← Chapters

ခွန်အားတိုက်ပွဲ

Vol. 5 Ch. 68

ခွန်အားတိုက်ပွဲ

Vol. 5 Ch. 68

Child of light (ကျန်းကုန်း)

Volume 3: Chapter 25 – A Battle of Strength

ကျုပ်တို့ တိုက်ပွဲ (၁၆)ခုလုံးကိုသား ပြင်းပြင်းထန်ထန်တိုက်ပြီး အနိုင်ရခဲ့ရင် မြို့စားပေါ်ကြူရဲ့ ‘လေနဂါး’အဖွဲ့နဲ့ တွေ့ရဖို့ သေချာပြီ။ ဒါကြောင့် ‘မင်းသား’အဖွဲ့ကို သေချာပေါက် ကျော်ဖြတ်နိုင်မှ ဖြစ်မယ်။ တစ်နေ့တာ နားပြီးတာနဲ့ နောက်နေ့ကျ ထုံးစံအတိုင်း စင်ပေါ် ပြန်ရောက်လာကြပြီး တကယ့်ကို ခက်ခဲ ပြင်းထန်မယ့် တိုက်ပွဲအတွက် အသင့်ပြင်နေကြပြီ။ ဒီနေ့ တိုက်ပွဲအတွက် ကျုပ်တောင် နတ်ဘုရားမှော်ဝတ်ရုံကို ဝတ်ထားရပြီ။ ရှို့စစ်နဲ့ ကျန်တဲ့သူတွေလဲ သူတို့မှာရှိတဲ့ အကောင်းဆုံး ချပ်ဝတ်တန်ဆာတွေ ဝတ်ထားကြလေရဲ့။

စင်ပေါ်မှာ ရပ်နေရင်း ပြိုင်ဘက်တွေကို မြင်လိုက်ရတော့ စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရတယ်။ တော်တော်ကို စည်းလုံးအားကောင်းတဲ့ အဖွဲ့ဆိုတာ ပြနေတယ်လေ။ ဒါပေမယ့် ကျုပ်တို့အဖွဲ့ရဲ့ အားနည်းချက်တွေနဲ့ အဆင်ပြေအောင် အဖွဲ့လိုက်ပဲ တိုက်ပွဲဝင်မှ ဖြစ်မှာ။

ပြိုင်ပွဲမစရသေးဘူးဆိုတော့ ကျုပ်ရဲ့ အဖွဲ့သားတွေနဲ့အတူတူ နွေးထွေးဖေါ်ရွေတဲ့ ပုံတွေ ရှိနေကြတုန်းပဲလေ။ ကျုပ် မှော်နှင်တံလေးကို ကိုင်ရင်းရှေ့ (၂)လှမ်းတိုးသွားလိုက်တယ်။

“မင်္ဂလာပါ.. ‘မင်းသား’အဖွဲ့နဲ့ ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အလွန်ကို ဂုဏ်ယူမိပါတယ်ဗျ”

ကျုပ်တို့ ပြိုင်ဘက်တွေအကုန် ငွေရောင်စစ်သည်တော် ဝတ်စုံတွေ ဝတ်ထားတာ။ သူတို့လဲ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ပြန်ပြီး တုန့်ပြန်ပါတယ်။ ခေါင်းဆောင်နဲ့တူတဲ့ အလယ်ခေါင်က အရပ်ရှည်ရှည် အဖွဲ့ဝင်တစ်ယောက် ရှေ့ (၂)လှမ်းတက်လာတယ်။

“မင်္ဂလာပါ။ မနေ့က မင်းရဲ့ စွမ်းအားတွေ ငါတွေ့လိုက်ရတယ်။ မင်းမှော်စွမ်းအားက တော်တော်အစွမ်းထက်တာပဲ။ ဒါပေမယ့် ဒီနေ့တော့ မင်းတို့လျှောက်ရမယ့်လမ်း ဒီမှာပဲ ရပ်ရတော့မယ်။ ငါတို့ ပစ်မှတ်က ပထမဆု လေ”

