လီရှင်းကြောင်သွားပြီ! အားဖြည့်ဆေးရည်အစွမ်းပြပြီ! ၂
Vol. 42 Ch. 617
တကယ်တော့ အပြင်လူတွေတင်မယုံနိုင်တာမဟုတ်။ လီရှင်းတောင်မယုံနိုင်။
နှစ် ၆၀၊ နှစ် ၇၀ သက်တမ်းဝိုင်တွေက လက်ခံလို့ရသည်။ အတော်ရှားပါးသည်ဆိုသော်လည်း စျေးကွက်ထဲမှာ သုံးလေးနှစ်တစ်ကြိမ်တွေ့နိုင်သေးသည်။
ဒါပေမဲ့ ဒီနှစ် ၁၀၀ ဝိုင်ဆိုတာက ဒီနယ်ပယ်ထဲမှာ တစ်ဆင့်စကားတစ်ဆင့်နားသာရှိသည်။ အရင်က ရာစုနှစ်ဝိုင်အစစ်ကိုလုံးဝမမြင်ဖူး။ အခုသူ့ရှေ့ကဝိုင်စည်ထဲမှာ ရာစုနှစ်ဆေးဖက်ဝင်ဝိုင်ကအမှန်တကယ်ရှိနေသည်။
ချင်လင်ရဲ့ရွှေ၊ငွေ၊ကြေးနီအဆင့်သုံးမျိုးမှာ ရွှေပုလင်းနဲ့ဆေးဖက်ဝင်ဝိုင်က အမှန်ပင်ဒီလောက်မြင့်ကြောင်းသိလိုက်ရပြီ။
အကြောင်းမသိခင်က ရွှေပုလင်းကိုသုံးတာ ဖြုန်းတီးလွန်းရာကျသည်ဟုထင်ခဲ့သည်။ အခုဒီဝိုင်ရဲ့သက်တမ်းကိုသိပြီးမှ ရွှေပုလင်းသာလျှင် ဒီဝိုင်အဆင့်အတန်းနှင့်လိုက်ဖက်မှာစိုးရသည်။
သိပ်မကြာမီ_
လီရှင်းက ဝိုင်ပုလင်းနှစ်လုံးသယ်ပြီး ချင်လင်နှင့် ဝိုင်သိုလှောင်ခန်းအပြင်ထွက်လာသည်။ သူ့မျက်နှာက ပြုံးဖြီးဖြီးနှင့်။ ဝိုင်သိုလှောင်ခန်းထဲမှဝိုင်များကြောင့် အံ့လည်းအံ့ဩ၊ ပျော်လည်းပျော်နေသည်။
သူ့လက်ထဲကဝိုင်နှစ်လုံးမှာ တစ်လုံးက နှစ် ၆၀ ချင်းလင်ဆေးဖက်ဝင်ဝိုင်၊ နောက်တစ်လုံးက နှစ် ၆၀ မောက်ထိုက်ပင်။
ချင်လင်က ဆေးဖက်ဝင်ဝိုင်ရွှေပုလင်းနှင့်တခြားဘရန်းကျပန်းပေးမည်ဟုကတိပေးထားသော်လည်း နောက်ဆုံး သူက နှစ် ၆၀ ငွေပုလင်းသာယူခဲ့သည်။
သူလိုချင်တာကတော့ အဆင့်ပိုမြင့်တဲ့ဝိုင်ပေါ့။
ဒါပေမဲ့ သူဒီလိုမျက်နှာပြောင်မတိုက်ရဲ။
ဝိုင်တန်ဖိုးကိုသိနေ၍ သူမတန်ဘူးထင်ရင် သူမယူ။
နောက်ပြီး သူ့လက်ထဲက နှစ် ၆၀ ဝိုင်နှစ်လုံးနဲ့ဆို အယားပြေပြီ။
ချင်လင်က ဒီအတွက်ဘာမှမပြော။ လီရှင်းအတွေးကို သူခန့်မှန်းမိလောက်သည်။

သို့ရာတွင် ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုသူဂရုမစိုက်ကြောင်းမပြောသလို ဆေးဖက်ဝင်ဝိုင်ထည့်ဖို့ ရွှေပုလင်းယူပါဟုလည်း လီရှင်းကိုမတိုက်တွန်းချေ။
လီရှင်းက ဝိုင်သိုလှောင်ခန်းမှထွက်လာသောအခါ ဝိုင်သိုလှောင်ခန်းအလယ်မှလုံလုံခြုံခြုံထည့်ထားသောအရာကို မျက်စိကျနေသည်။
အဲဒီအထဲမှာ ဝိုင်နှစ်မျိုးရှိကြောင်း သူသတိထားမိသည်။
သို့ရာတွင် ရွှေပုလင်းနဲ့ဆေးဖက်ဝင်ဝိုင်တောင် စင်ပေါ်မှာပဲထားသည်။ ဒီတော့ အဲဒီအထဲကဝိုင်ဆို ဘယ်လောက်တန်ဖိုးရှိမလဲ တွေးကြည့်နိုင်သည်။
ဝိုင်တစ်မျိုးက သက်လုံအားဖြည့်ဝိုင်ဖြစ်မည်ဟုတောင် သူခန့်မှန်းမိသည်။
သို့သော် သူကရုပ်ပျက်မည်စိုး၍ အတင်းအကြပ်မမေး။
ချင်လင်ရဲ့ဝိုင်သိုလှောင်ခန်းထဲဝင်ပြီး တကယ့်ဝိုင်ကောင်းဆိုတာကိုမြင်ခဲ့ပြီ။ အခုဝိုင်နှစ်လုံးယူလာတာတင်ပဲ တော်လှပြီ။
ချင်လင်ဝိုင်သိုလှောင်ခန်းပိတ်နေသည်ကိုကြည့်ရင်း လီရှင်းကတစ်ခုခုသတိရပြီး အမြန်သတိပေးလိုက်သည်_
"ချင်လင်... ငါပြောဖို့မေ့တော့မလို့... အခုငါ့မှာ နှစ် ၆၀ ဝိုင်နှစ်လုံးရှိတာ ငါ့ဦးလေးကိုမပြောနဲ့နော်... အဲဒီလူက လူမဟုတ်ဘူး... အရင်တစ်ခေါက်က ငါ့ကိုလျှို့ဝှက်ချက်လို့ပြောပြီးတော့ ငါယူသွားတဲ့ဝိုင်တွေအကုန် အဘိုးကိုသတင်းပေးလိုက်တာ... ဒီတစ်ခါ သူသာဓာတ်ခွဲခန်းထဲရောက်မနေရင် ငါသူ့ကိုသွားရိုက်ပြီးပြီ''
"ဟဲ ဟဲ''
ချင်လင်က လီရှင်းကိုမျက်စိစွေကြည့်လိုက်သည်။
အစ်ကိုလီက သူ့ကိုဘာကြောင့်ပြောတယ်ဆိုတာ ဒီလူမသိဘူးလား?
ဒါပေမဲ့ ဒီတူဝရီးအကြောင်းသိပြီးနောက်ပိုင်း သူဒါတွေအသားကျနေပြီ။ ဒီနှစ်ယောက်က အမြဲတမ်းတစ်ယောက်ကိုတစ်ယောက်အပြစ်တင်ပြီး ချောက်ချနေကျ။ သူတို့ကြားဆက်ဆံရေးကလည်း တစ်မျိုးတော့အားကျစရာ။
သူတို့နှစ်ယောက်သား အပန်းဖြေစံအိမ်အပြင်လျှောက်လာစဉ် ချင်လင်ထံ လီခိုင်ဆီမှဖုန်းဝင်လာသည်။
သူကဖုန်းကိုင်မည်ကိုနှိပ်လိုက်ရာ အစ်ကိုလီအသံကိုကြားရသည်_
"ညီလေးချင်... မင်းအတွက်သတင်းကောင်းရှိတယ်... အားဖြည့်ဆေးရည်ရဲ့ကနဦးရလဒ်တွေထွက်နေပြီ... မြန်မြန် စီရင်စုအားကစားရုံကိုလာကြည့်လိုက်... ပါမောက္ခရန်တို့က ပထမစစ်ဆေးချက်လုပ်တော့မှာ''
ထိုသတင်းကြားပြီး ချင်လင်အံ့ဩသွားသည်။ သူက စီရင်စုအားကစားရုံကိုချက်ချင်းအပြေးသွားလိုက်သည်။
အားဖြည့်ဆေးရည်ပထမပါဝင်ပစ္စည်းက အာနိသင်ရှိကြောင်းသက်သေပြပြီးပြီ။

ဒီအတောအတွင်း ငယ်ငယ်ရွယ်ရွယ်အားကစားသမားတွေက ၅ နာရီအပြင်းအထန်လေ့ကျင့်ခဲ့ပြီး အာနိသင်ကပိုထက်လာသည်။
ထိုအချိန်ကို ၂ နာရီဆက်ထိန်းရာ အားကစားသများကကန့်သတ်ချက်ကိုအပြည့်အဝရောက်ပြီး အပြင်းအထန်လေ့ကျင့်ခန်း ၇ နာရီဖြစ်သွားသော်လည်း ချင်းလင်အားဖြည့်လက်ဖက်ရည်ကြောင့် နောက်တစ်နေ့တွင် အားကစားသမားများကို ပုံမှန်အတိုင်းအားပြန်ပြည့်စေသည်။ ကြွက်သားနာခြင်းနှင့်တခြားပြဿနာများကြောင့် မလေ့ကျင့်နိုင်တာမျိုးမရှိတော့။
တခြားနယ်ပယ်မှာသာဆိုရင် ဒါခေါင်းပုံဖြတ်တာဟုပြောကြလိမ့်မည်။ ပြစ်တင်ရှုတ်ချခံရပြီး တရားရုံးရောက်နိုင်သည်။
သို့ရာတွင် အားကစားသမားများဖြစ်နေ၍ နေ့စဉ်လုပ်ထုံးလုပ်နည်းဖြစ်နေသည်။ နိုင်ငံ့အတွက်ဂုဏ်ဆောင်နိုင်မည့်တစ်ခုတည်းသောနည်းလည်းဖြစ်ပေသည်။
ဒီလိုအပင်ပန်းခံနိုင်ခြင်းက လူတိုင်းခံနိုင်ရည်ရှိသောအရာမျိုး လုံးဝမဟုတ်။
ထို့ကြောင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ အရွယ်ရလာသောအခါ သူတို့ကိုကြမ်းကြမ်းတမ်းတမ်းမဆက်ဆံသင့်။ ပြိုင်ပွဲရှုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရ၍မယှဉ်ပြိုင်နိုင်ခြင်းကို အပြစ်မဆိုသင့်ပေ။
အခု ဒီလိုအပြင်းအထန်လေ့ကျင့်ရေးဆင်းပြီးနောက်ပိုင်း ဒုတိယပါဝင်ပစ္စည်းက အာနိသင်သိသိသာသာပြလာပြီ။
စီရင်စုအားကစားရုံမှာ ရုံချန်းတွင်အကောင်းဆုံးအားကစားပွဲကျင်းပနေရာဖြစ်သည်။ ပုံမှန်အားဖြင့် ကောလိပ် သို့မဟုတ် စီရင်စုအဆင့်ပြိုင်ပွဲများကို ထိုနေရာတွင်ကျင်းပလေ့ရှိသည်။
ချင်လင်က စီရင်စုအားကစားရုံကိုအမြန်မောင်းသွားလိုက်သည်။ သူရောက်သောအခါ ထိုနေရာတွင် အစောင့်အကြပ်များရှိနေသည်။ ရဲအရာရှိများ၊ ဓာတ်ခွဲခန်းလုံခြုံရေးအစောင့်များက အပြင်လူတွေမချည်းကပ်နိုင်အောင် ပတ္တရောင်လှည့်နေကြသည်။
ဒီလောက်တင်းကြပ်ရင်လည်း တင်းကြပ်စရာပင်။ ဒီအားဖြည့်ဆေးရည်ရဲ့ထူးခြားမှုက ကောင်းလွန်းသည်။
စီရင်စုငယ်လေးဖြစ်ပြီး ဒီအားဖြည့်ဆေးရည်အကြောင်း အပြင်လူတွေမသိ၍သာမဟုတ်ရင် ဝန်ကြီးလုက လုံခြုံရေးပိုတင်းကြပ်ပေဦးမည်။
ချင်လင် အားကစားရုံထဲဝင်လာသောအခါ အပြေးလမ်းကြောင်းပေါ်တွင် ကိရိယာတချို့တပ်ဆင်ထားသည်။ အားကစားသမားတစ်ယောက်က သွေးပူလေ့ကျင့်ခန်းလုပ်နေသည်။
"ညီလေးချင်... ရောက်လာပြီပေါ့''
လီခိုင်က ချင်လင်ကိုမြင်လျှင် သူ့ဆီချက်ချင်းရောက်လာသည်။
"သူဌေးချင်!" ပါမောက္ခရန်။
"သူဌေးချင်!" ဝန်ကြီးလု။
"ဥက္ကဌချင်!" ရှန်လီ။
သူတို့သုံးယောက်လည်း ချင်လင်ကိုမြင်ပြီး နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် လီခိုင်က အားကစားသမားကိုကြည့်ရင်း ရှင်းပြသည်_
"မီတာ ၁၀၀ တာတိုပြေးပွဲလေ့ကျင့်ရေးဆင်းနေတဲ့စုယဲ့လေ... သူ့ခန္ဓာကိုယ်အခြေအနေပိုကောင်းလာတာ... ဒီနေ့လေ့ကျင့်ရေးဆင်းနေရင်း သူ့ခန္ဓာကိုယ်က ရုတ်တရက်ပုံမှန်မဟုတ်တာ သတိထားမိတယ်တဲ့... အရှိန်တက်ဖို့လွယ်ပုံရတယ်... ဒါပေမဲ့ သူ့ခန္ဓာကိုယ်အခြေအနေလည်း ပိုကောင်းလာတယ်... သူကပထမဆုံးအာနိသင်ပြတဲ့သူပဲ''