← Chapters

ဒီကောင်က အံ့ဩစရာ! မပြိုင်ခင် အရှုံးပေး?

Vol. 42 Ch. 624

ဒီကောင်က အံ့ဩစရာ! မပြိုင်ခင် အရှုံးပေး?

Vol. 42 Ch. 624

Doug က Lazda နားမလည်သေးဟုထင်ပြီး ထပ်ရှင်းပြသည်_

"နောက်တစ်ဆင့်က ချင်းလင်စံအိမ်လို့ခေါ်တဲ့နေရာ... ငါတို့မြို့စားနှင်းဆီရှိတဲ့နေရာပဲ... ငါကမြို့စားနှင်းဆီသွားကြည့်မယ်... မင်းကဟိုစားဖိုမှူးနဲ့ပြိုင်''

"ဒါနဲ့... ဟိုစားဖိုမှူးကို သင်ခန်းစာကောင်းကောင်းပေးလိုက်စမ်းပါ... ဘာပဲဖြစ်ဖြစ် မြို့စားနှင်းဆီကိစ္စကို တို့နိုင်ငံကအခဲမကျေနေတာ... အဲဒီအချိန်ကျရင် မင်းကိုသူရဲကောင်းလိုမြင်ကြမှာ''

"ရှစ်ထ်! ချင်းလင်စံအိမ်ကစားဖိုမှူးကို ဘယ်သူကစိန်ခေါ်ခိုင်းလို့လဲ?''

Doug စကားနားထောင်ရင်း Lazda က သူ့ကော်လာကိုဆွဲဆုပ်လိုက်သည်။

အဲဒါဘယ်လိုနေရာလဲဆိုတာ သိရဲ့လား?

ဒီကမ္ဘာသာ အချက်အပြုတ်လောကဆိုရင် ချင်းလင်စံအိမ်က သူ့အတွက်တစ်ခုတည်းသောနေရာ။ အဲလိုအရသာရှိတဲ့အစားအစာမျိုးချက်နိုင်ဖို့က စားဖိုမှူးအားလုံးရဲ့အိပ်မက်။

သူက ချင်းလင်စံအိမ်မှာသွားလေ့လာချင်တာ၊ ဒါပေမဲ့ ဒီကောင် Doug က သူ့ကိုဖျက်လိုဖျက်ဆီးလုပ်နေတာပဲ။

Doug က ဇဝေဇဝါနှင့်ကြည့်ရင်း_

"Lazda... ဘာလို့အရမ်းစိတ်လှုပ်ရှားနေတာလဲ? ဒါပေမဲ့ နောက်ပွဲကျရင် ပြိုင်ဘက်ကမင်းရဲ့အနိုင်ခံလေးဖြစ်ဦးမှာ...''

သူ့စကားမဆုံးခင် Lazda ရဲ့လက်သီးက သူ့မျက်လုံးထဲပုံရိပ်ကြီးကြီးလာပြီး စူးစူးဝါးဝါးနာကျင်မှုကိုခံစားလိုက်ရတော့သည်။ နာလွန်း၍ မအော်ဘဲမနေနိုင်။

"ရှစ်ထ်! ခင်ဗျားကြောင့် ကျွန်တော်တော့သွားပြီ''

Lazda က ဆဲရေးပြီး ချက်ချင်းစားဖိုဆောင်မှထွက်သွားလေသည်။

…

ချင်းလင်စံအိမ်_

ချင်လင် ရုံးခန်းထဲရောက်ခါရှိသေး၊ လင်းလန်ဇီလျှောက်လာသည်ကိုတွေ့ရသည်။

သူမက တအံ့တဩနှင့်အစီရင်ခံသည်_

"သူဌေး... ကျွန်မ စံအိမ်စီမံရေး app ကနေပို့ထားတဲ့ email တွေ့ပြီးပြီလား? ကျွန်မတို့စံအိမ်ကစားဖိုမှူးကိုစိန်ခေါ်ချင်တဲ့ ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးတစ်ယောက်လေ... သူ့အကြောင်း ကျွန်မစုံစမ်းကြည့်တော့ အရမ်းနာမည်ကြီးတဲ့သူပဲ... တချို့က ရှင်းကျန့်တယ်စားဖိုမှူးနတ်ဘုရားလို့တောင် ပြောနေကြတာ''

“???”

ချင်လင်ချက်ချင်း ဇဝေဇဝါဖြစ်သွားသည်။





လင်းလန်ဇီပြောတာ ဘာလို့ Lazda နဲ့တူနေတာလဲ?

သူက တောင်တန်းစံအိမ် app ထဲဝင်ပြီး လင်းလန်ဇီ၏ email ကိုကြည့်လိုက်သည်။

စိန်ခေါ်စာတစ်စောင်။

သူကအကြောင်းအရာကိုဖတ်ကြည့်သည်။ Lazda နာမည်ကိုတွေ့ပြီး သူကြောင်သွားသည်။

တကယ် ဒီကောင်ပဲ။

အရင်တစ်ခါလာတုန်းက စိတ်ပျက်လက်ပျက်နဲ့ထွက်သွားတဲ့ကောင်။ သူမမှတ်သေးဘူးလား? ဒါမှမဟုတ် သူ့လက်ရာက လုံးဝတိုးတက်လာပြီး အရည်အသွေး ၃ ဟင်းပွဲမျိုးဖန်တီးနိုင်လို့လား?

ဒါပေမဲ့ မဖြစ်နိုင်။

သူ့မှာ စနစ်မရှိ။

"အင်း... သိပြီ... သူတကယ်လာရဲရင် သူ့ကိုသင်ခန်းစာပေးလိုက်ရုံပေါ့''

ချင်လင်က စိန်ခေါ်စာကြည့်ပြီး လင်းလန်ဇီကိုပြုံးပြလိုက်သည်။

Lazda က တကယ်အနိုင်ယူဖို့လာတာဆိုရင် သူ့အလွန်မဟုတ်တော့။ ဒီတစ်ခါ သူ့ပြိုင်ဘက်ကို လုံးဝအရူးလုပ်ပစ်မည်။

သူ့ကိုကမ္ဘာ့နံပါတ်တစ်၊ စားဖိုမှူးနတ်ဘုရားဆိုပြီး ရှင်းကျန့်တယ်ကလူတွေ အသံကောင်းဟစ်နေတာမလား?

အဲဒီကျရင် ပါးစပ်ပေါက်တွေပိတ်ကုန်လိမ့်မည်။

နေ့လယ်ပိုင်းတွင် ချင်လင်ကနေ့လယ်စာစားပြီး ချင်းလင်ဓာတ်ခွဲခန်းပြန်သွားလိုက်သည်။

ဝန်ကြီးလုက ဖုန်းဆက်ပြီးသတင်းကောင်းပြောထားမှတော့ လျစ်လျူရှုထားလို့မဖြစ်၊ ဟန်သွားပြရဦးမည်။

ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ ပါမောက္ခရန်မှာ ဓာတ်ခွဲခန်းရိုးရိုးကုတင်ပေါ်တွင် အိပ်ပျော်နေလေပြီ။ သို့ရာတွင် သူ့လက်ထောက်များက စစ်ဆေးချက်နှင့်အလုပ်ရှုပ်နေဆဲဖြစ်ပြီး အလှည့်ကျနားကြသည်။

ဝန်ကြီးလုမှာ စိတ်လှုပ်ရှားလွန်း၍ မအိပ်နိုင်။

ပါမောက္ခရန်နှင့်ညလုံးပေါက်နေထားသော်လည်း တက်တက်ကြွကြွရှိနေဆဲပင်။

ချင်လင်ရောက်လာလျှင် အံ့ဩနေသောမျက်နှာထားနှင့်သူ့ဆီရောက်လာပြီး_

"သူဌေးချင်... ရောက်လာပြီလား... နောက်ထပ်သတင်းကောင်းရှိသေးတယ်... စောစောကပဲ ပါမောက္ခရန်တို့အဖွဲ့က အူမကြီးကင်ဆာသက်သာတဲ့ဆေးအပြင် နောက်ထပ်ဆေးတစ်မျိုးထပ်တွေ့တယ်... အဲဒီဆေးက အူလမ်းကြောင်းအကျိတ်အတွက်ထိရောက်ပုံရတယ်''

"အူလမ်းကြောင်းအကျိတ်ကလည်း အစာချေအဖွဲ့နဲ့အူလမ်းကြောင်းတလျှောက်မှာရှိတဲ့ ပြင်းထန်တဲ့အကျိတ်တစ်မျိုးပဲ... ဒါလည်း ဖြေရှင်းရခက်တဲ့ရောဂါတစ်မျိုးဖြစ်နေတာ... ဒီဆေးမှုန့်ရဲ့အာနိသင်က မင်းထင်ထားတာထက်ပိုပြီးအရေးပါတယ်''

ဝန်ကြီးလုက ပြောလေလေ စိတ်လှုပ်ရှားလေလေနှင့်။ ဒီအကြောင်းအစီရင်ခံရင် အထက်ကလူတွေဘယ်လိုဖြစ်သွားမလဲတောင် တွေးမိသည်။

ဒီတစ်ခါ အားဖြည့်ဆေးရည်တစ်မျိုးတည်းခြွင်းချက်ဖြစ်နေတာမဟုတ်ကြောင်း သံသယဝင်မည့်ခေါင်းဆောင်မရှိလောက်တော့။

ချင်လင်က ဝန်ကြီးလုစိတ်လှုပ်ရှားနေပုံကိုကြည့်ရင်း ဆက်ပြီးသရုပ်ဆောင်လိုက်သည်_

"ဝန်ကြီးလု... ဒီဆေးရည်မှာ ဒီလိုထူးခြားတဲ့အာနိသင်မျိုးရှိမယ်လို့ ကျွန်တော်မထင်မိဘူး... အူလမ်းကြောင်းရောဂါတချို့တလေကုနိုင်မယ်ပဲထင်ထားတာ''

"အင်း... ငါဒီလောက်ထိမထင်ထားဘူး''

ဝန်ကြီးလုက စိတ်လှုပ်ရှားမှုအပြည့်နှင့် ကျေးဇူးတင်စကားထပ်ပြောပြန်သည်_

"ဒါပေမဲ့ ဒါတွေအားလုံး သူဌေးချင်ကျေးဇူးတွေပဲ... မဟုတ်ရင် ဒီဆေးနည်းက အမှိုက်ပုံးထဲရောက်သွားမှာ''

သူတို့စကားပြောနေစဉ် ချင်လင်၏အာရုံက ရုတ်တရက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ဆီရောက်သွားသည်။ သူအကြာကြီးစောင့်ခဲ့ရသောလိပ်က ရုတ်တရက်အရွယ်ရောက်ပြီဟုစာပေါ်လာ၍ သူနည်းနည်းအံ့ဩမိသည်။

ဒီလိပ်ကလည်း အကြာကြီးမွေးပြီးမှအရွယ်ရောက်လာတဲ့ကောင်။

ထို့ကြောင့် ဝန်ကြီးလုနှင့်ကြာကြာဆက်မပြောတော့ဘဲ ချင်းလင်ဓာတ်ခွဲခန်းမှထွက်လာခဲ့သည်။

ချင်းလင်စံအိမ်ရုံးခန်းပြန်ရောက်ချိန်တွင် သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား လယ်ကွက်ထဲမှအကောင်စုတ်ကိုဆယ်စေလိုက်သည်။

ပြီးလျှင် ရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ သူကသိုလှောင်ခန်းထဲသွား၍ အကောင်စုတ်များကိုကြည့်လိုက်သည်။

ဒီလိပ်တွေရဲ့အခွံက မီးခိုးရောင်၊ သုံးမြှောင့်ပုံရှစ်ကွက်လို ဆဋ္ဌဂံစိန်တုံးများနှင့်ပုံဖော်ထားသလိုရှိသည်။

အခုသိုလှောင်ခန်းရေကန်ထဲမှာ ကူးနေကြသည်။ တချို့ကအချင်းချင်းထပ်ပြီး တစ်ကောင်တစ်ကောင်ကို ၁၀ ပေါင်ကျော်လောက်ရှိမည်။

တစ်ချက်ဖြန့်ကြည့်လိုက်ရာ လယ်ကွက်ထဲမှဆယ်ထားသောအရေအတွက်က ၃၀ နီးနီးရှိသည်။

နောက်ပြီး ဘေးကန်ထဲတွင် အခွံပိုနက်၊ အမြီးပိုရှည်ပြီး ခြေတံလက်တံပိုကောင်းသော နှစ်ကောင်ရှိသည်။ ထိုအကောင်များက ပေါင် ၂၀ ကျော်လောက်သည်။

ချင်လင်အံ့ဩသွားသည်။

သဘာဝပတ်ဝန်းကျင်ကြီးထွားနှုန်းအရ မွေးမြူရေးလိပ်များမှာ ၅ နှစ်ကြာမှ ၁၀ ပေါင်ကျော်ရသည်။ ပေါင် ၂၀ ကျော်လိပ်ဖြစ်ဖို့ အကြာကြီးအချိန်ယူရသည်။ သာမန်မွေးမြူရေးလိပ်များမှာ ဒီလိုအလေးချိန်မျိုးရဖို့မဖြစ်နိုင်ချေ။



All Chapters