← Chapters

ပဒူအုံ တုတ်နှင့်ထိုးမိခြင်း

Vol. 5 Ch. 61

ပဒူအုံ တုတ်နှင့်ထိုးမိခြင်း

Vol. 5 Ch. 61

Volume 3: Chapter 18 – Taking the Initiative to Provoke

“တုန်းရီ မင်းစိတ်ချနေလိုက်။ မနက်ဖြန် တရာမျှတမှုပြန်ရဖို့ သူတို့ဆီကို မင်းနဲ့အတူ ငါပါလိုက်ခဲ့မယ်”

ပြီးတာနဲ့ နှစ်ယောက်အတူတူ သမထ ထိုင်လိုက်ကြတယ်။ ဒီလိုနဲ့ အိပ်မက်ကမ္ဘာထဲ ရောက်သွားတာပေါ့။ မနက်ဖြန် သူ့အတွက် သေချာပေါက် ပြောစရာရှိတာတွေ ပြောရအုံးမှာပေါ့။

မနက်အစောကြီး နှစ်ယောက်သားထပြီး ခန္ဓာကိုယ် လေ့ကျင့်ခန်းလုပ်ဖို့ ပြင်တုန်းအချိန်မျာ ဆရာဝမ် ကျုပ်တို့ကို လာတားတယ်။

“ဒီနေ့ မင်းတို့ကို အနားယူခွင့်ပေးလိုက်မယ်။ ကောင်းကောင်းအနားယူကြပေါ့ကွာ”

ပြောပြီး တမ်းလှည့်ထွက်သွားရော။

တုန်းရီနဲ့ ကျုပ် တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း အံ့ဩကျန်ခဲ့တယ်။ လက်စားခြေဖို့အတွက် တမင်အချိန်ပေးလိုက်တယ်ဆိုတာ ကျုပ်တို့(၂)ယောက်စလုံး သိနေကြတယ်လေ။ ဒါပဲကွ။ ကျုပ် ချက်ချင်း တုန်းရီကို အဝတ်အစားတွေ မြန်မြန်လဲခိုင်းလိုက်တယ်။ ဒါမှ ဟိုလူ့အဏ္ဍတွေကို လိုက်ရှာပြီး လက်စားချေနိုင်မျာပေါ့။

“ကျောင်းအုပ်ကြီး။ ဒီမှာ ကျောင်းအုပ်ကြီး‌ ရှိနေလား”

အခန်းအပြင်ဘက်မှာ ရင်းနှီးတဲ့ အသံတစ်သံကြားလို့ ထွက်ကြည့်လိုက်တော့ ကျုပ်ကို လိုက်ပို့ဖူးတဲ့ ဂိတ်စောင့် ဖြစ်နေတယ်။

“ဂိတ်စောင့် စီနီယာအစ်ကို၊ ခဏစောင့်ပေးပါအုံး။ ကျောင်းအုပ်ကြီး ကျောင်းကိုလှည့်စစ်ဖို့ သွားနေတယ်ထင်တယ်”

အဲ့လူ အမောတကော၊ စိုးရိမ်တကြီးနဲ့…

“အာ.. ကျန်းကုန်းလား။ မကောင်းတော့ဘူးကွ။ ကိစ္စကြီးတစ်ခု ဖြစ်နေပြီ။ မြို့စားပေါ်ကြည်ကျူးက ကျောင်းအုပ်ကြီးနဲ့တွေ့ဖို့ အထက်တန်းလွှေမိသားစုက ခေါင်းဆောင်တွေ အများကြီးခေါ်လာတယ်။ သည်းထိပ် ရင်ဖို တစ်ခုခုတော့ ဖြစ်တော့မယ်နဲ့တူတယ်။ ဘာတွေဖြစ်နေမှန်းလဲမသိဘူး။ သူတို့က သူတို့မျိုးနွယ်စုရဲ့ မျိုးဆက်သစ် ဆက်ခံသူလောင်းလျာတွေလဲ ခေါ်လာတယ်။ အားလုံးပေါင်းရင် (၁၀၀)လောက်တောင်ရှိတယ်။ သူတို့ စွတ်အတင်း တိုးဝင်နေတော့ ဂိတ်စောင့်တွေလဲ မတားနိုင်တော့ဘူး”

အာ.. မဟုတ်သေးပါဘူး။ ငါတို့ကဖြင့် လက်စားချေဖို့တောင် မသွားရသေးဘူးလေ။ မထင်မှတ်ဘဲ သူတို့က လက်စားချေဖို့ လာကြတာလား။ သူတို့တွေ ဒေါသဖြစ်နေလဲ ဖြစ်ကြပေ့စေပေါ့။

“ဂိတ်စောင့် စီနီယာအကို ကျောင်းထဲကိုသွားပြီး ကျောင်းအုပ်ကြီးကို ရှာလိုက်။ ကျွန်တော်နဲ့ တုန်းရီ ဂိတ်ဘက်ကို အရင်သွားနှင့်လိုက်မယ်”

တုန်းရီနဲ့ ကျုပ် ကျောင်းဂိတ်ပေါက်ဝဆီ လျှပ်စီးလက်သလို ပြေးသွားရတော့တာ။ သေရော။ တကယ်ကြီးကို ဂိတ်ဝမှာ မိုးမီးလောင်နေတာ ဆူညံ့ပွက်လို့။ ကျောင်းအပေါက်ဝမှာ လူအုပ်ကြီးတစ်အုပ် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေတာ။ တုန်းရီ ကျုပ်နားကပ်လာပြီး..

“ကျန်းကုန်း ဟိုမှာကြည့်၊ အဲ့ လူ့မလိုင် လူကုံထန်သားသမီးတွေ မနေ့က ငါ့ သမလိုက်တဲ့ကောင်တွေေ

အာ။ ဒီကောင် တကယ်ကြီး သမနိုင်ခဲ့တာလားလို့တောင် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိနေလိုက်တယ်။ အခုလာပြီး ပြဿနာရှာနေတဲ့သူတွေအကုန်လုံးက အထက်တန်းလွှာ သားသမီးတွေကြီးပဲ။ ပြောစရာ စကားကိုမရှိတော့တာ။ တုန်းရီနဲ့ကျုပ် အတူတူ လျှောက်ထွက်လာလိုက်တယ်။ တုန်းရီ ဘာမှ မပြောရဲပေမယ့် ကျုပ်ကပဲ…

“အားလုံး အသံတိတ်စမ်း။ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ မင်းတို့က စစ်သ‌ည်ကျောင်းတော်ကြီးကို တမင် လာပြီး အနှောက်အယှက်ပေးနေကြရအောင် ဘယ်လောက်ထိ ဒုက္ခရောက်ခဲ့ကြလို့လဲ”

လမ်းမလျှောက်နိုင်လု နီးပါအထိ အဆီတွေနဲ့ ပြည့်နေတဲ့လူကြီး တစ်ယောက် တဖြည်းဖြည်း ထွက်လာတယ်။

“မင်းက ဘာကောင်လဲ။ မင်းတို့ ကျောင်းအုပ်ကြီးကို ထွက်လာပြီး စကားပြောခိုင်းလိုက်။ ငါပေါ်ကြည်ကျူးလို့ပြောလိုက်”

လူကသာ စွတ်ဝနေတာ၊ သူ့မျက်လုံးတွေက စစ်သည်တော် တစ်ယောက်ရဲ့ စူးရှတောက်ပမှုတွေ အပြည့်နဲ့ဆိုတော့ မြို့စားကြီးဆိုတာ သာမာန်လူတစ်ယောက် မဟုတ်နိုင်တာတော့ အသေအချာပဲ။

“မင်္ဂလာပါ မြို့စားကြီး။ ကျွန်တော် ဒီကျောင်းက ကျောင်းသားတစ်ယောက်ပါ။ ဒီလောက်လူတွေအများကြီး ကျောင်းအပေါက်ဝမှာ ပိတ်နေတာဆိုတော့ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမှာ စိုးမိပါတယ်။ ကျောင်းအုပ်ကြီး ဒီအကြောင်းတွေသိရင် ထွက်လာပါလိမ့်မယ်။ ဘေးဘယ်ညာမှာ ခဏလောက် စောင့်ပေးလို့မရဘူးလား”

“မင်းက ဘယ်မျိုးနွယ်ကလဲ။ မင်းကို ငါတခါမှ မတွေ့ဖူးသေးပါဘူး။ မင်းက သာမန်လူတန်းစားလား”

“ဟုတ်တယ်။ ကျုပ်က သာမန်လူတန်းစားကနေ ဆင်းသက်လာတာပါ”

“ဒါဆို အောက်တန်းစား လယ်သမားတစ်ယောက်ပဲဖြစ်နေတာပေါ့။ မင်းမှာ ငါနဲ့ စကားပြောဖို့ အရည်အချင်းမရှိဘူး။ ဘေးရှောင်နေလိုက်”

“သာမန်လူတန်းစားဆိုတော့ရော ဘာဖြစ်လို့လဲ။ အားလုံးက လူတွေမဟုတ်ဘူးလား။ ခင်ဗျားတို့ အရာရှိ၊ အရာခံတွေပဲ လူတွေလို့ထင်နေတာလား။ ကျုပ်တို့လို အခြေခံလူတန်းစားတွေ မရှိရင် ခင်ဗျားတို့ ဘာတွေသွားစားကြမှာတုန်း။ ခင်ဗျား တို့ဘိုးဘေးတွေရဲ့ အရှိန်အဝါကြောင့် ခင်ဗျားတို့ နာမည်တစ်လုံးနဲ့ နေနိုင်နေကြတာမဟုတ်ဘူးလား။ ဒီကိစ္စက ဘာများ အံ့ဩစရာပါနေလို့တုန်း။ ကျုပ်လမ်းမဖယ်ဘူးဆိုရင်ရော ခင်ဗျားဘာလုပ်နိုင်မှာမို့လဲ”

ကျုပ်စကားလုံးတွေက အောက်ခြေလူတန်းစားတွေရဲ့ နာကျဉ်းမှု သံစဉ်တွေလေ။ အုပ်ချုပ်သူ လူတန်းစားတွေ အနိုင်ကျင့်တဲ့ဒဏ်တွေကို အခြေခံလူတန်းစားတွေ ခံစားနေခဲ့ရတာ ကြာပြီဆိုတာ ကျုပ်ကြားနေရတာပဲ။ ကျုပ်နောက်ကနေ တုန်းရီကတော့ အင်္ကျီစကို ဆက်တိုက်ဆွဲနေတော့တာ။ နောက်ကျတော့ ပေါ်ကြည်ကျူးက ဘယ်လောက်ထိ သိမ်ဖျင်းတဲ့ စိတ်ဓါတ်တွေနဲ့ ပြည့်နေလဲဆိုတာ သိလိုက်ရတယ်။

“အို့… တော်တော်ကောင်းတာပဲ။ ဒီပေစုပ်စုပ် လယ်သမားတစ်ယောက်က ငါ့ကို ကလန်ကဆန် လုပ်ရဲတယ်တဲ့လား။ လာကြစမ်း။ ဒီကောင့်ကိ သင်ခန်းစာပေးလိုက်”

ဒီနေရာက လူပုံအလယ်မှာဆိုတာ သူခွဲခြားနိုင်စွမ်းမရှိတော့ဘူးလားဟ။ မြို့နဲ့ဝေးပြီး ချောင်ကျတဲ့နေရာဆိုလဲ တစ်မျိုးပေါ့။ အချိန်အခါမဟုတ် ရမ်းချင်တိုင်း ရမ်းလို့ရအောင် သူ့လူတွေတောင် ခေါ်လာလိုက်သေးတယ်။ သူ့ငယ်သားတွေကလဲ သူတို့ ခေါင်းဆောင်ရဲ့ ဆိုလိုရင်းကို သိနေကြတော့ သခင်အားရ ကျွန်အစာဝ လုပ်ဖို့ ဆိုင်ပြင်းနေကြလေရဲ့။

တုန်းရီ ရုတ်တရက် ကျုပ်ရှေ့ရောက်လာပြီး…

“ခင်ဗျား လုပ်ရဲလား။ ဒါသူရဲကောင်းတွေရဲ့ ကျောင်းတော်ကြီးနော်။ ခင်ဗျားဒီလောက်ထိ အတင့်ရဲလာရင် ကျုပ်တို့ သည်းခံနေမှာ မဟုတ်တော့ဘူး”

တုန်းရီရဲ့ လုပ်ရပ်က ကျုပ်ကို ဒုက္ခတောထဲက ဆွဲထုတ်နိုင်ယုံလေးတင်မဟုတ်ဘဲ သူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်အောင် လုပ်သလိုဖြစ်သွားတယ်။

“ဒီကောင်၊ ဒီကောင်။ မနေ့က ကျန်တော်တို့ကို သမသွားတာ အဲ့ဒီကောင်”

“ဒါဆို ငါ့သားကို သမသွားတာ မင်းပေါ့လေ။ ဟမ်။ မင်း အသေဆိုးနဲ့ သေနိုင်ဖို့ ငါလုပ်ပေးရမှာပေါ့။ လာကြစမ်း။ ဒီကောင့်ကို ဝိုင်းထားလိုက်။ ထွက်မပြေးစေနဲ့”

ပေါ်ကြည်ကျူးရဲ့ နောက်လိုက်တွေ ကျုပ်တို့ကို ချက်ချင်း ဝိုင်းထားလိုက်တာ။ ကျုပ်တို့ အနေအထားကတော့ အကောင်းထက် အဆိုးဘက်များနေပြီ။ ကျုပ်နောက်က တုန်းရီ နည်းနည်းလေး တွန့်ဆုတ်သွားသလိုမျိုး ကျုပ်ခံစားသိလိုက်ရတယ်။ သူ့ခံစားချက်တွေကို သေချာထိန်းနိုင်အောင် ဂရုတစိုက်နဲ့ပဲ..

“ဘာကိုကြောက်နေတာတုန်း။ မင်းအစ်ကိုက မှော်သခင် တစ်ယောက်ဆိုတာ မေ့သွားပြီလား”

ကျုပ်စကားတွေက တုန်းရီအတွက် ယုံကြည်မှုပိုရသွားတဲ့ပုံပဲ။ မှော်သခင်တစ်ယောက်နဲ့ဆို ခင်ဗျားရော ဘာကို ကြောက်နေရအုံးမှာတုန်း။ တိုက်ကြ ခိုက်ကြမယ်ဆိုလဲ ရှုံးစရာမှ မရှိတာ။

ကျုပ်တို့ကို ရေလှိုင်း တွေလိုမျိုး အတွင်းက(၃)ထပ်၊ အပြင်က(၃)ထပ်တောင် ဝိုင်းထားတာ။ ဒီလိုမျိုး အစွန်းရောက်ဖို့ လိုလို့လား။ ကျုပ်တို့ဘက်မှာ ချာတိတ်လေး(၂)ယောက်ပဲ ရှိတာလေ။

“သွား ငါအမိန့်ပေးတယ်။ ဖမ်းလိုက်ကြစမ်း”

ကြည့်ရတာ ကျုပ်တို့ကို အပြစ်ပေးလို့ရအောင် အကြောင်းပြချက် တစ်ခုခု ရှာနေတဲ့ပုံပဲ။ အောက်ခြေ လူတန်းစားတွေက အရာရှိ စစ်သည်တွေ အနိုင်ကျင့်တာကို မကျေမနပ်ဖြစ်နေကြပေမယ့် ပေါ်ကြည်လိုမျိုး နောက်ခံတောင်တင်းတဲ့သူ ရှိနေတော့ ဘယ်သူမှ ပွင့်ပွင့်လင်းလင်း ထုတ်မပြောရကြဘူးလေ။

“ဘယ်သူ သွေးတိုးစမ်းရဲလဲကွ ဟေ”

ကျုပ် အဟုတ်ကို ဒေါသထွက်နေတာ။ အရင်တုန်းကဆိုရင် ကျုပ်ဆိုတဲ့ကောင်က ပြဿနာတွေနဲ့ ဝေးနိုင်သမျှ ဝေးအောင် နေတတ်တာ။ အခုအချိန်မှာတော့ ကျုပ်စွမ်းအားတွေ အရမ်းကို အားကောင်းနေပြီ။ ဒီကောင်တွေ ကျုပ်တို့ကို နိုင်ထက်စီးနင်း အနိုင်ကျင့်နေတာကြောင့်လဲ ပါလိမ့်မယ်။ ကျုပ် သည်းခံနိုင်စွမ်းတွေ ကုန်သွားပြီ။ ရှောင်ပြေးမယ့်အစား သေသေရှင်ရှင် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

တုန်းရီနဲ့ ကျုပ်ကို ကာကွယ်နိုင်အောင် စိတ်ထဲကနေ မန္တန်တစ်ခု အသာလေး ရွတ်လိုက်တယ်။ ကျုပ်တို့နှစ်ယောက်ကို ငုံပြီး အဖြူရောင် အလင်းတန်းတွေပေါ်လာတာပေါ့။ တုန်းရီကလွဲရင် ကျန်တဲ့လူတွေအားလုံးက တိုက်ပွဲ စိတ်ဝိညာဉ်လို့ပဲ ထင်နေကြတာ။ တကယ်တော့ ဒါဟာ ကျုပ်ရဲ့ ကြီးမြတ်သော မလင်းနယ်မြေမန္တန်လေ။

ပေါ်ကြည် တော်တော် အံ့ဩသွားပြီး ဒီနှစ်ကောင် တော်တော်အစွမ်းထက်တယ်လို့ တွေးမိနေလောက်ပြီ။ ငါ့သားကို သမသွားတာ မဆန်းတော့ဘူး။ လူတွေ ခေါ်လာတာ တော်တော်ကံကောင်းသွားတယ်။ စသည်ဖြင့်ပေါ့လေ။

“အားလုံး ဝိုင်းတိုက်စမ်းကွာ။ ဒီအင်အားနဲ့ ဒီနှစ်ကောင်ကို မနိုင်ဘူးဆိုတာ ငါဘယ်လိုမှ မယုံဘူး”

“တော်တော်ကို အရှက်မရှိတာပဲ။ ခင်ဗျားက ကျုပ်တို့ကို နိုင်ချင်တာနဲ့ လူအင်အား ဒီလောက်တောင်သုံးမယ်ပေါ့”

ကျုပ်စကားကြားတော့ ပေါ်ကြည်ရဲ့လူတွေ ရှေ့ဆက်မတိုးတော့ဘူး။ သူတို့ သိက္ခာကို သူတို့ တော်တော် တန်ဖိုးထားတဲ့ ပုံပဲ။ သူရဲကောင်းတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ဆိုတာ သူတို့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေတာကို။ ဒီနည်းလမ်းက နည်းနည်း မှန်သွားသလိုပဲ။

“အို.. လင်ရောင်ခြည်။ မိတ်ဆွေရေ.. အဆုံးမရှိ တောက်ပနိုင်စွမ်းတွေ ပေးဖို့ တောင်းဆိုလိုက်ပါတယ်။”

