးကြီးက ဖြေသည်။ တခြားသော သားရဲများကလည်း ဘာမှ မပြောကြပေ။ အင်ပါယာရှားမြို့တွင် ဖြစ်ပျက်နေသည်များအား သူတို့ မသိကြပေ။ ယခု သူတို့က အင်ပါယာလီမြို့မှ အလံကို ဖြတ်တောက်ရန် ရောက်လာမှတော့ တခြားလူများနှင့် ပူးပေါင်းကာ ဖြတ်တောက်လျှင်လည်း မထူးခြားပေ။

မှန်သည် … သားရဲများကလည်း မည်သူ့ကိုမှ အလစ်မပေးရဲကြပေ။ လူသားများက ပိုမို၍ ဉာဏ်နီဉာဏ်နက် များသည်ကို သူတို့ နားလည်ကြ၏။

“ဝင်္ကပါကို ချိုးဖျက်ကြ …” ဓားသခင်က ပြောသည်။ သူ၏မိစ္ဆာအသိက အဆုံးစွန်အထိ အသက်ဝင်လာခဲ့ကာ ဓားသည်လည်း အနက်ရောင် အငွေ့အသက်များဖြင့် ရစ်ပတ်လာခဲ့သည်။ မိစ္ဆာဓားအားလှိုင်းက ဖိုအိုးတစ်လုံးထံသို့ ပြင်းထန်စွာ ရိုက်ခတ် သွားခဲ့၏။

တစ်ချိန်တည်းမှာပင် ယူချင်းကလည်း ရတနာပုဆိန်ဖြင့် ဖိုအိုးကြီးအား ခုတ်ထစ်သည်။

ရီဝူချင်းက ထောင်ပေါင်း များစွာသော ဓားအသိများအား ဆင့်ခေါ်ကာ ကောင်းကင်ထက်မှနေ၍ ပစ်လွှတ်သည်။

ဂူတုံးလျိုအား တံဆိပ်တော်ကိုးခု လှည့်ပတ်ကာ ကိုယ်ပိုင်ဝင်္ကပါအဖြစ် အသက်သွင်းလျက် အောက်မှ ပစ်မှတ်သို့ တိုက်ခိုက်သည်။

ပိုင်လွေလီ၊ ရှားနန်၊ တွန်ဟေးနှင့် တခြားသော ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များကလည်း အောက်မှ တိုက်ခိုက်ရေး ဝင်္ကပါနှစ်ခုအား ပြင်းထန်စွာ တိုက်ခိုက်ကြသည်။

ဝင်္ကပါနှစ်ခုသည် ပုံမှန်အားဖြင့် စွမ်းအားတူညီနေရာ ဘေးမှ တစ်စုံတစ်ယောက်၏ ထပ်မံ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိတော့သည်မှာ သေချာ၏။ ယခု တစ်ယောက်ပြီး တစ်ယောက် အဆက်မပြတ် တိုက်ခိုက်ကြသောအခါ ဧရာမဖိုအိုးကြီးသည် အက်ကွဲလာခဲ့ပြီး ဝင်္ကပါအတွင်းမှ တန်ခိုးရှင်များမှာလည်း အဆုံးစွန်သော ဖိအားများကို ခံကြရသည်။

ဘုန်း ….

လေပြင်းတစ်ချက် ရိုက်ခတ်သွားခဲ့ကာ သိမ်းငှက်နက်၏ ခန္ဓာကိုယ်သည် အလွန်တရာ အရွယ်အစား ကြီးလာပြီး ဧရာမမိစ္ဆာငှက် အသွင်သို့ ပြောင်းသွားသည်။ သူက ထောင့်တစ်နေရာသို့ ဒိုင်ပင် ထိုးစိုက်လျက် ဆင်းလာသည်။ သူ၏နက်ရွှေရောင် လက်သည်းများက လေကို ခွင်းကာ ဝင်္ကပါအား တိုက်ရိုက် ကျဆင်းလာခဲ့လျှင် အရံအတားမှာ ယိုယွင်း လာခဲ့ရ၏။

ယူချင်းက နတ်ဆိုးအသွင်သို့ ပြောင်းကာ ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ပြီး ပုဆိန်အား ဝှေ့ယမ်းသည်။

ပြည်နယ်ကိုးခုမှ ပါရမီရှင်များသည်လည်း ပြင်းထန်စွာ တိုက်ခိုက်ကြ၏။

နွားသိုးနတ်ဘုရား၏ ပုံရိပ်သည် ဆက်လက်၍ မာန်သွင်း အော်ဟစ်ကာ ရန်သူများအား ဖိအားပေးသည်။ နောက်ဆုံးတွင် ဖိုအိုးကြီးသည် တစ်စတစ်စ အက်ကွဲကာ ပြိုလဲကျ၏။ တိုက်ခိုက်ရေး ဝင်္ကပါသည်လည်း နောက်ထပ် အက်ကွဲလာခဲ့ကာ အင်ပါယာလီဘုံမှ တန်ခိုးရှင် အများအပြားသည် သွေးများ အန်ကြသည်။

“သူတို့အားလုံးကို သတ် …” နွားသိုးမိစ္ဆာက ကျယ်လောင်စွာ အမိန့်ပေးကာ ဝင်္ကပါထဲသို့ ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်၏။

ယူချင်းတို့အဖွဲ့ကလည်း တစ်ဖက် ရန်သူအုပ်ထဲသို့ ဝင်ရောက်သာ စတင်သတ်ဖြတ် ကြတော့သည်။ နတ်ဆိုးအသွင်ဖြင့် သူက ရတနာပုဆိန်ကို ဝှေ့ယမ်းလျှင် အချက်တိုင်း၌ ရန်သူများ သေကျေကြ၏။

အင်ပါယာလီဘုံ၏ စွမ်းအားအမြင့်ဆုံး တန်ခိုးရှင်များမှာ အင်ပါယာရှားမြို့သို့ သွားရောက် တိုက်ခိုက်နေကြရာ ယူချင်းအား တစ်ဦးချင်း၌ မည်သူတို့ ယှဉ်နိုင်မည်နည်း။

ယူချင်းအပြင် ဓားသခင်နှင့် ဂူတုံးလျိုတို့သည်လည်း တစ်ဦးချင်း တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန် အားကောင်းသူများ ဖြစ်ကြ၏။ သိမ်းငှက်နက်၊ ရီဝူချင်းနှင့် ဟောင်ကျူဂီတို့ သည်လည်း ရန်သူများအကြားသို့ သိုးအုပ်ထဲဝင်လာသော ကျားများပမာ အမဲလိုက် သတ်ဖြတ်ကြတော့သည်။ နေရာတိုင်းတွင် သွေးများ ချင်းချင်းနီနေသည်။ ယွင်ကျင်းက လက်ရွေးစင် တစ်စုအား သည်နေရာတွင် စောင့်ကြပ်ရန် ချန်ထားရစ်သော်လည်း ထိုသူများ အားလုံးမှာ သွေးချောင်းစီး သတ်ဖြတ် ခံနေရတော့သည်။

“ဆုတ်ခွာကြတော့ဟေ့ …” အင်ပါယာလီဘုံမှ တန်ခိုးရှင် အများအပြားက ဆိုသည်။ သူတို့ကား အခြေအနေ မဟန်တော့သည်ကို နားလည်လိုက်ကြ၏။ သူတို့သာ ဆက်လက်ခုခံနေပါက မကြာခင် သေဆုံးရပေတော့မည်။

သွေးများ နေရာတိုင်းတွင် ပြန့်ကျဲနေသည်။ ယူချင်းက ပုဆိန်ကို ဝှေ့ယမ်းလိုက်လျှင် နောက်ထပ် တန်ခိုးရှင်တစ်ဦး ခေါင်းပြတ်သွားသည်။ အင်ပါယာလီမြို့မှ တန်ခိုးရှင်များ အားလုံးနီးပါးမှာ သေဆုံးသွားခဲ့ကာ လက်တစ်ဆုပ်စာမျှသာ လွတ်မြောက် သွားခဲ့သည်။

အင်ပါယာလီမြို့၏ အမြင့်ဆုံးနေရာတွင် တော်ဝင်အလံသည် လေထဲ တလွင့်လွင့် ရှိနေသည်။ သားရဲတစ်ကောင်က ထိုနေရာသို့ ပျံသန်းသွားကာ ပြောသည် … “အဲဒါကို ဖြတ်စမ်း …”

သို့သော်လည်း လေခွင်းသံ တစ်ခုနှင့်အတူ နက်ရွှေရောင် လက်သည်းများက သူ့ထက်မြန်သည်။ သိမ်းငှက်နက်သည် လျှပ်စီးတို့၏ အမြန်နှုန်းဖြင့် အလံရှေ့သို့ ကျဆင်းလာခဲ့ကာ သူ့လက်သည်းများအား အလံအူတိုင်၌ တေ့ထားသည်။ သူ၏မာနဝင့်ထည်သော မျက်လုံးများက သားရဲများအား ကြည့်ကာ ပြောသည် … “မင်းတို့ သွားလို့ ရပြီ …”

အင်ပါယာလီမြို့မှ အလံနှင့် ဥဒေါင်းမြို့မှ အလံတို့အား သူတို့ ထိန်းချုပ်နိုင်ပြီဖြစ်ရာ နတ္ထိဘုံတိုက်ပွဲသည် အမှန်တကယ်အားဖြင့် ပြီးဆုံးခဲ့ပြီဟု ပြောနိုင်ပေသည်။

***

All Chapters