သူဌေးချင်မတွေးမိလောက်တဲ့အာနိသင်! ၂
Vol. 42 Ch. 622
နိုင်ငံတော်က ရံပုံငွေအများကြီးသုံးပြီး ပါမောက္ခရန်တောင် အပြင်ထုတ်မသုံးနိုင်သော အချက်အလက်များဖြစ်သည်။
ဝန်ကြီးလုအဆင့်အထက်လူများသာ အသုံးပြုနိုင်သည်။
ဝန်ကြီးလုက ပါမောက္ခရန်၏တောင်းဆိုချက်ကြားကြားချင်း အပြေးအလွှားရောက်လာပြီး စိတ်လှုပ်ရှားသံနှင့်_
"ပါမောက္ခရန်... သူဌေးချင်ရဲ့ဆေးမှုန့်က အရမ်းကောင်းတာလား? အူမကြီးကင်ဆာအတွက်လား?''
ပါမောက္ခရန်က_
"ဒါဆေးစမ်းသပ်ချက်တစ်ခုပါပဲ... မသေချာသေးဘူး... ဒါပေမဲ့ ကျွန်တော်တို့လူမှုဘဝသုတေသနအဖွဲ့ရဲ့ အူမကြီးကင်ဆာအပေါ်လေ့လာထားချက်တွေနဲ့အရမ်းတူနေတယ်... ယှဉ်ကြည့်ရဦးမယ်''
"ဟုတ်ပြီ... ငါအခုချက်ချင်းတင်လိုက်မယ်!''
ဝန်ကြီးလုက အရင်ဆုံးလက်တော့ပ်ရှာပြီး email တစ်ခုထဲဝင်လိုက်သည်။ ထို့နောက် ဖုန်းထုတ်၍ ခေါင်းဆောင်ကိုဆက်လိုက်သည်။
ခေါင်းဆောင်အကူအညီနှင့် အချက်အလက်ကိုအမြန်ဆုံးရလိမ့်မည်။
သူဌေးချင်က အူလမ်းကြောင်းအတွက်အကျိုးရှိမယ့်ဆေးတဲ့။ ဒါပေမဲ့ အူမကြီးကင်ဆာအတွက်ပါ အာနိသင်ရှိလိမ့်မယ်လို့ဘယ်ထင်မလဲ?
ဒီရောဂါအတွက်ကုသစရိတ်က မြင့်သည်။ တချို့ဆေးတွေက ကျန်းမာရေးအာမခံထဲပါရင်တောင် ဒီဆေးဝါးအုပ်စုတန်ဖိုးမြင့်ခြင်းကြောင့် ကုသစရိတ်မြင့်တက်နေဆဲပင်။
တရုတ်သိပ္ပံအကယ်ဒမီကလည်း ငွေကုန်ကြေးကျခံပြီး ဒီရောဂါကိုသုတေသနလုပ်နေသည်။
အာနိသင်သာအတည်ဖြစ်ရင် အံ့ဩစရာကောင်းလိမ့်မည်။ အားဖြည့်ဆေးရည်တစ်မျိုးတည်းမဟုတ်ကြောင်းသက်သေပြနိုင်ရုံသာမက အူမကြီးကင်ဆာကိုပါကုနိုင်လိမ့်မည်။
လုံးဝနှစ်ချက်ပြတ်။
တစ်နာရီနီးပါးကြာပြီးနောက် တရုတ်သိပ္ပံအကယ်ဒမီမှသက်ဆိုင်ရာအချက်အလက်များ ဝန်ကြီးလု email ထဲရောက်လာသည်။
"ပါမောက္ခရန်''
ဝန်ကြီးလုက ချက်ချင်း email ဖွင့်ပြီး မှတ်စုကိုပါမောက္ခရန်ဆီပေးလိုက်သည်။
ပါမောက္ခရန်က လက်နှေးမနေ။ မှတ်စုကိုမြန်မြန်ယူကြည့်လိုက်သည်။ ထို့နောက် လက်ထောက်၏စမ်းသပ်ချက်နှင့်ယှဉ်ကြည့်သည်။
အချိန်အတော်ကြာပြီးနောက်_
"ပါမောက္ခရန်... ဘယ်လိုထင်လဲ?''
ဝန်ကြီးလုက မမေးဘဲမနေနိုင်တော့။
ပါမောက္ခရန်မျက်နှာမှာ ပြုံးရွှင်ပြီး_
"တစ်စိတ်တပိုင်းတော့ တူတယ်... ဒါပေမဲ့ တရုတ်သိပ္ပံအကယ်ဒမီရဲ့သုတေသနလုပ်ငန်းစဉ်က အကန့်အသတ်ရှိတော့ အူမကြီးကင်ဆာသက်သာစေတဲ့အာနိသင်နဲ့ကွာသေးတယ်... ဒီဆေးမှုန့်ကိုအတွင်းကျကျစမ်းသပ်ပြီး အတည်ပြုဖို့လိုတယ်''
ပါမောက္ခရန်ကစကားဆုံးသည်နှင့် ဝန်ကြီးလုကိုအာရုံမထားတော့။ သူနှင့်သူ့လက်ထောက်က နမူနာကိုဓာတ်ခွဲကြည့်ပြန်သည်။ မိုးစုံးစုံးချုပ်သည်အထိ ဆက်လက်ဓာတ်ခွဲကြသည်။
ပါမောက္ခရန်က သူ့အရွယ်နှင့်ညဉ့်နက်သန်းခေါင်အထိစမ်းသပ်ခြင်းမှာ သူဘယ်လောက်စိတ်နှစ်ထားမှန်းသိနိုင်သည်။
နောက်တစ်နေ့မရောက်ခင်အချိန်တွင် ပါမောက္ခရန်မအံ့ဩဘဲမနေနိုင်တော့_
"ဟား ဟား... တကယ်အာနိသင်ရှိတယ်! ဒီဆေးက အံ့ဩစရာပဲ!''
ပါမောက္ခရန်နှင့်တစ်ညလုံးအတူရှိနေသည့်ဝန်ကြီးလုမှာ သူ့ထိုင်ခုံတွင်မှေးနေသည်။ ပါမောက္ခရန်အသံကြားကြားချင်း ဖျတ်ခနဲထကာ စိတ်လှုပ်ရှားသံနှင့်_
"ပါမောက္ခရန်... ဒီဆေးမှုန့်က တကယ်အူမကြီးကင်ဆာကိုကုနိုင်လား?''
ဒီတစ်ကြိမ်တွင် ပါမောက္ခရန်ကအသေအချာပင်_
"အင်း... အတည်ပြုပြီးပြီ... အူမကြီးကင်ဆာကိုကုနိုင်တယ်... ပြီးတော့ အာနိသင်က မျှော်မှန်းထားတဲ့စံနှုန်းမီတယ်... ဟင်း... ဒီရောဂါကို တရုတ်တိုင်းရင်းဆေးနည်းနဲ့ကုနိုင်မယ်လို့မထင်မိဘူး''
သူ့စကားများမှာ စိတ်လှုပ်ရှားမှုအပြည့်နှင့်။ ဘာပဲဖြစ်ဖြစ် အသည်းကင်ဆာဆေးရအောင် အချိန်တွေ၊ လုပ်အားနှင့်ငွေဘယ်လောက်စိုက်ထုတ်ခဲ့ရကြောင်း သူကောင်းကောင်းသိသည်။
အူမကြီးကင်ဆာသုတေသနအတွက် တရုတ်သိပ္ပံအကယ်ဒမီကငွေအများကြီးသုံးထားသော်လည်း တိုးတက်မှုက ကျေနပ်စရာမရှိ။ အခုတော့ ဒီဆေးမှုန့်က အားလုံးဖြေရှင်းပေးလိုက်ပြီ။
ဆေးမှုန့်ရဲ့တခြားအာနိသင်တွေက ဘယ်လိုပဲရှိရှိ၊ ဒီတစ်ချက်တည်းနှင့်တင် အရမ်းလန့်စရာကောင်းနေပြီ။
"ကောင်းလိုက်တာ''
ဝန်ကြီးလုက သတင်းကောင်းကြားပြီး လက်သီးတင်းတင်းဆုပ်၍ခုန်လိုက်သည်။ သူကစိတ်လှုပ်စွာနှင့်_
"ဒီလျှို့ဝှက်ဆေးနည်းကိုတွေ့တာ သူဌေးချင်ကျေးဇူးတွေပဲ... တရုတ်ဆေးပညာအဖွဲ့အစည်းကလူတွေဆို ဒီဆေးနည်းကိုအရင်ဆုံးပယ်ပစ်တာ''
ပါမောက္ခရန်ကပြုံးပြီး သတိပေးလိုက်သည်_
"ဝန်ကြီးလု... အပျော်လွန်မနေနဲ့ဦး... သူဌေးချင်ကိုအရင်ဆုံးသတင်းကောင်းပြောသင့်တယ်လေ... သူလည်း သတင်းကောင်းစောင့်နေမှာ''
"ဟုတ်တယ်.. ဟုတ်တယ်.. ဟုတ်တယ်! ကျုပ်မေ့တော့မလို့... အရင်ဆုံး သူဌေးချင်ကိုသတင်းကောင်းပြောရအောင်!''
ဝန်ကြီးလုက အမြန်ခေါင်းညိမ့်ပြီး ဖုန်းထုတ်လိုက်သည်။ ဒါဘယ်သူ့ကျေးဇူးတွေလဲ သူသိသည်။
သူဌေးချင်က အကြီးဆုံးသူရဲကောင်း။
ဝန်ကြီးလု ပထမဖုန်းကမဝင်။ သူဌေးချင်က ဆက်သွယ်မှုဧရိယာပြင်ပရောက်နေသည်တဲ့။ သုံးခါဆက်တိုက်ခေါ်ပြီးမှ ဖုန်းဝင်သွားသည်။
ဂိုဒေါင်ထဲ၌_
ချင်လင်မှာ ဂိမ်းထဲကနောက်ဆုံးပစ္စည်းထုတ်နေစဉ် ဝန်ကြီးလုထံမှဖုန်းဝင်လာသည်။ သူကဖုန်းကိုင်လိုက်ရာ ဝန်ကြီးလု၏စိတ်လှုပ်ရှားနေသောအသံကိုကြားရသည်_
"သူဌေးချင်... မင်းအတွက်သတင်းကောင်းရှိတယ်... ဆေးမှုန့်အာနိသင်ကိုစမ်းသပ်ပြီးပြီ... မင်းမှန်းကြည့်စမ်း... ဒါပေမဲ့ မှန်းနိုင်မှာမဟုတ်ပါဘူး''
ချင်လင်မှာနားထောင်ရင်း မရယ်ဘဲမနေနိုင်တော့။
ဆေးမှုန့်အာနိသင်ကို သူမသိဘဲနေမလား?
သို့သော် မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်_
"ဝန်ကြီးလုဒီလောက်စိတ်လှုပ်ရှားနေပုံထောက်ရင် ဆေးမှုန့်အာနိသင်က အတော်ကောင်းလို့ဖြစ်ရမယ်... မလုပ်ပါနဲ့... ကျွန်တော်အရမ်းသိချင်နေပြီ''
ချင်လင်ကသိချင်သည်ဆိုသောကြောင့် ဝန်ကြီးလုရယ်လိုက်ပြီး_
"လူကြီးမင်းချင်... ဒီဆေးက အူမကြီးကင်ဆာကုနိုင်တယ်လို့ မင်းလုံးဝတွေးမိမှာမဟုတ်ဘူး... အရမ်းအံ့ဩစရာကောင်းတယ်... အားဖြည့်ဆေးရည်တစ်မျိုးတည်းမဟုတ်ဆိုတာ သက်သေပြလိုက်တာပဲ... တရုတ်သိပ္ပံအကယ်ဒမီက အကြာကြီးသုတေသနလုပ်နေတဲ့ပြဿနာကြီးကိုပါ ဖြေရှင်းပေးလိုက်တာ... ချင်လင်... ကျေးဇူးအများကြီးတင််တယ်ကွာ... ငါမင်းကို ကျေးဇူးကြွေးအကြီးကြီးတင်သွားပြီ''
"ဝန်ကြီးလု... ဒီလိုမပြောပါနဲ့... ကျွန်တော်လုပ်သင့်တာ လုပ်တာပါ''
ချင်လင်က ပြုံးပြုံးနှင့်ပင်။ အားလုံးက သူထင်ထားတဲ့အတိုင်း။
"ဘာပဲဖြစ်ဖြစ် ကျေးဇူးအများကြီးတင််တယ်''
ဝန်ကြီးလုက ကျေးဇူးထပ်တင်ပြန်သည်။
ဖုန်းချပြီးနောက် ချင်လင်က ထရပ်ကားဆီသွားပြီးကားစက်နှိုးကာ ချင်းလင်စံအိမ်သို့ပစ္စည်းများပို့လိုက်သည်။
တစ်ဖက်တွင် အနောက်တိုင်းစားသောက်ဆိုင်စားဖိုဆောင်ထဲ၌ နိုင်ငံခြားသားလူဖြူတစ်ယောက်သည် အိုးတစ်လုံးနှင့်ငါးရှဉ့်ကိုကျွမ်းကျွမ်းကျင်ကျင်ချက်နေလေသည်။