ဒါ အဆင့်(၅)တိုက်ခိုက်ရေး မန္တန်ဗျ။ အရမ်းကြီး ပြင်းထန်မနေပေမယ့် သူ့ပုံစံအနေအထားနဲ့တင် တော်ယုံလူတွေ အတွက်တော့ အထူးကြောက်စရာပေါ့ဗျာ။

ကျုပ်ရွတ်ပြီးတာနဲ့ ခန္ဓာကိုယ်ထဲကနေ စူးစူးရှရှအလင်ရောင်တွေက မီတာ(၅၀)လောက်ထိ ဖုံးပစ်လိုက်တာ။ ကျုပ်နဲ့ (၁၀)မီတာအတွင်း ရောက်လာတဲ့ လူမိုက်တွေမှန်သမျှ အဝေးကြီးအထိ ကန်ထုတ်ပစ်လိုက်တယ်။ ခွန်အားနည်းတဲ့ တော်တော်များများကတော့ ဒဏ်ရာအပြင်းအထန် ရသွားကြလေရဲ့။

“သေချင်တဲ့ကောင် ရဲရဲတက်လာခဲ့စမ်း။ ငါတို့ ညီအစ်ကို(၂)ယောက် မင်းတို့လို ကလေကချေတွေကို ကောင်းကောင်းဆုံးမ ပေးနိုင်မလားဆိုတာ စမ်းကြည့်ရသေးတာပေါ့”

လောလောဆယ်တော့ လူ့အဏ္ဍတွေ မလှုပ်ရဲကြတော့ဘူး။ ပေါ်ကြည်လဲ အခြေအနေတွေ တလွဲဖြစ်နေတာ မြင်တော့ ရှေ့ကိုကြည့်ရင်း ဖောယောင်နေတဲ့ သူ့မျက်နှာပေါ်က မျက်စိတွေဆို ဘလိပ်ဓားသွားတွေလောက်ပဲ ကျန်တော့တယ်။

“မင်း ခုဏကသုံးလိုက်တာ ဘယ်လိုမှော်ပညာလဲကွ။ ကောင်းလိုက်တာ။ ငါမင်းကို လျှော့တွက်မိသွားတဲ့ပုံပဲ။ ငါ့ခွန်အားတွေ မင်းကို သိခွင့်ပေးလိုက်မယ်။ ငါ့ရဲ့ မြို့စားရာထူးဆိုတာ အကြောင်းတိုက်ဆိုင်မှု တစ်ခုကြောင့် ရခဲ့တဲ့ ရာထူးမဟုတ်ဘူးကွ။ ဟမ့်”

သူ့အသံတွေ ထွက်လာတာနဲ့အမျှ ကျုပ်အပေါ် ဖိအားတွေ ပိုပိုတိုးလာသလိုခံစားရတယ်။ ပုတိုတို မြို့စားကြီးရဲ့ ခန္ဓာကိုယ်ကနေ ကောင်ကင်ပေါ် ရောက်သွားသလိုမျိုး အရှိန်အဝါတွေ ထုတ်နေတယ်။ ဒီလိုမျိုး ထင်မထားမိဘူး။ အဲဒါကြီး ဖြစ်နိုင်ပါတယ်လို့တော့ လာမပြောနဲ့နော်။

မြို့စားကြီးရဲ့ စကားတွေက ကျုပ်ထင်တားတာတွေကို အတည်ပြုပေးလိုက်သလိုပဲ။ သူပြောတဲ့ စကားလုံးတွေက..

“တကယ်တမ်း ငါ့ပုံစံက ကြယ်စင်သူရဲကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို့ မင်းထင်မထားဘူးမို့လား။ ရှို့တိမှာ ခွန်အားဆိုတာ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်အပေါ်မှာ မူတည်တွက်လို့မရဘူးကွ”

============= (*^*)=============

အပိုင်း(၆၂)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters