← Chapters

တောက်ပခြင်း တိုက်ခိုက်ရေး အဖွဲ့

Vol. 5 Ch. 65

တောက်ပခြင်း တိုက်ခိုက်ရေး အဖွဲ့

Vol. 5 Ch. 65

Child of light (ကျန်းကုန်း)

Volume 3: Chapter 22 – Radiant Battle Squad

ဒီတစ်ခုကိုပဲ အားမကိုးနိုင်ဘူးဆိုတာ သဘာဝအတိုင်းပဲလေ။ ဒီမန္တန်က သူ့ထက် အားပြင်းတဲ့ မန္တန်တွေကို သုံးနိုင်အောင် အချိန်ဆွဲပေးနိုင်တာပဲ ရှိတာကိုး။

“အို အလင်းရောင်ခြည်။ ကျုပ်ဘဝရဲ့ အရင်းနှီးဆုံးသူတွေရေ။ ဒီကမ္ဘာကြီးမှာ အခမ်းနားဆုံး အလင်းရောင်စဉ်တွေ သွန်းလောင်းလိုက်စမ်းပါ”

ကိုယ်ပွား (၁၀)ခုလုံးကနေ တပြိုင်နက် ရွတ်လိုက်တယ်။ ဒါ ကျုပ်လက်ရှိအနေထားနဲ့ သုံးနိုင်နေတဲ့ အဆင့်(၈)မန္တန်တွေထဲ အညံ့ဆုံး မန္တန်ဖြစ်တဲ့ ‘တောက်ပမှု၏ နှုတ်ဆက်ခြင်း’ပေါ့။ ဒါလဲ ချိတ်ပိတ်တဲ့ နည်းတွေထဲက တစ်မျိုးပေါ့။ ကျုပ် အနေနဲ့တော့ အဆင့်(၈)မန္တန်တွေကို ဒါပထမဆုံးအကြိမ် လူရှေ့သူရှေ့ လက်တွေ့ သုံးဖြစ်တာပဲ။

မန္တန်ရွတ်ပြီးတာနဲ့ ကျုပ် ကိုယ်ပွား (၁၀)ခုလုံးကနေ အလင်းရောင်ဖျော့ဖျော့တွေ ထုတ်လွှတ်လိုက်တယ်။ ကိုယ်ပွားတိုင်းကနေ အလင်းဖျော့ဖျာ့စက်ကွင်းတစ်ခုစီပေါ်လာပြီး အားလုံးကို ဖုံးလွှမ်းထားလိုက်တာပေါ့။ ရှို့စစ်ကလွှဲလို့ ကျန်တဲ့သူတွေအကုန် တော်တော်လန့်သွားတဲ့ပုံဗျ။ တုန်းရီအပါအဝင် ကျန်တဲ့သူတွေအကုန် မလှုပ်တော့ဘူး။ သူတို့ရဲ့ တိုက်ပွဲစိတ်ဝိညာဉ်တွေကို ဂရုတစိုက်နဲ့ အမြန်တုန့်ပြန်တာတွေလုပ်ပြီး သူတို့ ခန္ဓာကိုယ်တွေမှာ ချိတ်ပိတ်ထားတာတွေကို ခံနိုင်ရည်ရှိအောင် တိုက်ပွဲစိတ်ဝိဉာဉ်တွေ ဆက်တိုက်သုံးနေရပြီ။ ဒါပေမယ့် ဒါတွေအားလုံး အသုံးမဝင်ပါဘူး။ ချိတ်ပိတ် အလင်းတွေက သူတို့ကို ဆက်တိုက်လိုက်ပြီး နောက်ဆုံးတော့ အုပ်မိသွားတာပါပဲ။

ကျုပ်ပုံရိပ် (၁၀)ခုလုံးကနေ..

“ဘယ်သူပဲဖြစ်ဖြစ် ငါ့မှော်ပညာကို ချိုးဖျက်နိုင်မယ်ခဲ့ရင် အဖွဲ့ခေါင်းဆောင်အဖြစ် ငါကျေကျေနပ်နပ် လက်ခံမယ်။ ဘယ်သူမှ မချိုးဖျက်နိုင်ဘူးဆိုရင်တော့ အဖွဲ့ခေါင်းဆောင်က ငါပဲဖြစ်လိမ့်မယ်”

တုန်းရီကတော့ ခုခံတာကို ချက်ချင်းရပ်လိုက်တယ်။ တစ်ယောက်ယောက်က မခုခံသရွေ့ ဒီမန္တန်က အန္တရာယ်မပေးဘဲ ချိပ်ပိတ်ယုံလေး ချုပ်ထားမှာလေ။ အဖွဲ့ဝင်အသစ်(၃)ယောက်ကတော့ ဒါကို ကောင်းကောင်း မလုပ်နိုင်ကြသေးဘူးလေ။ ကျုပ် ချိတ်ပိတ်ထားတဲ့ အလင်းတွေကို ချိုးဖျက်ဖို့ အစွမ်းကုန် အားထုတ်နေကြလေရဲ့။ ကျုပ် ရှို့စစ်ကိုပဲ အလေးထားလိုက်တယ်။ သူ့တစ်ကိုယ်လုံးကို ချိပ်ပိတ်အလင်းရောင်စဉ်တွေ ဖုံးလုနီးပါဖြစ်နေတယ်။ အလင်းရောင် တစ်ခုထဲမျာ ပိတ်မိနေသလိုမျိုးပေါ့။

ခဏကြာတော့ သူတို့အားလုံး ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကျုပ်မန္တန်ကို မချိုးဖျက်နိုင်လိုက်ကြတော့ဘူး။ ဒါ စွမ်းအား ကွာဟမှုပဲလေ။ မှော်ဆရာတွေနဲ့ စစ်သည်တော်တွေရဲ့ကြားက ကွာခြားချက်ပေါ့။

ရှို့စစ်ကပဲ စပြီး..

“ငါ လက်ခံပြီ။ ငါ မင်းကို အဖွဲ့ခေါင်းဆောင်အဖြစ် လက်ခံပြီ”

သူတို့ ခေါင်းဆောင် လက်ခံမှတော့ ကောင်းသဲနဲ့ ရှင်းအောင်တို့ ပြောစရာမလိုတော့ဘူးပေါ့။ ကျုပ် မန္တန်ကို ရုတ်သိမ်းလိုက်တဲ့အချိန် ရှင်းအောင်း တံတွေးထွေးလိုက်ပြီး…

“မင်းငါတို့ကို အလစ်တိုက်တာပဲ။ ဒါတော်တော် ရွံစရာကောင်းတာပဲ”

ကျုပ်လဲ အပြုံးလေးနဲ့ပဲ..

“ဒါဆို မင်းထပ်ကြိုးစားကြည့်ချင်လား။ ဒီတခါတော့ သေချာ ပြင်ဆင်ထားလေ။ ရှောင်နိုင်မလား ကြည့်ရအောင်”

ရှင်းအောင်း ဒေါသတကြီးနဲ့..

“မင်း… အစ်ကိုကြီး မင်းပြောသင့်တယ်လေ။ ဒီနတ်ဆိုးလေးကိုတော့ ငါတို့ခေါင်းဆောင် မခန့်ချင်ဘူးနော်”

“ရှင်းအောင်း ဒီကိစ္စ ထပ်မပြောနဲ့တော့။ ယောက်ျားတစ်ယောက်ရဲ့ တန်ဘိုးဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူး။ ကျန်းကုန်းကို ငယ်တယ်လို့ ထင်နေတာလား။ ငါတို့ အသင့်ပြင်ထားမယ်ဆိုရင်တောင် သူ့မှော်ပညာကို ငါတို့ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ငါတို့ အားသာချက် ကိုယ်စီမှာလဲ ကွာခြားချက်ကိုယ်စီနဲ့ပဲလေ။ ငါသာ မမှားဘူးဆိုရင် မှော်သခင် တစ်ယောက်ရဲ့ စွမ်းအားတစ်ခုထဲနဲ့တင် ငါတို့ (၃)ယောက်လုံးကို တစ်ပြိုင်နက်ထဲ မှော်ပညာ သုံးလို့ရလောက်တယ်။ ကျန်းကုန်း မင်းက မှော်သခင်ပဲဟ”

ကျုပ်ခေါင်းညိမ့်ပြီး ဝန်ခံလိုက်တယ်။ ဟုတ်တယ်လေ ကျုပ်တို့ကြားမှာ ဖုံးကွယ်ထားလို့မှ မလိုအပ်တာ။

“ကောင်းပြီ ငါတို့ မင်းအမိန့်ကို နာခံမယ်။ အရင်တုန်းကဆို ကိုယ်ကိုကိုယ် ဉာဏ်ကြီးရှင်တစ်ယောက်လို့ ခံစားနေရတာ ကြာပြီကွ။ ဒါပေမယ့် မင်းနဲ့ယှဉ်လိုက်တော့ တော်တော်အားနည်းသေးတာပဲ။ ငါမင်းကို ကျော်နိုင်တဲ့ အချိန်ရောက်မှပဲ ဒီဂုဏ်ကို ပြန်ယူတော့မယ်”

ရှို့စစ်က နှိမ့်ချတတ်ပြီး မာနမရှိဘူးပဲ။ ကျုပ်က မှူးမတ်တစ်ယောက်နဲ့ အဆင့်တူတဲ့ အနေအထားရှိတယ်ဆိုတာ သိလိုက်ရတော့ ရှင်းအောင်နဲ့ ကောင်းသဲ ဘာမှ ထပ်မပြောတော့ဘူး။

“ကောင်းပြီလေ။ ငါ အဲ့အချိန်ကို စောင့်နေမယ်။ မင်းအဲဒါကို ပြီးမြောက် ပေါက်ရောက်မယ်ဖို့လဲ ငါမျှော်လင့်ပါတယ်။ ဘာလို့လဲဆိုရင် အခုအချိန်ကစပြီး ငါတို့က ရဲဘော်ရဲဘက်တွေဆိုလဲဟုတ်တယ်၊ သူငယ်ချင်းတွေ ဆိုလဲ ဟုတ်တယ်လေ”

သူ့လက်ကို ဆုပ်ကိုင်ရင်း ကျုပ် ရိုးရိုးသားသားနဲ့ပဲ ပြောလိုက်တာပါ။ ရှင်းအောင်းနဲ့ ကောင်းသဲတို့ ပုံစံက သူတို့ မယုံကြည် နိုင်သေးဘူးဆိုတဲ့ အရိပ်လက္ခဏာတွေ ပြနေပေမယ့် တကယ်တမ်းကျ သူတို့နှလုံးသားထဲမှာ ကျုပ်ကို ခေါင်းဆောင်အဖြစ် လက်ခံနေပြီဆိုတာ ကျုပ်သိတာပေါ့။

“အစ်ကိုကြီး ရှို့စစ်။ ငါတို့အဖွဲ့ရဲ့ တိုက်ပွဲဝင်နာမည်ကို မင်းပေးရင် ကောင်းမယ်ထင်တယ်”

ရှို့စစ် ပထမဆုံးအကြိမ် ပြုံးတာဗျ။ သူပြုံးလိုက်တာက နေရောင်ခြည်လိုမျိုး လင်းလက်နေရောပဲ။ သူကတော့ ပြုံးပြုံးပဲ..

“မင်းခုစက အာမန္တန်ကို သုံးလိုက်တာလဲ”

“ကျုပ် ခုဏက သုံးလိုက်တာက ‘တောက်ပမှု၏ နှုတ်ဆက်ခြင်း’ မန္တန်ဗျ၊ အဲဒါ အဆင့်(၈)မန္တန်ပေါ့”

“ဒါဆိုလဲ အခုချိန်ကစပြီး ငါတို့အဖွဲ့နာမည်က ‘တောက်ပခြင်း’ အဖွဲ့လို့ ခေါ်ကြတာပေါ့”

ချက်ချင်းကို ဒီအဖွဲ့နာမည်ကို လူတိုင်း တစ်ညီတစ်ညွှတ်ထဲ လက်ခံသွားကြတာဗျ။ ရှို့စစ်ရဲ့ အသိဉာဏ်က သူ့သိုင်းပညာထက် အများကြီး ပိုပြီးသာလွန်သွားပြီလို့ ခံစားနေရတယ်။

အဲ့အချိန်မှာ ဆရာဝမ်ထွက်လာတယ်ဗျ။ တိုက်ဆိုင်တာလား၊ တမင်ရည်ရွယ်ချက်နဲ့လားတော့ ကျုပ်လဲ မပြောတတ်တော့ဘူး။ ကျုပ်တို့ကြားက ပြဿနာတွေ ပြေလည်သွားပြီဆိုမှ အဲ့အဘိုးကြီး မေးခွန်းထမေးတာ..

“မင်းတို့အားလုံး အရမ်းရင်းနှီးသွားကြပြီထင်တယ်။ ဒါ တော်တော်ကောင်းတယ်ကွ။ လောကသစ်တစ်ခု ထွင်းထုဖန်တီးတော့မယ်ဆိုရင် (လမ်းကြောင်းသစ်ဖေါက်တော့မယ်ဆိုရင်) အချင်းချင်း အပြန်အလှန် ဖေးမလက်တွဲပြီး လုပ်ဆောင်သွားစေချင်တယ်။ လာကြ။ ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ ငါပြောပြမယ်”

သူ့နားကို စက်ဝိုင်လိုမျိုး ကျုပ်တို့ ဝိုင်းလိုက်ကြတယ်။

“မင်းတိုဟာ အရမ်းခက်ခဲ ကြမ်းတမ်းမယ့် ပြိုင်ဆိုင်မှုမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်ကွ။ ဒီပြိုင်ပွဲမှာ ရှို့တိက ကျွမ်းကျင်သူတွေတင် မဟုတ်ဘူး တလူနိုင်ငံနဲ့ အိုက်ရှားနိုင်ငံက ကျွမ်းကျင်သူတွေလဲ ပါလာလိမ့်မယ်။ ဥပမာကွာ.. ကျန်းကုန်းက အိုက်ရှားက လူတစ်ယောက်ပဲလေ။ ဒါကြောင့် ပြိုင်ပွဲမှာ အနိုင်ရဖို့ဆိုတာ ဘယ်လောက်ထိ ခက်ခဲလိုက်မလဲ။

အရင်ဦးဆုံး အုပ်စုလိုက်ပြိုင်ရမယ်။ အဲဒါ မင်းတို့အတွက် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ဘူး။ အဖွဲ့ဝင်တွေအကုန် လူညံ့တစ်ယောက်မှ မပါဘူးလေ။ ပြိုင်ပွဲထဲမှာ မင်းတို့တွေ (၂)ယောက်တွဲနဲ့ အဖွဲ့လိုက် အဆင့်တွေတက်နိုင်လိမ့်မယ်။ တကယ်လို့ အစွမ်းထက်တဲ့ အဖွဲ့နဲ့ တွေ့ခဲ့ရင် ကျန်းကုန်းက မှော်ပညာသုံးနိုင်တယ်ဆိုတော့ သူတို့ကို အဖွဲ့လိုက်ပဲ စိန်ခေါ်ဖို့ ငါ့အနေနဲ့ အကြံပေးချင်တယ်။ သူ့ အစွမ်းထက် မှော်ပညာနဲ့သာဆိုရင် မင်းတို့တွေ မင်းတို့ရဲ့ ခွန်အားကို အားသာချက်အဖြစ် အပြည့်အဝ ချပြနိုင်လိမ့်မယ်။ ငါစုံစမ်းထားသလောက်ဆိုရင် မတူတဲ့ အဖွဲ့အစည်းဌာနခွဲပေါင်း (၁၀၂၄)ဖွဲ့ခွဲထားပြီးတော့၊ အဖွဲ့ငယ်ပေါင်း (၁၀၀၀၀)လောက် ဝင်ပြိုင်ကြမှာကွ။ ဌာနခွဲ တစ်ခုစီတိုင်းက အဖွဲ့တိုင်းဟာ (၁၀)ကြိမ်စီ တိုက်ခိုက်ကြရလိမ့်မယ်။ ဌာနခွဲမှာ အဆင့်(၁)ရမှ နောက်တစ်ဆင့် ပြိုင်ပွဲ တက်ရောက်ခွင့်ရလိမ့်မယ်။ ဒီလိုနဲ့ နောက်ဆုံးကတော့ ဗိုလ်လုပွဲကြီးပေါ့ကွာ။

ဒီလိုပြိုင်ပွဲမျိုးကို ငါတို့ကျောင်းတော်က တစ်ခါမှ ဝင်မပြိုင်ဖူးသေးဘူး။ ပြိုင်ပွဲမှာ အဆင့်တွေ အများကြီးရှိနေတော့ အဆင့်(၁)(ပထမ)ရဖို့ဆိုရင် အနည်းဆုံး ပွဲပေါင်း(၂၀)လောက် ပြိုင်ရလိမ့်မယ်။ တာဝေးအပြေးပြိုင်ပွဲတစ်ခုလိုပေါ့ကွာ။

ပြိုင်ပွဲ စည်းကမ်းတွေက အရမ်းရိုးရှင်းတယ်။ မင်းတို့လုပ်ရမှာက စင်ပေါ်ကိုတက်သွားပြီး တိုက်ခိုက်ကြရမယ့် တိုက်ပွဲပဲ။ တောင့်မခံနိုင်တော့ဘူးဆိုရင် အရှုံးပေးလို့ရတယ်။ ဘယ်သူ့ကိုမှ သတ်ခွင့်မရှိဘူးဆိုတာကလွဲရင် တခြား ကန့်သတ်ချက်တွေ မရှိဘူး။ ပြိုင်ဖက်တွေတိုင်း သူတို့ရဲ့ အစွမ်းအစ အကုန်ချပြလို့ရတယ်။ ဒါပေမယ့် မင်းတို့တွေ မလိုအပ်ဘဲ တခြားလူတွေကို အရမ်းကြီး ထိခိုက်နစ်နာအောင်မလုပ်ကြဖို့တော့ ငါတောင်းဆိုချင်တယ်။ ငါတို့က အမှန်တရား လမ်းစဉ်ကို လိုက်ကြတာလေ။ ဒါ ငါတို့ထားရမယ့် အမှန်တရား စိတ်ဓါတ်ဖြစ်သလို၊ ငါတို့က ရှို့တိရဲ့ သူရဲကောင်းတွေဆိုလဲ ဟုတ်တယ်”

ကျုပ်ကလွဲရင် ကျန်တဲ့သူတွေ အကုန် ခေါင်းညိတ်ကြတယ်ဗျ။

“ကုန်းကုန်း။ ဒီပြိုင်ပွဲမှာ မင်းက ခေါင်းဆောင်ဆိုတော့ မင်းအရမ်းအရေးကြီးတယ်။ ကိုယ့်လူတွေ တိုက်ခိုက်ချိန်တိုင်းမှာ မင်းက အဓိက ကူညီပံ့ပိုးပေးသူအနေနဲ့ပဲ ရှိနေရမယ်။ မကူညီနိုင်လောက်တဲ့ အခြေအနေဖြစ်လာမှ မင်းလဲ ဝင်ပြီးတိုက်ခိုက်ပေါ့။ မင်း ကြောက်စရာကောင်းတဲ့ မှော်ပညာက ငါတို့အတွက် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ ပေးနိုင်မယ်လို့ ယုံတယ်။ မင်းတိုက်ခိုက်တဲ့ ပုံစံတွေ ငါတွေ့ဖူးတယ်။ အပြန်အလှန် ပညာဖလှယ်ခြင်းကနေ သင်ယူတယ်ဆိုတာ လူတိုင်းအတွက် မှန်တယ်ဆိုပေမယ့် မင်းရဲ့ မဟာမိတ်တွေကို ထိခိုက်လို့မရဘူး။ အခုအချိန်ကစပြီး မင်းတို့အဖွဲ့ခေါင်းဆောင်ဟာ ကျန်းကုန်းဖြစ်လိမ့်မယ်။ ရှို့စစ် သူ့စိတ်ထဲက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ငါယုံတယ်”

ရှို့စစ်ကတော့ ဆရာဝမ် ချီးကျူးတာကို ဖာသိဖာသာပဲထားပြီး ခေါင်းညိတ်ပြယုံလောက်ပဲလုပ်တယ်။

“ငါတို့တွေ ပြိုင်ပွဲ မစခင် အချိန် (၃)ရက်ပဲရမယ်။ အဲဒီ (၃)ရက်လောက်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်မှု နည်းစနစ်ကို အလေးထားပြီး စနစ်တကျ လေ့ကျင့်စေချင်တယ်။ မင်းတို့ရဲ့ ဒီပေါင်းစည်း စွမ်းအားက တော်တော်လေး စွမ်းအား ပြင်းလွန်းတယ်ကွ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလူအိုကြီး မျက်နှာ ပျက်မယ့်အရေးကနေ မင်းတို့တွေ ကယ်တင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဒီတိုက်ပွဲတွေပြီးရင် နောင်အနာဂါတ်မှာ မင်းတို့ နာမည်တွေက ရဲရင့်ထက်မြက်တဲ့ သူရဲကောင်းစစ်သည်တွေ အဖြစ်နဲ့ မြေကမ္ဘာအနှံ့ ပျံ့သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်ကွာ”

ဒီတစ်ကြိမ်တော့ ကျုပ်တို့တွေ အားလုံး ညီညီညာညာ၊ ကျယ်ကျယ်လောင်လောင်နဲ့ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ပဲ..

“ကျုပ်တို့ သေချာပေါက် အောင်မြင်ရမယ်”

(ဤသို့ဖြင့် အလင်း၏သားတော်အမိန့် ပေးမှုအောက်၌ ‘တောက်ပခြင်း တိုက်ခိုက်ရေးအဖွဲ့’ တစ်ဖွဲ့ကို ပထမဆုံး ဖွဲ့စည်းနိုင်ခဲ့သည်။ နောက်ပိုင်း အလင်း၏သားတော် စွန့်စားခန်းများတွင် ကြောက်စရာ ‘တောက်ပခြင်း တိုက်ခိုက်ရေးအဖွဲ့’ သည် မရေမတွက်နိုင်သော သူရဲကောင်းဆန်သည့် လှုပ်ရှားမှုပေါင်း မြောက်များစွာကို ပြီးမြောက် အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ကြပေသည်။)

============= (*^*)=============

အပိုင်း(၆၆)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters