← Chapters

ရန်သူ၏ အားနည်းချက်များကို ဖော်ထုတ်ခြင်း

Vol. 5 Ch. 62

ရန်သူ၏ အားနည်းချက်များကို ဖော်ထုတ်ခြင်း

Vol. 5 Ch. 62

Volume 3: Chapter 19 – Revealing the Enemy’s Weakness

ကိုယ်ကခဲ့တဲ့ဇာတ် ကိုယ်မနိုင်တော့သလိုမျိုး ဖြစ်နေတော့ နည်းနည်းတော့ ကြောက်စိတ်ထိန်းမရ ဖြစ်သွားတယ်။ သူနဲ့သာ ထိပ်တိုက်တွေ့ရရင် ရလဒ်တော်တော် ဆိုးလိမ့်မယ်။ ကြယ်စင်သူရဲကောင်း ဆိုတာ မှူးမတ်တွေနဲ့ အဆင့်တူတယ်လေ။ သေချာပေါက် သတိလွတ်လို့မဖြစ်တော့ဘူး။ ကျုပ်လဲ မှော်စွမ်းအားတွေ လျှို့ဝှက် စုစည်းထိန်းညှိနေတာ ဆိုတော့ အထွတ်အထိပ်အခြေအနေကို ရောက်နေပြီ။‌ ပေါ်ကြည် သူ့ရှေ့က ပြောင်းလဲနေတဲ့မြင်ကွင်းကို မြင်နေရပြီ။ ပထမတော့ ပေါ်ကြည် စွမ်းအင်ဖိအားတွေကြောင့် ကျုပ် ဖြူဖတ်ဖြူရော်ဖြစ်တာကို မြင်တော့ ပြုံပြီး ကျုပ်မှာ ခံနိုင်ရည်သိပ်မရှိဘူးဆိုတာ သေချာပေါက် တွက်လိုက်ပြီ။ ရုတ်တရက် ကျုပ်ခန္ဓာကိုယ်ကနေ အဖြူရောင်အလင်းတန်းတွေ ထွက်လာပြီးတော့ သူထုတ်လွှတ်ထားတဲ့ ဖိအားတွေကို လုံးလုံးကြီး ဖယ်ရှားပစ်လိုက်ပြီလေ။ သူ့စိတ်ထဲမှာ မတွေးဘဲမနေနိုင်အောင်ဖြစ်နေလောက်ပြီ။ ‘ဒီကောင်ကွာ။ ဖြစ်နိုင်ပါ့မလား။ ငါနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့အထိ ခွန်အားတွေ တကယ်ကြီးရှိနေတာလားဟ။ ဒီလို ငချွတ်လေးမှာ ဒီလိုစွမ်းအားမျိုး ရှိနေတယ်ဆိုတာ ဘယ်လိုမှကို တွေးကြည့်လို့မရတာ။’

ခုချိန်မှာတော့ နှစ်ယောက်သား ဟိုဘက် ဒီဘက် ရပ်နေကြယုံပဲ ရှိနေသေးတယ်။ ကျုပ်နားထဲကို မှော်ဝိညာဉ်နဲ့ ချိတ်ဆက်ပြီး မနောကနေ လှမ်းပြောတဲ့ ဆရာဈဝမ်ရဲ့ အသံကိုကြားလိုက်ရတယ်။ သူ့အသံက အလောတကြီး နိုင်တဲ့ အသံဗျ။

“ကျန်းကုန်း အမြန်ရပ်လိုက်။ မင်းခွန်အားတွေ သူမသိစေနဲ့။ မြန်မြန် မြန်မြန်။”

ကျုပ်နှလုံးကတောင် ထိတ်ကနဲ တစ်ချက်ခုန်သွားတယ်။ ဟုတ်တာပေါ့။ ကျုပ်ရဲ့ ခွန်အားတွေကို ထုတ်ပြတဲ့အလုပ်က ပညာမဲ့ရာရောက်နေတယ်လေ။ ကျုပ် မှော်စွမ်းအားတွေကို ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းချင်း ပြန်ထည့်ချင်နေတာ။ ပြီးတော့ ကျုပ်မျက်နှာမှာ သူ့ဖိအားတွေကို မခံနိုင်တော့သလို အရိပ်အရောင် ပေါ်လာရတော့တာပေါ့။

ပေါ်ကြည် စိတ်သက်သာရ ရသွားတယ်။ ကျုပ်ခွန်အားကုန်တာ အချိန် အရမ်းမြန်တယ်လို့ ထင်ပြီး ကျုပ်ရဲ့ အစစ်အမှန်စွမ်းအားထက် အများကြီး ခွန်အား ပိုနည်းတယ်လို့ သူထင်သွားတာပေါ့။ အဲ့အချိန်မှာပဲ သူ့ရန်သူဟောင်းက ပေါ်လာရော။

“အို့ အို။ ဘယ်လိုလေမျိုးကများ မြို့စားမင်းလိုလူကို ဒီအထိရောက်အောင် တိုက်လိုက်ပါလိမ့်။ ဟီး ဟိး။ ဟေ့ ဟေ့ မင်းက ဒီလောက်များတဲ့ တပ်ကြီးနဲ့ ဒီမှာ ဘာတွေလုပ်နေတာတုန်း”

ဆရာဝမ်ရဲ့ စကားလုံးတွေက ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက် လုံးဝကို မပါတာ။ ဆန့်ကျင်ဘက်ပဲ။

ဆရာဝမ် ရောက်လာတာ မြင်တော့ ပေါ်ကြည် သူ့စွမ်းအားတွေကို ပြန်ရုပ်သိမ်းလိုက်တယ်။ သူက ပြောင်ပြောင်ပဲ..

“ဒီသူရဲကောင်းကြီး ထွက်လာပါ့မလားလို့ တွေးနေတာကွ။ အခုလာတာ အတင်းအဖျင်းပြောဖို့မဟုတ်ဘူး။ မင်းဆီက တရားမျှတမှုရဖို့ ငါရောက်လာတာ”

“ဘာကြီး။ တရားမျှတမှု ဟုတ်လား။ ဘယ်ကတရားမျှတမှုလဲဟ။ အာ.. ငါလဲ မင်းလို မြို့စားတစ်ယောက်ကို မစော်ကားခဲ့ဖူးပါဘူးဟ”

“မင်း မသိသေးဘူးလား။ မင်းမသိသေးတဲ့ တပည့်တစ်ယောက်ကပဲ တိုက်ခိုက်သွားတာလား။ ဒီနေ့တော့ မင်းကို ငါရှင်းပြမှ ရတော့မယ်ထင်တယ်။ မင်းတပည့် မနေ့က ငါ့သားအပြင် တခြား အထက်တန်းလွှာတွေကိုပါ တိုက်ခိုက်သွားတယ်။ ဒါတွေ နောက်မှပြောတော့။ အခု မင်းဘာလုပ်ပေးမယ်”

“ဟုတ်သားပဲ။ ဒီလို သတင်းမျိုး ငါ့ကို ပြောခဲ့သေးတဲ့ ပုံပဲ။ ဒါပေမယ့် တော်တော်လေး ကွဲပြားနေတယ်။ အရင်ဆုံး ကဲ့ရဲ့ ရှုတ်ချခဲ့တာက အထက်တန်းလွှာသားသမီးတွေလို့ ငါ့တပည့်က ပြောတာဟ။ သူစော်ကားခံရပြီးမှ ပြန်တုန့်ပြန်ခဲ့တာလေ။ ဥပဒေအရဆိုရင် သူ့ကို အဲလိုလုပ်ဖို့ တွန်းအားပေးခံရတာလို့ ပြောရလိမ့်မယ်”

ပေါ်ကြည်မျက်နှာမှာ စိတ်ခံစားချက် တစ်ခုမှ ပေါ်မလာသေးတော့ သူနည်းနည်း ငြိမ်သွားတဲ့ပုံပဲ။ သူ့အကြောင်း သိတဲ့သူတွေကတော့ ဒေါသ တော်တော်ထွက်နေပြီဆိုတာ သိနေကြလေရဲ့။

“ဒီတော့ မင်းတပည့်ကို ကာကွယ်ပေးမယ်လို့ ပြောချင်တာလား”

“မင်းသားရဲ့အခြေအနေလေး ကြည့်ဖို့ ငါ့ကို တစ်ချက်လောက်အရင် ခွင့်ပြုပါလား”

ပေါ်ကြည် ဆီက အပြောတောင်မစောင့်ဘဲ စမတ်ကျကျ ဝတ်ထားတဲ့ လူငယ်တစ်ယောက် လူအုပ်ထဲကနေ တိုးထွက်လာတယ်။ သူက ပါးပါးနပ်နပ်နဲ့…

“ခင်ဗျား မြင်လား၊ ခင်ဗျားမြင်လား။ သူကျုပ်မျက်နှာကို ရိုက်ခဲ့တာလေ”

ပါးစပ်ကလဲပြော ရောင်ကိုင်းနေတဲ့ မျက်နှာကိုလဲ လူတိုင်းကို ပြနေလေရဲ့။

ဆရာဝမ်တင်မကဘူး အနားက အရိပ်အကဲ ကြည့်နေတဲ့သူတွေအားလုံး ဝါးလုံးကွဲ ရယ်ကြတော့တာ။ သူပါးအရိုက် ခံရတာက မျက်နှာပေါ်မှာ လက်ဝါးရာကြီးက ထင်းနေတာပဲလေ။ အာ.. မနေ့က တုန်းရီ တော်တော်လေး လက်သွက်သွားတယ်ထင်တယ်။ အစက သူ့ကိုရိုက်ခံရလို့သာမဟုတ်ရင် လက်စားချေဖို့ လူတွေအများကြီး ဘာလို့ခေါ်လာမှာတုန်း။ တုန်းရီရဲ့ အင်္ကျီစကို အသာဆွဲပြီး..

“အာ မင်းတော်တော် လက်သွက်တာပဲ။”

“ဒါပေမယ့် တခြားလူတွေကို လွတ်လွတ်လပ်လပ် တိုက်ခွင့်မရခဲ့ဘူးကွ။ သူတို့ကို သင်ခန်းစာ ပေးယုံလောက်ပဲ ရှိတာ”

“မင်းရဲ့ အဖိုးတန်သား ဒဏ်ရာက အဲလောက်ကြီးတာလဲ မဟုတ်ပါဘူးကွာ။ ဒီကိစ္စလောက်လေးနဲ့ မြို့စားတစ်ယောက်က ဒီလောက် တပ်ဖွဲ့ကြီးခေါ်လာဖို့ တကယ်ရော လိုအပ်လို့လားဟ။ ပြီးတော့ ဒီနေရာက တော်ဝင်မိသားစုရဲ့ ဂုဏ်ဆောင် အဆင့်အမြင့်ဆုံး သူရဲကောင်းကျောင်းတော်ကြီးနော်”

ဆရာဝမ် စကားလုံးတွေနဲ့ ခြိမ်းခြောက်နေတယ်ဆိုတာ အရှင်းကြီးပဲ။

ပေါ်ကြည် သူကိုယ်တိုင်ပဲ သူ့သားကို လူအုပ်ထဲ ရောက်တဲ့အထိ ဖင်စောင့်ကန်လွှတ်လိုက်တယ်။

“ခွေးကောင်။ မင်းကို ဒီစကားဝိုင်းထဲ ဝင်လာဖို့ ဘယ်သူ ခွင့်ပေးလိုက်လို့လဲ။ ဒီနေ့တော့ မင်းကို ဖိအားမပေးတော့ဘူး။ ဒါကြောင့် ဒီနေ့ကိစ္စ မင်းငါ့ကို ဖြေရှင်းချက်ပေးရင် ဒီအတိုင်းပဲ ထားလိုက်တော့မယ်”

“ဒါဆိုရင် မင်းဘာလုပ်ဖို့များ စဉ်းစားနေတာတုန်း။ မင်းရဲ့သားက ငါ့တပည့်ကို စော်ကားလိုက်တယ်။ ငါ့တပည့်က မင်းသားကို ပြန်တောင်းပန်စေချင်တယ်လို့တော့ လာမပြောနဲ့နော်။ မင်းဆီကနေ တရားမျှတမှု တောင်းဖို့ ငါမလာခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီအပြစ်သားက ငါ့ရှေ့ရောက်လာတယ်။ ငါ့ကို အနိုင်ကျင့်ဖို့ တော်တော်လွယ်တယ်လို့များ မင်းထင်နေတာလား”

ဌာနခွဲတိုင်းက ဆရာတွေ ဦူးဆောင်ပြီး ကျောင်းသားတွေ တစ်အုပ်ကြီးထွက်လာတာက ဆရာဝမ်ရဲ့ စကားတွေကို ထောက်ခံပြီးသား ဖြစ်နေပြီ။ ဒီကျောင်းသားတွေက နိုင်ငံတော်အတွက် အဓိက ဒေါက်တိုင်၊ အဓိက မဏ္ဍိုင်တွေလေ။ သူတို့ထဲက အညံ့ဆုံးဆိုတဲ့ ဆရာတစ်ယောက်ကတောင် မြေနဂါးတပ်ဖွဲ့ဝင်တွေနဲ့ အသာလေး ယှဉ်တိုက်နိုင်နေမှာတောင် စိုးရိမ်ရသေး။

(#မူလစာရေးသူ မှတ်ချက်။ ရှို့တိ ဘုရင့်နိုင်ငံတော်တွင် ဥပဒေတစ်ခုရှိသည်။ မှူးမတ်တိုင်းသည် ၎င်းတို့၏ ရာထူးအဆင့်အတန်းအလိုက် စစ်အင်အား ပိုင်ဆိုင်ခွင့်ရှိသည်။ မင်းသားတစ်ယောက်တွင် စစ်သည်(၅၀၀၀)၊ မြို့စားမင်း စစ်သည်(၃၀၀၀)နှင့် အထက်တန်းလွှာများသည် စစ်သည်(၂၀၀၀)တို့ကို ကိုယ်ပိုင် တည်ထောင်ထားနိုင်ပြီး အခြားအဆင့် မှူးမတ်များအားလုံးသည် စစ်သည်(၁၀၀၀)ပါတပ်ဖွဲ့များ ပိုင်ဆိုင်ခွင့် ရှိပေသည်။ အခြားတစ်ဖက်ရှိ သူရဲကောင်း ကျောင်းတော်ကြီးတွင် ကျောင်းသား(၈၀၀၀)ထက်မနည်းရှိနေသဖြင့် ဆရာဝမ်အနေဖြင့် ပေါ်ကြည် ကဲ့သို့ လူများကို လုံးဝမကြောက်ခဲ့ချေ။)

ပေါ်ကြည် မျက်နှာ ပြောင်းသွားပြီး…

“ကောင်းပြီလေ။ မင်းတော်တော် ရက်စက်တဲ့ကောင်ပဲ။ ငါတို့ ဒီကိစ္စ တရားရေး အမတ်ကြီးဆီ တင်ပြရမယ်။ မင်းငါ့ကို ဘယ်လောက်တောင် ဖိအားတွေ ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့”

“လောလောဆယ်တော့ မင်းမှာ လူအင်အားနည်းနေတယ်။ မင်းသွားမယ်ဆိုလဲ သွားလိုက်တော့။ ငါတော့ မင်းကို မကြောက်ရေးချ မကြောက်ပဲ”

ဆရာဝမ်ဆိုတာက ‘နိုင်ငံတော်ရဲ့ ဆရာ’ ရာထူး အပ်နှင်းခံထားရတဲ့သူလေ။ ရှို့တိမှာ ဒီရာထူးက မယုံကြည်နိုင်လောက်အောင်ကို ဩဇာလွမ်းမိုးမှု မရမ်းရှိတာ။ နိုင်ငံတော်အဆင့် ပညာရေးစီမံကိန်းကြီးတစ်ခု အကောင်အထည်ဖော်နိုင်ခဲ့လို့ သူရဲကောင်းကျောင်းတော်ဆိုတာ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ တရားဝင် အဖွဲ့အစည်းကြီး တစ်ခုဖြစ်နေတာလေ။ သူရထားတဲ့ ဘွဲ့က ပေါ်ကြည်ထက် နိမ့်ကျပေမယ့် ရှို့တိနိုင်ငံထဲမှာတော့ ပေါ်ကြည် ထက်အားနည်းစရာ အကြောင်းမှမရှိတာ။

ပေါ်ကြည်နဲ့ သူ့လူတွေ ပြန်သွားပြီး သတင်းစကားစောင့်နေကြတယ်။ ဆရာဝမ်ကလဲ ကျောင်းတော်က လူတွေအားလုံးကို ကိုယ်နေရာကိုယ် ပြန်ခိုင်းလိုက်တယ်။ သူထွက်မသွားခင်မှာ ပြန်မလာနိုင်ရင်တောင် ဘာမှာမလုပ်ပါ၊ တုန်းရီကိုသာ ဂရိုစိုက်ပေးထားဖို့ စိတ်ဝိညာဉ်ကနေတဆင့် မှာသွားလေရဲ့။

တကယ်တမ်းကျ ပေါ်ကြည်ရဲ့ စွမ်းအား အစစ်အမှန်ကို မြင်ပြီးကတည်းက တုန်းရီ ညည်းတွားနေတာ။ မြို့စားလို လူတစ်ယောက်က ဒီလောက်ထိ သိုင်းပညာစွမ်းအား ကောင်းနေမယ်လို့ ထင်မထားဘူးလေ။ သူတို့လို့ အထက်တန်းလွှာတွေ ကြားထဲမှာ ဒီလို အရည်အချင်းမျိုးနဲ့လူ ရှိနေလိမ့်မယ်လို့ ဘယ်သူကရော စိတ်ကူးမိလာလဲ။ သေချာတာတစ်ခုက တဇောက်ကမ်း ပုံစံနဲ့ ကလဲ့စားချေမှာတော့ မဟုတ်တော့ဘူး။ တကယ်တမ်းကျ တုန်းရီ သူခံစားချက်တွေ မပေါက်ကွဲခင်မျာ အကြောင်းပြချက် ကောင်းကောင်းယူထားနိုင်ခဲ့တာပဲ။ တခြားသူတွေရဲ့ စကားက အရာမဝင်နိုင်တော့ဘူးလေ။ ဒေါသကြောင့် ဒုက္ခရောက်မှာ မပူရတော့ဘူးပေါ့။

ပေါ်ကြည်နဲ့ ဆရာဝမ်တို့ကတော့ တရားစီရင်ရေး ခန်းမကို သွားကြလေရဲ့။ နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အလျော့ပေးမယ့် ပုံလဲမပေါ်ဘူး။ ကျုပ်နဲ့ တုန်းရီကတော့ ကိုယ့်အခန်းကိုယ်ပြန်လာပြီး စိတ်လှုပ်ရှားစွာနဲ့ ထိုင်စောင့်နေယုံပဲ တတ်နိုင်တယ်လေ။ အစားပုတ်ဖြစ်တဲ့ ကျုပ်တောင် အစာ စားချင်စိတ် ပျောက်နေမိတယ်။ တုန်းရီ တော်တော်လေး နေသာထိုင်သာရှိလာတဲ့ပုံ ဖြစ်လာမှပဲ…

“စိတ်အေးအေးထားပါ။ နိုင်ငံတော်နဲ့ ဆရာဝမ်ရဲ့ ဆက်ဆံရေးကရှိနေတော့ ပြဿနာ ကြီးကြီးမားမား ဖြစ်လာစရာ အကြောင်းမရှိပါဘူးကွာ”

တကယ်ကိုပဲဗျ။ တစ်နာရီလောက်ကြာတော့ ဆရာဝမ်ပြန်ရောက်လာတယ်။ ဒါပေမယ့် သူ့ပုံစံက စိတ်မကောင်း ဖြစ်နေတဲ့ ပုံဗျ။

============= (*^*)=============

အပိုင်း(၆၃)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters