← Chapters

အရှေ့တိုင်း၏စားကောင်းသောက်ဖွယ်! အပန်းဖြေစံအိမ်ဖွင့်တော့မည်! ၂

Vol. 42 Ch. 628

အရှေ့တိုင်း၏စားကောင်းသောက်ဖွယ်! အပန်းဖြေစံအိမ်ဖွင့်တော့မည်! ၂

Vol. 42 Ch. 628

Lazda မှာ ဆေးနံ့ရပြီးကတည်းက စားကောင်းသောက်ဖွယ်မှန်းအသေအချာသိသည်။ သူကဟိတ်ဟန်ထုတ်မနေဘဲ အိုးထဲမှလိပ်သားဆေးစွပ်ပြုတ်တစ်ပန်းကန်ခပ်ကာ အားတက်သရောမြည်းကြည့်သည်။

သို့ရာတွင် တစ်ငုံသောက်ပြီး သူ့မျက်နှာကချက်ချင်းစိတ်ဓာတ်ကျပုံပေါက်သွားသည်။

ဒီဟင်းပွဲက အရင်တစ်ခါသူစားဖူးတာထက် ပိုအရသာရှိနေသောကြောင့်ပင်။ အထူးအရသာနှင့်ဆေးနံ့က အစားအစာရဲ့အရသာအပေါ်လုံးဝသက်ရောက်မှုမရှိဘဲ ပိုတောင်စားကောင်းနေသည်။

သူဘယ်လိုများလုပ်လိုက်ပါလိမ့်?

သူ့လက်ရာတိုးတက်လာပြီး တခြားကြယ်သုံးပွင့်မီချီလင်စားဖိုမှူးအားလုံးကိုအနိုင်ယူပြီးနောက်ပိုင်း သူတို့လက်ရာကွာခြားချက်ကနည်းသွားပြီဟု သူထင်ခဲ့သည်။

အခုတော့ နည်းမသွားမှန်း ရုတ်တရက်သိလိုက်ရပြီ။ နောက်ပြီး အရင်တစ်ခေါက်က အစွမ်းကုန်ပညာပြခဲ့ပုံမရ။

သူအရှိုက်ထိသွားပြီ။

Doug က သူ့လက်ထဲမှပန်းကန်ကိုအောင့်သက်သက်နှင့်ကိုင်ရင်း ဖြစ်ပျက်နေသမျှကိုမတုံ့ပြန်နိုင်ဘဲရှိနေသည်။

Lazda က သူ့ကိုကြည့်ရင်း သက်ပြင်းချကာ_

"Doug... ခင်ဗျား ဒီဆေးစွပ်ပြုတ်သောက်ပြီးမှ ခင်ဗျားဘယ်လောက်မိုက်လဲသိလိမ့်မယ်''

Doug က အိုးထဲမှလိပ်သားစွပ်ပြုတ်ခပ်ပြီး စားလိုက်သည်။

ခဏအကြာ ပါးစပ်အဟောင်းသားနှင့် ထရေရွတ်လိုက်သည်_

"အိုးမိုင်ဂေါ့... ဒီအရသာက ချိုလိုက်တာ!''

နောက်ဆုံးတော့ Lazda ပြောတာ သဘောပေါက်ပြီ။



လုံးဝမယုံနိုင်စရာ။

ဒီလိုအရသာရှိတဲ့အစားအစာမျိုး ကမ္ဘာမှာဘယ်လိုလုပ်ရှိနိုင်တာလဲ?

ဒီအသား၊ ဒီအရသာ၊ တစ်ဇွန်းစားပြီးတာတောင် ပါးစပ်ထဲစွဲကျန်နေသေးသည်။

အနောက်တိုင်းအစားအစာနံပါတ်တစ်စားဖိုမှူး Lazda တောင် ဒီလိုအရသာရှိတာမျိုးမလုပ်နိုင်။

မဟုတ်ဘူး!

Lazda လုံးဝမလုပ်နိုင်တာ။

Doug က သူ့ပန်းကန်ထဲမှဆေးစွပ်ပြုတ်ကို မြန်မြန်စားပစ်လိုက်သည်။ သူ့အမူအရာကိုတောင်မထိန်းနိုင်တော့ဘဲ နောက်တစ်ပန်းကန်ခပ်လိုက်သည်။

ဘုရားရေ!

ဒီအရှေ့နိုင်ငံမှာ ဒီလိုထူးခြားတဲ့စားကောင်းသောက်ဖွယ်မျိုး တကယ်ရှိတာပဲ။

ချင်လင်နှင့်လီခိုင်လည်း နိုင်ငံခြားသားနှစ်ယောက်ကိုအာရုံမထားတော့ဘဲ သူတို့ဆေးစွပ်ပြုတ်စသောက်သည်။

ချင်လင်ကိုယ်တိုင်တောင် ​မြိန်ရေရှက်ရေစားသည်။

…



နောက်တစ်နေ့_

ချင်လင်က ပစ္စည်းများစံအိမ်ပို့ပြီး သူ့ရုံးခန်းထဲပြန်လာသည်။ မကြာမီ လင်းလန်ဇီက Lazda ခေါ်ပြီး စောစောစီးစီးရောက်ချလာ၏။

လင်းလန်ဇီက_

"သူဌေး... လူကြီးမင်း Lazda က စံအိမ်ကိုအစောကြီးရောက်လာပါတယ်... သူဌေးနဲ့တွေ့ချင်တယ်ပြောတယ်... ကျွန်မဘာမှမတတ်နိုင်ပါဘူး''

"လူကြီးမင်း... ကျွန်တော်တောင်းပန်တာလက်ခံပေးပြီး ၂ နှစ်အလကားလုပ်ခွင့်ပြုပါ!''

ချင်လင်ကိုတွေ့လျှင် Lazda က ဒီကိစ္စအစဖော်ပြန်သည်။

မနေ့က အရသာရှိရှိစားပြီးနောက် သူ့ဆုံးဖြတ်ချက်ကပိုပြတ်သားလာ၏။

ဒါသူ့လက်ရာပေါက်မြောက်မယ့် တစ်ခုတည်းသောနေရာ။

ထို့ကြောင့် မနေ့ညက Doug ကိုပြန်ပို့ပြီး မနက်အစောကြီးချင်းလင်စံအိမ်ပြန်လာခဲ့သည်။

ချင်လင်က အပြုံးရယ်မပီပြင်သောအပြုံးနှင့် Lazda ကိုကြည့်လိုက်ပြီး_

"Lazda... ကျွန်တော်တို့နိုင်ငံမှာ လုပ်အားခေါင်းပုံဖြတ်လို့မရပါဘူး... ဒီတော့ ခင်ဗျားကို ချင်းလင်စံအိမ်မှာအလကားလုပ်ခွင့်မပေးနိုင်ဘူး''

Lazda မျက်နှာပုပ်သိုးသွားသည်။

သူအငြင်းခံရတာလား?

အငြင်းခံရရင် ဘယ်လိုလုပ်ဆက်နေပြီးသင်မလဲ?

"ဒါပေမဲ့ ကျွန်တော်တို့စံအိမ်စားသောက်ဆိုင်က စားဖိုမှူးခေါင်းခန့်ချင်ပါတယ်!''

ချင်လင်ကပြောလိုက်သည်။



ထိုစကားကြားပြီး Lazda က အလောတကြီးမေးသည်_

"အလုပ်လျှောက်လို့ရတာလား?''

သို့ရာတွင် ချင်လင်က_

"ကျွန်တော်တို့စံအိမ်စားသောက်ဆိုင်စားဖိုမှူးခေါင်းအတွက် လိုအပ်ချက်တွေလည်းရှိပါတယ်... စံအိမ်စားသောက်ဆိုင်စားဖိုဆောင်ရဲ့နေ့စဉ်ကိစ္စအဝဝကိုတာဝန်ယူရမယ့်အပြင် စားဖိုမှူး၊အလုပ်သင်နဲ့နောက်လိုက်တွေကိုလေ့ကျင့်ပေးဖို့လည်းလိုတယ်... ကျွန်တော်လည်း စားဖိုမှူးနဲ့အလုပ်သင်တွေရဲ့လက်ရာကို ပုံမှန်စစ်ဆေးမယ်... သူတို့မှာလိုအပ်ချက်ရှိရင် စားဖိုမှူးခေါင်းကိုထုတ်ပယ်မှာပါ''

"ကျွန်တော်လုပ်နိုင်တယ်''

Lazda ကတုံ့ဆိုင်းခြင်းမရှိဘဲ အမြန်ပြောလိုက်သည်_

"ကျွန်တော် စားဖိုမှူးတွေကိုလေ့ကျင့်ပေးနိုင်တယ်... နောက်လိုက်တွေကိုလည်း လေ့ကျင့်ပေးနိုင်တယ်... ဒီလိုအလုပ်မျိုး ကျွန်တော်ကျွမ်းတယ်''

ချင်လင်က Lazda ရဲ့စိတ်အားထက်သန်ပုံကိုကြည့်ရင်း နှုတ်ခမ်းထောင့်ပြုံးလာသည်။

ဟင်းချက်နည်းကိုကြိတ်သင်ဖို့ကြိုးစားနေတာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိစ္စမရှိ။ သူကအတော်ဇွဲကောင်းသည်။ ဒါကိုကောင်းကောင်းအသုံးချပြီး စံအိမ်စားသောက်ဆိုင်အဆင့်မီတိုးတက်အောင်မလုပ်လိုက်ရရင် စိတ်ပျက်ရမှာပေါ့။

"ကောင်းပြီလေ... ခင်ဗျားကိုအခွင့်အရေးပေးမယ်! အရင်ဆုံး ကျွန်တော်နဲ့စားဖိုဆောင်လိုက်ခဲ့ပြီး ဟင်းတစ်ပွဲချက်ပြပါ... ဒါခင်ဗျားလက်ရာကိုစမ်းသပ်တာပဲ''

ချင်လင်က အပြုံးနှင့်ပြောလိုက်သည်။

ဂိမ်းထုတ်ကုန်ပါဝင်ပစ္စည်းတွေနဲ့ ဘယ်လိုအစားအစာမျိုးလုပ်ပေးနိုင်မလဲ သူကြည့်ချင်သည်။

ချင်လင်စကားကြားပြီး Lazda မျက်လုံးများအရောင်တောက်သွားသည်။ နောက်ဆုံးတော့ သူ့စိတ်ရင်းကြောင့် အခွင့်အရေးရခဲ့ပြီပေါ့။

ချင်လင်ကအချိန်ဖြုန်းမနေ။ Lazda ကို စားဖိုဆောင်ခေါ်သွားလိုက်သည်။

လင်းလန်ဇီလည်း လိုက်စူးစမ်းသည်။ အနောက်တိုင်းနံပါတ်တစ်စားဖိုမှူးသာ စံအိမ်ရဲ့စားဖိုမှူးခေါင်းဖြစ်ရင် သေချာပေါက်အုတ်အော်သောင်းတင်းဖြစ်လိမ့်မည်။

ချင်လင်က Lazda ကိုစားဖိုဆောင်ထဲခေါ်လာသောကြောင့် ဆရာလင်းကဇဝေဇဝါနှင့်မေးသည်_

"သူဌေး... သူ့ကိုတကယ်ခေါ်ထားမလို့မဟုတ်ပါဘူးနော်?''

"ဆရာလင်း''

ချင်လင်က ပြုံးပြုံးနှင့်_

"အရင်ဆုံး အကြီးအကဲစားပွဲထဲကငါးထုတ်ပြီး သူ့ကိုချက်ခိုင်းပါ... ကျန်တဲ့ကိစ္စနောက်မှပြောကြတာပေါ့''

ဆရာလင်းခေါင်းညိမ့်လိုက်သည်။ သူကသိုလှောင်ခန်းထဲသွား၍ အရည်အသွေး ၂ သဘာဝငါးတုံးထုတ်ကာ စဉ်းတီတုံးပေါ်တင်လိုက်သည်။

"ဒီငါးတုံးနဲ့ဟင်းပွဲဖန်တီးပေးပါ... ခင်ဗျားလက်ရာဘယ်လောက်ကောင်းလဲကြည့်မယ်''

ချင်လင်က Lazda ကိုပြောလိုက်သည်။

"ဟုတ်ကဲ့ လူကြီးမင်း''

Lazda ကခေါင်းညိမ့်ပြီး စဉ်းတီတုံးနားလျှောက်သွားသည်။ သူကဓားနှင့်စကိုင်လိုက်သည်။ ထို့နောက် တအံ့တဩနှင့်_

"အိုးမိုင်ဂေါ့... ဒီငါးရဲ့အရည်အသွေးက မယုံနိုင်စရာပဲ!''

ထိပ်တန်းစားဖိုမှူးအနေနှင့် ပါဝင်ပစ္စည်းကောင်းမကောင်း သူသေချာခွဲခြားတတ်သည်။

Lazda က ဒီငါးကိုထိပ်တန်းအဆင့်ပါဝင်ပစ္စည်းဖြစ်ကြောင်း တန်းပြောနိုင်သည်။ နောက်ပြီး ငါးအရည်အသွေးက အရင်သူကိုင်ဖူးသမျှထက် လုံးဝပိုကောင်းသည်။

ဒီလိုအဆင့်ရှိသောငါးမျိုးက အတော်ရှားသည်။

Lazda ရဲ့ပုံစံက ပိုတောင်မှင်ကောင်းလာသည်။ ဘာပဲ​ဖြစ်ဖြစ် စားဖိုမှူးကဆရာကျလေလေ၊ ပါဝင်ပစ္စည်းကောင်းသုံးဖို့ပိုတင်းကြပ်လေလေပင်။



All Chapters