သူကတော့ တော်တော့ကို ယဉ်ယဉ်ကျေးကျေးနဲ့ ပြောနေပေမယ့် သူ့စကားပျော့ပျော့တွေထဲမှာ သူ့ကိုယ်သူ ယုံကြည်မှု ဘယ်လောက်ရှိတယ်ဆိုတာ တော်တော်သိသာနေတယ်။

ကျုပ် သူ့ကို သေချာကြည့်လိုက်မိတယ်။ သူနဲ့ အစ်ကိုကြီး ကျန့်ဟူနဲ့ တူတာတွေ တော်တော်များနေတာကို သတိထားမိလိုက်တယ်။ အဓိက ကွာသွားတာဆိုလို့ အသက်နည်းနည်းကြီးနေတာပဲရှိတယ်။

“ဒါနဲ့ စကားမစပ်။ မင်းက မင်းသားရှို့တိရဲ့ သားတော်လား”

“မင်း ဘယ်လိုလုပ်သိတာလဲ။ ငါ့နာမည်က ရှန်ယွင်ရှို့တိ။ ပြီးတော့ မြေနဂါး အမှတ်(၁)တပ်မရဲ့ တပ်မမှူးပါ”

ဒါဆို သူက ကျန့်ဟူရဲ့ အစ်ကိုပေါ့။ ကျုပ်စိတ်ကို ကျုပ် အသင့်ပြင်ထားပေမယ့် မြေနဂါးတပ်ရဲ့ အမှတ်(၁)တပ်မမှူးနဲ့ တွေ့ရတော့ တကယ်ကို ကြောက်မိတာပဲ။

“မင်းသားရှို့တိ နေကောင်းလားဗျ”

ရှန်ယွင် ကျုပ်ကို သံသယ မျက်လုံးတွေနဲ့ ကြည့်ပြီး..

“သူနေကောင်းလား ဆိုတာက ဘာကြောင့်အဲလိုမေးတာလဲ”

“ပြိုင်ပွဲပြီးရင် အသေးစိတ်ပြောပြပါ့မယ်။ ဒီပွဲမှာတော့ ကျုပ်တို့ရဲ့ စွမ်းအား မီးကုန်ယမ်းကုန်သုံးပြီး ကျုပ်တို့ လျှောက်ရမယ့် လမ်းကြောင်းကို တကယ်ကြီး ဟန့်တားနိုင်မလားဆိုတာ ကြည့်ရအောင်လေ”

ကျုပ်စကားကြောင့် ရှန်ယွင်ရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓါတ်တွေ လက်ကနဲထွက်လာပြီး..

“ကောင်းလိုက်တာကွာ။ ညီငယ်လေး မင်းရဲ့ မှော်ပညာအစွမ်း ဘယ်လောက်ထိ ကြမ်းတမ်း ရက်စက်နိုင်လဲဆိုတာ သက်သေပြလိုက်စမ်းပါ”

ဒိုင်လူကြီးက ပြိုင်ပွဲစချိန် ကြေငြာပြီးတာနဲ့ ကျုပ်တို့တွေ ကြိုပြီးတိုင်ပင်ထားတဲ့အတိုင်းပဲ ရှို့စစ်၊ ရှင်းအောင်းနဲ့ ကောင်းသဲတို့ (၃)ယောက်က ရှေ့က နေရာယူထားလိုက်တယ်။ တုန်းရီနဲ့ ကျုပ် နောက်က နေရာယူပြီး ပြိုင်ဘက်အဖွဲ့ရဲ့ ချေမှုန်းရေး တိုက်ခိုက်မှုမှန်သမျှ ဟန့်တားဖို့ တာဝန်ယူရမယ်လေ။ မှော်ပညာ အစွမ်းကုန်သုံးဖို့က ကျုပ်တာဝန်၊ ကျုပ်ကို တိုက်ခိုက်လာမယ့် အန္တရာယ်တွေကို ကြားဖြတ်ဖြေရှင်းပြီး ကာကွယ်ရမှာက တုန်းရီရဲ့တာဝန်ပေါ့။

ကျုပ် တုန့်ဆိုင်းမနေဝံ့တော့ဘူး။ ကျုပ်လက်ထဲက မှော်နှင်တံလေးကို ဝှေ့ယမ်းရင် ရွတ်ဖတ်တာတွေ စလိုက်တော့တယ်။

“အို လင်းရောင်ခြည်။ သူငယ်ချင်းတို့ မင်းတို့ရဲ့ အဆုံးမဲ့အလင်းရောင်တွေနဲ့ ရန်သူတွေကို မောင်းထုတ်လိုက်စမ်းပါ”

‘သန့်ရှင်းသောအလင်းတော်’ ။ ဒါ ကျုပ်အဖွဲ့သားတွေရဲ့ စိတ်ကြည်လင်မှုနဲ့ ခံစစ်စွမ်းရည် တိုးမြှင့်ပေးနိုင်တယ်လေ။

“အို လင်းရောင်ခြည်။ သူငယ်ချင်းတို့ နတ်ဘုရားထီးလိုမျိုးအုပ်မိုးပြီး ငါ့အဖွဲ့သားတွေကို ကာကွယ်ထားလိုက်စမ်းပါ”

‘ဘုရားသခင်၏ ရောင်ခြည်တော်’။ ဒါက ကျုပ်အဖွဲ့သားတွေကို ကာကွယ်ပေးနိုင်တင်မဟုတ်ဘူး တိုက်ပွဲစိတ်ဝိညာဉ်လဲ သဟဇာတဖြစ်ပြီး သူတို့ခံစစ်အားကို ပိုကောင်းစေတယ်လေ။

“အို လင်းရောင်ခြည်။ သူငယ်ချင်းတို့ ထက်ရှလွန်းတဲ့ ဓါးတွေအဖြစ်ပြောင်းလို့ မျက်မှောက်က ရန်သူတွေကို ချေမှုန်းပစ်လိုက်စမ်းပါ”

‘ပိုင်းဖြတ်ခြင်းအလင်းဓါး’။ ဒါက အဆင့်(၆)မန္တန်တစ်ခု။ ပြိုင်ဖက်အဖွဲ့သား (၅)ယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်တာပေါ့။

ကျုပ် အဆင့်(၆)မန္တန် (၃)ခု ဆက်တိုက်သုံးပစ်လိုက်တယ်။ ကျုပ်ရဲ့ ခံစစ်အကာအကွယ်တွေ လုပ်ပြီးတာနဲ့ ရှေ့က(၃)ယောက်က တစ်ဖက်သူရဲကောင်းတွေကို ‘ပိုင်းဖြတ်ခြင်းအလင်းဓါး’ နောက်ကနေ လိုက်တိုက်တာပေါ့။ တစ်ဘက်အဖွဲ့ကတော့ ရှန်ယွင်ကို ရှေ့တန်းကထားပြီး သူတို့ဓါးတွေကို သန့်စင်တဲ့ တိုက်ပွဲစိတ်ဝိညာဉ်တွေနဲ့ ပေါင်းပြီး တိုက်ခိုက်ချက်တွေကို ခုခံလိုက်ရတယ်။

အဲလိုမျိုး ထိပ်တိုက်မတွေ့ခင်လေးမှာ ရှန်ယွမ်က ‘ကြယ်စင်ရဲ့တောက်ပမှုနဲ့ မကောင်းမှုတွေ ချေမှုန်းမယ်’ လို့ အကျယ်ကြီးအော်လိုက်သေးတယ်။ လူ(၅)ယောက်ပေါင်းပြီး သူတို့ ဓါးရှည်တွေကို တစ်ပြိုင်နက်ဝှေ့ယမ်းရင်းကနေ တိုက်ပွဲစိတ်ဝိညာဉ်(၅)ခု ပေါင်းပြီး ထိပ်တိုက် ရင်ဆိုင်ကြတာလေ။ ရှောင်ဖို့ အရမ်းနောက်ကျသွားပြီ။ ပထမဆုံး ထိတွေ့မိတာက ကျုပ်ရဲ့ ‘ပိုင်းဖြတ်ခြင်းအလင်းဓား’ပေါ့။ တိုက်ပွဲစိတ်ဝိညာဉ် (၅)ခုပေါင်းကနေ ဝါးမြိုသွားလိုက်တာများ ထိရောက်မှု လုံးဝကို မရှိသလောက်ကိုပဲ။ အဲဒါပြီးတော့ အနီးဆုံးဖြစ်တဲ့ ရှင်းအောင်နဲ့ ကောင်းသဲတို့ပေါ့။ တိုက်ခိုက်ခံရသူတွေမဖြစ်ကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်မထားမိဘူးလေ။ ကြိုတင်ပြင်ဆင်ထားတာမရှိတော့ သူတို့ တိုက်ပွဲစိတ်ဝိညာဉ်တွေနဲ့တောင် အားဖြည့်ဖို့ မမှီတော့ဘဲ တိုက်ခိုက်ချက်တွေကို သူတို့ဓါးတွေနဲ့ပဲ ကာကွယ်လိုက်ရတာ။ ရှို့စစ်ကတော့ တုန့်ပြန်မှု နည်းနည်းပိုမြန်ပြီး ‘ထင်ယောင်ထင်မှား ကွက်မျက်ခြင်း’ လို့အော်ရင်း ဓါးရှည်နဲ့ ဓါးအလင်းတန်းတစ်ခု လွှတ်လိုက်နိုင်တယ်။

ပထမ အချီမှာ ကျုပ်တို့အဖွဲ့ ရှုံးတယ်ဗျ။ ကောင်းသဲနဲ့ ရှင်းအောင်းတို့(၂)ယောက် ကျုပ်ဘက်ကို နောက်ဆုတ်လာခဲ့လိုက်ရတယ်။ တုန်းရီသူ သူတို့ကို ဖမ်းမထားနိုင်လိုက်ရင် စင်ပေါ်ကနေ ပြုတ်ကျသွားဖို့ရှိတယ်။ သူတို့တွေ သွေးချောင်းဆိုးနေတဲ့အပြင် တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေ မကျန်တော့ဘူးတောင် ထင်နေရတယ်။ ရှို့စစ် အခြေအနေကတော့ နည်းနည်းတော်သေးတယ် ပြောရမလိုဆိုပေမယ့် သူလဲ ခြေလှမ်း (၅)လှမ်း၊ (၆)လှမ်းနောက် နောက်ဆုတ်လိုက်ရတာပဲ။ သူ့ပါးစပ်ဒေါင့်မှာလဲ သွေးတွေ စီးကျနေပြီ။

ကျုပ်တို့အဖွဲ့ အဖြစ်ဆိုးနဲ့ ယှဉ်ကြည့်ရရင် တစ်ဘက် ပြိုင်ဖက်အဖွဲ့က စစ်သည်တော်တွေကတော့ ဝတ်ရုံတွေ ပျက်စီးသွားတာကလွဲရင် တော်တော်ကို အခြေအနေကောင်းတာ။ အဲဒါတောင် ကျုပ်ရဲ့ ‘ပိုင်းဖြတ်ခြင်းအလင်းဓား’ ကြောင့်နေမှာ။

စွမ်းအား တော်တော်ကောင်းတာပဲ။ သူတို့ရဲ့ ပေါင်းစည်းမှု ပညာရပ်က အရမ်းကို အစွမ်းထက်လွန်းတယ်။ ကျုပ်သာ ရှို့စစ်နဲ့ ကျန်တဲ့အဖွဲ့သားတွေကို မှော်ပညာနဲ့ ကာကွယ်မထားမိရင် ကျုပ်တို့အားလုံး လဲကျပြီးသား တောင်ဖြစ်နေလောက်ပြီ။

ရှန်ယွင်နဲ့ သူ့လူတွေကတော့ သူတို့ကိုယ်သူတို့ ကောင်းကောင်းတောင့်ခံထားနိုင်တယ်ဆိုတော့ အေးဆေးပေါ့။ ရှန်ယွင် အေးအေးဆေးဆေးနဲ့..

“မင်း ခံနိုင်ရည်ရှိနေသေးတာပဲ။ မင်း ဒီတိုက်ကွက်ကို ခုခံနိုင်လိုက်တာ အံ့ဩပေမယ့် နောက်တစ်ချီ တိုက်ခိုက်ရင်တော့ ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး။ အရှုံးပေးလိုက်တော့”

ရှို့စစ် သူ့ဓားကို ကိုင်ထားရင်း ဒေါသငွေ့တွေ တရှိန်ရှိန်တက်နေတဲ့ မျက်လုံးတွေနဲ့..

“ငါတို့ လုံးဝအရှုံးမပေးဘူး။ မင်းမှာ အစွမ်းအစရှိရင် ငါတို့ကို မထနိုင်တဲ့အထိ တိုက်ကြည့်လေ”

“မင်း ငါ့စိတ်ကို လာစွနေတာပဲ”

ပြောပြီးတာနဲ့ သူတို့ (၅)ယောက်စလုံး သူတို့ဓားတွေကို တစ်ပြိုင်နက်တည်း မြှောက်လိုက်ကြတယ်။

အချိန် ထပ်စောင့်လို့မဖြစ်တော့ဘူး။ ကျုပ် ရှို့စစ်ရှေ့ကို ပြေးဝင်သွားပြီး မှော်နှင်တံလေးကို ဝှေ့ရမ်းလိုက်တယ်။

‘’ “အို လင်းရောင်ခြည်။ ငါ့ဘဝရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတို့။ ခမ်းနားကြီးကျယ်လွန်းသော အလင်းရောင်ခြည်တွေနဲ့ ဒီကမ္ဘာပေါ်ကို သွန်းလောင်းလိုက်ကြစမ်းပါ”

မန္တန်ရွတ်ပြီးတာနဲ့ ကျုပ် အထက်ပိုင်းဒန်တျန်ထဲက အလင်းရောင်စဉ်တန်းတစ်ခု ထွက်လာတယ်။ ရွှေရောင်ဖျော့ဖျော့ လေး က တဖြည်းဖြည်းနဲ့ တောက်ပလားပြီး စက်ဝိုင်းပုံစံ ဖြစ်လာခဲ့တယ်။ အဲ့ အလင်းစက်ဝိုင်းသေးသေးလေးက အရမ်းကြီးတဲ့ စက်ဝိုင်းကြီးတစ်ခုအဖြစ် ပုံစံပြောင်းပြီး ရှန်ယွင်တို့ အဖွဲ့ဆီ တိုးဝင်သွားရော။ အဲ့ ဒီစွမ်းအားတွေကို ထပ်ပြီးတိုးမြှင့်နိုင်အောင် ကျုပ်မှော်စွမ်းအင်အားလုံးကို အလင်းစက်ဝိုင်းကြီးထဲကို ပစ်ထည့်ပေးလိုက်ရတော့ ဒါကြီးက ပိုတောင် ကြောက်စရာကောင်းသွားတယ်။

ရှန်ယွင်ရဲ့ မျက်စိထဲမှာ အံ့ဩသွားတဲ့ အရိပ်အငွေ့တွေ ဖြတ်ပြေးသွားတယ်။ သူ့လက်ထဲက ဓားကို ခပ်တင်းတင်းကိုင်လိုက်ရင်း ‘ကြယ်စင်စုကို ကွပ်မျက်ခြင်း’ လို့အောင်ပြီးတာနဲ့ သူတို့ ဓား(၅)လက်စလုံး တစ်ပြိုင်နက် ပြန်ရုတ်လိုက်တယ်။ ပြီးတော့ သန့်စင်တဲ့ တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအား (၅)ခုကိုထုတ်လွှတ်ပြီး အရမ်းကြီးမားလွန်းတဲ့ တိုက်ပွဲစိတ်ဝိညာဉ်ဓားကြီးပုံစံနဲ့ ကျုပ်ရဲ့ ‘အနှိုင်းမဲ့ရောင်ခြည်စက်ဝန်း’ ကိုခုန်ချလိုက်တယ်။ ကျုပ်က ကျုပ်စိတ်ဝိညာဉ်စွမ်းအား အကုန်လုံးကို ‘အနှိုင်းမဲ့ရောင်ခြည်စက်ဝန်း’ထဲမျာပဲ ပုံအောထားတာ။ တိုက်ပွဲစိတ်ဝိညာဉ် ဓားကြီးက အလင်းစက်ဝန်းကို ခုတ်မိလိုက်တဲ့အချိန် ကျုပ်တစ်ကိုယ်လုံး တုန်ဆင်းသွားတယ်။ အနှိုင်းမဲ့ရောင်ခြည်စက်ဝန်းရဲ့ ပုံစံကို ထိန်းသိမ်းဖို့ တော်တော်ကြီးကို ကြိုးစားအားထုတ်လိုက်ရတယ်။ အဲ့ စိတ်ဝိညာဉ်ဓားကြီးက မှော်ပညာတစ်မျိုးသာဆိုရင် မှော်ပညာရှင်(၅)ယောက်စုပေါင်းထားတဲ့ မန္တန်တစ်ခုလိုပဲလေ။

ရန်သူ့ဓားကြီးက ‘အနှိုင်းမဲ့ရောင်ခြည်စက်ဝန်း’ နဲ့ ထိပ်တိုက်တွေ့လိုက်တဲ့အခါ တိုက်ပွဲစိတ်ဝိညာဉ် ကွဲအက်သွားပါလေရော။ ဒါပေမယ့် ‘အနှိုင်းမဲ့ရောင်ခြည်စက်ဝန်း’ လဲ နောက်ကို ပြန်ကန်ထွက်လာရတယ်။ ရှန်ယွင်နဲ့ သူ့အဖွဲ့သားတွေ ပါးစပ်ဒေါင့်မျာ သွေးတွေ စီးကျနေပြီ။ အတွင်းဒဏ်ရာတွေ ရသွားတဲ့ပုံပဲ။ နောက်ထပ် တိုက်ကွက်တွေအတွက် ကြိုပြီး ပြင်ဆင်တဲ့အနေနဲ့ ‘အနှိုင်းမဲ့ရောင်ခြည်စက်ဝန်း’ကို တည်ငြိမ်အောင်လုပ်ဖို့ပဲ ကျုပ် အာရုံစိုက် ကြိုးစားလိုက်တယ်။

ဒီအခြေအနေမျိုးမှာ ရှို့စစ်နဲ့ တုန်းရီတို့ရဲ့ တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေ ဝင်စွက်ဖက်လို့ရတဲ့ အနေအထားမျိုး မဟုတ်ဘူးလေ။ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ မှော်စွမ်းအား (၂)မျိုးစလုံးကရဲ့ တော်တော်ပြင်းထန်တဲ့ ဖိအားတွေကြောင့် ကျုပ်တို့တွေ စင်မြင့်အစပ်နားအထိ တွန်းထုတ်ခံလိုက်ရတယ်။ ကျုပ်ရဲ့ ‘အနှိုင်းမဲ့ရောင်ခြည်စက်ဝန်း’မှာ ပြိုင်ဘက်အဖွဲ့ကို ထောင်ချောက်ဆင်နိုင်ခဲ့မယ်ဆိုရင် ဒါပွဲက ကျုပ်တို့အောင်ပွဲဖြစ်လိမ့်မယ်ဆိုတာ ကျုပ်သိနေတယ်။

============= (*^*)=============

အပိုင်း(၆၉)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters