← Chapters

‘တလူ’သို့ ရောက်ရှိခြင်း

Vol. 5 Ch. 75

‘တလူ’သို့ ရောက်ရှိခြင်း

Vol. 5 Ch. 75

Child of light (ကျန်းကုန်း)

Volume 3: Chapter 32 – Arriving at Dalu

ကျုပ်တို့တတွေ ‘ရှို့တိ’နဲ့ ‘အိုက်ရှား’ နယ်စပ်ကို ဦးတည်လိုက်ကြတယ်။ အစကတော့ သူတို့တွေ ကျုပ်လမ်းပြောင်းပြန် သွားနေတယ်လို့ ထင်နေကြတာဗျ။ ကျုပ်ရှင်းပြလိုက်မှ သူတို့တွေ နားလည်သွားကြတာ။

ရှို့တိမှာ ကျုပ်လုပ်စရာရှိတာတွေ လုပ်ပြီးရင် အစ်ကိုကြီးကျန့်ဟူကိုတွေ့ပြီး သူ့မိသားစု အခြေအနေ ပြောပြပေးမယ်လို့ ကျုပ်ကတိပေးခဲ့တာလေ။ သွားရတာ ပိုဝေးသွားတယ်ဆိုပေမယ့် သူတို့တွေ ဘာမှ မပြောကြရှာဘူး။

သူတို့တွေအတွက်တော့ လမ်းမှာတွေ့တွေ့သမျှ မြင်မြင်သမျှက မြင်ကွင်းအသစ်အဆန်းတွေ ဖြစ်နေတာပေါ့။ ရှင်းအောင်းနဲ့ ကောင်းသဲဆိုရင် အသက်(၃၀)နီးပါးဆိုပေမယ့် အဲ့(၂)ယောက်စလုံး ကလေးလေးတွေကျနေတာပဲ။ တုန်းရီဆို တစ်ခုခုတွေ့တိုင်း ဘေးလူတစ်ယောက်ယောက်ကို တွတ်ထိုးတုန်း။ အမြဲတမ်း တက်ကြွနေတဲ့ ရှို့စစ်ကတော့ စိတ်အေးလက်အေး ပုံစံပဲဗျ။

မရပ်မနား လှည့်ပတ်သွားပြီးတဲ့ နောက်ဆုံးမှာတော့ ဦးတည်ရာတော့ ရောက်လာခဲ့ကြပြီ။ တောင်ပေါ်ရောက်တာနဲ့ ဒုက္ခနဲ့စတွေ့တာပဲ။ လူ(၂၀)လောက် သစ်ပင်ပေါ်ကနေ ခုန်ဆင်းလာပြီး ကျုပ်တို့ကို ဝိုင်းထားတာဗျ။ သူတို့ ခေါင်းဆောင်က..

“ရပ်စမ်း။ ဒါမင်းတို့ ဖြတ်သွားရမယ့် လမ်းမဟုတ်ဘူး။ ပါတာတွေ အကုန်ထုတ်ပေးပြီး နောက်ပြန်လှည့်လိုက်ကြ။ အဲလိုမှမဟုတ်ရင် ဒီဦးလေးကြီး သတ်မှ အဆိုးမဆိုနဲ့”

ကြည့်ရတာ ကျုပ်အစ်ကိုကြီးရဲ့ တပည့်တွေနဲ့ သွားဆုံမိတာနေမယ်။ ကျုပ်လှမ်းကြည့်လိုက်တယ်။ အဲလူ အစ်ကိုကြီးရဲ့ ဘေးမှာ မြင်ခဲ့ဖူးပါတယ်။ သူတော့ ကျုပ်ကို မှတ်မိသေးလားတော့ မသိဘူး။ ကျုပ်တောင် ဘာမှ မပြောရသေးဘူး သူကအရင်ဦးအောင်..

“အာ.. ဒါ.. ဒါ.. ဒုခေါင်းဆောင်လား”

“ငါ ဘယ်တုန်းက ဒုခေါင်းဆောင်ဖြစ်သွားတာတုန်းဟ”

“အာ…. မင်း.. မင်း .. တကယ်ကို ဒုခေါင်းဆောင်ပဲ”

သူ ကျုပ်ကို အဲလိုခေါ်လေ ကျုပ်နောက်ကလူတွေက ကျုပ်ကို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်လေပဲ။ ကျုပ် မူးမေ့တောင် သွားချင်လိုက်တာ။ ကျုပ်ကို ဒုခေါင်းဆောင်လို့ မခေါ်ကြနဲ့လေလို့။

“ငါကို ဒုခေါင်းဆောင်လို့ မခေါ်နဲ့လေ။ ဒါနဲ့ အစ်ကိုကြီး ကျန့်ဟူ နေကောင်းလား”

“မင်းက ငါတို့ခေါင်းဆောင်နဲ့ ညီအစ်ကိုအဖြစ် ကျိမ်ဆိုထာတာဆိုတော့ သူ့ညီဖြစ်တဲ့ မင်းက ဒုခေါင်းဆောင်ပဲလေ။ ခေါင်းဆောင်က မင်းအကြောင်း နေ့တိုင်းကို ခဏခဏ ပြောတတ်တာ။ အခု မင်းရောက်လာပြီဆိုတော့ မြန်မြန်သွား။ ညီအစ်ကိုတို့ ဒုခေါင်းဆောင်ကို လမ်းဖွင့်ပေးလိုက်ကြဟေ့”

နောက်ပိုင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲမှ မသိသေးတာ။ ကျန့်ဟူနဲ့ တွေ့ပြီး ဖြစ်ပျက်ခဲ့သမျှကိုတော့ ကျုပ်နဲ့ပါလာတဲ့သူတွေကို ရှင်းပြရင်း တောင်ပေါ်ကို တက်သွားလိုက်တယ်။ သူတို့တွေအကုန် ကျုပ်နဲ့ အဆင့်တူဖြစ်တဲ့ ကောင်းကင်အဆင့် သူရဲကောင်းတစ်ယောက်ကို အမြန်တွေ့ချင်နေကြတဲ့ပုံပဲ။

ရွာထဲရောက်သွားတာနဲ့ ကျန့်ဟူကိုယ်တိုင် ထွက်လာပြီး ကြိုတယ်ဗျ။ သူ့ကင်းထောက်တွေ သတင်းပို့တာ မြန်ချက်ပဲ။ ကျုပ်လဲ အမြန်သွားပြီး ပြေးဖက်လိုက်တယ်။

“အစ်ကိုကြီး ကျုပ်ပြန်လာပြီဗျ…”

“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။ မင်းအခုလိုပြန်လာတာ အကောင်းဆုံးပဲ။ လာ အိမ်ကိုသွားပြီး စကားပြောကြတာပေါ့”

ကျန့်ဟူရဲ့ သက်ကယ်အိမ်လေးကိုရောက်တော့ အားလုံးကို မိတ်ဆက်ပေးလိုက်တယ်။ အစ်ကိုကြီးလဲ သူ့မွေးရပ်မြေက လူတွေနဲ့ တွေ့ရတာဆိုတော့ အပျော်လွန်ပြီး ကျုပ်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ အစားအသောက်ကောင်းတွေ ထုတ်လာခဲ့လိုက်တယ်။

စားသောက်ဝိုင်းမှာ အစစ်ကိုကြီးရဲ့ စိတ်လောနေတဲ့ ပုံကိုမြင်တာနဲ့ သူဘာမေးချင်နေလဲဆိုတာ ကျုပ်သိတာပေါ့။

“အစ်ကိုကြီး။ မင်းအိမ်က အခြေအနေကောင်းတယ်ကွ။ စားသောက်ပြီးရင် အသေးစိတ်ပြောပြမယ်”

ကျန့်ဟူ ချက်ချင်း ငြိမ်သွားရော။

စားဝိုင်းမှာ လူတိုင်း တက်ကြွနေကြတာဗျ။ အကုန်လုံး ကျန့်ဟူကို အစ်ကိုကြီးလို့ပဲ ခေါ်ကြတယ်။ ဒီနေ့တော့ ကျန့်ဟူ တမင်လျော့သောက်တယ်ဗျ။ ကျုပ်လဲ မြည်းယုံ စွက်ယုံပေါ့ဗျာ။

ညပိုင်း လူတိုင်းအိပ်ပျော်တဲ့ အချိန်ရောက်သွားပြီ။ ကျန့်ဟူနဲ့ ကျုပ်ကတော့ တောင်ကုန်းလေး တစ်ခုအပေါ် တက်လာခဲ့ လိုက်ကြတယ်။ တောင်ပေါ်ရောက်မှ ပြီးခဲ့တဲ့၊ တွေ့ခဲ့ရတဲ့ ကိစ္စတွေအကုန် အသေးစိတ်ပြောပြပေးလိုက်တယ်။ သူ့ရဲ့ ဒုတိယအစ်ကို ကြယ်စင်သူရဲကောင်းအဆင့် ရောက်ပြီအသံကြားတော့ သူအရမ်းပျော်သွားပြီး ကျုပ်ဒဏ်ရာ အပြင်းအထန် ရတယ်ဆိုတော့ သူဝမ်းနည်းသွားပြန်ရော။

“အစ်ကိုကြီး၊ အစ်ကိုကြီး ရှန့်ယွင် မင်းကို တကယ်သတိရနေတာကွ။ မင်းကိုလဲ လုံးဝ အပြစ်မတင်ဘူး။ မင်း အိမ်ကို စောစောပြန်မလား။ သူလဲ မင်းသားကြီးကို မင်းအကြောင်း မပြောသေးဘူးလို့ ကတိပေးထားတယ်။ မင်းပြန်သင်တယ်လို့တော့ ထင်တာပဲ။ နှစ်တွေလဲ ကြာခဲ့ပြီလေ”

“တကယ်ကို တစ်ခေါက်လောက် ပြန်သွားကြည့်သင့်တယ်။ အဖေက အသက်ကြီးနေပြီလေ။ တာဝန်မကျေပွန်ခဲ့တဲ့ သားအတွက် အဲ့အဖိုးကြီး နောင်တမရစေချင်ဘူး။ မင်း သန့်ရှင်းသောဓါးကို ရရင် ငါပြန်မှာပါ”

“အာ.. အစ်ကိုကြီး။ မင်းရော တကယ်သွားချင်လို့လား။ တကယ်ဆို မင်းတောင်မလိုပါဘူးကွာ။ မင်းက ရှို့တိကိုပဲ သွားသင့်တာ”

“လူမိုက်။ သန့်ရှင်းသောဓားကို ယူဖို့ အဲလောက်လွယ်မယ်ထင်နေလား။ မင်း အန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ရမှာ။ မင်းကို ငါကိုယ်တိုင် လိုက်မပို့ရဘဲနဲ့ ဘယ်လိုလုပ်ပြီး ငါ့စိတ်အေးအေးနဲ့ နေနိုင်မှာတုန်း။ ဒါ ငါ့ဆုံးဖြတ်ချက်ပဲ။ မင်း ထပ်တိုက်တွန်းနေဖို့ မလိုဘူး”

“အစ် ကို ကြီး…..”

သူ့ ပုခုံးကျယ်ကျယ်ကြီးကို စိတ်လွတ်ပြီး ဖက်ထားမိလိုက်တယ်။

နောက်တနေ့ ကျုပ်တို့တွေ ထွက်လာတော့ ကျုပ်တို့အဖွဲ့ထဲမှာ အဆင့်မြင့် အဖွဲ့ဝင် တစ်ယောက်တိုးလာပြီ။ လူတိုင်းက ကျန့်ဟူကို ကျုပ်အစ်ကိုကြီးဆိုကတည်းက လေးစားနေကြတာလေ။ ဒါကြောင့် ကျုပ်တို့ရဲ့ ခရီးသွား အတွေ့အကြုံယူတဲ့ ခရီးရှည်ကြီးကို ဆက်ခဲ့ကြပြန်ပြီ။ အစကတော့ ကျုပ်တစ်ယောက်ထဲရဲ့ ခရီးစဉ်လို့ တွက်ထားတာကနေ အခုတော့ လူ(၆)ယောက် ခရီးစဉ်အဖြစ် ပြောင်းသွားပြီပေါ့။ ဒါ ဆရာတိ မျှော်လင့်ထားတာတွေကို ဆန့်ကျင်နေမိပြီလားဆိုတာ မသိပေမယ့် လူတိုင်းကတော့ မလိုက်နဲ့ပြောရင် ငြင်းဖို့ အသင့်ပဲ။ အစ်ကိုကြီးကိုတော့ သူ့ရွာကိုပဲ ဆက်အုပ်ချုပ်ဖို့ ပြောခဲ့ဖူးသေးတယ်။ သူ့အဖြေက ကောင်းလွန်းအားကြီးနေတယ်ဗျ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ရွာမှာ ဘာငွေကြေးမှ စုမိဆောင်းမိ မရှိခဲ့ဘူးဆိုတော့ သူသွားနေတဲ့ ကာလအတွင်းမှာ လုံးဝ ဓါးပြမတိုက်ဖို့ မှာခဲ့တယ်တဲ့လေ။ ကောင်းကြရောပေါ့။

…………………….

ဒီလိုနဲ့ ကျုပ်တို့တတွေ ‘တလူ’နိုင်ငံရဲ့ ‘ခက်န’ပြည်နယ်ကို ဦးတည်လိုက်ကြတယ်။ ဒါ ဆရာတိပေးထားတဲ့ တစ်ခုတည်းသော သဲလွန်စပဲလေ။ လမ်းကြောင်းက လုံးဝကို မတိုတာ။ ‘တလူ’ နိုင်ငံက ‘ရှို့တိ’ရဲ့ ဟိုဘက်မှာ။ တစ်နည်းပြောရမယ်ဆိုရင် ‘တလူ’ကိုရောက်ဖို့ ‘ရှို့တိ’တစ်နိုင်ငံလုံးကို ဖြတ်သွားရမှာ။ ကျုပ်တို့ ထွက်လာတုန်းက ကျန့်ဟူရဲ့ ဓါးပြရွာထဲကနေ မြင်းတစ်ကောင်စီ ရွေးခဲ့လိုက်ရသေးတယ်။

ကျုပ်ကလွဲရင် ကျန်တဲ့သူတွေအကို မြင်းစီးကောင်းတဲ့ သူရဲကောင်းတွေကြီးပဲ။ ကျုပ်လဲ အရင်က မြင်းမစီးခဲ့ဘူးပေမယ့်၊ သူတို့က ကျုပ်ကို အမြင့်ဆုံး၊ အသန်မာဆုံးဆိုတဲ့ မြင်းကို ရွေးပေးထားကြတာ။ ခရီးတောင် ဝေးဝေးမသွားရသေးဘူး အစပိုင်းမှာတင် တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေပြီ။ ကျုပ်ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် တိုက်ပွဲစိတ်ဝိညာဉ်ကိုများ သုံးရမလားမသိဘူး။ ကျုပ်မနေနိုင်တော့ပဲ မြင်းစီးလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။ လူတိုင်းက ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ဝိုင်းသင်လိုက်ကြတာ ကျုပ် ဆက်မသွားချင်လောက်အောင်ကို ပင်ပန်းသွားခဲ့ပြီ။ သူတို့နောက်လိုက်ဖို့ ‘လေဟာနယ်ရွှေ့ပြောင်းခြင်း’ သုံးမလို့ပဲရှိသေး အကုန်လုံးက ဝိုင်းကန့်ကွက်ကြတယ်ဗျ။ ဒီတော့လဲ ဒုက္ခကို ခါးစီးခံယုံက လွဲပြီး ဘာများတတ်နိုင်အုံးမှာတဲ့လဲ။

(၂)လ နီးပါးလောက် သွားပြီးတဲ့အခါ နောက်ဆုံးတော့ ‘တလူ’နိုင်ငံ နယ်စပ်ကို ရောက်လာခဲ့ပြီ။ ကျုပ် မြေပုံထုတ်ကြည့်လိုက်တယ်။ ဒီပြည်နယ်ကိုရောက်ဖို့ ကီလိုမီတာ(၄၀၀)လောက် လိုသေးတယ်။ ရှေ့နားက ‘လွင်ဝါ’မြို့ ဖြစ်မယ်။

“ငါတို့တွေ မြို့ကိုမရောက်ခင် (၂)ရက်လောက်တော့ ကောင်းကောင်း အနားယူမှဖြစ်မယ်။ ဒီလောက် အရူးလိုမျိုး အပြေးအလွှားသွားနေရတာ ငါတော့ သေမတတ် ပင်ပန်းနေပြီ”

ရှင်းအောင်း ဆိုတဲ့ကောင် ပြုံးပြုံးကြီးနဲ့..

“ငါတို့ရဲ့ ကြီးကျယ်ခမ်းနားနဲ့ မှော်သခင်ကြီး အရမ်းပင်ပန်းနေပြီကွ။ လေမှော်ပညာကို မသိတာ သနားစရာပဲ။ မဟုတ်ရင် မင်းပျံသွားလို့ရတယ်လေ။ ဟား..ဟား”

ရှင်းအောင်းရဲ့စကားကြောင့် ကျုပ် တစ်သွားသတိရမိလိုက်တယ်။ ကျုပ်တို့တွေ ‘လွင်ဝါ’မြို့ကို ဆက်သွားနေရင်းနဲ့ အစ်ကိုကြီး ကျန့်ဟူကို မေးကြည့်လိုက်တယ်..

“သိုင်းပညာမှာ အဆင့်တစ်ခုရောက်တာနဲ့ မင်းတိုက်ပွဲစိတ်ဝိညာဉ်ကိုသုံးပြီး ပျံလို့ရလိမ့်မယ်လို့ ငါ့ဆရာဆီက ကြားခဲ့ဖူးတယ်။ အဲဒါမှန်လား”

ကျန့်ဟူ အံ့ဩသွားတယ်ဗျ။

“မင်း ဒါတွေ သိထားမယ်လို့ မထင်မိဘူး။ တိုက်ပွဲစိတ်ဝိညာဉ်ကို သုံးပြီးပျံနိုင်တယ်ဆိုပေမယ့် အနည်းဆုံး ကောင်းကင်သူရဲကောင်းအဆင့် စွမ်းအားလိုတယ်။ အဲဒါကိုက ‘ကောင်းကင်သူရဲကောင်း’ဆိုတဲ့ မူလဝိသေသ ပဲလေ”

“ဒါဆို မင်းနဲ့ ရှို့စစ် ပျံနိုင်ပြီလား”

ရှို့စစ် ကြားထဲကနေ ဖြတ်ပြီး..

“မှန်တယ်။ ဒါပေမယ့် ငါ ပျံသွားမယ်ဆိုရင် (၅)ကီလိုမီတာလောက် ရောက်တာနဲ့ တိုက်ပွဲစိတ်ဝိညာဉ်တွေ ကုန်ပြီ။ အစ်ကိုကြီး ကျန့်ဟူတော့ ငါ့ထက် ပိုကြာအောင် ပျံနိုင်လိမ့်မယ်”

“ငါလဲ သိပ်မကွာပါဘူးကွာ”

“ငါ မင်းကို တကယ် မနာလိုလိုက်တာ။ အာ… ကောင်းကင်မှာ ပျံရတဲ့အရသာ ဘယ်လောက်တောင် ကြည်နူစရာကောင်းလိုက်လဲ”

============= (*^*)=============

အပိုင်း(၇၆)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters