← Chapters

အထူးကာကွယ်ရေးနည်းလမ်း! အစွမ်းထက်လက်နက်!

Vol. 42 Ch. 619

အထူးကာကွယ်ရေးနည်းလမ်း! အစွမ်းထက်လက်နက်!

Vol. 42 Ch. 619

ချင်လင်က ဝန်ကြီးလု၏တည်ကြည်သောမျက်နှာထားကိုကြည့်ရင်း ခေါင်းညိမ့်လိုက်သည်။

ဝန်ကြီးလုသီးသန့်ပြောချင်တဲ့ကိစ္စက ပေါ့သေးသေးမဟုတ်မှန်း သူသိသည်။ သူကချက်ချင်း ရှန်လီကိုသူနှင့်အတူချင်းလင်ဓာတ်ခွဲခန်းပြန်ခေါ်ပြီး သူတို့အတွက်ရုံးခန်းစီစဉ်ခိုင်းသည်။

ချင်လင်က ဝန်ကြီးလုနှင့် ရုံးခန်းထဲဝင်လာပြီးမေးလိုက်သည်_

"ဝန်ကြီးလုပြောချင်တာ ဘာများလဲ?''

ဝန်ကြီးလုက ချက်ချင်းပင်_

"သူဌေးချင်... အားဖြည့်ဆေးရည်ကအာနိသင်ရှိကြောင်း သက်သေပြပြီးပြီ... အခု နောက်ဆုံးအာနိသင်ဘယ်လောက်ထက်လဲ ကြည့်ရတော့မယ်... လက်ရှိအာနိသင်ဆိုရင်တောင် သိသိသာသာထူးခြားတယ်... အဲဒီတော့ ရှေ့လျှောက်မင်းတို့ချင်းလင်ကုမ္ပဏီရဲ့ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးစရာရှိတယ်''

"ဝန်ကြီးလု ပြောပါ''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

တကယ်တော့ ဝန်ကြီးလုဘာပြောမလဲ သူအကြမ်းဖျင်းခန့်မှန်းမိသည်။ ဘာပဲဖြစ်ဖြစ် အားဖြည့်ဆေးရည်ကို ဘယ်သူတွေအသုံးပြုနိုင်မလဲ သူသိသည်။

ဝန်ကြီးလုက ရှင်းပြသည်_

"ဆေးရည်ထုတ်တဲ့အချိန်ကျရင် ထိန်းချုပ်မှုတော့လုပ်ရမယ်... ရောင်းအားကိုလည်း ကန့်သတ်ရမယ်... သူဌေးချင်... ဘယ်သူတွေမှာ ဒီဆေးရည်ကိုသုံးနိုင်တယ် ဘယ်လောက်ထူးခြားတယ်ဆိုတာ မင်းသိမှာပါ''

"အပြင်လူတွေဒီအကြောင်းသိသွားရင် တခြားနိုင်ငံတွေက အကြံရသွားလိမ့်မယ်... ဒါကလည်း ကြိုတင်ကာကွယ်တာ... ဒါပေမဲ့ စိတ်မပူပါနဲ့ သူဌေးချင်... ငါတို့ချင်းလင်ကုမ္ပဏီကို နစ်နာကြေးပေးမှာပါ''

ဝန်ကြီးလုပြောချင်တာ ချင်လင်သဘောပေါက်သည်။ သူခန့်မှန်းထားတဲ့အတိုင်းပင်။

ဆေးရည်အာနိသင်ကို သူသိသည်။ အားကစားသမားတွေ၊စစ်သားတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးပြီဆိုတာနှင့် အတော်များများကမျက်စိကျလာလိမ့်မည်။

ချင်းလင်ကုမ္ပဏီမှာ လုံခြုံရေးစနစ်ဘယ်လောက်ကောင်းကောင်း ကိုင်တွယ်ဖို့ခဲယဉ်းလိမ့်မည်။

ဝန်ကြီးလုက အမှန်ပင်ကာကွယ်ရေးနည်းလမ်းအကြောင်းပြောလာသည်။

ထို့ကြောင့် ချင်လင်ကခေါင်းညိမ့်ပြီး_

"ဝန်ကြီးလု... ကျွန်တော်ပူးပေါင်းလုပ်ဆောင်ပါမယ်... အသေးစိတ်ကိုတော့ ဥက္ကဌတန့်နဲ့ဆက်လုပ်ပါမယ်''



"သူဌေးချင်... ပူးပေါင်းတဲ့အတွက် ကျေးဇူးပါ... ခင်ဗျားရဲ့ဆေးရည်က တကယ်အရေးကြီးတယ်''

ဝန်ကြီးလုက ရှင်းပြသည်။

ချင်လင်က အဆင်သင့်ထောက်ခံ၍ သူနည်းနည်းစိတ်လှုပ်ရှားသွားသည်။ ဒီသူဌေးချင်က ပါမောက္ခရန်ပြောတဲ့အတိုင်း အလွန်အမြင်ကျယ်သည်။

တချို့ကိစ္စတွေမှာ သူဌေးချင်က သူများထက်ပိုနားလည်သည်။ ခေါင်းဆောင်ကတောင် သူ့ကိုအမြင်ကျယ်သော၊တာဝန်ယူတတ်သောလုပ်ငန်းရှင်ဖြစ်ကြောင်း တွက်ဆမိသည်။

ဝန်ကြီးလုက နောက်တစ်ခုတွေးမိပြီး_

"သူဌေးချင်... မင်းအကူအညီလိုတာတစ်ခုရှိသေးတယ်''

"ပြောပါ ဝန်ကြီးလု''

ချင်လင်က ပြောလိုက်သည်။

"သူဌေးချင်ကို တချို့တရုတ်တိုင်းရင်းဆေးနည်းတွေ သုတေသနလုပ်ပေးစေချင်တယ်''

ဝန်ကြီးလုကရှင်းပြသည်_

"အားဖြည့်ဆေးရည်ကြောင့် တရုတ်တိုင်းရင်းဆေးနည်းတွေကို ကျုပ်တို့ပိုပြီးအာရုံစိုက်သင့်တယ်လို့တွေးမိတယ်... အဲဒါကြောင့် ကျုပ်ခေါင်းဆောင်ကိုအကြံပြုထားတယ်''

"ခေါင်းဆောင်တချို့က ဒီအကြံပြုချက်ကိုထောက်ခံတယ်... အားဖြည့်ဆေးရည်က သူ့တန်ဖိုးပြနေပြီလေ... ဒါပေမဲ့ သိပ္ပံပညာကိုထောက်ခံတဲ့ခေါင်းဆောင်တချို့က ဒါကိုခြွင်းချက်လို့ထင်နေကြတယ်... တရုတ်တိုင်းရင်းဆေးကိုအစားထိုးဖို့ စည်းမျဉ်းတွေ အကြောင်းရင်းတွေရှိတယ်လို့တွေးကြတယ်''

"ဒီတော့ ငါ့အကြံပြုအောင်မြင်အောင် သက်သေပြရမှာ အားဖြည့်ဆေးရည်တစ်ခုတည်းနဲ့မရဘူး... အဲဒါကြောင့် ငါတရုတ်ဆေးပညာအဖွဲ့အစည်းကိုစကားပြောပြီးတော့ သုတေသနလုပ်ဖို့ဆေးနည်းတချို့တောင်းထားတယ်''

"သူတို့က ငါ့လှုပ်ရှားမှုကိုသိတဲ့အတွက် လျှို့ဝှက်ဆေးနည်းပေးဖို့လိုလိုလားလားရှိကြတယ်... ဒါပေမဲ့ လတ်တလော ဘာမှမတွေ့ထားသေးဘူး... အရင်လူတွေက ရိုးရိုးရှင်းရှင်းဆေးနည်းကို ထူးထူးဆန်းဆန်းတွေရေးရတာကြိုက်ကြတယ်... တချို့လျှို့ဝှက်ဆေးနည်းတွေဆို မပေါက်ကြားအောင် တိဗက်ကဗျာလိုလိုပုံစံတွေတောင်ရေးကြတယ်''

"ဒီဆေးနည်းတွေကိုသုတေသနကူလုပ်ပေးဖို့ သူဌေးချင်ကိုတောင်းဆိုချင်တယ်... သူဌေးချင်က ဆေးဖက်ဝင်ဝိုင်မှာဖြစ်ဖြစ် ဒါမှမဟုတ် ဆေးပြုတ်ရည် အားဖြည့်ဆေးရည်တွေကိုကြည့်ရင်ပဲဖြစ်ဖြစ် တရုတ်တိုင်းရင်းဆေးအပေါ်မှာ သုတေသနအများကြီးလုပ်ထားမှန်း ကျုပ်သိတယ်''

ဝန်ကြီးလုကပြောရင်းဆိုရင်း ဆေးပင်အမျိုးမျိုးနှင့်လျှို့ဝှက်ဆေးနည်းတချို့ကိုထုတ်လိုက်သည်။

သူ့ကိုကြည့်ရင်း ချင်လင်ကကြောင်နေသည်။

တရုတ်တိုင်းရင်းဆေးကို သူသုတေသနအများကြီးလုပ်ထားမှန်း သူလည်းမသိလိုက်ရပါလား?



စနစ်ကနေ ဗဟုသုတလေးနည်းနည်းနဲ့ ဆေးနည်းလေးတချို့ရထားတာပဲရှိတာ။

အထင်တော့လွဲနေပြီ?

ဝန်ကြီးလုက အထင်လွဲတာဘာညာမသိ။ သူစုံစမ်းမိသလောက် သူဌေးချင်က ပါးစပ်အရသာခံကြည့်ရုံနှင့် ဆေးပင်စစ်မစစ်သိသည်တဲ့။ ဆေးဆိုင်က ဆေးအတုရောင်းတယ်လို့တောင် တိုင်ခဲ့သေးသည်။

ဒီလိုလုပ်နိုင်တဲ့သူက တရုတ်တိုင်းရင်းဆေးကိုထဲထဲဝင်ဝင်မလေ့လာထားဘဲနေမလား?

ဒီလိုနက်နဲသိမ်မွေ့သောတရုတ်တိုင်းရင်းဆေးပညာကို သူဌေးချင်ဘယ်ကလေ့လာထားမှန်း သူမသိသော်လည်း ကိစ္စမရှိ။

သူဌေးချင်က ဒီအပိုင်းမှာသေချာပေါက်အရည်အချင်းရှိမှန်း သူသိသည်။ တရုတ်ဆေးပညာအဖွဲ့အစည်းကလူတွေထက်တောင် ပိုတော်ချင်တော်နိုင်သည်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနှစ်တွေအတောအတွင်းမှာ တရုတ်ဆေးပညာအဖွဲ့အစည်းက ရံပုံငွေရထားသော်လည်း သုတေသနပိုင်းမှာ ဘာအောင်မြင်မှုမှမရခဲ့။

သို့သော် တရုတ်တိုင်းရင်းဆေးက အလားအလာကောင်းသည်ဟု သူလုံးဝခံစားမိသည်။ အမြဲလျစ်လျူရှုခံခဲ့ရသောရတနာတစ်ပါးပင်။ သို့ရာတွင် အားဖြည့်ဆေးရည်တစ်ခုတည်းမဟုတ်ကြောင်းသက်သေပြပြီး ခေါင်းဆောင်တွေရဲ့သံသယကိုပပျောက်စေရဦးမည်။

နောက်ဆုံး ချင်လင်က ဝန်ကြီးလုပေးသောလျှို့ဝှက်ဆေးနည်းများကိုလက်ခံလိုက်ရသည်။

မည်သို့ဆိုစေ ဝန်ကြီးလုရဲ့ရည်ရွယ်ချက်က တရုတ်တိုင်းရင်းဆေးကဏ္ဍကိုတိုးတက်စေဖို့ထက်မပို။

တရုတ်တိုင်းရင်းဆေးအတွက် သူကူညီပေးချင်သည်။

ဘာပဲဖြစ်ဖြစ် သူလည်းတရုတ်တိုင်းရင်းဆေးက အကျိုးအမြတ်ရနေသည်ပင်။ ဆေးပြုတ်ရည်နှင့်ဝမ်းနှုတ်ဆေးရည်လျှို့ဝှက်နည်းက အတော်လေးတန်ဖိုးရှိသည်။

သူကဂိမ်းထဲမှာ BUG ဒေါက်တာ Dott ရှိသည်။ ဒီတော့ ဝန်ကြီးလုကိုသူကူညီပေးတာကောင်းမည်။

တရုတ်တိုင်းရင်းဆေးကို သူထဲထဲဝင်ဝင်လေ့လာထားတယ်လို့ထင်ချင်လည်း ထင်စေတော့။ သူဘာမှဖြစ်မသွား။

ဒီအထင်လွဲမှုက ရှေ့လျှောက်သူ့အတွက်အသုံးတည့်ချင်တည့်နိုင်သည်။

"ဝန်ကြီးလု... ကျွန်တော်ကြည့်ကြည့်မယ်... အာမမခံနိုင်ဘူးလို့တော့ ပြောရမှာပဲ''

ချင်လင်က ဆေးနည်းယူပြီးပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒေါက်တာ Dott ရဲ့ BUG က ကွမ်ရင်မယ်တော်လည်းမဟုတ်။ ဒီလျှို့ဝှက်ဆေးနည်းက တကယ်အသုံးတည့်မှရမည်။



All Chapters