လီရှင်းကြောင်သွားပြီ! အားဖြည့်ဆေးရည်အစွမ်းပြပြီ!
Vol. 42 Ch. 616
လီရှင်းအကြည့်က ရွှေပုလင်းနှင့်ဆေးဖက်ဝင်ဝိုင်ဆီရောက်ရောက်နေမှန်း ချင်လင်သတိထားမိသည်။ သူကပြုံးလိုက်ပြီး_
"မကြည့်ပါနဲ့တော့... အခန်းထောင့်မှာ ရွှေဝိုင်စည်ရှိတယ်... ပြီးရင် ခင်ဗျားကိုမြည်းကြည့်ခိုင်းမယ်... သက်တမ်းကိုပြောနိုင်ရင် တစ်ပုလင်းဖြည့်ပြီးယူသွားပေတော့''
"ညီအစ်ကိုကောင်းပဲ''
သူ့စကားကြားပြီး လိရှင်းမျက်လုံးများအရောင်တောက်သွားသည်။
ချင်လင်ကသူ့ကိုဝိုင်ပေးချင်လို့ ဆင်ခြေရှာနေတာမှန်းသိသားပဲ။ မဟုတ်ရင် ဒီလိုအရည်မရအဖတ်မရမေးမှာမဟုတ်ဘူး။
ဒါကြောင့်လည်း သူက ဝိုင်သိုလှောင်ခန်း၏လိုအပ်ချက်များကို သေသေချာချာစစ်ဆေးလိုက်သည်။
ချင်လင်ကညီအစ်ကိုကောင်းဆိုတော့ ဝိုင်သိုလှောင်ခန်းကိုကူစစ်ပေးရမှာပေါ့။
ဒီမှာ ဝိုင်ကောင်းတွေအများကြီး၊ ဝိုင်သိုလှောင်ခန်းမှာ ဘာမှလိုအပ်ချက်ရှိလို့မရ။
လီရှင်းက ဝိုင်သိုလှောင်ခန်းကိုတစ်နေရာမကျန် သေသေချာချာစစ်ဆေးသည်။ အထူးသဖြင့် အလွယ်တကူပျက်စီးနိုင်သောလိုအပ်ချက်များ၊နေရာများပင်။ အကြိမ်ကြိမ်သတိထားပြီးစစ်ဆေးသည်။
ဘာပြဿနာမှမရှိကြောင်းအတည်ပြုပြီးမှ သူကချင်လင်အား_
"ချင်လင်... မင်းခေါ်ထားတဲ့ဆောက်လုပ်ရေးအဖွဲ့က အတော်ကောင်းတာပဲ... သေချာလုပ်ထားတာတွေ့တယ်... ဝိုင်သိုလှောင်ခန်းက အရမ်းအသေးစိတ်ပြီး အမှားလုံးဝမရှိဘူး''
"အင်း... ဝိုင်ကြည့်ရအောင်''
ချင်လင်ကခေါင်းညိမ့်ပြီး သူ့ကိုဖိတ်လိုက်သည်။
လီရှင်းကအမှားမရှိဘူးလို့ပြောနိုင်ဖို့အရေး စွန်းမင်က ဒီဝိုင်သိုလှောင်ခန်းကို ဘယ်လောက်အားထုတ်ပြီးဆောက်ထားရကြောင်းသိနိုင်သည်။
"သွားစို့!''
အခန်းထောင့်က ဝိုင်စည်လား၊ ကရားလား၊ လီရှင်းမစောင့်နိုင်တော့။ သူကတအံ့တဩနှင့်မေးသည်_
"ချင်လင်... ဒီမှာဝိုင်တွေအများကြီးပဲ... ဒါတွေအကုန် ချင်းလင်ဆေးဖက်ဝင်ဝိုင်တွေမဟုတ်ပါဘူးနော်''
ချင်လင်ကခေါင်းခါပြီး_
"ဘယ်ဟုတ်မလဲ... ကျွန်တော်စုဆောင်းထားတဲ့တခြားဝိုင်ဖြူဘရန်းတွေလည်းရှိတယ်... အကုန်လုံးလိုလိုက စျေးကွက်ထဲမှာဝယ်လို့ရနိုင်တဲ့ဝိုင်ဖြူဘရန်းတွေပဲ... ခင်ဗျားဘယ်လောက်အရသာခံနိုင်လဲ ကြည့်ရအောင်... ခင်ဗျားမှန်ရင် ရွှေပုလင်းအပြင် တခြားဝိုင်ဖြူဘရန်းတွေလည်း တစ်ပုလင်းစီပေးမယ်''
သူ့စကားကြားပြီး လီရှင်းမှာဟန်မဆောင်နိုင်တော့။ သူကချက်ချင်း ဘေးမှဝိုင်ဇွန်းယူပြီး_
"ချင်လင်... ငါ့ကိုဝိုင်ပေးမှာ ဟုတ်လား? နောက်လည်း ဒီလိုပစ္စည်းကောင်းတွေရှိရင် ငါ့ကိုခေါ်''
သူကပြောပြောဆိုဆို ငုတ်တုတ်ထိုင်ချပြီး ဝိုင်ကရားတစ်လုံးကိုကျပန်းဖွင့်လိုက်သည်။ ချက်ချင်း ဝိုင်နံ့ပြင်းပြင်းကဝေ့ထွက်လာ၏။
ဒီဝိုင်ကရားရဲ့သက်တမ်းက လုံးဝသာမန်မဟုတ်။
ဝိုင်နံ့နှင့်တင် ဝိုင်ချစ်သူလီရှင်းမှာ စွဲမက်သွားသည်။
ချင်လင်ကတစ်ချက်ကြည့်ပြီး နှစ် ၆၀ ဖန်းကျိုမှန်းသိလိုက်သည်။
သူအမှတ်အသားလုပ်ထားသောကြောင့်ပင်။
လီရှင်းက ချက်ချင်းဝိုင်ဇွန်းယူပြီး ဝိုင်ကရားထဲနှိုက်လိုက်သည်။ သူကဇွန်းအပြည့်ခပ်ပြီး ပါးစပ်ထဲထည့်လိုက်၏။
သို့ရာတွင် အရသာခံပြီးပြီးချင်း သူအံ့ဩသွားကာ_
"ဒါဖန်းကျိုပဲ... နှစ် ၆၀ ကျော်ပြီ!''
လီရှင်းက သက်တမ်းကိုဆုံးဖြတ်ပြီး အသံမြှင့်ပြောလိုက်သည်။
သူ ဖန်းကျိုအများကြီးသောက်ဖူးသည်။ သူ့အိမ်မှာ ဖန်းကျိုနှစ်ပုလင်းဝှက်ထားတာရှိသော်လည်း ဒီနှစ် ၆၀ ရှိတဲ့ဖန်းကျိုက နည်းနည်းလန့်စရာကောင်းသည်။
စျေးကွက်ထဲမှာ နှစ် ၃၀ ဖန်းကျိုကအတော်ရှားပြီး နှစ် ၄၀ သက်တမ်းမှာ ထွက်ခဲသည်။ အရင်နှစ်တွေက ၅၅ နှစ်သက်တမ်းရှိသောဖန်းကျိုတစ်ကရားကို ယွမ် ၂ သန်းကျော်နှင့်လေလံဆွဲခဲ့သည်ဟူ၍ အကြီးအကျယ်ကောလာဟလထွက်ခဲ့ဖူးသည်။
သူ့ရှေ့ကဝိုင်ကရားကြီးက တကယ်နှစ် ၆၀ သက်တမ်းရှိတဲ့ဖန်းကျို!
လီရှင်းက သူ့စိတ်သူငြိမ်အောင်ထိန်းပြီး အံ့ဩနေသောစိတ်ကိုဖြေဖျောက်လိုက်သည်။ သူ့ဘေးနားတွင်ရှိသော နောက်ကရားတစ်ခုကိုဖွင့်၍ ဝိုင်ဇွန်းနှင့်ခပ်ကာ အရသာခံလိုက်သည်။
ခဏအကြာ သူ့မျက်လုံးများပြူးကျယ်သွားပြီး အထစ်ထစ်အငေါ့ငေါ့နှင့်_
"၇၀... နှစ် ၇၀ မောက်ထိုက်... ဘုရား ဘုရား''
လီရှင်းထိန်းထားတဲ့အိန္ဒြေတော့ လုံးဝပျက်ပြီ။
စောစောက နှစ် ၆၀ ဖန်းကျိုကရား၊ အခု နှစ် ၇၀ မောက်ထိုက်ကရားတဲ့။
ဒါ...
ချင်းလင်ဆေးဖက်ဝင်ဝိုင်က နှစ် ၆၀၊ ၇၀ ဆိုတာ လက်ခံလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ချင်လင်ရဲ့ကိုယ်ပိုင်ဘရန်းပဲ။ လက်ဆင့်ကမ်းဆက်ခံတာရှိနိုင်တယ်။
ဒါပေမဲ့ ဖန်းကျိုနဲ့မောက်ထိုက်ကိုလည်း ဒီလိုသက်တမ်းမျိုးရှိတာ လန့်လောက်စရာပဲ။
ချင်လင်ရဲ့ဝိုင်သိုလှောင်ခန်းက ဒီလိုရတနာသိုက်ဖြစ်နေတာကိုး။ ဒါကြောင့်လည်း ဘယ်သူမှမသိအောင်ဝှက်ထားတာ။
သူသာဆိုရင်လည်း ဝှက်ထားမှာ၊ ဘယ်သူ့မှပေးဝင်မှာမဟုတ်ဘူး။
ဒါကြောင့် သူအရမ်းကျေးဇူးတင်မိသည်။ ချင်လင်က ဒီဝိုင်သိုလှောင်ခန်းထဲဝင်ခွင့်ပေးပြီး ဝိုင်တွေကိုမြည်းခွင့်ပေးသည်။ သူ့ကိုတကယ်မိတ်ဆွေလိုသဘောထားသည်ပင်။
လီရှင်းမှာ သူ့အတွေးချော်နေမှန်းမသိသလို ချင်လင်က ဝိုင်ကိုလုံးဝဂရုမစိုက်ကြောင်းလည်း သူမသိချေ။
ဘာပဲဖြစ်ဖြစ် ချင်းလင်ဆေးဖက်ဝင်ဝိုင်အပြင် ထိုဖန်းကျို၊မောက်ထိုက်ဆိုသောဝိုင်များမှာ ဘယ်လိုသက်တမ်းမျိုးဖြစ်စေ သူ့အတွက်အလျှံအပယ်ရှိသည်။ ဝိုင်ကိုရေချိုးလို့တောင်ရသည်။
လီရှင်းမှာ ပြင်ပအကြောင်းတရားသက်ရောက်မှုမရှိသောသူဖြစ်၍ ပြင်ပအကြောင်းတရားရှိနေသူ၏အတွေးမျိုးတွေးဖို့ခက်ခဲလေသည်။ ကရားများ၊ဝိုင်စည်များကိုမြည်းရင်း သူ့မျက်နှာမှာ အံ့ဩလွန်း၍ထုံလာသလိုလိုပင်။
နှစ် ၄၀။
နှစ် ၅၀။
နှစ် ၆၀။
…
ဒီဝိုင်ဘရန်းတိုင်းက သက်တမ်းရင့်နေပြီ။
အခုထိ သူမြည်းလာသမျှဝိုင်အားလုံးတွင် နှစ် ၂၀ ဝိုင်ကအနိမ့်ဆုံးပင်။ ဒီလိုဝိုင်မျိုးက အတော်များများ၏ဝိုင်သိုလှောင်ခန်းတွင် တန်ဖိုးကြီးပစ္စည်းအဖြစ်သတ်မှတ်ကြောင်း သိထားကြသည်။
ဒါပေမဲ့ ချင်လင်ကျတော့ ဒါအစမျှသာ။
နောက်ဆုံး ...
လီရှင်းက ချင်းလင်ဆေးဖက်ဝင်ဝိုင်မှန်းသိသာသောဝိုင်စည်တစ်လုံးဆီလျှောက်သွားလိုက်သည်။ သူကအဆို့ကိုဖွင့်၍ တစ်ဇွန်းထည့်လိုက်၏။ အရသာခံကြည့်ပြီးနောက်တွင် ပါးစပ်အဟောင်းသားနှင့်ကြောင်သွားလေသည်။ အချိန်အတော်ကြာသည်အထိ အသံထွက်မလာ။
ဒီဝိုင်ရဲ့သက်တမ်းအတိအကျကို သူလုံးဝမပြောနိုင်။ အရသာနှင့်အနံ့တင် သူ့စိတ်နှင့်ဝိဉာဉ်ကိုလန့်ဖျပ်သွားစေသည်။
သူဝိုင်သက်တမ်းကိုမပြောနိုင်ရင် နှစ် ၁၀၀ ကျော်ဖြစ်ရမည်။ အတိအကျကိုပြောဖို့မလွယ်။
ဝိုင်စည်ထဲကဆေးဖက်ဝင်ဝိုင်က ချင်လင်ရဲ့ကျောက်ကပ်နဲ့ယန်ဓာတ်အားဖြည့်ပေးတဲ့ဆေးဖက်ဝင်ဝိုင်အစောဆုံးအသုတ်ပဲ။ ဝိုင်စည်ထဲမှာ ဝိုင်သိပ်မကျန်တော့။
အတော်ကြာမှ လီရှင်းကမယုံနိုင်ပုံနှင့်မေးသည်_
"ချင်လင်... ဒီဝိုင်က နှစ် ၁၀၀ ကျော်ပြီမလား? ဒါရွှေပုလင်းနဲ့ဆေးဖက်ဝင်ဝိုင်လား?''
"အင်း... အဲဒါရွှေပုလင်းထဲက ဆေးဖက်ဝင်ဝိုင်ပဲ!''
ချင်လင်က ဘာမှဖုံးကွယ်မထား။ ရွှေပုလင်းနဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်က နှစ် ၁၀၀ သက်တမ်းရှိပြီ။
လောလောဆယ် ကံကောင်းသူလီရှင်းသာလျှင် ဒီဝိုင်မျိုးကိုမြည်းနိုင်သည်။ အပြင်လူတွေဆို ဒီလိုဆေးဖက်ဝင်ဝိုင်မျိုးရှိတာ ယုံတောင်မယုံလောက်ဘူးမလား?