အရှေ့တိုင်း၏စားကောင်းသောက်ဖွယ်! အပန်းဖြေစံအိမ်ဖွင့်တော့မည်!
Vol. 42 Ch. 627
"Lazda!''
Doug က အသိပြန်ဝင်လာပြီး အမှတ်တမဲ့လှမ်းခေါ်လိုက်သည်။
Lazda ကချက်ချင်း ချင်လင်ကိုရှင်းပြသည်_
"လူကြီးမင်း... စိန်ခေါ်စာက ကျွန်တော့်မန်နေဂျာပို့တာပါ... ကျွန်တော်ဘာမှညွှန်ကြားချက်မပေးထားဘူး... ဘယ်လိုပဲဖြစ်ဖြစ် ဒီလာပြီးခင်ဗျားကိုစိန်ခေါ်ရလောက်အောင် ကျွန်တော်မတုံးဘူး... ကျေးဇူးပြုပြီး စိတ်ရင်းနဲ့တောင်းပန်တာကိုလက်ခံပေးပါ''
သည်လိုစိတ်ထားမှန်မှန်နှင့် Lazda က ဦးညွတ်ပြန်သည်။
ချင်လင်ပြန်ပြောချိန်မရဘဲ သူကချက်ချင်း သူ့အနေအထားကိုဖော်ပြပြန်သည်_
"တောင်းပန်တဲ့အနေနဲ့ ချင်းလင်စံအိမ်စားသောက်ဆိုင်မှာ ၂ နှစ်အလကားလုပ်ပေးချင်ပါတယ်''
"ဘာ?''
Doug အံ့အားသင့်သွားသည်။
Lazda ရဲ့လက်ရှိကျော်ကြားမှုနဲ့ဝင်ငွေဘယ်လောက်ကောင်းလဲ သူအသိ။ အမွေခံစောင့်နေတဲ့ သူ့အဖေရဲ့အဖွဲ့အစည်းကြီးရှိမှန်းလည်း သူသိသည်။
ဒီလိုလူမျိုးက ၂ နှစ်အလကားလုပ်ပေးချင်တယ်လို့ပြောလိုက်တာလား?
လုံးဝရူးနေတာပဲ။
လင်းလန်ဇီလည်း အံ့ဩနေသည်။
Lazda အကြောင်းလေ့လာမိသလောက် သူ့လက်ရာက ကြယ်သုံးပွင့်မီချီလင်စားဖိုမှူး ၁၀ ယောက်ထဲမှာ အတော်ဆုံးတဲ့။
ဒီလိုလူမျိုးသာ ချင်းလင်စံအိမ်မှာစားဖိုမှူးဖြစ်လာရင် ပွက်လောရိုက်ပြီး လူအများမျက်စိကျစရာတစ်ခု သေချာပေါက်ဖြစ်လာဦးမည်။
သူမအလုပ်အကိုင်အရ အကြံပေါက်လာပြန်သည်။ မီဒီယာဌာနမန်နေဂျာဖြစ်ပြီးနောက်ပိုင်း အချိန်နှင့်အမျှ ချင်းလင်စံအိမ်ကိုဘယ်လိုကြော်ငြာရမလဲသာတွေးနေသည်။
Lazda ကတော့ သူ့ရည်ရွယ်ချက်နှင့်သူ။
တရုတ်ဟင်းချက်နည်းကို သူသင်ချင်သည်။
သို့ရာတွင် တရုတ်ထိပ်တန်းစားဖိုမှူးတချို့နှင့်ယှဉ်ပြိုင်ပြီးနောက်ပိုင်း ဒီတရုတ်ထိပ်တန်းစားဖိုမှူးတွေက သူတို့ရဲ့အကောင်းဆုံးဟင်းပွဲကိုသင်ပေးချင်မှာမဟုတ်မှန်း သူလည်းသိသည်။
အစက တရုတ်ထိပ်တန်းစားဖိုမှူးတွေနှင့်မပြိုင်ချင်။
သူတို့ဆီမှ တရုတ်ဟင်းချက်နည်းကိုသင်ယူချင်ရုံသာ။
အနောက်တိုင်းအစားအစာက လမ်းကျဉ်းထဲရောက်နေသလိုခံစားရသည်။ အနောက်တိုင်းအစားအစာ၏စနစ်နှင့်ချက်နည်းက ဒီလိုအရသာရှိဟင်းပွဲမျိုးဖန်တီးနိုင်ဖို့ကန့်သတ်ထားသည်ဟုဆိုနိုင်သည်။
ထို့ကြောင့် တရုတ်အစားအစာကိုလေ့လာဖို့အကြံရလာသည်။
သို့ရာတွင် ထိုစားဖိုမှူးများက မသင်ပေးချင်သောကြောင့် ယှဉ်ပြိုင်သည့်နည်းကိုသာသုံးလိုက်ရသည်။
တစ်ဖက်ကရှုံးရင် ဟင်းပွဲတစ်ပွဲသင်ပေးကြေး။
ထိုစားဖိုမှူးအားလုံး ယုံကြည်မှုအပြည့်ရှိသော်လည်း သူ့ကိုဘယ်သူမှမနိုင်ကြချေ။
ဒီတော့ သူ့ရှေ့ကလူကြီးမင်းကို တရုတ်အစားအစာသင်ပေးခိုင်းရင် တစ်ဖက်လူက လုံးဝသင်ပေးချင်မှာမဟုတ်မှန်း သူသိသည်။
သို့သော် သူ့ပြိုင်ဘက်ကိုလုံးဝမနိုင်သလို ရိုက်ပြီးသင်ပေးခိုင်းလို့လည်းမရ။
ဒါကြောင့် တန်ဖိုးကြီးကြီးပေးဆပ်ပြီး အလကားလုပ်ပေးဖို့နေခြင်းပင်။

ဒီ ၂ နှစ်အတွင်း သူ့လက်ရာကိုလေ့လာဖို့အခွင့်အရေးရှိနေသရွေ့ သူ့လက်ရာအတိုင်းသင်ယူနိုင်မည်ဟုယုံကြည်ထားသည်။
၂ နှစ်နဲ့အလုပ်မဖြစ်ရင် နောက်ထပ် ၂ နှစ်။
သူ့လက်ရာကိုအမီလိုက်ဖို့ ဇွဲရှိသည်။
Lazda မှာ အကြံကောင်းသော်လည်း သူသင်ယူချင်တဲ့လက်ရာက ထင်ယောင်ထင်မှားမှန်းမသိချေ။ စနစ်ဆိုသောအရာမရှိဘဲ သင်ယူဖို့မဖြစ်နိုင်။
"ကျေးဇူးပြုပြီး အခွင့်အရေးပေးပါ... ဒီ ၂ နှစ်ထဲမှာ ကြိုးကြိုးစားစားလုပ်ပါမယ်''
Lazda က စိတ်ရင်းနှင့်အလေးအနက်ပြောလိုက်သည်။
သူ့ကြောင့် ချင်လင်အကျပ်ရိုက်သွားသည်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူကအနောက်တိုင်းအစားအစာမှာအတော်ဆုံးစားဖိုမှူး။ အလကားလုပ်ခိုင်းလို့ဘယ်ဖြစ်မလဲ?
ဒါပေမဲ့ သူကအလကားလုပ်ပေးဖို့လိုတဲ့သူမလို့လား?
စားဖိုမှူးလစာတော့ တတ်နိုင်ပါတယ်။
"ဒီအကြောင်း နောက်မှပြောရအောင်... အဝေးကြီးကလာတာဆိုတော့ ခင်ဗျားလည်းဧည့်သည်ပဲ... ခင်ဗျားကို ဆေးဖက်ဝင်ဟင်းပွဲနဲ့ဧည့်ခံမယ်''
ချင်လင်က ချက်ချင်းသဘောမတူ။
တစ်ဖက်လူက သူ့လက်ရာကိုကြိတ်ပြီးလေ့လာချင်မှန်း သူခန့်မှန်းမိသည်။
ရုပ်ရှင်ဇာတ်ကွက်တွေမှာ ဒီလိုပဲမလား?

ဒါပေမဲ့ သူ့မှာဘာလက်ရာမှမရှိ။ စနစ်ကိုသာ အားကိုးနေရသည်။
တစ်ဖက်လူက သင်ယူနိုင်မယ်ဆိုရင်တော့ အံ့ဩစရာ။
သို့သော် သူကလည်း သူ့အတွေးနှင့်သူ။ ဒီလိပ်သားစွပ်ပြုတ်မြည်းခိုင်းပြီး ကွာခြားမှုကိုသိစေဖို့အချိန်ကောင်းပင်။
သူက အနောက်တိုင်းရဲ့အတော်ဆုံးစားဖိုမှူး။ သူ့စံအိမ်မှာအလုပ်လုပ်ရင် စံအိမ်အတွက်တမူထူးခြားမည်။ အဓိကက သူ့ကိုတစ်ဖက်လှည့်နှင့် တပည့်တွေသင်ပေးဖို့အခွင့်အရေးရခြင်းပင်။
ဒီလိုဆိုရင် သူ့ချင်းလင်စံအိမ်စားဖိုမှူးတွေရဲ့အဆင့်အတန်းကိုလည်း မြှင့်တင်နိုင်ပြီ။
အမှန်အတိုင်းဆိုရလျှင် ချင်းလင်စံအိမ်စားဖိုမှူးတွေရဲ့လက်ရာက ထိပ်တန်းစားသောက်ဆိုင်များနှင့်ကွာနေသေးသည်။ စားဖိုမှူးအများစုက ရုံချန်းလိုနေရာလေးမှာသာ အလုပ်လုပ်ဖူးသည်။
ဆရာလင်းလက်ရာကမဆိုးသော်လည်း ထိပ်တန်းစားသောက်ဆိုင်မှာ စားဖိုမှူးခေါင်းမလုပ်ဖူးပေ။
သာမန်ခရီးသည်တွေမှာစားလျှင် ပါဝင်ပစ္စည်းအများစုက စနစ်မှမဟုတ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဟင်းပွဲများက ချင်းလင်စံအိမ်၏ဂုဏ်သတင်းနှင့်မလိုက်ဖက်၍ နည်းနည်းစိတ်ပျက်ရလိမ့်မည်။
နောက်ပြီး ချင်းလင်စံအိမ်က ပိုပိုပြီးကျော်ကြားလာသည်။ စားသောက်ဆိုင်ထဲမှဝန်ဆောင်မှုပေးသော အမယ်များကလည်းအရေးကြီးသည်။ တရုတ်အစားအစာအပြင် ဖြည့်စွက်စာမီနူးလိုအနောက်တိုင်းထိပ်တန်းအစားအစာတချို့လည်းထပ်ထည့်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ရှုမျှော်ခင်း 4A ဖြစ်ပြီးနောက်ပိုင်း လက်ရှိချင်းလင်စံအိမ်မှာ နိုင်ငံခြားဧည့်သည်များကိုအကြံပြုနိုင်သောဝဘ်ဆိုဒ်ထဲဝင်လာသည်။ အကြံပြုဝဘ်ဆိုဒ်ထဲတွင် ချင်းလင်စံအိမ်အကြောင်း နိုင်ငံခြားဧည့်သည်များဖတ်ရှုနိုင်ပြီး လာရောက်လည်ပတ်သူပိုများလာသည်။
"ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်''
ချင်လင်စကားကြားပြီး Lazda ကချက်ချင်းပြောလိုက်သည်။ ချင်လင်က သူ့ကိုစားဖိုမှူးအဖြစ်ထားဖို့သဘောမတူသေးသော်လည်း စိန်ခေါ်မှုကပြီးဆုံးသွားပြီ။
Doug တစ်ယောက်သာ မျက်နှာရှုံ့မဲ့နေသည်။
ဒီအခြေအနေကို ဘယ်လိုကြော်ငြာရမှာလဲ? မြို့စားနှင်းဆီကိစ္စနဲ့ သူတို့ပြည်သူတွေက ချင်းလင်စံအိမ်ကိုအခဲမကျေဖြစ်နေတာ။
အခုတော့ နိုင်ငံရဲ့စားဖိုမှူးနတ်ဘုရားဆိုတဲ့ Lazda က ချင်းလင်စံအိမ်အတွက်အလကားလုပ်ပေးချင်သတဲ့။ ဒီသတင်းသာပြန့်သွားရင် ပြည်သူတွေရဲ့အာဃာတက ပိုကြီးလာဦးမည်။
"ဟုတ်ပြီ... ကျွန်တော်လုပ်ထားတဲ့ဆေးဖက်ဝင်ဟင်းပွဲကိုမြည်းကြည့်ပါဦး''
ချင်လင်က တခြားသူများကိုပြောလိုက်သည်။
လီခိုင်တို့က အားနာနေမလား?
နှုတ်မြိန်ခြင်း +၁ အရည်အသွေးကြောင့် ဆေးနံ့ရပြီးကတည်းက စားချင်နေကြသည်။
ထို့ကြောင့် ချင်လင်စကားကြားကြားချင်း မအောင့်နိုင်တော့။
ဆရာလင်းလည်း နိုင်ငံကြီးသားပီသပုံကိုပြသည့်အနေနှင့် Lazda နှင့် Doug အတွက် ပန်းကန်လုံးနှင့်တူကို သူကိုယ်တိုင်ယူပေးလိုက်လေသည်။